ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ လိုက်နာကျင့်သုံးရေးအတွက် ဖော်ပြချက်

အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကိုရယူသုံးစွဲမှု တိုးမြှင့်စေရန် Huawei မှကြိုးပမ်းအားထုတ်ပါသည်။ ၎င်းအပြင် ကျွန်ုပ်တို့သည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ် မျှဝေသုံးစွဲမှု၏ပေါင်းကူးတို့တွင်လည်း အလွန်အလေးပေးအားထားပါသည်။

Huawei Technologies Co., Ltd. (ဤမှစတင်၍ “Huawei” ဟုရည်ညွှန်းသွားမည်)မှကျင့်သုံးသည့် အခြေခံမူဝါဒများအနက်တစ်ခုမှာနိုင်ငံတကာနှင့် အမေရိကန်ပြည်ထောင်စု၏ ဥပဒေများအပါအဝင်နိုင်ငံအဆင့် ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်းများကို လေးနက်စွာ လေ့လာရန်ဖြစ်ပြီး ပို့ကုန်ထိန်းချုပ်မှုတာဝန်ဝတ္တရားများနှင့် တာဝန်များကို ဖြည့်ဆီးရန်၊ နိုင်ငံတကာရှိ ဝယ်ယူသုံးစွဲသူများနှင့် ပါတနာများထံမှ ယုံကြည်မှုရရှိပြီး ရိုးသား၍ တာဝန်သိသော လုပ်ငန်းတစ်ခုအဖြစ် အဖွဲ့အစည်းပုံရိပ်တစ်ခု တည်ဆောက်ရန်တို့ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံအဆင့်နှင့် သက်ဆိုင်ရာ နိုင်ငံတကာပို့ကုန် ထိန်းချုပ်မှုလုပ်ထုံးလုပ်နည်းများသည် Huawei အား ကုန်သွယ်ရေးဆိုင်ရာ ဘေးအန္တရာယ်များကို ရှောင်လွှဲစေပြီး လျော့ချစေနိုင်သည့်ပြင် နိုင်ငံတကာဈေးကွက်များတွင် ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်း ကိုတိုးမြှင့်ပေး၍ Huawei ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအား အမြစ်တွယ်စေသည်ဟု Huawei မှခံယူထားပါသည်။

ပို့ကုန် ထိန်းချုပ်မှုလုပ်ထုံးလုပ်နည်းများနှင့်ဆက်စပ်၍ ၎င်း၏ အသေးစိတ်အချက်များကို ပေးအပ်လျှက် ၎င်းသည် ပို့ကုန် ထိန်းချုပ်မှုလုပ်ထုံးလုပ်နည်းမျာနှင့် ၎င်း၏လုပ်ငန်းနှင့် ဆက်စပ်နေသော နိုင်ငံတကာ ပို့ကုန်စီမံအုပ်ချုပ်ရေး ဆိုင်ရာ စည်းမျဥ်းများအားလုံးကို လိုက်နာမည်ဖြစ်ပြီးကမ္ဘာ့ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် တရုတ်အစိုးရအား နိုင်ငံတကာမှ တာဝန်ဝတ္တရားများခံယူစေမှုအပါအဝင် တရုတ်အစိုးမှချမှတ်ထားသည့် နိုင်ငံတကာကတိကဝတ်များကိုလည်း လေးစားလိုက်နာပါမည်ဟု ဤနေရာမှနေ၍ Huawei မှ ကတိပြုပါသည်။ ၎င်းအပြင်ပို့ကုန်ထိန်းချုပ်မှု စည်းမျဉ်းများကိုလေ့လာရန်၊ကုမ္ပဏီလုပ်ငန်း လည်ပတ်မှုများနှင့်ဆက်စပ်နေသော ကမ္ဘာ့ရွာ အတွက် လိုအပ်သတ်မှတ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် နှင့် ၎င်း၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ပါမည်ဟု နိုင်ငံတကာကုမ္ပဏီတစ်ခုအနေဖြင့် Huawei မှကတိပြုပါသည်။

Huawei သည် ၎င်း၏ အဖွဲ့အစည်းတွင်းဆိုင်ရာ ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းများကို ထိန်းချုပ်မှုအပြည့်အဝဖြင့် ပြန်လည်စီစစ်ပြီး ၎င်း၏ စီးပွားရေးဆိုင်ရာ အမြတ်အစွန်းထက် ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ တာဝန်ဝတ္တရားများကိုလိုက်နာရေးကို ဖွဲ့စည်းပြီး အကောင်အထည်ဖော်သွားပါမည်။ ၎င်း၏ဖောက်သည်များ သို့မဟုတ် အမှန်တကယ်သုံးစွဲသူများက အစုလိုက်အပြုံလိုက်သေစေနိုင်သော လက်နက်များထုတ်ရေး သို့မဟုတ် တီထွင်ရေး၊ စက်ယန္တရားများ ပေးပို့ရေး၊ သို့မဟုတ် နိုင်ငံအဆင့်သော်လည်းကောင်း၊ ဒေသတွင်းအဆင့်သော်လည်းကောင်း၏ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နိုင်သည့် ခွင့်ပြုချက်မရှိဘဲ သမားရိုးကျ စစ်တပ်လက်နက်များအဖြစ်အသုံးပြုခြင်း၊ သို့မဟုတ် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းလက်တွင်းကျရောက်မှု အတွက် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ လက်ဆုပ်လက်ကိုင်မပြနိုင်၍ဖြစ်စေ အသုံးချမှုပြုလုပ်မှုရှိရှိ မရှိရှိ ထုတ်ကုန်များ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများကို တင်ပို့ရမည်ဟု Huawei ကယုံကြည်ထားလျှင် ထိန်းချုပ်ရေးမူဝါဒကို အပြည့်အဝလက်ဆုပ်လက်ကိုင်ပြု၍ Huawei သည် ပို့ကုန်ထိန်းချုပ်မှုကို တင်းကျပ်စွာတားမြစ်သွားမည်ဖြစ်ပြီး ထုတ်ကုန်များ၊ နည်းပညာများနှင့် ဝန်ဆောင်မှုများနှင့် ဆက်စပ်နေသည့် ပို့ကုန်တင်ပို့ခြင်းကို ရှောင်ကြဉ်သွားမည်။ ပို့ကုန်ထိန်းချုပ်မှုအဖြစ် “မှတ်ယူ/ဆင်ခြင်ရသည့်” စည်းမျဉ်းများနှင့်အညီ Huawei သည် အချို့ သောတစ်သီးပုဂ္ဂလသို့မစုတ် အဖွဲ့အစည်းက ဖျက်လိုဖျက်ဆီးလုပ်လိုသည့်ဆန္ဒဖြင့်အသုံးပြုနိုင်သည့် အတိမ်းအစောင်းမခံသော နည်းပညာသို့မဟုတ် အချက်အလက်ရယူအား ၎င်း၏ ဝန်ထမ်းများမှ သုံးစွဲမှုကို ဂရုတစိုက်ဖြင့် စောင့်ကြည့်စစ်ဆေးပြီး စည်းမျဉ်းများချမှတ်သွားမည်။

Huawei သည် ဖောက်သည်ပွဲစားများ၊ ကုန်စည်သယ်ယူပို့ဆောင်ပေးသူများ၊ သို့မဟုတ် သင်္ဘောဖြင့် ပို့ဆောင်ပေးသူများ ကဲ့သို့သော ကြားဝင်ဆောင်ရွက်ပေးသည့် ကြားလူတစ်ဦးဦးကို စစ်ဆေးအတည်ပြုပြီး ကုမ္ပဏီ၏လုပ်ငန်းလည်ပတ်မှု အား အသုံးပြုနိုင်မှုသည် လမ်းကြောင်းပြောင်းမှု အလားအလာအန္တရာယ် တဟုန်ထိုးတိုးပွားလာမှုကို ကိုယ်စားမပြုခြင်းတို့ကို စစ်ဆေးအတည်ပြုပါသည်။ အဆိုပါကုမ္ပဏီသို့မဟုတ် လုပ်ငန်းတို့ဖြင့် လုပ်ငန်းပူးပေါင်းလုပ်ကိုင်ခြင်းကို Huawei မှရှောင်ကြဉ်သွားပါမည်။ နိုင်ငံတကာနှင့် နည်းပညာမြင့်မားသည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် Huawei သည် အထိအရှမခံသော သုံးစွဲသူဖောက်သည်များကို ဖော်ထုတ်ရေး၊ ထုတ်ကုန်ကုဒ်များကိုခွဲခြားထားရှိရေး နှင့် ထုတ်ကုန်များကို နိုင်ငံတကာနှင့် နိုင်ငံအဆင့်စံချိန်စံညွှန်းများ ဖြင့် တပြေးညီ ဖြစ်စေရေးကို ကောင်းစွာသတိမှုမိပြီး သက်ဆိုင်ရာ နည်းပညာအချက်လက်များ၊ အထူး ထိန်းကျောင်းလမ်းညွှန်မှုနှင့် အကြံဥာဏ်များရယူရန်အတွက် Huawei သည် သက်ဆိုင်ရာ တရုတ်အစိုးရဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ ပို့ကုန်ထိန်းချုပ်ရေး အထူးကျွမ်းကျင်သူများနှင့် ရင်းနှီးသော ဆက်ဆံမှု တည်ဆောက်ပြီး ထိန်းသိမ်းရပါမည်။

၎င်း၏ကိုယ်တိုင်စည်းကမ်း လုပ်ရိုးလုပ်နည်းများကို ထိရောက်စွာအကောင် အထည်ဖော်ရန် Huawei သည် ဥပဒေရေးရာ အရာရှိချုပ်မှဦးဆောင်သည့် ကုန်သွယ်ရေး လိုက်နာကျင့်ဆောင်မှုကော်မတီ နှင့် ကုန်သွယ်ရေး လိုက်နာကျင့်ဆောင်မှုအရာရှိမှဦးဆောင်သည့် ဥပဒေရေးရာအာရှိဦးစီးမှုးရုံးကိုဖွဲ့စည်းထားပါသည်။ မေးခွန်းထုတ်စရာဖြစ်သည့် ရောင်းဝယ်မှုများကို တားဆီးပိတ်ပင်ရန် ကုန်သွယ်ရေး လိုက်နာကျင့်ဆောင်မှုကော်မတီကို လုပ်ပိုင်ခွင့်ပေးထားပါသည်။ Huawei သည် ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းများ၊ ပို့ကုန်စာရင်းစစ်ရေးအတွက် စံချိန်မှီလုပ်ရိုးလုပ်ထုံးများကိုဖွဲ့စည်းထားပြီး သက်ဆိုင်ရာစာရွက်စာတမ်းများကို မော်ကွန်းတင်သိမ်းဆည်းထားသည့်အပြင် ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်းများနှင့် ဥပဒေများနှင့်ဆိုင်သည့် ပရိုမိုးရှင်းနှင့် သင်တန်းများကို မိတ်ဆက်ခဲ့ပြီး အဖွဲ့အစည်းတွင်း စာရင်းစစ်ခြင်းကို အားဖြည့်ခဲ့ကာ ပို့ကုန်ထိန်းချုပ်မှုတွင် ပါဝင်နေသည့် ဌာနများ၏ တာဝန်များကိုလည်းရှင်းလင်းစွာ သတ်မှတ်ခဲ့သည်။ ရှိဆဲသောအချက်အလက်စီမံခန့်ခွဲမှုစနစ်အရ Huaweiသည် နိုင်ငံတကာ ကျင့်သုံးမှုများနှင့်အညီ အတိမ်းအစောင်းမခံသော ထုတ်ကုန်များနှင့် ဖောက်သည်များအတွက် ဒေတာဘေ့စ်ကို တည်ဆောက်ရန်နှင့် ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် နေ့စဉ် ပို့ကုန်ထိန်းချုပ်မှုများကို ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

Huawei ၏ဝန်ထမ်းထုတစ်ရပ်လုံးသည် Huawei ၏ပို့ကုန်ထိန်းချုပ်မှုရည်ရွယ် ချက်များအားပြည့်မှီရေးကို ရှေးရှုလျက် လုပ်ကိုင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီမူဝါဒများကိုလည်း တင်းကျပ်စွာ ဖော်ဆောင်လိုက်နာရမည်။ Huawei ၏ ပို့ကုန်ထိန်းချုပ်မှုဆိုင်ရာ မူဝါဒများကို အောင်မြင်စွာလိုက်နာနိုင်သော ဝန်ထမ်းများကို ဆုချီးမြှင့်ပြီး ထိုမူဝါဒများချိုးဖောက်သူများကို တင်းကျပ်စွာအပြစ်ပေးသည့် ဆုပေးဒဏ်ပေးစနစ်ကို ဖွဲ့စည်းထားပါသည်။ ဥပဒေနှင့်စည်းမျဉ်းများကိုချိုးဖောက်သည့်ဝန်ထမ်းများသည် တရားဥပေဒအရ တာဝန်ခံမှုရှိစေရမည်။

၎င်းဖော်ပြချက်မှာ Huawei ဌာနများ၊လုပ်ငန်းခွဲများနှင့် လက်ခွဲများအားလုံး အတွက် အကျုံးဝင်သည်။

ပို့ကုန် ထိန်းချုပ်မှုနှင့်သက်ဆိုင်သည့် တရုတ်အစိုးရ၏ နောက်ဆုံးပြဌာန်း ထားသော ဥပဒေများနှင့် စည်းမျဉ်းများအပြင် ချမှတ်ထားသော နိုင်ငံတကာ ကတိကဝတ်များနှင့်အညီ လိုက်နာကျင့်သုံးရန် Huawei သည် သက်ဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းတို့နှင့်အညီ ဖော်ပြချက်များကို နှစ်စဉ် ပြန်လည်သုံးသပ်၍ စီစစ်သွားပါမည်။

Huawei Technologies Co., Ltd.