ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာ လုံခြုံရေး အာမခံပေးသည့် စနစ်ကို တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်
ကမ္ဘာ့တယ်လီကွန် ဖြေရှင်းနည်းများတွင်ဦးဆောင်နေသည့်ပံ့ပိုးသူတစ်ဦးအနေဖြင့် Huawei Technologies Co. Ltd. (“Huawei”) သည် ဆိုက်ဘာလုံခြုံရေး၏ အရေးပါမှုကို အပြည့်အဝသတိပြုမူပြီး လုံခြုံရေးနှင့်ဆက်စပ်၍ သုံးစွဲသူများနှင့် အစိုးရများ၏စိုးရိမ်မှု အမျိုးမျိုးကို နားလည်ပါသည်။ နည်းပညာအချက်အလက်နှင့် တယ်လီကွန်လုပ်ငန်းနယ်ပယ်မှာ အမြဲမပြတ် ဆင့်ကဲပြောင်းလဲလာပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများမှာလည်း တစ်နေ့တစ်ခြားတိုးပွာလျှက်ရှိပြီး ယင်းတို့သည် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့၏ စိုးရိမ်ပူပင်မှုကို ပို၍ပင် တိုးပွားလာစေပါသည်။ သို့ဖြစ်ပါ၍ ဤပြဿနာကို Huawei ကအထူးအလေးထား ဆောင်ရွက်သွားမည် ဖြစ်ပြီး ၎င်း၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများလုံခြုံရေးကိုပိုမိုတိုးတက်စေရန် ထိရောက်၍ တိုင်းတာရလွယ်ကူနိုင်သော ကျင့်သုံးမှုကိုကို အချိန်ကြာမြှင့်စွာက တည်းကပင် စိတ်နှစ်မြုပ်လုပ်ထားသည်ဖြစ်သဖြင့် ဖောက်သည်များအနေဖြင့် Huawei ၏လုပ်ငန်းအပေါ်ယုံကြည်စိတ်ချမှုကို တည်ဆောက်လျှက် ဖောက်သည်များ၏ လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်များကို ကူညီလျော့ချပေးပြီး ရှောင်ရှားစေပါသည်။ Huawei ယုံကြည်သည်မှာ ပွင့်လင်းမြင်သာပြီး မြင်နိုင်စွမ်းရှိသောလုံခြုံရေး အာမခံချက် အခြေခံမှုဘောင်ကိုတည်ထောင်ခြင်းသည် နည်းပညာနယ်ပယ် နှင့် နည်းပညာအချက်အလက် စီးဆင်းအသုံးပြုမှု၏ အပြစ်အနာအဆာကင်းသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ရလဒ်ထွက်ရှိစေလိမ့်မည်ဖြစ်သည်။ ၎င်းသည် လူအများအကြားချောမွေ့၍ လုံခြုံဘေးကင်းသော ဆက်သွယ်ပြောဆိုမှုများကို ဆောင်ကျဉ်းလာနိုင်ပေသည်။
အထက်ဖော်ပြပါအကြောင်းအရာများအရ ဤတွင် Huawei တာဝန်ယူဆောင် ရွက်သည်မှာ ကုမ္ပဏီ၏အရေးပါလှသောနည်းဗျူဟာတစ်ရပ် အနေဖြင့် ချမှတ် ထားသည့် ဥပဒေများ၊စည်းမျဉ်းများ၊သက်ဆိုင်ရာနိုင်ငံနှင့် ဒေသရှိ စံချိန်စံညွှန်း၊ နည်းပညာလောက၏ အကောင်းဆုံးသော ကျင့်သုံးမှုများအား ရည်ညွှန်းချက် တို့နှင့်အညီလိုက်နလျှက် ကုမ္ပဏီသည် အစွန်းချင်းချိတ်ဆက် ထားသည့် ဆိုက်ဘာလုံခြုံရေး အာမခံစနစ်တစ်ခုကို ဖွဲ့စည်း ထူထောင်ထားပြီး အမြဲမပြတ် အကောင်းဆုံးချိန်ညှိပြင်ဆင်သွားပါမည်။ အဆိုပါစနစ်သည် အဖွဲ့အစည်းမူဝါဒများ၊အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက် ပုံ၊လုပ်ငန်းဆောင်ရွက်ပုံများ၊နည်းပညာနှင့် စံချိန်စံညွှန်းကျင့်သုံးမှုများ၏ မတူညီသောရှုထောင့်များကို ပေါင်းစည်းလုပ်ကိုင်သွားပါမည်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို ပွင့်လင်းမြင်သာ၍ ထင်သာ မြင်သာ ရှိသည့် လုပ်ရိုးလုပ်နည်းဖြင့် အစိုးရ၊ သုံးစွဲသူများနှင့် စပ်တူလုပ်ငန်းရှင် မျပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် Huawei ကတက်ကြွစွာ ကိုင်တွယ်ဖြေရှင်းပါသည်။ ၎င်းအပြင် Huawei သည် ၎င်း၏ ကတိကဝတ်ဖြစ်သည့် ဆိုက်ဘာလုံခြုံရေးအားမျက်ကွယ်ပြုသလိုဖြစ် မည့် စီးပွားဖြစ်အကျိုး စီးပွားထည့်သွင်းဦးစားပေးမှုမျိုးကိုကိုမည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ကြောင်း အာမခံပါသည်။
အဖွဲ့အစည်းဆိုင်ရာ ထင်မြင်ချက်တစ်ရပ်မှကြည့်လျှင်၊ Huawei ၏ ထိပ်သီးအဆင့် ဆိုက်ဘာလုံခြုံရေး စီမံအုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေး ကော်မတီ (GCSC)သည် ဆိုက်ဘာ လုံခြုံရေး အာမခံချက်ပေးမှုနည်းလမ်းအတွက် အတည်ပြုလက်မှတ်ရေးထိုးရန်တာဝန်ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေး အရာရှိ (GCSO) သည် GCSC ၏ လုံးဝအရေးပါသော အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဤနည်းဗျူဟာအားဖော်ဆောင်ရေး နှင့် စီမံခန့်ခွဲရေးအပြင် ၎င်းအားအကောင်အထည်ဖော်ရာတွင် ကြီးကြပ်စီမံသူအဖြစ် တာဝန်ယူဆောင်ရွက်ရပါသည်။ အကောင်အထည်ဖော်ရာတွင် တသတ်မတ်တည်းဖြစ်ရေးကို သေချာစီမံရန် စနစ်ကို Huawei ရှိဌာနများအားလုံးက ကမ္ဘာအနှံ့တွင်ကျင့်သုံးလုပ်ဆောင် သွားပါမည်။ အစိုးရများ၊ဖောက်သည်များ၊ပါတနာများနှင့် ဝန်ထမ်းများအပါအဝင် Huawei နှင့် အစုရှယ်ယာဝင်များအားလုံးကြား ဆက်သွယ်ပြောဆိုမှုကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ရန် GCSO သည်လည်းကြိုးပမ်းအားထုတ် စေရမည်။ GCSO သည် Huawei ၏ CEO ထံတိုက်ရိုက်အစီရင်ခံရမည်။
လုပ်ငန်းဆောင်ရွက်မှုများတွင် လုံခြုံရေးအာမခံချက်ပေးမှုကို R&D နှင့်ဆက်စပ်နေသည့် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်များ၊ ကုန်စည် နှင့်ဝန်ဆောင်မှု စီးဆင်းအသုံးပြုရေး၊ ရောင်းချရေးနှင့် ဈေးကွက်ထိုးဖောက်ရေး၊ ပေးပို့ရေးနှင့် နည်းပညာဆိုင်ရာဝန်ဆောင်မှုများအားလုံးနှင့် ပေါင်းစီးလုပ်ကိုင် စေရမည်။ အရည်အသွေးစီမံခန့်ခွဲမှုစနစ်၏ အခြေခံအကျဆုံးသော သတ်မှတ်ချက်ဖြစ်သဖြင့် ထိုဘက်ပေါင်းစုံပေါင်းစီးလုပ်ကိုင်မှုကို စီမံအုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းများ နှင့် နည်းပညာဆိုင်ရာ အသေးစိတ်သတ်မှတ်ချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်စေရမည်။ ၎င်းအပြင် အဖွဲ့အစည်းတွင်းစာရင်းစစ်ရေးပြုလုပ်မှု နှင့် လုံခြုံရေးအာဏာပိုင်များ ထံမှဖြစ်စေ လွတ်လပ်သော သီးခြားတတိယအဖွဲ့အစည်းအေဂျင်စီများထံမှ ဖြစ်စေ ပြင်ပအသိအမှတ်ပြုသော လက်မှတ်နှင့် စာရင်းစစ်ခြင်းကို လက်ခံမှုတို့ ဖြင့် Huawei သည် ဆိုက်ဘာလုံခြုံရေး အာမခံချက်ပေးသည့် စနစ် အကောင်အထည်ဖော်ဆောင်မှုကို တွန်းအားပေးသွားမည်။ ထို့ပြင် Huawei သည် 2004 ခုနှစ်ကတည်းကစ၍ BS7799-2/ISO27001 အသိအမှတ်ပြုမှုထံတွင် စစ်ဆေးအတည်ပြုပြီးဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့်ဆက်စပ်ပြီး မိမိတို့၏ ဝန်ထမ်းများ၊ ပါတနာများနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ဆိုက်ဘာလုံခြုံရေးမူဝါဒများနှင့် Huawei မှချမှတ်ထားသည့် သတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်ပြီး လုံခြုံရေးဟူသည့် အယူအဆမှာ Huawei လုပ်ငန်းခွင်တစ်လျှောက်တွင် မြဲမြံစွာ အမြစ်တွယ်စေရေးကို သေချာလုပ်ဆောင်ရန် သင့်တော်သော လေ့ကျင့်မှု သင်တန်းများကို ရရှိသွားမည်။ ဆိုက်ဘာ လုံခြုံရေးကိုတိုးမြှင့်ရန် Huawei သည် ဆိုက်ဘာလုံခြုံရေးအာမခံချက်တွင်တက်ကြွစွာပါဝင်သောဝန်ထမ်းများကို ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဆိုက်ဘာ လုံခြုံရေးမူဝါဒများအားချိုးဖောက်သူများကို သင့်တော်သောအရေးယူမှုများ ပြုလုပ်သွားမည်။ သက်ဆိုင်ရာချမှတ်ထားသည့် ဥပဒေများနှင့်စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သောဝန်ထမ်းများသည် တရားဥပဒေကြောင်းအရ ၄င်းတစ်ဦးတည်းတွင်သာ တာဝန်ရှိပါသည်။
ပွင့်လင်းပြီးမြင်သာ၍ ရိုးသားမှုရှိသည့် သဘောထားကိုဆောင်လျှက် ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကိုအတူတကွ ပူးတွဲ ရင်ဆိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် Huawei သည် အစိုးရများ၊ဖောက်သည်များနှင့် ပါတနာများအားလုံးဖြင့် လက်တွဲလုပ်ကိုင်လိုပါသည်။ Huawei သည် ဒေသဆိုင်ရာ လုံခြုံရေး အသိအမှတ်ပြုစင်တာများကို လိုအပ်သလို တည်ဆောက်သွားမည်။ အဆိုပါအသိအမှတ်ပြုစင်တာများသည် ဒေသဆိုင်ရာအစိုးရများနှင်သုံးစွဲသူများအတွက် ပွင့်လင်းမြင်သာမှုကို လုံးလုံးလျားလျားဖန်တီးပေးနိုင်မည်ဖြစ်ပြီး Huawei ၏ထုတ်ကုန်များနှင့် ပေးအပ်ထားသည့် ဝန်ဆောင်မှုများ၏ လုံခြုံရေးကို သေချာအာမခံရန် Huawei သည် ဒေသခံအစိုးရအာဏာပိုင်များက ၎င်း၏ထုတ်ကုန်များကို စစ်ဆေးခြင်းအားလက်ခံသွားမည်။ တစ်ချိန်တည်းမှာပင် Huawei သည် ITU-T ၊ 3GPP နှင့် IETF အစရှိသည်တို့မှ ဦးဆောင်တည်ထောင်ထားသည့် တယ်လီကွန် ဆိုက်ဘာလုံခြုံရေး စံချိန်မှီစနစ်တွင် တက်ကြွစွာဖြင့်ဦးဆောင်ပါဝင်ခဲ့ပြီး FIRST ကဲ့သို့သော လုံခြုံရေးအဖွဲ့အစည်းများဖြင့်လည်းပူးပေါင်းခဲ့သည့်ပြင် Huawei သုံးစွဲသူများ၏ ဆိုက်ဘာလုံခြုံရေးကို အာမခံပေးရန် နှင့် နည်းပညာလောက ကောင်းမွန်စွာဖွံ့ဖြိုး နိုင်ရေးကို တိုးမြှင့်ရန် ခေတ်ရေစီးကြောင်းမှ် အဓိကလုံခြုံရေးကုမ္ပဏီများဖြင့် လည်းပူးပေါင်းခဲ့သည်။
ဤဆိုက်ဘာလုံခြုံရေး အာမခံချက်ပေးသည့် စနစ်သည် Shenzhen Huawei ရင်းနှီးမြုပ်နှံမှု ဟိုးဒင်းကုမ္ပဏီလီမီတက်နှင့် ၎င်းအောက်တွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိန်းချုပ်ထားသည့် လုပ်ငန်းခွဲများ၊ စပ်တူလုပ်ငန်းခွဲများ အားလုံးတွင် အကျုံးဝင်သက်ရောက်စေရမည်။ ဤဖော်ပြချက်ကို အထက်ပါအဖွဲ့အစည်းကုမ္ပဏီများ၏ ကိုယ်စား ထုတ်ပြန်ထားပါသည်။
ဤဖော်ပြချက်သည် ဒေသတွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရမည်။ ဤဖော်ပြချက်နှင့် ဒေသတွင်းဥပဒေများနှင့်စည်းမျဉ်းစည်းကမ်းများတို့အကြား သဘောထားမတိုက်ဆိုင်မှုဖြစ်ပွားခဲ့လျှင် ဒေသတွင်းဥပဒေများအတိုင်း ဆုံးဖြတ်စေရမည်။ Huawei သည် ဤဖော်ပြချက်ကို နှစ်စဉ်ဆိုသလိုပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး ဥပဒေနှင့်စည်းမျဉ်းများနှင့်အညီ လိုက်နာလုပ်ဆောင်သွားမည်။
Huawei Technologies Co., Ltd.
CEO မစ္စတာယင်ကျန်ခေ