ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
ကော်ပိုရိတ်အုပ်ချုပ်မှု
သုံးစွဲသူဗဟိုပြုခြင်းနှင့် အာရုံစူးစိုက် လုပ်ဆောင်ခြင်းတို့ကြောင့် ကျွန်ုပ်တို့၏ စဉ်ဆက်မပြတ်တိုးတက်နေသော ကော်ပိုရိတ်အုပ်ချုပ်မှုပုံစံ၊ အဖွဲ့အစည်း၊ လုပ်ငန်းစဉ် နှင့် အကဲဖြတ်စနစ်တို့်မှ တစ်ဆင့် တိုးတက်မှုများကို ရေရှည်အားဖြင့် ထိန်းသိမ်းထားနိုင်ခဲ့သည်။
အစုရှင်များ၏ အစည်းအဝေးသည် ကုမ္ပဏီအတွင်း၌ အမြင့်ဆုံး လုပ်ပိုင်ခွင့်အာဏာစုဖြစ်ပြီး ကုမ္ပဏီ၏ ရင်းနှီးငွေတိုးမြှင့်ခြင်း၊ အကျိုးအမြတ်ခွဲဝေခြင်း နှင့်၊ ဒါရိုက်တာဘုတ်အဖွဲ့/ကြီးကြပ်ရေးဘုတ်အဖွဲ့ ရွေးချယ်ခြင်း ကဲ့သို့သော အဓိကကိစ္စများအတွက် ဆုံးဖြတ်ချက်ချပေးသည်။
ဒါရိုက်တာ ဘုတ်အဖွဲ့ (BOD) သည် ကော်ပိုရိတ်မဟာဗျူဟာ ၊ စီမံခန့်ခွဲမှုနှင့် သုံးစွဲသူ စိတ်ကျေနပ်စေရေးတို့အတကွက် အဓိကတာဝန်ရှိသော အဖွဲ့ဖြစ်သည်။ BOD ၏ အဓိကတာဝန်မှာ ကုမ္ပဏီ ရှေ့သို့ ဆက်လက်လျှောက်လှမ်းနိုင်အောင် ဦးဆောင်ရန်ဖြစ်သည်။ ၎င်းသည် ကော်ပိုရိတ် မဟာဗျူဟာ နှင့် စီမံခန့်ခွဲမှုများအတွက် ဆုံးဖြတ်ချက် ချပေးရပြီး သုံးစွဲသူများနှင့် ရှယ်ယာရှင်များ၏ အကျိုးစီးပွားကို ကာကွယ်စောက်ရှောက်ပေးရသည်။
ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနှင့် ၎င်း၏ အမှုဆောင်အရာရှိ ကော်မတီအဖွဲ့ဝင်များကို အလှည့်ကျ ဥက္ကဌများမှ စီမံကွပ်ကဲသည်။ စည်းမျဉ်းအားဖြင့် အလှည့်ကျဥက္ကဌများသည် ကုမ္ပဏီ၏ အဓိကအကျဆုံး ဦးဆာင်သူများအဖြစ် ဆောင်ရွက်သည်။
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အဓိကတာဝန်များတွင် အတွင်းစည်းကမ်းလိုက်နာမှုနှင့် ပြင်ပစည်းကမ်းလိုက်နာမှုကိစ္စကို ဆုံးဖြတ်ရန်၊ ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် လည်ပတ်မှုအခြေအနေကို စစ်ဆေးရန်၊ BOD အဖွဲ့ဝင်များနှင့် စီနီယာစီမံအုပ်ချုပ်သူများ၏ တာဝန်ဆောင်ရွက်မှုကို စောင့်ကြည့်စိစစ်ခြင်းအပြင် BOD လုပ်ငန်းများကို စံညွှန်းသတ်မှတ်ခြင်းတို့ ပါဝင်သည်။
KPMG သည် 2000 ခုနှစ်ကတည်းကစတင်ကာ Huawei ၏ လွတ်လပ်သော စာရင်းစစ်ကုမ္ပဏီအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အချုပ်အချယ်ကင်းသော စာရင်းစစ်အဖွဲ့သည် ကုမ္ပဏီ၏ တစ်နှစ်တာ ဘဏ္ဍာရေးထုတ်ပြန်ချက်များကို စာရင်းစစ်ရန် တာဝန်ရှိသည်။ ဆိုင်ရာငွေစာရင်းစံညွှန်းနှင့် စာရင်းစစ်လုပ်ထုံးလုပ်နည်းတို့နှင့် အညီ အချုပ်အချယ်ကင်းသော စာရင်းစစ်အဖွဲ့သည် ဘဏ္ဍာရေးထုတ်ပြန်ချက်များ မှန်၊မမှန် သင့်၊မသင့်နှင့် စပ်လျဉ်း၍ ထင်မြင်ချက်ပေးနိုင်သည်။
ကျွန်ုပ်တို့၏ အိုင်စီတီ အခြေခံအဆောက်အအုံ စီးပွားရေး end-to-end စီမံခန့်ခွဲမှုများခိုင်မာစေရန် ကုမ္ပဏီသည် အိုင်စီတီ အခြေခံအဆောက်အအုံ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ တည်ထောင်ခဲ့သည်။ ၎င်းဘုတ်အဖွဲ့သည် အိုင်စီတီ အခြေခံအဆောက်အအုံ စီးပွားရေးအတွက် ကျွန်ုပ်တို့ ၏ စီးပွားရေး မဟာဗျူဟာ၊ လုပ်ငန်းလည်ပတ် စီမံခန့်ခွဲမှု နှင့် သုံးစွဲသူစိတ်ကျေနပ်ရေးတို့အတွက် အဓိက တာဝန်ရှိသူဖြစ်သည်။
- Carrier စီးပွားရေးလုပ်ငန်းစု နှင့် Enterprise စီးပွားရေးလုပ်ငန်းစု တို့သည် ဆက်သွယ်ရေး လုပ်ငန်း အသုံးပြုသူများနှင့် စီးပွားရေးလုပ်ငန်းအသုံးပြုသူ အသီးသီးတို့အား ပစ်မှတ်ထား၍ ရောင်းဝယ်ရေး၊ နှင့် ဝန်ဆောင်မှုများအတွက် ဖြေရှင်းနည်းများကို ပံ့ပိုးပေးသည်။ စီးပွားရေးလုပ်ငန်းစု နှစ်ခုလုံးသည် ကုမ္ပဏီ၏ စီးပွားရေးအားပြိုင်မှုနှင့် ဝယ်ယူသူစိတ်ကျေနပ်မှုအတွက် အဆက်မပြတ် ပိုကောင်းအောင် ပြုလုပ်စဉ်အတွင်း စီးပွားရေးလက္ခဏာများနှင့် ဝယ်ယူသူအမျိုးမျိုး သုံးနိုင်သောပုံစံများကို အခြေခံ၍ ဆန်းသစ်တီထွင်သော၊ ကွဲပြားသော၊ အဆင့်မြင့်သော ဖြေရှင်းနည်းများကို ပံ့ပိုးပေးသည်။
- ကွန်ရက် ထုန်ကုန်၊ ဖြေရှင်းနည်းများနှင့် Cloud နှင့် ဉာဏ်ရည်တု (AI) ထုတ်ကုန်နှင့် ဝန်ဆောင်မှုများသည် ဆက်သွယ်ရေးလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်း အသုံးပြုသူများအတွက် ပေါင်းစည်းထားသော ICT solution များကိုပံ့ပိုးပေးသည်။ ကုန်ထုတ်စီမံကိန်း၊ ဖွံ့ဖြိုးမှု နှင့်၊ ကုန်ပို့ပေးခြင်းတို့အပြင်၊ သာလွန်သော အသုံးပြုသူအတွေ့အကြုံပေးရန်နှင့် ကုမ္ပဏီ၏လုပ်ငန်းအောင်မြင်မှုကို ပံ့ပိုးပေးရန်အလို့ငှာ၊ ဤအဖွဲ့အစည်းတွင်လည်း ကုန်ပစ္စည်းအားပြိုင်မှု ဖွံ့ဖြိုးစေမည့် တည်ဆောက်ပြုပြင်ရေးများအတွက် တာဝန်ရှိသည်။ ကွန်ရက် ထုတ်ကုန် နှင့် ဖြေရှင်းနည်း၏ ရည်မှန်းချက်မှာ ကမ္ဘာ့အကောင်းဆုံး၊ အသိဉာဏ်အမြင့်ဆုံး နှင့် ဈေးနှုန်းအသက်သာဆုံး ချိတ်ဆက်မှုကို တည်ဆောက်ပေးရန်ဖြစ်သည်။ Cloud နှင့် ဉာဏ်ရည်တု (AI) ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ ရည်မှန်းချက်မှာ အပြည့်အဝချိတ်ဆက်ပြီး အသိဉာဏ်မြင့်သောကမ္ဘာကြီးကို ကူညီတည်ဆောက်ရန် computing နှင့် cloud ဝန်ဆောင်မှုများအတွက် “Huawei မြေဆီလွှာ” အခြေခံ အုတ်မြစ်ဖန်တီးရန် ဖြစ်သည်။
- အိုင်စီတီ ဒေသဆိုင်ရာအဖွဲ့အစည်းများသည် ကုမ္ပဏီ၏ ဒေသဆိုင်ရာအိုင်စီတီ လုပ်ငန်းလည်ပတ်မှုများစင်တာများ ဖြစ်ကြသည်။ ၎င်းတို့သည် ဒေသတွင်း ရင်းမြစ်များနှင့် လုပ်နိုင်စွမ်းများကို ချဲ့ထွင်၍ အကျိုးရှိရှိ အသုံးချရန်နှင့် ၎င်းဒေသများအတွင်း ကုမ္ပဏီ၏ အိုင်စီတီစီးပွားရေးမဟာဗျူဟာကို လုပ်ဆောင်ရန် အတွက် တာဝန်ရှိသည်။ ကုမ္ပဏီသည် ဒေသဆိုင်ရာအဖွဲ့အစည်းများကို အလျဉ်မပြတ် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပြီး လုပ်ငန်းခွဲရုံးအတွက် လုပ်ပိုင်ခွင့်အာဏာ လွဲအပ်မှုကို အရှိန်အဟုန်တိုးထားပေးသည်။ ကွပ်ကဲမှုနှင့် အလုပ်ခွင်အတွင်းဆုံးဖြတ်ချက်ချသော လုပ်ပိုင်ခွင့်အာဏာကို ကိုယ်စားလှယ်ရုံးသို့ ဖြည်းဖြည်းချင်း လွှဲအပ်ပေးသည်။ သုံးစွဲသူလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ထိရောက်မှုနှင့် တုန့်ပြန်မှုတိုးတက်လာစေရန်အတွက် ကုမ္ပဏီသည် စာချုပ်အတည်ပြုမှုများကို အချို့နိုင်ငံများရှိ ကိုယ်စားလှယ်ရုံးအဆင့်တွင်ပင် ဦးဆောင်ဦးဆောင်ပြု ဆောင်ရွက်လျက်ရှိသည်။ သုံးစွဲသူများကို အနီးကပ်မိတ်ဖက်များအဖြစ် အခြေခိုင်အောင်ပြုလုပ်ပြီး ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရန် ကူညီလုပ်ဆောင်နေစဉ်မှာပင် ဒေသဆိုင်ရာ အိုင်စီတီ အဖွဲ့အစည်းများသည် အိုင်စီတီ စီမံခန့်ခွဲမှုစနစ်များ၊ ဆိုက်ဘာလုံခြုံရေး နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်ကာကွယ်ရေး စီမံခန့်ခွဲမှုစနစ်များ၊ အတွင်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုစနစ်များ နှင့် ဒေသတွင်း စည်းကမ်းလိုက်နာမှုဆိုင်ရာ စနစ်များ တိုးတက်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးသည်။ ထိုပြင် ကုမ္ပဏီ၏ ရေရှည်ခိုင်မာတည်တံ့သော အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးမှုကိုလည်း ဆက်လက် ပံ့ပိုးပေးသည်။
- အုပ်စုလုပ်ငန်းစုများအနေနှင့် စီးပွားရေးထောက်ကူဝန်ဆောင်မှုများ နှင့် ကြီးကြပ်မှုတို့ကို စီစဉ်သည်။ ၎င်းတို့အတွက် လုံလောက်သော လုပ်ပိုင်ခွင့်အာဏာကို လွှဲအပ်ထားသော်လည်း လုပ်ငန်းခွဲရုံးများအတွက် တိကျမှန်ကန်သော၊ အချိန်မှန်သော၊ ထိရောက်သော ဝန်ဆောင်မှုများပေးရန်နှင့် ကြီးကြပ်မှုများ အားကောင်းလာစေရန် နေရာပေးထားခြင်းဖြစ်သည်။
Consumer စီးပွားလုပ်ငန်းအတွက် မဟာဗျူဟာ နှင့် အန္တာရယ်ဆိုင်ရာ စီးမံခန့်ခွဲမှု အားကောင်းလာစေရန်နှင့် ဆုံဖြတ်ချက်ချရတွင် ထိရောက်မှုပိုမိုမြင့်တက်လာစေရန် ကုမ္ပဏီသည် သုံးစှဲသူစီးပွားရေး စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ကို တည်ထောင်ခဲ့ပြီး ၎င်းအဖွဲ့သည် consumer စီးပွားရေးလုပ်ငန်း၏ စီးပွားရေး မဟာဗျူဟာ ၊ လုပ်ငန်း စီမံခန့်ခွဲမှု နှင့် သုံးစွဲသူ စိတ်ကျေနပ်မှုတို့အတွက် အဓိက တာဝန်ရှိသည်။
- Consumer စီးပွားရေးလုပ်ငန်းစု သည် သုံးစွဲသူများအတွက် ဝန်ဆောင်ပေးရန် အာရုံစိုက်ထားပြီး သုံးစွဲသူအမြင်ကို ရှု့ထောင့်အားလုံးမှ ဖြေရှင်းပေးသည်။ ၎င်းအုပ်စုသည် စီးပွားရေးဆောင်ရွက်မှု၊ အန္တရာယ်ထိန်းချုပ်မှုများ၊ ဈေးကွက်အားပြိုင်မှု နှင့်၊ သုံးစွဲသူအခြေပြုစီးပွားရေးတွင် ဝယ်သူစိတ်ကျေနပ်မှုအတွက် တာဝန်ရှိသည်။
- Consumer စီးပွားရေးလုပ်ငန်းစု၏ ဒေသဆိုင်ရာအဖွဲ့အစည်းသည် ဒေသဆိုင်ရာ consumer စီးပွားရေးလုပ်ငန်း၏ စီးပွားရေးရလဒ်၊ သုံးစွဲသူ စိတ်ကျေနပ်မှု နှင့် ကုန်အမှတ်တံဆိပ် ကျော်စောမှုများတွက် တာဝန်ရှိသည်။ ထိုအပြင် ကုန်ပစ္စည်းအသစ်များမိတ်ဆက်ခြင်း၊ ထုတ်ကုန်ပစ္စည်း ဖြစ်စဉ် စီမံခန့်ခွဲမှုများ၊ ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာ ပွဲအခမ်းအနားများ စီစဉ်အကောင်အထည်ဖော်ခြင်း နှင့် ဒေသတွင်းတွင် ချန်နယ်များ၊ အရောင်းဆိုင်များ ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အတွက်လည်းပဲ တာဝန်ရှိသည်။ မိတ်ဖက် ဆက်ဆံရေး တိုးတက်စေရေးနှင့် ထိန်းသိမ်းရေး၊ အများကြိုက်နှစ်သက်သော စီးပွားရေး ဝန်းကျင်တစ်ခုဖန်တီးရေး နှင့် သက်ဆိုင်ရာ ဒေသ၏ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာပြီး ၎င်းဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ရန်လည်း လိုအပ်သည်။
စီးပွားရေး လုပ်ငန်းများစွာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရေးနှင့် ကော်ပိုရိတ်မူဝါဒကို ဖန်တီးရေးတို့အတွက် မျှဝေအသုံးပြုနိုင်သော ဝန်ဆောင်မှု ပလက်ဖောင်းကို တဖြည်းဖြည်းချင်းတည်ဆောက်နိုင်ရန် ကုမ္ပဏီသည် ပလက်ဖောင်းညှိနှိုင်းရေး ကော်မတီကို တည်ထောင်သည်။ ၎င်းကော်မတီသည် အုပ်စုလုပ်ဆောင်ချက်များအကောင်ထည်ဖော်လုပ်ဆောင်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့ကို ပံ့ပိုးပြီး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲစေသည်။ ၎င်းအားဖြင့် အုပ်စုလုပ်ဆောင်ချက်များသည် စီးပွားရေုးလုပ်ငန်းလည်ပတ်ရန် အကောင်းဆုံး ဝန်ဆောင်မှု အဖွဲ့အစည်းများဖြစ်လာလိမ့်မည်။ အုပ်စုလုပ်ဆောင်ချက်များသည် စီးပွားရေး အထောက်အပံ့၊ ဝန်ဆောင်မှုများ နှင့် ကြီးကြပ်ရေးတို့ကို ပံ့ပိုးပေးသည်။ တိကျပြီး အချိန်နှင့်တပြေးညီ ထိထိရောက်ရောက်ဝန်ဆောင်မှုပေးနိုင်ရန် ၄င်းတို့အား ဒေသရုံးများကို ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းဖြစ်ပြီး၊ ၄င်းတို့ကို ပေးအပ်ထားသော လုပ်ပိုင်ခွင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ခြုံငုံကြီးကြပ်နိုင်ရေး ခိုင်မာစေမည်ဖြစ်သည်။
ဒါရိုက်တာဘုတ်အဖွဲ့၏ အကြောင်းအရာ
ဒါရိုက်တာဘုတ်အဖွဲ့ (BOD) များသည် ကော်ပိုရိတ်မဟာဗျူဟာ၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် သုံးစွဲသူစိတ်ကျေနပ်ရေးအတွက် ဆုံးဖြတ်ချက်ချသော တာဝန်အရှိဆုံးသူများဖြစ်သည်။ BOD ၏ ရည်မှန်းချက်မှာ ကုမ္ပဏီိရှေ့သို့တက်လှမ်းနိုင်ရန်ဦးဆောင်ရန်ဖြစ်သည်။ BOD သည် လုပ်ငန်းလည်ပတ်မှုအလုံးစုံကို လမ်းညွှန်၍ ကြီးကြပ်ကွပ်ကဲသည့်အပြင် မဟာဗျူဟာနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အရေးကြီးကိစ္စများအတွက် ဆုံးဖြတ်ချက်ချပေးသည်။
- ကော်ပိုရိတ်အုပ်ချုပ်မှုအတွက် အဆိုပြုချက်များကို အကောင်ထည်ဖော်ခြင်း
- ကုမ္ပဏီ၏ စာရင်းသွင်း အရင်းတည်ငွေ၏ တိုးတက်လာမှု၊ လျော့ချသွားမှုများ၏ အဆိုပြုချက်များနှင့် အရှူံးအမြတ်နှင့် သက်ဆိုင်သောအဆိုပြုများကို စီစစ်ပေးခြင်း
- ကုမ္ပဏီ၏ ရှယ်ယာ ရွေးချယ်မှုအစီအစဉ် နှင့် အခြား ရေရှည် စီမံကိန်းများကို စီစစ်ပေးခြင်း
- ကွဲပြားခြားနားသော လုပ်ငန်းပိုင်းဆိုင်ရာများသို့ ဝင်ရောက်ခြင်းနှင့် ဆုတ်ခွာခြင်းအစီအစဉ်များကို စီစစ်ပေးပြီး အတည်ပြုပေးကာ ကုမ္ပဏီ၏ မဟာဗျူဟာကိုအတည်ပြုပေးခြင်း
- အဖွဲ့အစည်း၏ အဓိကပြုလည်ဖွဲ့စည်းရေး၊ စီမံခန့်ခွဲမှုတိုးတက်ရေးနှ င့် စီးပွားရေးအသွင်ကူးပြောင်းမှုများကို အတည်ပြုပေးခြင်း
- ကုမ္ပဏီိ၏ အဓိကကျသော ဘဏ္ဍာရေးပေါ်လစီများ၊ ဘဏ္ဍာရေးအစီအစဉ်ချခြင်းများ နှင့် စီးပွားရေးအရောင်းအဝယ်များကို အတည်ပြုပေးခြင်း
- ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအစီရင်ခံစာ၊ ဘဏ္ဍာရေးရလဒ်များ နှင့် ဘဏ္ဍာရေးထုတ်ပြန်ချက်များကို အတည်ပြုပေးခြင်း
- အကြီးတန်း စီမံအုပ်ချုပ်သူများအား အလုပ်ခန့်အပ်ခြင်း၊ ဖယ်ရှားခြင်း နှင့် နစ်နာကြေားပေးခြင်း၊ ရေရှည်ရရှိခံစားခွင့်ရရှိရေး များကိုအတည်ပြုပေးခြင်း
- ကော်ပိုရိတ် အဆင့်ရှိသော အဓိက HR စည်းမျဉ်းများနှင့် အစီအစဉ်များကိုအတည်ပြုပေးခြင်း
- အဓိက အခက်အခဲများကို နှင့် အရေပေါ်ကိစ္စရပ်များကို စီမံခန့်ခွဲခြင်းအဆိုပြုချက်များကို အတည်ပြုပေးခြင်း
- လုပ်ငန်းတွင်းပိုင်ဆိုင်ရာထိန်းချုပ်မှု တိုးတက်ရေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လိုက်နာခြင်းစနစ်များကို အတည်ပြုပေးခြင်း
ယခုလက်ရှိ BOD တွင် ကိုယ်စားပြု ကော်မရှင်များမှ ရွေးချယ်ထားပြီး ရှယ်ယာအစုရှင် အစည်းအဝေးပွဲမှ မဲပေးထားသော အဖွဲ့ဝင် ၁၇ ဦးဖြင့် ။ မတ်လ ၂၀၁၈ ခုနှစ်တွင် ကိုယ်စားပြုကော်မရှင်နှင့် ရှယ်ယာအစုရှင် အစည်းအဝေးမှ ပုံသေနှင့်အလှည့်ကျအဖွဲ့ဝင်ဟူ၍ ဘုတ်အဖွဲ့သစ်များကိုရွေးချယ်ခဲ့ပါသည်။
ဘုတ်အဖွဲ့၏ ဒုတိယ ဥက္ကဌနှင့် အမှုဆောင်အရာကော်မတီဝင်အဖွဲ့များ BOD မှရွေးချယ်ခဲ့သည်။ ဘုတ်အဖွဲ့အတွင် လစ်လပ်နေရာရှိပါက် အလှည့်ကျ အဖွဲ့ဝင်များသည် ကြိုတင်စီစဉ်ထားသော အစီအစဉ်အတိုင်း ဝင်ရောက်လုပ်ဆောင်ရမည်ဖြစ်ပါသည်။
လက်ရှိဘုတ်အဖွဲ့ဝင်များမှာ-
- ဥက္ကဌ: Mr. Liang Hua
- ဒု-ဥက္ကဌ: Mr. Guo Ping, Mr. Xu Zhijun, Mr. Hu Houkun, and Ms. Meng Wanzhou
- အမှုဆောင်ဒါရိုက်တာများ : Mr. Ding Yun, Mr. Yu Chengdong, and Mr. Wang Tao
- ဒါရိုက်တာများ : Mr. Xu Wenwei, Ms. Chen Lifang, Mr. Peng Zhongyang, Ms. He Tingbo, Mr. Li Yingtao, Mr. Ren Zhengfei, Mr. Yao Fuhai, Mr. Tao Jingwen, and Mr. Yan Lida
- အလှည့်ကျ ဒါရိုက်တာများ : Mr. Li Jianguo, Mr. Peng Bo, and Mr. Zhao Ming
ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ၏ လုပ်ငန်းလည်ပတ်မှုများ
၂၀၁၈ ခုနှစ်တွင် BOD များသည် အစည်းအဝေး ၁၀ ကြိမ်ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပွဲတွင် BOD များသည် ကုမ္ပဏီ၏ အလယ်အလတ်မှ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ ၊ နှစ်စဉ် ခန်းမှန်းခြေရသုံးရငွေစာရင်း၊ နှစ်စဉ်ဘဏ္ဍာရေးစီစစ်မှုအစီရင်ခံစာ၊ ကော်ပိုရိတ်အုပ်ချုပ်မှုဆိုရာ စည်းမျဉ်းများ၊ နှစ်စဉ် အမြတ် ခွဲဝေမှုများ၊ ရင်းနှီးမတည်ငွေတိုးတက်လာမှု၊ လိုက်နာမှု ကြီးကြပ်စနစ်နှင့် ဆိုက်ဘာလုံခြုံရေးတို့ကို စီစစ်ကာ အတည်ပြုပေးခြင်းများကို ပြုလုပ်ခဲ့ပါသည်။
BOD သည် အလုပ်အမှုဆောင် ကော်မတီကိုဖွဲ့စည်းခဲ့ပြီး BOD ၏ စီမံဆုံးဖြတ်ခွင့်ရှိသောအဖွဲ့အစည်းအဖြစ်ရပ်တည်စေပါသည်။ BOD ၏အပ်နှံခြင်းခံရသောကြောင့် ကုမ္ပဏီအတွင်းရှိ BOD ဆုံးဖြတ်ရန်လိုအပ်သောအအဓိက အကြောင်းကိစ္စများကို စစ်ဆေးဆုံးဖြတ်ခွင့်ရှိပါသည်။ ၂၀၁၈ ခုနှစ်တွင် အလုပ်အမှုဆောင်ကော်မတီသည် အစည်းအဝေး ၁၂ကြိမ်ကျင်းပခဲ့ပါသည်။
ဘုတ်အဖွဲ့ဝင် အမှုဆောင်အရာရှိကော်မတီတွင် Mr.Guo Ping ၊ Mr. Xu Zhijun ၊ Mr. Hu Houkun ၊ Ms. Meng Wanzhou ၊ Mr. Ding Yun ၊ Mr. Yu Chengdong နှင့် Mr. Wang Tao တို့ပါဝင်ပါသည်။
ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများနှင့် အရာရှိအမှုဆောင်များကော်မတီကို အလှည့်ကျ ဥက္ကဌများမှဦးဆောင်သွားမည်ဖြစ်ပါသည်။ စည်းကမ်းချက်အရ အလှည့်ကျဥက္ကဌသည် ကုမ္ပဏီ၏ အရေးပါဆုံးခေါင်းဆောင်ဖြစ်သွားမည်ဖြစ်ပါသည်။ အလှည့်ကျ ဥက္ကဌအဖြစ်ရပ်တည်မှုသည် တစ်ကြိမ်လျှင် ၆လကြာမြှင့်မည်ဖြစ်ပါသည်။ အလှည့်စာရင်းဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Mr. Xu Zhijun:
ဧပြီလ ၁ရက် ၂၀၁၈ မှ စက်တင်ဘာလ ၃၀ရက် ၂၀၁၈ အထိ
အောက်တိုဘာလ ၁ရက် ၂၀၁၉ မှ မတ်လ ၃၁ ၂၀၂၀အထိ
ဧပြီလ ၁ရက် ၂၀၂၁ မှ စက်တင်ဘာလ ၃၀ရက် ၂၀၂၁အထိ
အောက်တိုဘာလ ၁ရက် ၂၀၂၂ မှ မတ်လ ၃၁ရက် ၂၀၂၃ အထိ
Mr. Guo Ping:
အောက်တိုဘာလ ၁ရက် ၂၀၁၈ မှ မတ်လ ၃၁ရက် ၂၀၁၉ အထိ
ဧပြီလ ၁ရက် ၂၀၂၀ မှ စက်တင်ဘာလ ၃၀ရက် ၂၀၂၀ အထိ
အောက်တိုဘာလ ၁ရက် ၂၀၂၁ မှ မတ်လ ၃၁ရက် ၂၀၂၂ အထိ
Mr. Hu Houkun:
ဧပြီလ ၁ရက် ၂၀၁၉ မှ စက်တင်ဘာလ ၃၀ရက် ၂၀၁၉ အထိ
အောက်တိုဘာလ ၁ရက် ၂၀၂၀ မှ မတ်လ ၃၁ရက် ၂၀၂၁ အထိ
ဧပြီလ ၁ရက် ၂၀၂၂ မှ စက်တင်ဘာလ ၃၀ရက် ၂၀၂၂ အထိ
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အကြောင်းအရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ပြဋ္ဌာန်းသော ကုမ္ပဏီဥပဒေ၏ သတ်မှတ်ချက်များအရ Huawei သည် ကြီးကြပ်ရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသည်။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အဓိကတာဝန်များတွင် ဆုံးဖြတ်ရန်၊ ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် လည်ပတ်မှုအခြေအနေကို စစ်ဆေးရန်၊ BOD အဖွဲ့ဝင်များနှင့် စီနီယာစီမံအုပ်ချုပ်သူများ၏ တာဝန်ဆောင်ရွက်မှုကို စောင့်ကြည့်စီစစ်ခြင်း၊ ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုနှင့် ဘဏ္ဍာရေးအခြေအနေများကိုစောင့်ကြည့်သုံးသပ်ခြင်းနှင့် အတွင်းစည်းကမ်းလိုက်နာမှုနှင့် ပြင်ပစည်းကမ်းလိုက်နာမှုကိစ္စကိုညွှန်ကြားခြင်းများပါဝင်ပါသည်။ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်များသည် BOD အစည်းအဝေးများကို မဲပေးခွင့်မရှိပါဝင်သူများအနေနှင့် တက်ရောက်ကြသည်။
ကြီးကြပ်ရေးဘုတ်ကို ကိုယ်စားလှယ်များ၏ ကော်မရှင်မှရွေးကောက်ထားပြီး ရှယ်ယာရှင်များ၏အစည်းအဝေးတွင် ရွေးကောက်ထားသည့် အဖွဲ့ဝင် ၁၀ဦးဖြင့်ဖွဲ့စည်းထားသည်။
လက်ရှိ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်များမှာ
- ဥက္ကဋ္ဌ : Mr. Li Jie
- အလုပ်အမှုဆောင်အဖွဲ့ဝင်များ : Mr. Zhou Daiqi, Mr. Ren Shulu, Mr. Yin Xuquan, Mr. Li Jin’ge, and Mr. Li Dafeng
- အဖွဲ့ဝင်များ : Mr. Song Liuping, Mr. Tian Feng, Mr. Yi Xiang, and Mr. Li Jian.
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ငန်းများ
၂၀၁၈ ခုနှစ်တွင် ကြီးကြပ်ရေးဘုတ်အဖွဲ့မှ အစည်းအဝေး ၁၀ကြိမ် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် BOD အဖွဲ့ဝင်များ၏ ၂၀၁၇ ခုနှစ်အတွင်း တာဝန်ကျေပွန်မှုများကို အကဲဖြတ်ခဲ့ပြီး ကုမ္ပဏီ၏ ဘဏ္ဍာရေး အနေအထားကို စီစစ်ကာ ကုမ္ပဏီ၏ ကြီးကြပ်လိုက်နာမှုစနစ်၊ နိုင်ငံရပ်ခြား ကုမ္ပဏီခွဲများ ကြီးကြပ်မှုအပေါ် အစီရင်ခံစာများကို လက်ခံခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီခွဲများ၏ လိုက်နာမှု အပေါ်ပြန်လည်သုံးသပ်ခဲ့သည်။
တစ်နှစ်ပတ်လုံးတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်များသည် BOD အစည်းအဝေး အားလုံးကို မဲပေးခွင့်မရှိပါဝင်သူများအနေနှင့် တက်ရောက်ခဲ့ရပြီး BOD များ၏ ဆုံးဖြတ်ချက်နှင့် လုပ်ငန်းလည်ပတ်မှုများ၏ တရားဝင်မှုကို ကြည့်ရူရသည်။
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် အလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး၊ ကော်မတီသည် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ စီမံဆုံးဖြတ်ခွင့်ရှိသောအဖွဲ့အစည်းအဖြစ်ရပ်တည်စေပါသည်။ အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များတွင် Mr. Li Jie, Mr. Zhou Daiqi, Mr. Ren Shulu, Mr. Yin Xuquan, Mr. Li Jin’ge, and Mr. Li Dafeng.တို့ ပါဝင်သည်။
သီးခြားလွတ်လပ်သော စာရင်းစစ်တစ်ဦးသည် ကုမ္ပဏီ၏ တစ်နှစ်တာ ဘဏ္ဍာရေးထုတ်ပြန်ချက်များကို စာရင်းစစ်ရန်အတွက် တာဝန်ရှိသည်။ ဆိုင်ရာငွေစာရင်းစံညွှန်းနှင့် စာရင်းစစ်လုပ်ထုံးလုပ်နည်းတို့နှင့် အညီ အချုပ်အချယ်ကင်းသော စာရင်းစစ်အဖွဲ့သည် ဘဏ္ဍာရေးထုတ်ပြန်ချက်များ မှန်၊မမှန် သင့်၊မသင့်နှင့် စပ်လျဉ်း၍ ထင်မြင်ချက်ပေးနိုင်သည်။
ဘဏ္ဍာရေးဆိုင်ရာ စာရင်းစစ်နှင့် တစ်နှစ်တာ စာရင်းစစ်ရလဒ်များနှင့်ဆိုင်သော အပိုင်းကို စာရင်းစစ်ကော်မတီက ပြန်ဆန်းစစ်ရသည်။ သီးခြားလွတ်လပ်သော စာရင်းစစ်၏ ဓမ္မဓိဋ္ဌာန်ကျကျ လွတ်လပ်ခွင့်ကို ထိခိုက်နိုင်ခြေအလားအလာရှိသည့် မည်သည့်ဆက်ဆံရေးမဆို (သို့) ဝန်ဆောင်မှုမဆို စာရင်းစစ်ကော်မတီနှင့် ဆွေးနွေးနိုင်သည်။ သီးခြားလွတ်လပ်သော စာရင်းစစ်သည် ဘဏ္ဍရေးစာရင်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ဖော်ပြထားသော မည်သည့်ကိစ္စများမဆို (သို့) ရင်ဆိုင်ရသော မည်သည့်အခက်အခဲများမဆို ၎င်းကို စာရင်းစစ်ကော်မတီနှင့် ဆွေးနွေးနိုင်သည်။
KPMG သည် 2000 ခုနှစ်ကတည်းကစတင်ကာ Huawei ၏ လွတ်လပ်သော စာရင်းစစ်ကုမ္ပဏီအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
Huawei သည် ၎င်း၏ အဖွဲ့အစည်းတည်ဆောက်မှုပုံစံနှင့် လုပ်ငန်းလည်ပတ်သည့် ပုံစံကို အခြေခံပြီး ရုံးတွင်းထိန်းချုပ်သည့်စနစ်ကို ဆက်လက်၍ သတ်မှတ် အကောင်အထည်ဖော်နေပါသည်။ အတွင်းထိန်းချုပ်မှုဘောင်နှင့် ၎င်း၏ စီမံခန့်ခွဲမှုစနစ်တို့ကို ကုမ္ပဏီ၏ စီးပွားရေးနှင့်ဘဏ္ဍာရေး လုပ်ငန်းစဉ်အားလုံးအပြင် ၎င်း၏ကုမ္ပဏီခွဲများနှင့် စီးပွားရေးယူနစ်များတွင်လည်း အကျိုးသက်ရောက်စေသည်။ အတွင်းထိန်းချုပ်မှုစနစ်ကို COSO ကန့်သတ်ဘောင်၏ အစိတ်အပိုင်း ငါးခုဖြင့် အခြေခံထားသည်။ ပတ်ဝန်းကျင်ထိန်းချုပ်ခြင်း၊ အရဲစွန့်စီမံခန့်ခွဲမှု၊ အလုပ်များထိန်းချုပ်ခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နှင့်၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ ဖြစ်သည်။ အတွင်းပိုင်းထိန်းချုပ်မှု၏ ဘဏ္ဍာရေးထုတ်ပြန်ချက်များအတွက် မှန်ကန်မှု၊ တည်တံ့ခိုင်မြဲမှု နှင့်၊ တိကျမှုတို့ကို သေချာအောင်လုပ်ပေးရန်လည်း ပါဝင်ဆောင်ရွက်ရသည်။
ပတ်ဝန်းကျင်ထိန်းချုပ်ခြင်း
ပတ်ဝန်းကျင်ထိန်းချုပ်ခြင်းသည် အတွင်းထိန်းချုပ်မှုစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ Huawei သည် ဂုဏ်သိက္ခာရှိမှု၊ လုပ်ငန်းကျင့်ဝတ်များနှင့် ဥပဒေနှင့် စည်းမျဉ်းများကို လေးစားလိုက်နာမှုဟူသော လုပ်ငန်းအစဉ်အလာနှင့်အညီ ပြုမူဆောင်ရွက်မည်ဟု ကတိပြုထားပါသည်။ လက်သင့်ခံနိုင်သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စံနှုန်းများကို ရှာဖွေသတ်မှတ်ရန် Huawei သည် BCG များကို ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ BCG များကို စီနီယာ အလုပ်အမှုဆောင်များ အပါအဝင် အလုပ်သမားအားလုံးက လိုက်နာရမည်။ ပုံမှန် သင်တန်းပေးပရိုဂရမ်များ ကမ်းလှမ်းပေးပြီး အလုပ်သမားအားလုံးသည် BCG များကို ဖတ်ထားကြောင်း၊ သိနားလည်ကြောင်း၊ လိုက်နာမည်ဖြစ်ကြောင်းကို သေချာစေဖို့အတွက် BCG များကို လက်မှတ်ထိုးရန် တောင်းဆိုခဲ့သည်။
Huawei သည် ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ပြုမှုနှင့် တာဝန်ခံမှု နည်းလမ်းများနှင့်အညီ စေ့စပ်သေချာမှုရှိသော အုပ်ချုပ်မှုပုံစံကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ထိန်းကျောင်းလမ်းညွှန်မှုဖွဲ့စည်းပုံသည် BOD၊ ၎င်း၏ကော်မတီများ၊ အုပ်စုလုပ်ဆောင်ချက်များ၊နှင့် မာတီလ်လယ်ဗယ် စီမံခန့်ခွဲမှုအဖွဲ့ များကိုထည့်သွင်းထားပါသည်။
လုပ်ပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို ထိရောက်စွာ ခွဲထုတ်ထားကြောင်း သေချာစေရန် Huawei သည် ၎င်းအဖွဲ့အစည်း၏ အခန်းကဏ္ဍများနှင့် တာဝန်များကို ရှင်းလင်းစွာ သတ်မှတ်ထားပါသည်။ Huawei ၏ CFO သည် အဖွဲ့အစည်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုများကို ဦးဆောင်ပြီးလုပ်ကိုင်ဆောင်ရွက်ပါသည်။ လုပ်ငန်းထိန်းချုပ်ရေးဌာနသည် ဖြစ်နိုင်ချေရှိသည့် အပြစ်အနာအဆာ တစ်ခုခု၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုများအရ ပြုလုပ်ထားသည့်တိုးတက်မှုများကို CFO ထံအစီရင်ခံရပြီး အဖွဲ့အစည်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုအလုပ်ခွင် ကိုတည်ဆောက်ရာတွင်လည်း CFO ကိုအကူအညီပေးရပါသည်။ အဖွဲ့အစည်းပိုင်းဆိုင်ရာ စာရင်းစစ်ဌာနသည် လုပ်ငန်းလည်ပတ်မှု အားလုံးအတွက် အဖွဲ့အစည်းပိုင်းဆိုင်ရာ ထိန်းချုပ်မှုများ၏အခြေ အနေများကို လွတ်လပ်စွာဖြင့်သီးခြားရယူပြီး စစ်ဆေးရပါသည်။
ဘေးအန္တရာယ် အကဲဖြတ်စီစစ်မှု
Huawei သည် ရုံးတွင်းပိုင်းထိန်းချုပ်မှုများ ဆောင်ရွက်ရန် ဌာနတစ်ခု ဖွဲ့စည်းထားပြီး ကုမ္ပဏီ၏ တစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစီစဉ်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဖြစ်နိုင်သည့် အန္တရာယ်များကို ပုံမှန် ချင့်တွက်အကဲဖြတ်ရန် ဘေးအန္တရာယ် စီမံခန့်ခွဲမှုစနစ်ကိုလည်း သတ်မှတ်ထားရှိပါသည်။ ယင်းဌာနသည် သိသာထင်ရှားသည့် ဘေးအန္တရာယ်များကို ဖော်ထုတ်၊စီမံ၊စစ်ဆေးစောင့်ကြည့်ရပြီး အဖွဲ့အစည်းတွင်းနှင့် အဖွဲ့အစည်းပြင်ပပတ်ဝန်းကျင်များတွင် ပြောင်းလဲမှုများကြောင့် ဖြစ်သည့် ဘေးအန္တရာယ်အလားအလာတို့ကိုလည်းကြိုတင်ခန့်မှန်း၍ဆုံးဖြတ်ချက်ချမှတ်ရေးအတွက် ဘေးအန္တရာယ် လျော့ချရေးနှင့်တကွ ဘေးအန္တရာယ်စီမံခန့်ခွဲရေးနည်းဗျူဟာတို့ကို တင်သွင်းရသည်။ လုပ်ငန်းစဉ်ပိုင်ရှင်အားလုံးသည် လုပ်ငန်း ဘေးအန္တရာယ်ဖော်ထုတ်ခြင်း၊စီစစ်ခြင်းနှင့်စီမံခြင်းတို့အပြင် အဖွဲ့အစည်းတွင်းထိန်းချုပ်မှုလုပ်ရိုးလုပ်စဉ်များကိုလည်း လိုအပ်သလိုဆောင်ရွက်ရန် တာဝန်ရှိပါသည်။ အတိမ်းအစောင်းမခံသည့်ဘေးအန္တရာယ်များကို ထိရောက်ကုံလုံစွာစီမံနိုင်ရန် အဖွဲ့အစည်းတွင်းထိန်းချုပ်မှုနှင့် ဘေးအန္တရာယ်ထိန်းချုပ်မှုများတိုးတက်ရေးအတွက် Huawei သည် လုပ်ရိုးလုပ်စဉ်တစ်ခုကိုဖွဲ့စည်းထားပါသည်။
ထိန်းချုပ်မှု လှုပ်ရှားဆောင်ရွက်ချက်များ
Huawei သည် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု စီမံခန့်ခွဲရေး စနစ်နှင့် လုပ်ငန်းပြောင်းလဲမှုစီမံခန့်ခွဲရေး စနစ်တို့ကို တည်ထောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ BPA ကိုထုတ်လွှင့်သည့်ပြင် BPA ရှိတလိုင်းတည်းတွင်လည်း GPO များကိုခန့်အပ်ခဲ့သည်။ လုပ်ငန်းဆောင်ရွက်မှုနှင့် အဖွဲ့အစည်းတွင်း ထိန်းချုပ်မှုများ၊ GPOs တည်ဆောက်ခြင်းအတွက် တာဝန်များ -
- အဓိက ထိန်းချုပ်မှု ပွိုင့်များ၊ လုပ်ငန်းစဉ်တစ်ခုစီအတွက် တာဝန်များနှင့် မက်ထရစ်သီးခြားခွဲထုတ်ရေးကို ဖော်ထုတ်ခဲ့ပြီး အဆိုပါ စနစ်များကို ဒေသဆိုင်ရာ ရုံးခန်းများ၊ လုပ်ငန်းခွဲများနှင့် လုပ်ငန်း ယူနစ်များတွင် အသုံးပြုခဲ့သည်။
- အဓိကထိန်းချုပ်မှုပွိုင့်များတွင် လစဉ် စည်းကမ်းစောင့်ထိန်းမှု စာမေးပွဲများကို ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းအတွင်းထိန်းချုပ်မှုများအား အစဉ်သဖြင့်နှင့် ထိရောက်စွာ စောင့်ကြည့်စစ်ဆေးရေးကို သေချာစွာစီမံရန် စာမေးပွဲအဖြေများကို ထုတ်ပြန်ခဲ့သည်။
- လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ကုံလုံမှုတိုးတက်စေရန်နှင့် လုပ်ငန်းရည်မှန်းချက်များကို အောင်မြင်ရယူနိုင်ရေး လုပ်ငန်းတွင် အားနည်းနေသည့် ပွိုင့်များကိုအခြေပြုသည့် လုပ်ငန်းဆောင်ရွက်ပုံများနှင့် အဖွဲ့အစည်းတွင်းထိန်းချုပ်မှုများကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပြင်ဆင်သည်။
- အလုံးစုံ လုပ်ငန်းဆောင်ရွက်မှုဒီဇိုင်းနှင့် လုပ်ငန်းယူနစ်တစ်ခုစီအား၌ လုပ်ငန်းအကောင်အထည်ဖော်ပုံထိရောက်မှုများကို ရယူသုံးစွဲရန်နှင့် SACAs ကိုပြုလုပ်ခဲ့ပြီးနောက် ရလဒ်များကို AC ထံသို့အစီရင်ခံသည်။
အချက်အလက်နှင့် ဆက်သွယ်ရေး
ဖောက်သည်များ၊ ပေးသွင်းသူများနှင့်အခြား အဖွဲ့အစည်းများထံမှ ကုမ္ပဏီပြင်ပဆိုင်ရာ အချက်အလက်များအား အချိန်ကိုက် အသုံးချနိုင်ရေးကို သေချာစီမံရန် Huawei သည် မာတီလ်ဒိုင်မန်းရှင်းနယ် အချက်အလက်နှင့် ဆက်သွယ်ရေး နည်းလမ်းများစွာကို ဖော်ဆောင်ထားသည်။ အဖွဲ့အစည်းတွင်းဆိုင်ရာ အချက်အလက်များပြောင်းလွှဲပေးရေး အတွက် တရားဝင်နည်းလမ်းများကိုလည်းဖန်တီးထားပြီး ဝန်ထမ်းများသည် ၎င်းတို့၏ထင်မြင်ချက်များနှင့် အကြံဥာဏ်များကို လွတ်လပ်စွာဆက်သွယ်ပြောဆိုနိုင်ရန် အွန်းလိုင်းနေရာ၊ Xinsheng အသိုင်းအဝိုင်းကိုလည်း ကမ်းလှမ်းထားသည်။ ဝန်ထမ်းများနှင့် စီမံအုပ်ချုပ်ရေး တင်ဆက်မှုများကို ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ရေး၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးကို သေချာလုပ်ဆောင်နိုင်ရန် ကော်ပိုရိတ်အဆင့် စီမံအုပ်ချုပ်သူ များသည် လယ်ဗယ်အားလုံးရှိ ဌာနဆိုင်ရာများနှင့် ပုံမှန်အစည်းအဝေးကို ပြုလုပ်ပါသည်။
လုပ်ငန်းဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းဆောင်ရွက်ပုံများအားလုံးတို့ကို ကုမ္ပဏီ၏အင်တာနက်တွင် ရယူနိုင်ပါသည်။ မန်နေဂျာများနှင့် လုပ်ငန်းဆောင်ရွက်မှု ပိုင်ရှင်များသည် လုပ်ငန်းဆောင်ရွက်ပုံများနှင့် အဖွဲ့အစည်းတွင်း ထိန်းချုပ်မှုများရှိ လေ့ကျင့်သင်တန်းပေးရေး အစီအစဉ်များကို ပုံမှန်စုစည်း လုပ်ဆောင်လျက်ရှိသည်မှာ ဝန်ထမ်းအားလုံးက နောက်ဆုံးရခေတ်နှင့်အညီဖြစ်သည့် အချက်အလက်ကို သေချာ ရယူသုံးစွဲနိုင်စေရန်ဖြစ်သည်။ ဝန်ထမ်းအချင်းချင်းပုံမှန်ဆက်သွယ်ပြောဆိုနိုင်ရေး၊ အဖွဲ့အစည်းတွင်း ထိန်းချုပ်မှုများဖော်ဆောင်ချက်ကို ပြန်လည် စီစစ်ရေး၊နှင့် အဖွဲ့အစည်းတွင်း ထိန်းချုပ်မှုရှိပြဿနာများကို နောက်ဆက်တွဲစစ်ဆေးရေးအတွက် ကုမ္ပဏီသည် အဆင့်အားလုံးရှိ လုပ်ငန်းဆောင်ရွက်မှုပိုင်ရှင်များအတွက် လုပ်ရိုးလုပ်ထုံးတစ်ခုကိုလည်း တည်ထောင်ထားပါသည်။
စောင့်ကြည့်ခြင်း
Huawei သည် အဖွဲ့အစည်းတွင်း တိုင်ကြားမှု နည်းလမ်း၊ စုံစမ်းစစ် ဆေးရေးလုပ်ထုံးတစ်ခု၊ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး လုပ်ထုံးတစ်ခုနှင့် တာဝန်ခံမှုစနစ် တစ်ရပ်တို့ကို တည်ထောင်ထားပါသည်။ ကုမ္ပဏီရှိဝန်ထမ်းများ၏ ရိုးသားမှုဂုဏ်သိက္ခာကို စောင့်ကြည့်ရာတွင် ကုမ္ပဏီအားအထောက်အပံ့ဖြစ်စေရန် Huawei သည် ပံ့ပိုးသူများနှင့် လက်မှတ်ရေးထိုးထားသည့် ရိုးသားမှုနှင့် ဂုဏ်သိက္ခာ သဘောတူ ညီချကအတိုင်း Huawei ဝန်ထမ်းများ၏ မသင့်လျော်သော အပြုအမှုကို ပံ့ပိုးသူများက သဘောတူညီချက်၌ပြဌာန်းထားသည့် နည်းလမ်းများအတိုင်း အစီရင်ခံနိုင်သည်ကို ရှင်းလင်းစွာ စည်းကမ်း ချမှတ်ထားပါသည်။ အဖွဲ့အစည်းတွင်းဆိုင်ရာ စာရင်းစစ်ဌာနသည် ကုမ္ပဏီ၏ အဖွဲ့အစည်းတွင်း ထိန်းချုပ်မှုအလုံးစုံ အခြေအနေများကို လွတ်လပ်စွာ ရယူသုံးစွဲနိုင်ပြီး BCGs တစ်ခုခုချိုးဖောက်မှုကိုသံသ ယဖြစ်လျှင်စုံစမ်းစစ်ဆေးနိုင်သလို စာရင်းစစ်နှင့် စုံစမ်းစစ်ဆေးရေး ရလဒ်များကို AC နှင့် စီနီယာ စီမံအုပ်ချုပ်ရေးထံ သို့အစီရင်ခံရပါသည်။
GPOs ရှိ အဖွဲ့အစည်းတွင်း ထိန်းချုပ်မှုဆန်းစစ်ချက်များနှင့် ဒေသဆိုင်ရာမန်နေဂျာများ အပြင် ၎င်းတို့၏ တာဝန်ခံမှုနှင့် စွပ်စွဲအပြစ်တင်ခံရမှုများကို လိုအပ်သည့်အချိန်နှင့်အခါတိုင်းတွင် စုံစမ်းနိုင်ရန် Huawei မှလုပ်ထုံးလုပ်နည်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ထားသည်။ AC နှင့် CFO တို့သည် ကုမ္ပဏီ၏အဖွဲ့အစည်းတွင်း ထိန်းချုပ်မှုအခြေအနေများကို ပုံမှန်ပြန်လည်စီစစ်ပြီး ဖွဲ့အစည်းတွင်း ထိန်းချုပ်မှုတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့် စီမံမှုများအကြောင်းကို အစီရင်ခံစာများကို လက်ခံရရှိပြီး လိုအပ်လျှင် အစီအမံအကောင်အထည်ဖော်မှုတိုးတက်ချက် အစီရင်ခံစာကိုလည်း ရရှိသည်။ သက်ဆိုင်ရာ GPOs တောင်းခံရန်နှင့် လုပ်ငန်း အထူးအလုပ်အမှုဆောင်များသည် ၎င်းတို့၏ အဖွဲ့အစည်းတွင်းထိန်းချုပ်မှုဆိုင်ရာ ပြဿနာများကို ရှင်းပြခိုင်းရန်နှင့် တည့်မှတ်ပေးသည့် အရေးယူမှုများပြုလုပ်ခိုင်းရန် နှစ်ဦးစလုံးတွင် အာဏာရှိသည်။