ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
ထုတ်ကုန်ဘေးကင်းရေး ကြေညာချက်
ရေဒီယိုဓါတ်ကြွမှုပါဝင်ခြင်းကြောင့် ထုတ်ကုန်ဘေးကင်းရေးနှင့် ဆက်စပ်ပြီး Huawei ၏ကြေညာချက်
ချစ်ခင်ရပါသော သုံးစွဲသူ၊
ဖူကူရှီးမား နျုးကလီးယား စွမ်းအင်စက်ရုံမှ မတော်တဆမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် Huawei သည် ထုတ်ကုန်အပူဖြာထွက်မှု ဘေးကင်းရေးအလားအလာကို အကဲဖြတ်စီစစ်ခဲ့ပြီး အရေး ပေါ်တုန့်ပြန်ရေးအဖွဲ့ကိုမဆိုင်းမတွ ဖွဲ့စည်းခဲ့ပါသည်။ ပုံမှန်မဟုတ်သည့် ဓါတ်ရောင်ခြည်ဖြာထွက်မှုမရှိသည်ကိုသေချာစေရန် ရုပ်ဝတ္ထုပစ္စည်းများနှင့် အစိတ်အပိုင်းများကို ထိန်းချုပ်ရေးအတွက် ကျွန်ုပ်တို့က အစီအစဉ်တစ်ခုကိုဖော်ဆောင်ခဲ့ပါသည်။
Huawei သည် ဂျပန်နိုင်ငံတွင် ထုတ်လုပ်ရေးစက်ရုံတစ်ခုမျှမရှိသော်လည်း မိမိတို့ထုတ်ကုန်များတွင် ပုံမှန်မဟုတ်သည့် ရေဒီယိုဓါတ်ကြွမှုပါဝင်ခြင်းအလားအလာကို ဖယ်ရှားရာတွင်အထောက်အပံ့ဖြစ်ရန် မိမိတို့၏ ပေးသွင်းသူများနှင့်အတူ အောက်ပါမဆိုင်းမတွ အရေးယူမှုများကို ဆောင်ရွက်ထားပါသည်။
1. ဂျပန်နိုင်ငံမှတင်သွင်းသော ပစ္စည်းများနှင့် အစိတ်အပိုင်းများကို စစ်ဆေးခြင်း
ဂျပန်နိုင်ငံမှတိုက်ရိုက်တင်သွင်းသော ပစ္စည်းများနှင့် အစိတ်အပိုင်းများကို စစ်ဆေးရန် Huawei သည် ရေဒီယိုဓါတ်ကြွမှုပါဝင်ခြင်းအားစစ်ဆေးသော ကိရိယာတန်ဆာပလာများကို ဝယ်ယူခဲ့သည်။ ယနေ့ထိတိုင်အောင် ပုံမှန်မဟုတ်သော ရေဒီယိုဓါတ်ကြွမှုပါဝင်နှုန်းကို မတွေ့ရှိထားသေးပါ။
2. အခြားနိုင်ငံမှ တင်သွင်းသော ပစ္စည်းများနှင့် အစိတ်အပိုင်းများကို စစ်ဆေးခြင်း
အခြားနိုင်ငံမှ တင်သွင်းသော ပစ္စည်းများနှင့် အစိတ်အပိုင်းများဖြစ်သော်လည်း ကုန်ကြမ်းများ မှာဂျပန်နိုင်ငံမှဆင်းသက်လာသည့်ပစ္စည်းများအတွက် Huawei သည် လတ်တလောပြုလုပ် နေသည့်စစ်ဆေးမှုလုပ်ငန်းစဉ်အပြင် ရေဒီယိုဓါတ်ဖြာထွက်ခြင်းဆိုင်ရာ ဘေးကင်းရေးစစ်ဆေး မှုကိုလည်း အပိုဆောင်းထည့်ပေါင်းခဲ့သည်။ ယနေ့ထိတိုင်အောင်ပုံမှန်မဟုတ်သော ရေဒီယိုဓါတ်ကြွမှုပါဝင်နှုန်းကို မတွေ့ရှိထားသေးပါ။
3. ရေဒီယိုဓါတ်ကြွမှုပါဝင်နှုန်းကို ပေးသွင်းသူများကထိန်းချုပ်ခြင်း
ဂျပန်နိုင်ငံမှတိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် တင်သွင်းထားသည့် ပစ္စည်းများနှင့် အစိတ်အပိုင်းတင်သွင်းသောပေးသွင်းသူများကို Huawei မှဆက်သွယ်ပြီး Huawei ထံသို့ ရောင်းချသည့်ကုန်ပစ္စည်းများတွင် အပူဖြာထွက်မှုမရှိသည်ကို သေချာစေရန် လတ်တလော အဝင်နှင့်အထွက် စစ်ဆေးမှုများအပါအဝင် အရေးယူစစ်ဆေးမှုများ ပြုလုပ်ရန် သတ်မှတ်ခဲ့ပါသည်။
၎င်းအပြင် တရုတ်ဖောက်သည်များသည် ဂျပန်နိုင်ငံမှတင်သွင်းလာသည့် ကုန်ပစ္စည်းများတွင် အပူဖြာထွက်မှုပါဝင်နှုန်းအလားအလာကို စစ်ဆေးလျှက်ရှိသည်။
ထုတ်ကုန်အားလုံးမှာ ဈေးကွက်သို့တင်ပို့ရာတွင် ဘေးကင်းမှုရှိသည်ကို သေချာစေရန် ကျွန်ုပ်တို့သည် အခြေအနေကို စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး လိုအပ်သည့်အခါတိုင်း နောက်တိုးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်သည်။ ဤနောက်ဆုံးရအခြေအနေသည် မိမိတို့ဖောက်သည်များ၏ လတ်တလေစိုးရိမ်ပူပန်မှု တစ်ခုခုကိုဖြေရှင်းနိုင်လိမ့်မည် ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နောက်တိုးအခြေအနေအကြောင်းတစ်ခုခုထူးလျှင် ကျွန်ုပ်တို့က အချက်အလက်များကို ထပ်မံဖြည့်သွင်း ကြေညာသွားပါမည်။
Huawei Technologies Co., Ltd.
jueves, 5 de mayo de 2011