ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei သည် 5G ဖန်တီးရာတွင် ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များကို ဂုဏ်ပြုအသိအမှတ်ပြု

2018.07.26

Read English Version

[ရှန်ကျန်း၊ တရုတ်၊ ဇူလိုင် ၂၅ ၂၀၁၈]Huawei သည် 5G အတွက် polar codes တီထွင်သူ တူရကီလူမျိုး ပါမောက္ခ Dr. Erdal Arikan ကို ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ထူးချွန်စွာ ပါဝင်လုပ်ဆောင်မှုအတွက် အထူးဆုတစ်ဆု ချီးမြှင့်ပေးခဲ့ပါသည်။ ရှန်ကျန်းမြို့ရှိ Huawei အပြည်ပြည်ဆိုင်ရာ ရုံးချုပ်တွင် ကျင်းပခဲ့သည့် အဆိုပါ ဆုချီးမြှင့်ပွဲတွင် Huawei သည် စံနှုန်းများနှင့် အခြေခံ သုတေသန လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသည့် ၎င်း၏ သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာ ၁၀၀ ကျော်ကိုလည်း ဂုဏ်ပြုပေးခဲ့ပါသည်။

အခြေခံသုတေသနသည် လုပ်ငန်းဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါပါသည်။ 5G အသုံးပြုနိုင်ရန် အလွန်နီးစပ်နေပြီ ဖြစ်သည့် လက်ရှိအချိန်တွင် ၂၀၀၈ ခုနှစ်၌ ပါမောက္ခ Arikan ထုတ်ဝေခဲ့သည့် poalr codes သည် ဒေတာထုတ်လွှင့်မှု အမြန်နှုန်းနှင့် ၎င်းအပေါ် ယုံကြည်စိတ်ချနိုင်မှုတို့ကို အမြင့်ဆုံးမြှင့်တင်ပေးမည့် နည်းလမ်းသစ်တစ်ခုကို ဖန်တီးပေးခဲ့ကြောင်း တွေ့ရှိရပြီး Polar codes သည် 5G အတွက် ကုဒ်ရေးသားမှု စွမ်းဆောင်ရည်ကိုလည်း သိသာထင်ရှားစွာ မြှင့်တင်ပေးပါသည်။ တစ်ချိန်တည်းမှာပင် polar codes သည် ဒီဇိုင်းရှုပ်ထွေးမှုကို လျော့ချပေးပြီး ဝန်ဆောင်မှုအရည်အသွေးကောင်းတို့ကို ရရှိစေမည်ဖြစ်ပါသည်။


ပါမောက္ခ Erdal Arikan (ဘယ်ဖက်) နှင့် Huawei တည်ထောင်သူ Ren zhengfei (ညာဖက်) တို့ လက်ဆွဲနှုတ်ဆက်စဉ်

ပါမောက္ခ Erdal Arikan (ဘယ်ဖက်) နှင့် Huawei တည်ထောင်သူ Ren zhengfei (ညာဖက်) တို့ လက်ဆွဲနှုတ်ဆက်စဉ်

“5G စံနှုန်းမျာဟာ အခြေခံသုတေသနနဲ့ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာတို့အတွက် ကမ္ဘာတစ်ဝှန်းလုံးမှ စုပေါင်းအားထုတ်မှုရဲ့ ရလဒ်ပ်ဲဖြစ်ပါတယ်။ အဆိုပါ စံနှုန်းများ အမှန်တကယ် ဖြစ်ပေါ်လာရေးအတွက် သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာ ထောင်ပေါင်းသောင်းပေါင်းများစွာဟာကမ္ဘာတစ်လွှားက ကုမ္ပဏီများစွနဲ့အတူ ၁၀ နှစ်ကျော် ကြိုးပမ်းလုပ်ဆောင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ 5G အတွက် ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ ပါမောက္ခ Arikan နဲ့အတူ အကယ်ဒမီမှ လုပ်ဖော်ကိုင်ဖက်များ၊ သိပ္ပံပညာရှင်များနဲ့ Huawei ဝန်ထမ်းများကို အထူးကျေးဇူးတင်ရှိလိုပါတယ်” ဟု Huawei ၏ အလှည့်ကျဥက္ကဌ Eric Xu မှ ဆိုခဲ့ပါသည်။

“5G စံနှုန်းများ ပေါ်ထွက်လာခြင်မှာ ခရီးစဉ်သစ်တစ်ခုရဲ့ အစပဲ် ဖြစ်ပါတယ်” “ကျွန်တော်တို့အနေနဲ့ polar codes အပါအဝင် 5G နည်းပညာဖြင့် လူ့အဖွဲ့အစည်း အတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးအမြတ်များ ဖန်တီးပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်း လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ် ကုမ္ပဏီတွေနဲ့ ပညာရှင်အဖွဲ့အစည်းတွေ အကြား Huawei နဲ့ ပါမောက္ခ Arikan တို့ လုပ်ဆောင်ခဲ့သလို နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မှုတွေ ဆက်လက် လုပ်ဆောင်ခြင်းအားဖြင့် ICT နည်းပညာနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရှေ့သို့ဆက်လက် လှမ်းချီနိုင်စေမယ့် သိပ္ပံပညာ နည်းစနစ်တွေ ပေါ်ထွန်းလာစေဖို့ မျှော်မှန်းထားပါတယ်။” ဟု Xu မှ ထပ်မံပြောကြားခဲ့ပါသည်။

ဆုချီးမြှင့်ပွဲတွင် သော့ချက် ကျသည့် နည်းပညာများကို သတ်မှတ်ရှာဖွေရန်နှင့် စံပြုလုပ်ငန်းစဉ်ကို ရှေ့ဆက်မောင်းနှင်ပေးရန် လုပ်ငန်း တွင်းမှ တွဲဖက်လုပ်ဆောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၎င်း၏ဌာနတွင်း သိပ္ပံပညာရှင် ၁၀၀ ကျော်ကို Huawei က ဂုဏ်ပြုပေးခဲ့ပါသည်။

စွန့်ဦးချဲ့ထွင် လုပ်ဆောင်မှုများကြောင့် Huawei သည် ကမ္ဘာ့ပထမဆုံး 5G စမ်းသပ်မှုများကို လုပ်ဆောင်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါသည်။5G စံနှုန်းများအတွက် အဓိကပါဝင်လုပ်ဆောင်သူနှင့် မူရင်းဥာဏမူပိုင်ခွင့်ပိုင်ရှင် Huawei သည် အခြားလုပ်ဆောင်သူများနှင့်အတူ ခိုင်မာသည့် 5G ဂေဟစနစ်တစ်ခု ဖန်တီးရန် ရည်ရွယ်ထားပါသည်။

Huawei သည် သုတေသနနှင့်ဖန်တီးမှုဆိုင်ရာဖက်တွင် ခိုင်မာသောရင်းနှီးမြှပ်နှံမှုလုပ်ဆောင်သည့်အပိုင်းကိုနှစ်များစွာအားစိုက်လုပ်ဆောင်ခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်ယွမ် ၄ဘီလျံနီးပါး (CNY400 billion) ရင်းနှီးမြှုပ်နှံ့ပေးခဲ့ပါသည်။ Huawei သည် ရှေ့လျောက်တွင် ၎င်း၏ နှစ်စဉ် R&D အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅,၀၀၀ ~ ၂၀,၀၀၀ ၏ ၂၀% မှ ၃၀% အထိကို အခြေခံသုတေသနအတွက် သီးသန့်အသုံးပြုခြင်းဖြင့် ၎င်းအတွက်ရင်းနှီးမြှုပ်နှံ့မှု တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

မှတ်ချက်များ

* မှတ်ချက် - ဤနေရာတွင် “ကုဒ်ရေးဆွဲခြင်း” ဆိုသည်မှာ ပုံရိပ်၊ စာသား၊ ဗီဒီယိုနှင့် အသံသတင်းစကားတို့ ကဲ့သို့သော အချက်အလက်များကို အင်တာနက်တွင် ကေဘယ်ကြိုး သို့မဟုတ် လေလှိုင်းများမှတစ်ဆင့် ဖြန့်ဝေပေးနိုင်သည့် “သွားလာအချက်အလက်” အဖြစ်သို့ ပြောင်းလဲပေးသည့် နည်းပညာလုပ်ငန်းစဉ်ကို ဆိုလိုပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းအချက်အလက်များကို ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းများ ကဲ့သို့သော ကိရိယာများတွင် ဖတ်ရှုခြင်း၊ ကြည့်ရှုခြင်းနှင့် တည်းဖြတ်ခြင်းများ လုပ်ဆောင်နိုင်ရန် ကုဒ်ပြန်ဖြေနိုင်မည် ဖြစ်ပါသည်။ ချန်နယ်ကုဒ်ရေးဆွဲခြင်းသည် မှားယွင်းမှုများကို လျော့ချရန်အတွက် ပြန်ထပ်သည့်အလွှာများ ထပ်မံပေါင်းထည့်ပေးပါသည်။