ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Gartner ၏ Magic Quadrant တွင် နောက်ဆုံးပေါ် WAN နည်းပညာအခြေခံ အဆောက်အဦးများဈေးကွက်၌ ဦးဆောင်အောင်မြင်နေသည့်လုပ်ငန်းတစ်ခု အဖြစ် Huaweiအား ဖော်ပြခြင်းခံရ

2018.12.06

 Read English Version

[ရှန်းကျန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၆ ရက်] –နောက်ဆုံးပေါ် WAN နည်းပညာအခြေခံအဆောက်အဦးများအတွက် ပထမဆုံးပြုလုပ်သည့် Gartner ၏ Magic Quadrant တွင်  ဈေးကွက်အတွင်းဦးဆောင်အောင်မြင်နေသည့်လုပ်ငန်းတစ်ခုအဖြစ် Huawei အား သတ်မှတ်ခဲ့ ကြောင်း ကြေညာချက်တစ်ခုကို Huawei မှ  ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးပေါ်WANနည်းပညာအခြေခံအဆောက်အဦးများ ဆောက်လုပ်ခြင်းနယ်ပယ်တွင် ကမ္ဘာ့  ဈေးကွက်ရှယ်ယာနှင့် နယ်ပယ်တွင်းလွှမ်းမိုးနိုင်မှုတို့အပေါ် မူတည်ကာ အဖွဲ့အစည်း ၂၀ ကို Garter မှ ရွေးချယ်ခဲ့သည်။ ၎င်းအဖွဲ့အစည်းများကို “ရည်မှန်းချက်များအောင်မြင်အောင်ဆောင်ရွက်နိုင်မှု” နှင့်  “လုပ်ငန်းဆောင်ရွက်နိုင်စွမ်း” တို့အပေါ်မူတည်၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးMagic Quadrant  ရွေးချယ်မှုတွင် ဦးဆောင်အောင်မြင်သူတစ်ဦးအဖြစ်ရွေးချယ်ခံရရေးအတွက် Huaweiမှအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးပေါ်WANနည်းပညာအခြေခံအဆောက်အဦးဆောက်လုပ်ခြင်းနယ်ပယ်တွင် Huawei၏ကမ္ဘာ့ဈေးကွက်ရှယ်ယာများ မြန်မြန်ဆန်ဆန်အဆက်မပြတ်တိုးပွားလာခြင်းနှင့် ၎င်း၏ SD-WAN နည်းပညာနှင့် ထုတ်ကုန်များကြောင့် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

Huawei Switch & Enterprise Gateway Product Line ၏ ဥက္ကဌ Mr. Zhong Kaisheng က “နောက်ဆုံးပေါ် WANနည်းပညာအခြေခံအဆောက်အဦးတွေအတွက် ပထမဆုံးပြုလုပ်တဲ့ Gartner Magic Quadrant မှာ Huaweiကို ဈေးကွက်အတွင်းဦးဆောင်အောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ဖော်ပြခံရတဲ့အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါဟာ Huawei ရဲ့ SD-WAN နည်းပညာနဲ့ သုံးစွဲသူတွေအတွက် လုပ်ငန်းစုအချင်းချင်းကြားမှာ ရိုးရှင်းလွယ်ကူအသိဥာဏ်ရှိပြီး လွတ်လပ်တဲ့ချိတ်ဆက်မှုကွန်ရက်တွေ ပံ့ပိုးပေးနေတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်ဈေးကွက်ဗျူဟာနဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုခံရတာဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဂျပန်နိုင်ငံ က SoftBank Group၊ နော်ဝေရဲ့ Broadnet၊ တရုတ်နိုင်ငံမှာရှိတဲ့ Ping An Group နဲ့ Fnetlink တို့လို ကမ္ဘာ့အဆင့်ကွန်ရက်ထောက်ပံ့သူတွေ၊ လုပ်ငန်းစုကြီးတွေနဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုထောက်ပံ့တဲ့လုပ် ငန်းဆောင်ရွက်တဲ့ သုံးစွဲသူတွေဟာ ကျွန်တော်တို့ Huaweiရဲ့ SD-WAN နည်းပညာကို ရွေးချယ်ခဲ့ကြ ပါတယ်” ဟု ပြောကြားသည်။

Mr. Zhong Kaisheng  က ဆက်လက်၍ “Huawei ရဲ့SD-WAN နည်းပညာဟာ လုပ်ငန်းစဉ်တစ်ခုလုံး မှာ အလိုအလျောက်ဖြန့်ကျက်ခြင်းကနေ ဝန်ဆောင်မှုစွမ်းရည်ကိုတိုးမြှင့်စေပြီး intelligent application optimization လုပ်ငန်းစဉ်ကြောင့် အကောင်းဆုံး cloud ဝန်ဆောင်မှုတွေကိုရရှိစေတဲ့အပြင် AI နည်းပညာသုံးလုပ်ငန်းဆောင်ရွက်ခြင်းနဲ့ထိန်းသိမ်းခြင်းနည်းပညာတွေကို အဆင့်မြှင့်တင်ပေးခြင်းကနေ လုပ်ငန်းဆောင်ရွက်ခြင်းနဲ့ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေရဲ့ အခက်အခဲတွေကိုလျော့ကျစေပါတယ်။ ဒီနည်းပညာကြောင့် လုပ်ငန်းစုတွေအတွက် on-demand multi-branch ကနေ လုပ်ငန်းစုသုံး cloud တွေ အချင်းချင်းကြားက အပြန်အလှန်ချိတ်ဆက်မှုတွေ လုပ်ဆောင်နိုင်စေပြီ့း intert-driven interconnection networkတွေကို တည်ဆောက်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ SD-WANနည်းပညာ ဝန်ဆောင်မှုကို HUAWEI CONNECT 2018 မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့အတွက် လုပ်ငန်းစုတွေ အနေနဲ့ cloud ဝန်ဆောင်မှုကိုဝယ်ယူခဲ့သလိုမျိုး SD-WAN ကွန်ရက်ချိတ်ဆက်မှုတွေကို လွယ်လွယ် ကူကူ လျင်လျင်မြန်မြန်နဲ့ ဝယ်ယူအသုံးပြုနိုင်ပါပြီ” ဟု ပြောကြားခဲ့သည်။

လုပ်ငန်းစုများ cloud နည်းပညာပြောင်းလဲအသုံးပြုခြင်းဝန်ဆောင်မှုအတွက် နောက်ဆုံးပေါ်WANနည်းပ ညာအခြေခံအဆောက်အဦးများ နှင့် လုပ်ငန်းစုများ၏ ရုံးခွဲများအကြား အပြန်အလှန်ချိတ်ဆက်မှုကွန် ရက်များ လိုအပ်သည်။ လက်ရှိSD-WAN နည်းပညာနယ်ပယ်၏တိုးတက်မှုကို Huawei က ဦးဆောင် လျက်ရှိပြီး သုံးစွဲသူစီးပွားရေးလုပ်ငန်းစုများ အောင်မြင်မှုရရှိစေရန် ကူညီပေးလျက်ရှိသည်။ routing၊ SD-WAN နှင့် Next-Generation Firewall (NGFW) တို့ပါဝင်သော  နောက်ဆုံးပေါ်WANနည်းပညာ လုပ်ဆောင်ချက်များစွာကို သုံးစွဲသူများအတွက် Huaweiက ပံ့ပိုးပေးသည်။ အဆိုပါလုပ်ဆောင်ချက်များ အားလုံးသည် vCPE virtual computing platforms ပေါ်တွင် software instancesများအဖြစ် လုပ်ဆောင်ကြသည်။ ဝန်ဆောင်မှုအသစ်များပေးအပ်နိုင်ရေးအတွက် အလိုအလျောက်ပြင်ဆင်ပေး  ခြင်း၊ ပြုပြင်ပြောင်းလဲလွယ်သောဝန်ဆောင်မှုစီအစဉ်၊ နှင့် အသိဥာဏ်ရှိသောလုပ်ငန်းဆောင်ရွက်ခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များ လုပ်ဆောင်ပေးနိုင်သည့် Huawei ၏ Agile Controller ဖြင့် လည်း အဆိုပါလုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်သည်။ ၎င်းတို့အပြင် AR series routers နှင့် NGFW hardware devices များ အစုံအလင်ကိုလည်း Huawei မှ ပံ့ပိုးပေးသည့်အတွက် နောက်ဆုံးပေါ်WAN စက်ပစ္စည်းများ၏ အစီအစဉ်မကျမှုများကို ပြေလျော့စေပြီး လုပ်ငန်းဆောင်ရွက်မှုကို ပိုမိုသွက်လက်စေ ကာ ပေးချေရသည့်ငွေကြေးပမာဏနှင့် ထိုက်တန်သော ဝန်ဆောင်မှုများကို ရရှိစေပါသည်။ ထို့အပြင် Huawei၏ SD-WAN နည်းပညာသည် လုပ်ငန်းနေရာ  ပေါင်း ၁,၀၀၀ ကျော်အထိ လွှမ်းခြုံနိုင်သည့် အကြီးစား WAN ဖြန့်ကျက်မှုများကိုလည်း ကောင်းမွန်စွာ အထောက်အပံ့ပြုနိုင်သော စွမ်းရည်ရှိပါသည်။ 

Next-generation AR series routers  များကို ပံ့ပိုးပေးသော Huawei ၏ နောက်ဆုံးပေါ် flagship WAN နည်းပညာက software၊ hardware  နှင့် virtual computing platforms တို့ပါဝင်သော software နှင့် hardware တို့၏အသေးစိတ်အချက်အလက်များကို ထောက်ပံ့ပေးပြီး legacy T1/E1 နှင့် embedded LTE အပါအဝင် နည်းပညာနယ်ပယ်၏ရွေးချယ်စရာအများဆုံးသော interfacesများကို  ထောက်ပံ့ပေးသည်။ HUAWEI CONNECT 2018တွင် အမျိုးအစား ၁၆ မျိုးဖြင့် ရရှိနိုင်သော next- generation SD-WAN routers များကို စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါroutersများသည် တူညီသော ပလက်ဖောင်းများနှင့် ဝန်ဆောင်မှုဖြန့်ကျက်ခြင်းကို ပိုမိုအဆင်ပြေချောမွေ့စေရန် ရုံးခွဲများအထိပြန့်နှံ့စေ  သော  ကွန်ရက်တိုးချဲ့ခြင်းဝန်ဆောင်မှုများဖြစ်ကြသည့် SD-WAN၊ routing၊ voice၊ firewall နှင့် Wi-Fi တို့ကို အသုံးပြုသည်။ တမူထူးခြားဆန်းသစ်သည့် hardware acceleration engine ကို အကောင်း ဆုံးအသုံးပြုနိုင်အောင်ဆောင်ရွက်ခြင်းဖြင့် ၎င်းrouterများသည် နယ်ပယ်တွင်းရှိ ပျမ်းမျှforwarding performanceကို နှစ်ဆမြှင့်တင်ပေးသည်။ ထို့အပြင် လုပ်ငန်းစုများအတွက် cloud နှင့် network တို့ ကြားအပြန်အလှန်ချိတ်ဆက်မှုများကိုအဆင်ပြေချောမွေ့စေရန် အသိဥာဏ်ရှိသည့်လုပ်ဆောင်ချက် ၃ ခု ဖြစ်သော intelligent application identification၊ application-based intelligent traffic steering နှင့် intelligent application acceleration တို့ကိုလည်း လုပ်ငန်းစတင်လုပ်ဆောင်စေသည်။

အမျိုးအစားစုံလင်လှသော အားသာချက်များကိုအဆင့်မြှင့်တင်၍ အကောင်းဆုံးဖြစ်အာင်ဆောင်ရွက်  ခြင်းဖြင့် နောက်ဆုံးပေါ် WANနည်းပညာအခြေခံအဆောက်အဦးများဈေးကွက်တွင်း ၎င်း၏အရှိန်အဟုန် မြင့်စွာတိုးတက်နေမှုများကို Huaweiက ထိန်းသိမ်းထားသည်။ လက်ရှိတွင် Huawei ၏ AR series routers များကို အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ လျှပ်စစ်ပါဝါ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု အစရှိသော နယ်ပယ်များရှိ သုံးစွဲသူလုပ်ငန်းစု ၂၀,၀၀၀တွင် အသုံးပြုလျက်ရှိပြီဖြစ်သည်။

Huawei၏ SD-WAN နည်းပညာနှင့်ထုတ်ကုန်များအကြောင်း ပိုမိုပြည့်စုံစွာ သိရှိလိုပါက https://e.huawei.com/en/solutions/business-needs/enterprise-network/sd-wan တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ပလက်ဖောင်း၏စွမ်းရည်ဖြင့် လုပ်ငန်းစုများ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုများကို တွန်းအားပေးရန်  အနာဂတ်တွင်အကျိုးရှိစေမည့်ချည်းကပ်မှုနည်းလမ်းများကိုအသုံးပြုရန် နှင့် သုံးစွဲသူများနှင့်ရေရှည် လက်တွဲဆောင်ရွက်သွားရန် Huaweiမှ ကတိကဝတ်ပြုထားပါသည်။ လက်ရှိအချိန်အထိ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၁၀၀၏ ထိပ်တန်း ၄၈ကုမ္ပဏီအပါအဝင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀၏ ထိပ်တန်း ၂၁၁ ကုမ္ပဏီက ၎င်းတို့၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးမိတ်ဘက်အဖြစ် Huawei ကို  ရွေးချယ်ထားပြီးဖြစ်သည်။

ကိုးကားချက်များ။ ။ နောက်ဆုံးပေါ်WANနည်းပညာအခြေခံအဆောက်အဦးများအတွက် Gartner Magic Quadrant၊ Joe Skorupa၊ Andrew Lerner၊ Christian Canales၊ Mike Toussaint၊ ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၈ ရက်။

Gartner၏ Magic Quadrant အကြောင်း

Gartner သည် ၎င်း၏သုတေသနဖော်ထုတ်ပြသမှုများအတွက် မည်သည့်လုပ်ငန်း၊ ထုတ်ကုန်၊ ဝန်ဆောင်မှုတို့၏ အကူအညီကို ရယူခြင်းမရှိဘဲ ၎င်း၏သုတေသနတွင် ထိပ်တန်းအဆင့် သို့မဟုတ် အခြားအဆင့်သတ်မှတ်ချက်များရရှိထားသည့်လုပ်ငန်းများကို ရွေးချယ်ရန် သုံးစွဲသူများအား အကြံမပြု ပါ။ Gartner ၏ သုတေသနထုတ်ဖော်ပြသချက်များတွင် Gartner သုတေသနအဖွဲ့အစည်း၏ အမြင်များပါဝင်ပြီး တရားတဘောင်ကိစ္စရပ်များတွင် အသုံးမပြုသင့်ပါ။ ၎င်း၏သုတေသနနှင့်ပတ်သက်၍ တစ်စုံတစ်ခုသောရည်ရွယ်ချက်ဖြင့်အသုံးပြုထားသည့် ကုန်သွယ်မှု၊အသုံးပြုနိုင်မှုအာမခံချက်များသည် Gartner နှင့် မသက်ဆိုင်ပါ။