ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ကမ္ဘာအနှံတွင် Huawei Pay ကို အကောင်အထည်ဖော်ရန်အတွက် Huawei နှင့် UnionPay International တို့ ပူးပေါင်း

2018.01.27

[ရှန်ကျန်း၊ တရုတ်။ ဇန်နဝါရီ ၂၇၊ ၂၀၁၈] Huawei Pay ကို ကမ္ဘာအနှံ့တွင်တွင်ကျယ်ကျယ်အသုံးပြုရေးအတွက် အတူအကွ အကောင်အထည်ဖော်ရန်နှင့် Huawei မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ဖုန်းနှင့် ငွေပေးချေရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန် Huawei နှင့် UnionPay International တို့သည် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကိုချုပ်ဆိုခဲ့ကြပါသည်။ လုပ်ငန်းစုနှစ်စုသည် ၂၀၁၆ခုနှစ်တွင် Huawei Pay ကိုအတူတကွ တီထွင်ခဲ့ကြသည်နှင့်အညီ ဤသဘောတူညီမှုသည်လည်း Huawei Pay ကို နိုင်ငံတကာဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် Huawei နှင့် UnionPay တို့အကြားချုပ်ဆိုသည့် ပထမဦးဆုံး သဘောတူညီမှုဖြစ်ပါသည်။

Huawei consumer cloud ဝန်ဆောင်မှု၏ ဥက္ကဋ္ဌ Zhang Ping’an (ညာဖက်) နှင့် UnionPay International ၏ ဒုတိယ ဥက္ကဋ္ဌ Wang Lixin (ဘယ်ဖက်) တို့ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်စဉ်

အနာဂတ်တွင် တရုတ်နိုင်ငံ ပြည်ပရှိ Huawei နှင့် Honor ဖုန်းအသုံးပြုသူများအနေဖြင့် ၎င်းတို့၏ UnionPay ဘဏ်ကတ်အချက်အလက်များကို Huawei Pay အသုံးပြုနိုင်သော ဖုန်းအတွင်းသို့ထည့်သွင်းထားပြီး UnionPay mobile quick ငွေပေးချေမှုအသုံးပြုနိုင်သော POS စက်အနီးတွင်ဖုန်းကိုထားခြင်းဖြင့် မြန်ဆန်လွယ်ကူစွာ မိုဘိုင်းဖုန်းဖြင့် ငွေပေးချေနိုင်ပါပြီ။ သုံးစွဲသူများ၏ ငွေပေးချေမှု လုံခြုံရေးအတွက် Huawei Pay တွင် all-device ဖြေရှင်းနည်းကိုအသုံးပြုထားပါတယ်။ ထိုအပြင် ငွေပေးချေမှု တိုကင် နည်းပညာကိုလည်း ကတ်ကိုင်ဆောင်သူများ၏ ဒေတာနှင့် ကိုယ်ရေးအချက်အလက်များလုံခြုံးရေးအတွက် အသုံးပြုထားပါသည်။ တရုတ်နိုင်ငံ၏ ပထမဦးဆုံး လုံးခြုံသော chip-based မိုဘိုင်းဖုန်း ငွေပေးချေမှုဝန်ဆောင်မှုဖြစ်တာကြောင့် Huawei Pay ကို ဘဏ်ပေါင်း ၆၆ ခုက ထောက်ခံပေးထားပြီး မိုဘိုင်းဖုန်းနှင့် စမတ်နာရီအမျိုးအစား ၂၀ တွင်လည်းအသုံးပြုနိုင်ပါသည်။ ၂၀၁၇ ခုနှစ်တွင် Huawei Pay ကိုအသုံးပြုပြီး တရုတ်ငွေ ၄သန်းခန်းအထိ ငွေပေးချေမှုများပြုလုပ်ခဲ့ပါသည်။

ယနေ့ခေတ်တွင် Huawei Pay ကဲ့သိုသော မိုဘိုင်း ငွေပေးချေမှုဝန်ဆောင်မှုများကို နေ့စဉ်နေထိုင်မှုဘဝတွင် သုံးစွဲသူများ အများအပြားရှိလာပါသည်။ Huawei ၊ Honor မိုဘိုင်းဖုန်းနှင့် စမတ်နာရီများကို ကမ္ဘာတစ်ဝန်းတွင်ရောင်းချရမှုနှုန်း မြင့်တက်လာခြင်းနှင့် Huawei Pay ကို နိုင်ငံတကာဈေးကွက်သို့ ချဲ့ထွင်ဝင်ရောက်လာခြင်းဖြင့် Huawei Pay ကိုအသုံးပြုပြီးငွေပေးချေမှုများ ပိုမိုတိုးများလာမည် ဖြစ်ပါသည်။

စာချုပ်ချုပ်ဆိုပွဲအခမ်းအနားတွင် Zhang Ping’an မှ “ပွင့်လင်းစွာ မျှဝေခြင်းသည် ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဉာဏ်ပညာဖြင့်တီထွင် ဖန်တီးထားသော ဆက်နွယ်မှုများအတွက် အရေးကြီးသော ဦးတည်ချက်တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် Huawei ၏ end-user cloud ဝန်ဆောင်မှုများကို ပွင့်လင်းပြီး တစ်ကမ္ဘာလုံးသုံး စမတ်ဖုန်း ဂေဟနစ်ကို အသုံးပြုသူများအတွက် တည်ဆောက်ပေးခြင်းဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။ UninonPay International ကဲ့သို့သော ကုမ္ပဏီများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး ပိုမို လုံခြုံပြီး အဆင်ပြေသော မိုဘိုင်းငွေပေးချေမှု ဝန်ဆောင်မှုကို တစ်ကမ္ဘာလုံးရှိ Huawei စမတ်ပစ္စည်းများအသုံးပြုသူတိုင်းအတွက် ပေးအပ်သွားနိုင်မည်ဟု Huawei မှမျှော်မှန်းထားပါသည်။

Wang Lixin မှ “ UninonPay International အနေနှင့် ငွေပေးချေမှုကဏ္ဍတွင် အဖွဲ့အစည်းတိုင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ခြင်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။ ဤကဲ့သို ပူးပေါင်းလုပ်ဆောင်ခြင်းတွင် အကျိုးသက်ရောက်မှုများရှိပါတယ်။ ပထမဦးဆုံးအနေနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအောင်မြင်ခြင်းဖြင့် ကတ်ထုတ်သူများအနေနှင့် UnionPay မိုဘိုင်းငွေပေးချေမှု platform သို့ ချိတ်ဆက်ပြီးသည်နှင့် Huawei Pay Pay-as-you-go ကိုစတင်အသုံးပြုနိုင်မှဖြစ်တဲ့အတွက် အချိန်ကုန်၊ ငွေကုန်သက်သာမှာဖြစ်ပါတယ်။ ဒုတိယအနေနှင့် UnionPay ၏ဆန်းသစ်သော ထုတ်ကုန်ပစ္စည်းများသည် ကုမ္ပဏီနှစ်ခုလုံးအတွက် ဒေသတွင်း ဝန်ဆောင်မှုများကို အရှိန်မြှင့်တင်ပေးရန် အရေးကြီးပြီး နိုင်ငံတွင်းနှင့်ဒေသတွင်းဈေးကွက်များတွင်လည်း မိုဘိုင်းငွေပေးချေမှုတိုးတက်စေရန်အတွက် ကူညီပေးပါတယ်။ တတိယအနေနှင့် တရုတ်ပုဂ္ဂလိက မိုဘိုင်းငွေပေးချေမှုအပလီကေးများကို နိုင်ငံတကာတွင် တွင်တွင်ကျယ်ကျယ်သုံးစွဲမှုကိုလည်း တိုးမြှင့်စေရန်ဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

ရုရှားသည် ပထမဦးဆုံး ဝန်ဆောင်မှုကိုရရှိသော ပြည်ပနိုင်ငံတစ်ခုဖြစ်လာပါလိမ့်မည်။ လတ်တလောတွင် ၈၅ ရာခိုင်နှုန်းသော ရုရှာနယ်မြေများ UninonPay ဘဏ်ကတ်များကို လက်ခံလျက်ရှိပြီး POS နေရာ ၄၀၀၀၀၀ ကျော်တွင်လည်း UnionPay အမြန်ငွေပေးချေမှုကိုအသုံးနိုင်နေပြီဖြစ်သည်။ ရုရှားဘဏ် ၁၀ခုကျော်မှ ၁.၃ သန်းနီးပါးရှိသော UnionPay ဘဏ်ကတ်များကို ထုတ်ပေပြီးဖြစ်သည်။ ရုရှားပြီးနောက် အရှေ့ဥရောပ ဈေးကွက် ဆီသို့ Huawei Pay ဝန်ဆောင်မှုကို ဖြန့်ကျက်ရန် Huawei နှင့် UninionPay တို့မှစီစဉ်ထားပါသည်။ “chip-device-cloud” စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်ကို အမှီပြုပြီး Huawei သည် အနာဂတ်စမတ်ပစ္စည်းများကို စိတ်အားထက်သန်စွာ ဖြန့်ချိနေပြီး သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်ပြည့်စုံသော အတွေ့အကြုံများကို ဖန်တီးပေးလျက်ရှိပါတယ်။ Huawei ၏ သုံးစွဲသူများအတွက် ဝန်ဆောင်မှုလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းတွင် ကြိုက်နှစ်သက်ခြင်းခံခဲ့ရပါသည်။၂၀၁၇ ဒေတာများအရ နိုင်ငံတကာတွင် စာရင်းပေးသွင်းမှုပေါင်း သန်း ၃၄၀ ကျော်ရှိခဲ့ပါသည်။

ကမ္ဘာတစ်ဝန်းရှိ Huawei ပစ္စည်းများ ရောင်းချရမှုနှင့်အတူ cloud ဝန်ဆောင်မှုများဖြစ်သော Huawei Pay ၊ MyCloud ၊ AppGallery၊ ဗီဒီယို နှင့် သီချင်း များသည်လည်း နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြု၍ ကမ္ဘာတစ်ဝန်းရှိ အသုံးပြုများထံသို့ ယူဆောင်လာခြင်းဖြင့် တဖြည်းဖြည်းချင်း အရှိန်မြှင့်တင်လာပြီဖြစ်ပါသည်။ ထိုကြောင့် သုံးစွဲသူများအနေဖြင့် “စမတ် နည်းပညာ” ခေတ်၏ အဆင်ပြေမှုနှင့် စိတ်ချမ်းသာမှုများကို တွေ့ကြုံခံစားနိုင်မှာဖြစ်ပါသည်။