ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ပိုမိုချိတ်ဆက်ကောင်းမွန်လာသော မြန်မာနိုင်ငံဆီသို့

2018.04.05

ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က မြန်မာအမျိုးသားတစ်ယောက်က ကျွန်တော့်ကို ဒီလိုမေးပါတယ် အင်တာနက်ပေါ်မှာ Facebook အပြင် တစ်ခြားဘာဝန်ဆောင်မှုတွေ ရှိသေးလဲတဲ့…နေရာတိုင်းလိုလိုမှာ ရှိနေတဲ့ဆက်သွယ်ရေးပဲလို့ ကျွန်တော်ပြန်ဖြေခဲ့ပါတယ်

Mr. Zhang Liman, Huawei Myanmar CEO

ယနေ့ခေတ်က အင်တာနက်ခေတ်ပါ။ နေရာတိုင်းမှာရှိနေတဲ့ ဆက်သွယ်ရေးအကူအညီကြောင့်သာ မိမိတို့နဲ့အနီးဆုံးမှာရှိတဲ့ မော်တော်ယာဉ်ကို ဖုန်းတစ်ချက်တောက်ရင်း လိုရာခရီးသွားနိုင်တာ ဖြစ်ပါတယ်။ အိမ်မှာနေရင်းနဲ့လည်း တီရှပ်အကောင်းစားတစ်ထည်ကို အိမ်တိုင်ရာရောက်မှာလို့ရနေသလို အွန်လိုင်းငွေပေးချေမှုတွေနဲ့ နေရာတိုင်း အချိန်တိုင်းမှာ လက်ငင်းငွေသားမလို ငွေပေးငွေချေမှုတွေကို ပြုလုပ်လို့ရနေပါပြီ။ VR Glass ကို ၀တ်ပြီး တကယ့်ဘောလုံးကွင်းထဲမှာ အားပေးနေရသလိုရော ခံစားအားပေးဦးမလား။ ဒါမှမဟုတ် ဗီဒီယိုသင်ခန်းစာတွေကနေ တစ်ဆင့် ကမ္ဘာအရပ်ရပ်က ထိပ်တန်းကျောင်းသားတွေနဲ့အတူ စာအတူသင်ယူလို့လည်းရနေပါပြီ။ ဒါ့အပြင် အင်တာနက်မှာ မိမိမသိမမြင်ဖူးတဲ့လူတွေနဲ့ စကားစမြည် တီးခေါက်ကြည့်ရင်း၊ စွမ်းရည်ပြသရင်းနဲ့ လုပ်ငန်းရှင်ပေါက်စတွေလည်း ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနိုင်သလို အလားတူ မိမိကလည်း အခြားသူတွေရဲ့ အနာဂတ်ကံကြမ္မာကို ပြောင်းလဲပေးနိုင်စွမ်းရှိနေပါပြီ။

   အထက်မှာပြောခဲ့တဲ့ကိစ္စတွေဟာ အနာဂတ်မြင်ကွင်းတွေ မဟုတ်ဘဲ ဆက်သွယ်ရေးစနစ်ရဲ့ ကျေးဇူး ကြောင့် လူသားတွေရဲ့ နေ့စဉ်ဘ၀တွေထဲက  အစိတ်အပိုင်းတွေအဖြစ် ရှိနေပြီဖြစ်ပါတယ်။ ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်လာခြင်းရဲ့သက်သေအဖြစ် လူသားတွေရဲ့အကြား၊ စက်ပစ္စည်းတွေရဲ့အကြား၊ လုပ်ငန်းတွေရဲ့အကြား ဒါမှမဟုတ် လူနဲ့ စက်ပစ္စည်း တွေရဲ့အကြား ပိုမိုနီးကပ်ကောင်းမွန်လာတဲ့ ဆက်သွယ်ရေးနဲ့အတူ ပိုမိုချိတ်ဆက်ကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခုအဖြစ်ပုံပေါ်လာနေပါပြီ။ ကြိုးမဲ့စနစ်မိုဘိုင်း အင်တာနက်၊ Cloud နည်းပညာ၊ ဒေတာ၊ အင်တာနက် အစရှိတာတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်စေ ဒစ်ဂျစ်တယ်ကမ္ဘာမှာ အခွင့်အလမ်းအသစ်တွေကို ဖန်တီးပေးနေပါတယ်။

ဒါပေမယ့် လူသားတိုင်း အဲ့ဒီအခွင့်အရေးတွေကို ညီတူညီမျှခံစားနိုင်ပြီတော့ မဟုတ်သေးပါဘူး။ နေရာဒေသမတူကွဲပြားမှုကြောင့် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကို အရယူအသုံးပြုနိုင်ပုံက တစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှုရှိနေဆဲဖြစ်ပါတယ်။ သာဓကတစ်ခုပေးရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်အနည်းက ထိုင်းနိုင်ငံမှာ ဆောင်းပါးတစ်ချို့နဲ့ အမှတ်တရဓာတ်ပုံတွေအင်တာနက်မှာတင်ဖို့ ဒေတာပမာဏ 500MB လောက်ပဲအသုံးပြုရပေမယ့် ဒီနေ့ခေတ်မှာတော့ အရာရာတိုင်းဟာ ပြောင်းလဲခဲ့ပါပြီ။ လူသားတွေဟာ ဆက်သွယ်ရေးစနစ်သုံး အငှားကားမောင်းသမားတစ်ဦးအနေနဲ့တောင် ကားအငှားအော်ဒါ အွန်လိုင်းကလက်ခံဖို့ လမ်းညွှန်မြေပုံသုံးဖို့အတွက် ဒေတာ 100 MB မက အသုံးပြုလာရပြီး၊ ဖုန်းခေါ်ဆိုခြင်းကိုလည်း တစ်နေ့ အကြိမ် ၂၀ မက ပြုလုပ်လာရပါတယ်။ အွန်လိုင်းကနေ နာမည်ကြီးရှိုးပွဲတွေကို လွှင့်ဖို့လည်း 1 GB ပမာဏကျော် အသုံးပြုလာရပါတယ်။ မိမိနဲ့ အသက်ရွယ်တူ အရည်အချင်းလဲရှိပေမယ့် ဒီလိုအင်တာနက်ကောင်းကောင်းအသုံးမပြုနိုင်သေးတဲ့နေရာက လူငယ်တွေနဲ့ယှဉ်ရင် ကံကောင်းသူတွေဟာကိုယ့်အရည်အချင်းနဲ့ အင်တာနက်ရဲ့တန်ခိုးတို့ကို ပေါင်းစပ်ပြီး အထင်ကြီးလောက်တဲ့ဝင်ငွေတွေရှာဖွေနိုင်လာကြပါတယ်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအရင်းအမြစ်တွေကို သာမန်အသုံးပြုနိုင်ပုံနှင့် ပိုင်ပိုင်နိုင်နိုင်အသုံးပြုနိုင်ပုံတို့ရဲ့ ကွာခြားချက်တွေကို ဆိုလိုရင်းဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အမေရိကန် နိုင်ငံက ထုတ်ပြန်ခဲ့တဲ့ Millennium Development Goals Report အရ မိုဘိုင်းအင်တာနက်ဟာ လူအများကြားမှာ မြန်ဆန်စွာရေပန်းစားလာတယ်ဆိုပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား အင်တာနက်အသုံးပြုနိုင်မှုကွာခြားချက်မှာ ကြီးမားဆဲဖြစ်ပါတယ်။ နိုင်ငံတွေအကြားမှာသာမက နိုင်ငံတွင်းမှာပါ လူတစ်ဦးနဲ့ တစ်ဦးအကြား ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ နံရံခြားခြင်းကို ခံစားနေရဆဲဖြစ်ပါတယ်။ အထူးသဖြင့် အင်တာနက်အသုံးပြုတဲ့နေရာမှာ၊ အရည်အသွေးမြင့်ကွန်ရက်ဝန်ဆောင်မှုတွေ ရရှိတဲ့နေရာမှာပါပဲ။

Huawei ဟာ ဆက်သွယ်ရေးပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးကို တည်ဆောက်ပြီး လူသားတွေနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကြား ပေါင်းကူးပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းအိုင်စီတီနည်းပညာ ပံ့ပိုးသူတစ်ဦးဖြစ်တာနဲ့အညီ မြန်မာနိုင်ငံမှာလည်း ၂၀၀၃ ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး ၀န်ဆောင်မှုတွေ ပေးအပ်နေခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာအောင် မြန်မာ့ဆက်သွယ်ရေးလောကက အော်ပရေတာတွေ ဖြစ်ကြတဲ့ MPT ၊ တယ်လီနော် ၊ အူရီဒူး၊ MEC တို့နဲ့ ပူးပေါင်းလက်တွဲပြီး ၎င်းတို့လိုအပ်တဲ့ အိုင်စီတီနည်းပညာ အထောက်အပံ့တွေ၊ ၀န်ဆောင်မှုတွေကို ကူညီပေးရင်း သုံးပုံတစ်ပုံသော မြန်မာနိုင်ငံသားတွေအတွက် အင်တာနက်ကွန်ရက်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ဆိုရင်  မြန်မာနိုင်ငံသား ၉၀ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်ဖုန်းတွေကို အသီးသီးပိုင်ဆိုင်နေကြပါပြီ။ ဆင်းမ်ကတ်တစ်ကတ်ကို သိန်းချီပေးဝယ်ခဲ့ရတဲ့၊ တယ်လီဖုန်းဆက်သွယ်မှုရယူဖို့အတွက် လစဉ်ကြေး ပေးဆောင်ခဲ့ရတဲ့ နှစ်တွေဟာအတိတ်မှာကျန်ရှိခဲ့ပါပြီ။ အောင်မြင်မှုတွေ အထိုက်အသင့်ရရှိခဲ့ပေမယ့် အချို့သောသူတွေ အချို့သောဒေသတွေမှာ ဒစ်ဂျစ်တယ်ကမ္ဘာနှင့် အလှမ်းကွာဝေးဆဲဖြစ်နေတာကို မေ့ထားလို့မရပါဘူး။ နေရာအနှံ့ ကြိုးမဲ့အင်တာနက်စနစ်ပိုမို ထွန်းကားလာစေဖို့၊ အင်တာနက်လုပ်ဆောင်ချက်တွေကို လူတိုင်ဆောင်ရွက်လာနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားဖို့အများကြီးလိုအပ်နေပါသေးတယ်။

ဒစ်ဂျစ်တယ်ကမ္ဘာကြီးဆီသို့ အရောက်သွားဖို့ရာမှာ မိမိတို့တိုင်းပြည်အတွင်း ကြိုးမဲ့အင်တာနက်စနစ် အတွက် အခြေခံအဆောက်အအုံကောင်းတွေတည်ဆောက်ဖို့၊ အိုင်စီတီကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ဖို့ လည်းအရေးတကြီးလိုအပ်ပါတယ်။ အင်တာနက်၊ cloud နည်းပညာ၊ အင်တာနက်ဆိုင်ရာများ၊ ဒေတာတွေ စတဲ့ အိုင်စီတီနည်းပညာရပ်တွေအပါအ၀င် အခြေခံအဆောက်အအုံကောင်းတွေ ပိုင်ဆိုင်ထားမှသာ တိုင်းပြည်ရဲ့ စက်မှုလုပ်ငန်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းနယ်ပယ်တွေမှာ အိုင်စီတီနည်းပညာကို လက်တွေ့အသုံးချနိုင်ပြီး အကျိုးထူးတွေခံစားနိုင်မှာ အမှန်ပဲဖြစ်ပါတယ်။ အိုင်စီတီအခြေခံပြီး စီးပွားရေးပြိုင်ဆိုင်မှုတွေပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာတစ်ခုဟာလည်း နိုင်ငံတျုးရှိစေခြင်းဖြစ်ပါတယ်။ ထပ်လောင်းဆိုရမယ်ဆိုရင် ပြည်တွင်းအိုင်စီတီကျွမ်းကျင်ပညာရှင်တွေ ပေါကြွယ်ဝမှလည်း ထိုကဲ့သို့ ပြိုင်ဆိုင်မှုတွေ လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ အဆိုပါကျွမ်းကျင်ပညာရှင်တွေက မြန်မာနိုင်ငံရဲ့ အိုင်စီတီကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် အဓိကမောင်းနှင်အားတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် Huawei က မြန်မာနိုင်ငံမှာ အိုင်စီတီကျွမ်းကျင်ပညာရှင်တွေ ထွက်ပေါ်လာစေရေးအတွက် လိုအပ်တဲ့အကူအညီတွေ ပေးအပ်သွားဖို့ အစဉ်အမြဲအသင့်ရှိခဲ့ပါတယ်။ Huawei ရဲ့ ကြိုးပမ်းမှုတွေကို ပြန်လည်ကြည့်ရှုမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်တွေက Huawei ဟာ ပညာရပ်ဆိုင်ရာ သင်တန်းတွေကို ဖွင့်လှစ်ပေးခဲ့သလို သန်လျင်နည်းပညာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး Huawei Authorize Information and Network Academy (HAINA) ကျောင်းကို တည်ထောင်နိုင်ခဲ့ပါတယ်။ တစ်ဖန် MCC နဲ့ မိတ်ဖက်ဖွဲ့ပြီး သက်မွေးပညာရပ်ကျောင်းတစ်ခုကိုလည်း အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ Huawei ရဲ့ ကြိုးပမ်းချက် တွေကနေတစ်ဆင့် အခုဆိုရင် မြန်မာလူငယ်အတော်များများဟာ အိုင်စီတီနည်းပညာရပ်သင်ယူခွင့် အခွင့်အလမ်းတွေ တိုးပြီးရရှိလာပြီဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ကမ္ဘာကြီးတည်ဆောက်ဖို့ နိုင်ငံအတော်များများမှာ စည်းမျဉ်းရေးဆွဲသူတွေ၊ ကော်မတီတွေ အသီးသီးဖွဲ့စည်းကာ အိုင်စီတီ စီမံကိန်းတွေ ရေးဆွဲပြီးဖြစ်သလို အချို့နိုင်ငံတွေမှာလည်း စတင်ရေးဆွဲနေကြပြီဖြစ်ပါတယ်။ အလားတူ မြန်မာနိုင်ငံမှာလည်း အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေ၊ အိုင်စီတီနည်းပညာရပ်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းအသီးသီးတို့ဟာ အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်သန်ပြီး သက်ဆိုင်ရာမူဝါဒနဲ့စံနှုန်းတွေ သတ်မှတ်အကောင်အထည်ဖော်ပြီး နည်းပညာရပ်တွေကို ဖွံ့ဖြိုး စေခြင်း၊ ၀န်ဆောင်မှုတွေကို ပေးစွမ်းခြင်း၊ ၀န်ဆောင်မှုတွေရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အားဖြည့်ကူညီပေးတဲ့အနေနဲ့ အိုင်စီတီဖွံ့ဖြိုးရေးနည်းဗျူဟာတွေကို အထောက်အပံ့ပေးအပ်ပြီး ပြည်တွင်းစီးပွားရေးလူမှုရေးနှစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကျွန်တော်တို့ Huawei ဟာ အင်မတန်မှ စိတ်အားထက်သန်လျက်ရှိပါတယ်။

မြန်မာနိုင်ငံဟာ ဒစ်ဂျစ်တယ်ကမ္ဘာဆီအရောက်သွားဖို့ နောင်လာမယ့်ငါးနှစ်တာကာလအတွင်းမှာ အခွင့်အလမ်းတွေ ပေါ်လာတော့မှာဖြစ်ပါတယ်။ အိုင်စီတီနည်းပညာရပ်တွေက နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်လာစေဖို့ စွမ်းဆောင်ပေးမယ့် အဓိကဇာတ်ကောင်လို့ ဆိုရပါမယ်။ အိုင်စီတီနည်းပညာတွေကို မည်မျှလက်တွေ့အသုံးချနိုင်သလဲဆိုတာက အနာဂတ်ရဲ့ စီးပွားရေးလုပ်ငန်း အချင်းချင်း၊ အစိုးရအဖွဲ့အစည်းတွေအချင်းချင်း၊ နိုင်ငံအချင်းချင်း အားပြိုင်မှုရာမှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါအားပြိုင်မှုတွင် လက်ဦးမှုရယူနိုင်ဖို့ မြန်မာနိုင်ငံအတွက် အခွင့်အရေးတွေက လက်တစ်ကမ်းအလိုမှာ ရှိနေပြီဖြစ်ပါတယ်။ Huawei ဟာ ကမ္ဘာ့ဦးဆောင်အိုင်စီတီနည်းပညာပံ့ပိုးသူ ကုမ္ပဏီကြီးဖြစ်တာနဲ့အညီ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးစနစ်တွေ ကောင်းသည်ထက် ကောင်းမွန်လာ စေဖို့ ကမ္ဘာအရပ်ရပ်က 4G 5G ကွန်ရက်တွေကို စံထားပြီး လုပ်ဆောင်စရာတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အိုင်စီတီနည်းပညာရပ်တွေ အရှိန်အဟုန်နဲ့ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးစနစ်တွေကနေတစ်ဆင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီးနဲ့ ပေါင်းကူးပေးဖို့ Huawei ဟာ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေပါပြီ။ ဒါ့ကြောင့် ဆက်သွယ်ရေးပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ဖို့ ကျွန်တော်တို့နဲ့အတူ လက်တွဲ ပူပေါင်းပါဝင်လိုက်ကြရအောင်ပါလား။