ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei Customer Service Center ဖွင့်ပွဲအခမ်းအနားကျင်းပ

2016.10.27

၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့၊ ရန်ကုန်မြို့။ ။ ယနေ့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် Huawei Customer Service Center ဖွင့်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Huawei Customer Service Center ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မီဒီယာများ၊ Huawei fans များ၊ သုံးစွဲသူများ၊ Huawei မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် Huawei မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ Huawei Consumer Business Group Global Service Director, Ms. Tracy Guo မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံခြင်းဖြင့် ဖွင့်ပွဲအခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲသို့ Huawei fans များလည်းတက်ရောက်ခဲ့ပြီး Huawei fan များအား လက်ဆောင်များပေးအပ်ခြင်း၊ Huawei fan များနှင့် ဂိမ်းကစားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ယခု Customer Service Center ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ (၃၀) ရက်နေ့မှ ဇန်န၀ါရီလ (၃၀)ရက်နေ့အတွင်း လာရောက်ပြုပြင်သော သုံးစွဲသူများအတွက် အထူးအစီအစဉ်များအဖြစ် ကံစမ်းမဲဖောက်ပေးခြင်းများ၊ ဖုန်းသန့်စင်ပေးခြင်း၊ version update ပြုလုပ်ပေးခြင်း၊ application များသွင်းပေးခြင်း၊ ဟန်းဆက်များကို စမ်းသပ်ပေးခြင်းများကို အခမဲ့ပြုလုပ်ပေးခြင်း၊ အာမခံသက်တမ်းကျော်လွန်သွားသော ဟန်းဆက်များကိုလာရောက်ပြုပြင်ပါက (၂၀%) လျှော့ပေးခြင်း စသော အစီအစဉ်များကို ပြုလုပ်ပေးလျက်ရှိပါသည်။  

Huawei Customer Service Center တွင် ဖုန်းများကိုပြုပြင်ခြင်း၊ အတုအစစ် စစ်ဆေးပေးခြင်း၊ Software များထည့်သွင်းပေးခြင်း၊ Version update ပြုလုပ်ပေးခြင်း၊ ဖုန်းစမ်းသပ်ပေးခြင်း၊ သန့်စင်ပေးခြင်း၊ မော်ဒယ်လ်မြင့်ဖုန်းများအတွက် VIP ၀န်ဆောင်မှုများပေးအပ်ခြင်း၊ Collection Points များဖွင့်လှစ်ခြင်း၊ ၁၀၀% original အပိုပစ္စည်းများအသုံးပြုခြင်း၊ original ဘက်ထရီများအသုံးပြုခြင်း စသော ၀န်ဆောင်မှုများပေးအပ်လျက်ရှိကာ ၀ယ်ယူပြီးတစ်နှစ်အတွင်း (အာမခံကာလအတွင်း) လာရောက်ပြုပြင်သော ဖုန်းများကို လက်ခမဲ့ပြုပြင်ပေးလျက်ရှိပါသည်။ ထို့ပြင် လာရောက်ပြုပြင်သော သုံးစွဲသူများအတွက် လက်ဆောင်များပေးအပ်ခြင်း အစီအစဉ်များလည်းပြုလုပ်လျက်ရှိပါသည်။

Huawei သီးသန့် Hotline ကို ၂၀၁၅ခုနှစ် ဇူလိုင်လက စတင်ဖော်ဆောင်ခဲ့ပြီး ယနေ့အချိန်ထိ တစ်လလျှင် ဆက်သွယ်စုံစမ်းမှုအ၀င်ဖုန်းပေါင်း (၁, ၀၀၀) ကျော်ကို လက်ခံရရှိလျက်ရှိပါသည်။ ယနေ့အချိန်ထိ Huawei Service Center ပေါင်း (၁၁)ခုကို ဖွင့်လှစ်ခဲ့ကာ Collection Points ပေါင်း (၃၄)ခုကို ဖွင့်လှစ်ပြီးဖြစ်ပါသည်။ Huawei ဖုန်းများ အတုအစစ် စစ်ဆေးရန် နည်းလမ်းများကိုလည်း ဖော်ပြခဲ့ပြီး အသေးစိတ်အချက်အလက်များကို Huawei Consumer Website၊ Facebook နှင့် Hicare Application များတွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Huawei Consumer Business Group မှ Global Service Director Mr. Tracy Guo မှ “ကျွန်မတို့ Huawei ဟာဆိုရင် မြန်မာနိုင်ငံမှာ နံပါတ် (၁) အမှတ်တံဆိပ်အဖြစ်ရပ်တည်လျက်ရှိပြီး ကမ္ဘာမှာ နံပါတ် (၂) Android စမတ်ဖုန်း အမှတ်တံဆိပ်အဖြစ် ရပ်တည်လျက်ရှိပါတယ်။ Huawei က စမတ်ဖုန်းလုပ်ငန်းမှာသာမကဘဲ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းမှာလဲ နံပါတ် (၁)အဖြစ်ရပ်တည်လျက်ရှိပါတယ်။ Huawei က ကုန်ပစ္စည်းအရည်အသွေးကို အစဉ်အလေးထား လျက်ရှိပြီး After Sales Service ကိုလည်း အမြဲ ဂရုစိုက်ဆောင်ရွက်လျက်ရှိပါတယ်။ Huawei အနေနဲ့ သုံးစွဲသူများအတွက် အနွေးထွေးဆုံး ၀န်ဆောင်မှုများပေးအပ်နိုင်အောင် အစဉ်ကြိုးစားလျက်ပြီး ဒီ Customer Service Center ကနေတဆင့် မြန်မာနိုင်ငံမှာ အကောင်းဆုံး ၀န်ဆောင်မှုအရည်အသွေးတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

Huawei မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့

Life and Dance ၏ ဖျော်ဖြေမှု

Huawei Fans များလည်းတက်ရောက်ခဲ့

Huawei Service Center မှ ၀န်ထမ်းများ