ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Cloud 2.0: Moore မဟာဗျူဟာထက် ပိုမိုသော

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်၊ Huawei ၏ ဒုတိယဥက္ကဌ နှင့် Huawei Cloud စီးပွားရေးလုပ်ငန်းစု၏ ဒုတိယဥက္ကဌ Mr. Zheng Yelai
2019.01.25

Read English Version

Cloud 2.0 ခေတ်တွင်  HUAWEI CLOUD  က ၎င်း၏ cloud ဝန်ဆောင်မှုစာရင်းအတွင်း x-as-a-service အဖြစ် အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်ရန် အိုင်စီတီအခြေခံအဆောက်အအုံများကဏ္ဍတွင်းတွင် နှစ် ၃၀ ကျော်ကြာပေါင်းစည်းထားသည့် နည်းပညာများ၊ ဆန်းသစ်တီထွင်မှုများနှင့် ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးပေးနေလျက်ရှိသည်။ HUAWEI CLOUD သည် တည်ငြိမ် လုံခြုံစိတ်ချရကာ အမြဲတိုးတက်နေသည့် cloud ဝန်ဆောင်မှုများကို အဖွဲ့အစည်းကြီးငယ်မရွေး ထောက်ပံ့ပေးလျက်ရှိရာ အဆိုပါအဖွဲ့အစည်းများအနေနှင့် ပိုမိုချိတ်ဆက်နိုင်ပြီး အသိဥာဏ်မြင့်သော ကမ္ဘာကြီးတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်သည်။

၁၈ ရာစုအကုန်တွင် စတင်မွေးဖွားလာခဲ့သည့် ရေနွေးငွေ့အင်ဂျင်သည် စက်မှုတော်လှန်ရေးကို အစပြုစေခဲ့ သည်။ ၂၀ ရာစုအလယ်တွင် စတင်တီထွင်နိုင်ခဲ့သည့် transistor သည်လည်း သတင်းအချက်အလက် နည်းပညာနယ်ပယ်ကို တိုးတက်ဖွံ့ဖြိုးစေခဲ့သည်။ အချက်အလက်သိပ္ပံကဏ္ဍတွင် entropy ကို တွေ့ရှိလာမှု  ကြောင့် အချက်အလက်များကို  လောဂရစ်သမ်နည်းလမ်းများဖြင့် ရွေ့ပြောင်း တိုင်းတာနိုင်ခဲ့သည်။ ယခုရာစုနှစ်အစပိုင်းတွင် cloud computing သည် IT ရင်းမြစ်များ ရရှိခြင်းနှင့် အိုင်စီတီနည်းပညာအခြေခံအဆောက်အအုံများ ပြန်လည်ဆန်းသစ်ရန် အစပျိုးဆောင်ရွက်ခြင်းနည်းလမ်းများကို cloud computing ကပြောင်းလဲခဲ့ပြီးဖြစ်သည်။

Cloud 1.0 ခေတ်တွင် အင်တာနက်ကုမ္ပဏီများက cloud computing ကို ပထမဆုံးအစပျိုးဆောင်ရွက်ကြပြီး အကျိုးအမြတ်ကိုလည်း ဦးစွာ ခံစားခဲ့ကြရသည်။ အဆိုပါကုမ္ပဏီများသည် လက်ရှိစီးပွားရေးပုံစံအား ပြောင်းလဲ ပေးနိုင်မည့် စီးပွားရေးပုံစံအသစ်တစ်ခုကို တည်ဆောက်နိုင်ရန် အရင်းအမြစ်များကို လဲလှယ်အသုံးပြု နိုင်ကြသည်။

Cloud 1.0 မှ အကျိုးအမြတ်များ ခံစားနေရချိန်တွင် Huawei က industry adoptions တွင် ကြုံတွေ့နေရသည့် အတားအဆီးများကို အနီးကပ်စောင့်ကြည့်ကာ cloud ဝန်ဆောင်မှုကို စတင်အသုံးပြုချိန်မှ လက်ရှိအချိန်အထိ  တွေ့ရှိရသည့် အားနည်းချက်များကို ထောက်ပြကာ သုံးစွဲသူများ၏ အောင်မြင်မှုအတွက် ကူညီထောက်ပံ့ပေး သည်။ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲသူဗဟိုပြုချည်းကပ်မှုများကို နှစ် ၃၀ ကျော်ကြာဆောင်ရွက် ပြီး သတင်းအချက်အလက်နည်းပညာနယ်ပယ်တွင် အားထားလောက်သည့်လုပ်ငန်းအတွေ့အကြုံများ ရှိခဲ့သည့် အားလျော်စွာ Huawei က cloud 2.0 ကို ဆက်လက်မိတ်ဆက်ခဲ့သည်။ အဆိုပါ cloud 2.0 ကို အသုံးပြုကာ ပိုမို များပြားသော လုပ်ငန်းများနှင့် အဖွဲ့အစည်းများကို cloud ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်သည်။ ယခုအချိန်တွင် အဖွဲ့အစည်းများက ၎င်းတို့ကိုယ်တိုင် cloud ဝန်ဆောင်မှုကို အသုံးပြုလိုကြပြီး ထိုသို့အရှိန်အဟုန်မြင့်မားလာမှု သည် တိုးတက်ပြောင်းလဲမှုများကို ဖြစ်လာစေနိုင်သည်။

Cloud 2.0 ခေတ်တွင် လုပ်ငန်းများ ပြောင်းလဲလာသည်။ အလတ်စားနှင့် အကြီးစားလုပ်ငန်းစုများရှိ IT စနစ်များ သည် ယခုအခါ cloud နှင့်အတူတွဲကာ နှစ်မျိုးပေါင်းစနစ်အဖြစ်သို့ ပြောင်းလဲလာကြသည်။ အင်တာနက်အသုံး  ပြုမှုများနှင့် အခြားနည်းပညာအသစ်များဖြစ်သည့် cloud computing ၊ မှတ်ဥာဏ်တု၊ AR/VR တို့အားလုံးသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲလာသည်။ ဗီဒီယိုအတိုများနှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုတိုက်ရိုက်ကြည့်ရှုခြင်း  များသည်လည်း traffic မှခွဲဝေယူရသည့်သာမန်ပုံစံမှ ဒေတာမှ ခွဲဝေယူရသည့် ပုံစံအဖြစ်သို့ ပြောင်းလဲခဲ့ပြီး အင်တာနက်လုပ်ငန်းနယ်ပယ်အတွက် ဝင်ငွေလမ်းအသစ်တစ်ခုကို ဖော်ဆောင်ပေးခဲ့သည်။ cloud 2.0 ခေတ် တွင် အခြေခံအဆောက်အအုံများသည် 'More than Moore' လိုအပ်ချက်များကို ပြည့်မီရမည်ဖြစ်ပြီး ရာနှင့်ချီ သည့်လုပ်ငန်းများ အထူးသဖြင့် အင်တာနက်လုပ်ငန်းသည် ဒေတာမှ ပိုမိုများပြားသည့် ပမာဏများ ရရှိနိုင်မည်  ဖြစ်သည်။ ထုတ်လုပ်ရေးနှင့် လူမှုစီးပွားရေးအကျိုးအမြတ်များ တိုးပွားလာစေရန်အတွက် နယ်ပယ်ကဏ္ဍများ၏ ရုပ်ပိုင်းဆိုင်ရာသည် IT နှင့် ထဲထဲဝင်ဝင် ပေါင်းစည်းလာနေပြီ ဖြစ်သည်။

Cloud 2.0  တွင် software ဆန်းသစ်မှုအတွက် တူညီသည့်ဖြစ်စဉ်တစ်ခုနှင့်တစ်ခုအကြား ကူးပြောင်းချိန်လျင်  မြန်မှုကို Cloud 1.0  ထက် ပိုမိုလိုအပ်သည်။ continuous chip နှင့် hardware innovation တို့သည် စံနမူနာများ ဖြစ်ကြသည်။ စီးပွားရေးနှင့် နည်းပညာနယ်ပယ်ရှိ လျင်မြန်သည့်အပြောင်းအလဲများကြောင့် အင်တာ နက်လုပ်ငန်းစုများ၏ အသုံးပြုပုံများသည် universal hardware မှ vertically integrated systems သို့ ပြောင်း လဲလာခဲ့ပြီး အရင်းအမြစ်များ ထောက်ပံ့ခြင်းမှ အရည်အသွေးထောက်ပံ့ခြင်းဆီသို့ ကူးပြောင်းတိုးတက်လာခဲ့ သည်။ အလုံးစုံစွမ်းဆောင်နိုင်သော chips၊ hardware နှင့် software တို့အသုံးပြုသော cloud ဝန်ဆောင်မှု   ထောက်ပံ့သူများသည် cloud အခြေပြုလုပ်ငန်းစုများ၊ အလတ်စား နှင့် အကြီးစားလုပ်ငန်းစုများအတွက် ဆွဲ  ဆောင်မှုရှိသည့် ရွေးချယ်စရာများဖြစ်လာမည် ဖြစ်သည်။ chip နှင့် hardware တီထွင်ဆန်းသစ်မှုအရည်အ  သွေးသည် ခေတ်သစ်တွင် မည်သည့် cloud ဝန်ဆောင်မှုထောက်ပံ့သူများက ဈေးကွက်၌ ရှင်သန်ကျန်ရစ်မည် ဆိုသည်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

HUAWEI CLOUD သည် chips, hardware နှင့် software တို့တွင် “More than Moore” စွမ်းဆောင်ရည်များကို ဆောင်ယူလာပေးသည်။ cloud arm သည် cloud အခြေပြုနယ်ပယ်တွင် လုပ်ငန်းအားလုံးကို လွှမ်းမိုးနိုင်ရန် ကူညီသည်။ ဥပမာ Huawei သည် Cloud Native Computing Foundation (CNCF) တည်ထောင်ခြင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လူမှုပတ်ဝန်းကျင်ကို ကူညီထောက်ပံ့သူအဖြစ် တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ နံပါတ်(၁)  အဆင့်တွင် သတ်မှတ်ထားခြင်းခံရသည်။

Cloud 2.0 ခေတ်တွင်  HUAWEI CLOUD  က ၎င်း၏ cloud ဝန်ဆောင်မှုစာရင်းအတွင်း x-as-a-service အဖြစ် အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်ရန် အိုင်စီတီအခြေခံအဆောက်အအုံများကဏ္ဍတွင်  နည်းပညာများ၊ ဆန်းသစ်တီထွင်မှုများ နှင့် ကျွမ်းကျင်မှုများကို နှစ် ၃၀ ကျော်ကြာ ထောက်ပံ့ပေးလျက်ရှိသည်။ HUAWEI CLOUD သည် ရေရှည်တည်တံ့ပြီး လုံခြုံစိတ်ချရကာ အမြဲတိုးတက်နေသည့် cloud ဝန်ဆောင်မှုများကို အဖွဲ့အစည်းကြီးငယ်မရွေး ထောက်ပံ့ပေးလျက်ရှိပြီး ပိုမိုချိတ်ဆက်နိုင်ပြီး အသိဥာဏ်ရှိသော ကမ္ဘာကြီးတွင် အဆိုပါအဖွဲ့အစည်းများ၏ ပရိုဖိုင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်သည်။