မီဒီယာသို့သတင်းထုတ်ပြန်ချက်
Huawei သည် 5G နည်းပညာတွင် ပြိုင်ဘက်ကင်းသော ဦးဆောင်သူဖြစ်ပါသည်။ ထုတ်ကုန်ပစ္စည်းများ၏ လုံခြုံရေးသေချာစေသော ထိရောက်မှုရှိသည့် လုပ်ဆောင်ချက်များနှင့်အတူ အမေရိကန်အစိုးရနှင့် ဆက်ဆံရန်ကျွန်ုပ်တို့ဆန္ဒရှိပြီး ယင်းအတွက်အသင့်အနေအထားတွင်ရှိနေပြီဖြစ်ပါသည်။ Huawei ကိုအမေရိကန်တွင် စီးပွားရေးလုပ်ဆောင်ရန် တားမြစ်ခြင်းသည် အမေရိကန်ကို ပိုမိုလုံခြုံ အားကောင်းလာစေမည်မဟုတ်သည့်အပြင် အမေရိကန်အနေဖြင့် အရည်အသွေးမပြည့်မီဘဲပိုမိုဈေးကြီးသော ပစ္စည်းများကိုသာ အသုံးပြုနိုင်ရန် ကန့်သတ်ရာရောက်မည်ဖြစ်သည်။ ထိုသို့အားဖြင့် အမေရိကန်သည် 5G အသုံးချလုပ်ဆောင်ရာတွင် နောက်ကျကျန်ရစ်မည်ဖြစ်ပြီး အဆုံးတွင် အမေရိကန် ကုမ္ပဏီများနှင့် သုံးစွဲသူများကို ထိခိုက်စေပါလိမ့်မည်။ ထို့အပြင် ကျိုးကြောင်းဆီလျှော်မှုမရှိသော တားမြစ်မှုများသည် Huawei ၏ လုပ်ပိုင်ခွင့်များကို ချိုးဖောက်ရာကျပြီး အခြားပိုမိုဆိုးရွားသော ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပါသည်။
Huawei is the unparalleled leader in 5G. We are ready and willing to engage with the US government and come up with effective measures to ensure product security. Restricting Huawei from doing business in the US will not make the US more secure or stronger; instead, this will only serve to limit the US to inferior yet more expensive alternatives, leaving the US lagging behind in 5G deployment, and eventually harming the interests of US companies and consumers. In addition, unreasonable restrictions will infringe upon Huawei's rights and raise other serious legal issues.