ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

၂၀၁၉ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Huawei မှ နည်းပညာစွမ်းရည်မြှင့်တင်မှုဆိုင်ရာ Youth Open Day အစီအစဉ် (၁၄)ကြိမ်ကျင်းပပြီးစီး

Huawei Youth Open Day အစီအစဉ်တွင် မြန်မာနိုင်ငံအနှံ့တက္ကသိုလ်(၂၅)ခုမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၄၂၀ ပါဝင်လေ့လာခွင့်ရခဲ့
2019.12.18
yod

(ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်) Huawei Myanmar ၏ Youth Open Day အစီအစဉ်ကို ၂၀၁၉ မေလမှစတင်ကာ ဒီဇင်ဘာလအထိ ၁၄ကြိမ်တိုင်ကျင်းပခဲ့ရာ ဒေသအသီးသီးရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ  ကျောင်းသားကျောင်းသူ ၂၄၀ ပါဝင်တက်ရောက်နိုင်ခဲ့သည်။  Youth Open Day အစီအစဉ်ကို ရန်ကုန်မြို့ရှိ Huawei ရုံးချုပ်မှ Customer Solution Innovation Center တွင် ကျင်းပခဲ့ပြီး အစီအစဉ်တွင် ပါဝင်ခဲ့သည့် ကျောင်းသားကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ Huawei လုပ်ငန်းလည်ပတ်ပုံကို လေ့လာခွင့်ရခဲ့ပြီး Huawei ၏ နောက်ဆုံးပေါ် နည်းပညာများဖြစ်သော 5G၊ AI၊ Clouod၊ Core Network၊ Wireless Network အပါအဝင်နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှု အသစ်များနှင့် အနာဂတ် အိုင်စီတီကဏ္ဍ အလားအလာများအကြောင်း လေ့လာခွင့်ရရှိခဲ့ကြသည်။

Youth Open Day အစီအစဉ်ကျင်းပရခြင်းရည်ရွယ်ချက်မှာ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် ကမ္ဘာ့တစ်ဝှမ်းရှိနောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုများနှင့် အိုင်စီတီကဏ္ဍအလားအလာကို သိရှိနားလည်ကာ မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုပါဝင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ပါမောက္ခချုပ်များကော်မတီနှင့် Huawei Myanmar တို့အကြား အိုင်စီတီထူးချွန်လူ ငယ်များမွေးထုတ်ပေးရေးအစီအစဉ် (ICT Talent Development Program) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြီးခဲ့ သည့်နှစ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ကဏ္ဍ ၆ ခုတွင် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ရာ Youth Open Day အစီအစဉ်လည်း အပါအဝင်ဖြစ်သည်။

Youth Open Day အစီအစဉ်အရ တစ်ကြိမ်လျှင် ကျောင်းသားကျောင်းသူ ၃၀ ယောက်ဖိတ်ကြားခဲ့ပြီး Huawei Myanmar က ၂၀၁၉ ခုနှစ်အတွင်း Youth Open Day အစီအစဉ်ကို ၁၄ ကြိမ်အထိ ကျင်းပခဲ့သည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)၊ နည်းပညာတက္ကသိုလ် (တောင်ကြီး)၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ)၊ကွန်ပျူတာ တက္ကသိုလ် (ကလေး)၊ ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)၊ ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၊ ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်)၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၊ ကွန်ပျူတာတက္ကသိုလ် (သထုံ)၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) စသည့် တက္ကသိုလ် ၂၅ ခုမှ ကျောင်းသားကျောင်း သူပေါင်း ၄၂၀ သည် Huawei Myanmar ၏ Youth Open Day အစီအစဉ်တွင် ပါဝင်ကာ နောက်ဆုံးပေါ် နည်းပညာ များနှင့် အိုင်စီတီကဏ္ဍအကြောင်းလေ့လာခဲ့ကြသည်။ Huawei Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ Ding Zhaoyi က ပြောကြားသည်မှာ "အခုဆိုရင် ကမ္ဘာအနှံ့အပြားမှာ ICT နည်းပညာ ဆန်းသစ်တီထွင်မှုတွေ တဟုန်ထိုး မြင့်တက်လာတာကို တွေ့နေရပါပြီ။ 5G၊ AI နဲ့ Cloud Computing တို့လို နည်းပညာသစ်တွေရဲ့ အရေးပါမှုကလည်း တဖြည်းဖြည်း မြင့်မားလာပြီးတော့ ဒီဂျစ်တယ်စီးပွားရေးစနစ်နဲ့ အသိဉာဏ်ရှိတဲ့ကမ္ဘာကြီးအသက်ဝင်လာစေမယ့် ICT နယ်ပယ်အဝန်း အဝိုင်းတစ်ခုကို ဖန်တီးပေးနေပါတယ်။ ဒီလိုနည်းပညာအသစ်အဆန်းတွေကို ဒီအစီအစဉ်မှာပါဝင်ခဲ့ကြတဲ့ လူငယ်လေးတွေ Huawei CSIC မှာသေချာလေ့လာခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ထူးချွန်ထက်မြက်သူမရှိရင် အနာဂတ်ဆိုတာလည်း မရှိပါဘူး။ လူငယ်တွေက မြန်မာနိုင်ငံရဲ့ အနာဂတ်ပါ။ ICT ကဏ္ဍမှာ မြန်မာနိုင်ငံ သားတွေရဲ့ နည်းပညာကျွမ်းကျင်တက်မြောက်မှုကို မြှင့်တင်ပေးနိုင်ဖို့ ကျွန်တော်တို့ Huawei ကုမ္ပဏီက ကတိပြုထား ပါတယ်။ ICT နည်းပညာထူးချွန်သူတွေ မွေးထုတ်ပေးနိုင်ဖို့ 'ICT Talent Development' ဆိုတဲ့ တာဝန်သိလူမှုရေး လုပ်ငန်းစဉ် (CSR) တစ်ခုကို ၂၀၁၃ ခုနှစ်ကတည်းက ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပါတယ်"

မြန်မာ့ဆက်သွယ်ရေးနယ်ပယ်အတွက် ICTကဏ္ဍတွင် အလားအလာရှိသူ အမြောက်အများလိုအပ်နေခြင်း ကြောင့် Huawei က နိုင်ငံ၏ ICT နယ်ပယ်ဖွံ့ဖြိုးရေးကို မြှင့်တင်ပေးရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကတိကဝတ်ပြုထားသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် Huawei က HAINA (Huawei Authorized Information and Network Academy) အစီအစဉ်၊ မြန်မာနိုင်ငံတဝန်းရှိ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များမှ ထူးချွန်ကျောင်းသားကျောင်းသူ ၅၀ ဦးကို ၎င်း၏ ပညာရေးလမ်းကြောင်းဖြောင့်ဖြူးစွာ ဆက်လက်လျှောက်လှမ်းနိုင်စေရန်အတွက် ပညာသင်ဆုများပေး အပ်နေသည့် Huawei ICT Development Talent Scholarship အစီအစဉ်၊ Seeds for the Future အစီအစဉ် နှင့် ကမ္ဘာ့ဦးဆောင် ICT ကုမ္ပဏီတွင် လုပ်ငန်းအတွေ့အကြုံများ ရယူနိုင်စေရန် Huawei Myanmar တွင် အလုပ်သင်အစီအစဉ်များဆောင်ရွက်  ပေးကာ မြန်မာICTကဏ္ဍအားအထောက်အပံ့ပေးနိုင်မည့် နည်းပညာအရင်းအမြစ်များ ပိုမိုများပြားလာစေ ရေးကို ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။