Huawei က ကြိုးသုံးချိတ်ဆက်မှုနှင့် ကြိုးမဲ့နည်းပညာများဆိုင်ရာ LAN Access အခြေခံအဆောက်အအုံအတွက် ဇန်နဝါရီ ၂၀၂၀ လ Gartner သုံးစွဲသူ စိတ်ကြိုက်ရွေးချယ်မှု (Gartner Peer Insights Customers’ Choice ) အဖြစ် အသိအမှတ်ပြုခံရ
2020.02.14
ကမ္ဘာ့အဆင့် ထိပ်တန်း သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာ (ICT) ဆိုင်ရာ အခြေခံအဆောက်အအုံနှင့် စမတ်စက်ပစ္စည်းများ ပံ့ပိုးသူဖြစ်သည့် Huawei သည် ကြိုးသုံးချိတ်ဆက်မှုနှင့် ကြိုးမဲ့နည်းပညာများဆိုင်ရာ LAN Access အခြေခံအဆောက်အအုံအတွက် ဇန်နဝါရီ ၂၀၂၀ လ Gartner သုံးစွဲသူ စိတ်ကြိုက်ရွေးချယ်မှု (Gartner Peer Insights Customers' Choice ) အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ယင်းသို့ သတ်မှတ်ခြင်း ခံရသည့် ကုမ္ပဏီများအနက် Huawei သည် မြောက်အမေရိကန် အရောင်းကုမ္ပဏီမဟုတ်သည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပြီး အမှတ်ပေးမှု ၁၉၆ ခုအရ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၅ရက်တွင် 4.7/5 stars ရရှိခဲ့သည်။
Gartner က LAN အခြေခံအဆောက်အအုံ ဈေးကွက်တွင် လုပ်ငန်း၏ ကြိုးတပ် LAN သို့မဟုတ် Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ရန် စက်ပစ္စည်းများကို အကူအညီပေးသည့် ကြိုးတပ်နှင့် ကြိုးမဲ့ ကွန်ရက် hardware နှင့် software များကို ပံ့ပိုးပေးသည့် ရောင်းချသူများ ပါဝင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ Gartner Peer Insights သည် IT ပရော်ဖက်ရှင်နယ်များနှင့် နည်းပညာဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်သူများမှ ရေးသားခြင်း၊ ဖတ်ရှုခြင်းများ ပြုလုပ်သည့် IT software နှင့် ဝန်ဆောင်မှုဆိုင်ရာ မှတ်ချက်များနှင့် အမှတ်ပေးမှုများကို တင်ဆက်ထားသည့် online ပလက်ဖောင်းတစ်ခု ဖြစ်သည်။ Gartner Peer Insights တွင် ဈေးကွက်ပေါင်း ၃၄၀ ကျော်တို့မှ အတည်ပြုထားသည့် မှတ်ချက်ပေါင်း ၂၁၅,၀၀၀ ကျော် ပါဝင်သည်။ ဖောက်သည်များမှ အမှတ်မြင့်စွာ ပေးထားသည့် ရောင်းချသူများကို Gartner Peer Insights သုံးစွဲသူ စိတ်ကြိုက်ရွေးချယ်မှုဂုဏ်ပုဒ်ဖြင့် အသိအမှတ်ပြုပေးပြီး ICT လုပ်ငန်းခေါင်းဆောင်များကို ပိုမို အချက်အလက်စုံလင်သည့် ဝယ်ယူမှုဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အကူအညီပေးသည်။ Peer Insights တွင် Huawei ၏ campus network ပံ့ပိုးမှုက ကမ္ဘာအနှံ့ လုပ်ငန်းပေါင်းများစွာတို့မှ ဖောက်သည်များ၏ သုံးသပ်မှတ်ချက်ပေးမှုပေါင်း ၁၉၆ခု ရရှိခဲ့သည်။ ဖောက်သည်များ၏ မှတ်ချက်များတွင် Huawei ၏ ထုတ်ကုန်များစွာအနက်မှ Ethernet switch များနှင့် campus core switch များ၊ indoor နှင့် outdoor access point ၊ Cloud ဖြင့် စီမံခန့်ခွဲသည့် ကွန်ရက်ပလက်ဖောင်းတို့အကြောင်းများ ပါဝင်သည်။ ဖောက်သည်များ၏ မှတ်ချက်များအရ Huawei ၏ campus network ထုတ်ကုန်များနှင့် ဖြေရှင်းမှုနည်းလမ်းများသည် စွမ်းဆောင်ရည်မြင့်မားမှု၊ အားထားရမှု၊ စီမံခန့်ခွဲရခြင်းကို သက်သာစေမှုတို့နှင့် ပတ်သက်လျှင် နာမည်ကောင်းပိုင်ဆိုင်ထားကြသည်။
"ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး သူတို့တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိမယ့် လုပ်ငန်းမှာ အကောင်းဆုံး ဖြေရှင်းမှုနည်းလမ်းတွေ ၊ ထုတ်ကုန်တွေ ပံ့ပိုးပေးနိုင်ဖို့ဟာ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါ။ ဒါကြောင့် အခု ဇန်နဝါရီ ၂၀၂၀ အတွက် Gartner သုံးစွဲသူ စိတ်ကြိုက်ရွေးချယ်မှု (Gartner Peer Insights Customers’ Choice ) အဖြစ် သတ်မှတ်ခံရတဲ့ အပေါ် ကျွန်တော်တို့ စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်"ဟု Huawei Campus Network Domain ၏ ဥက္ကဌ Zhao Zhipeng က ဆိုသည်။”အနာဂတ်မှာလည်း ကျွန်တော်တို့ဟာ ဆက်လက်ပြီး ဖောက်သည်တွေအတွက် အဓိကအလေးပေး ဆောင်ရွက်သွားမှာပါ။ ဆန်းသစ်တီထွင်မှုတွေကို ဆက်လက်ပြုလုပ်ပြီး ဖောက်သည်တွေရဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး ခရီးစဉ်ကို အရှိန်မြှင့်ပေးနိုင်ဖို့အတွက် အပြည့်အဝချိတ်ဆက်ထားတဲ့ campus network တစ်ခုကို ကူညီဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ Gartner Peer Insights မှာ အခုလို မှတ်ချက်တွေ မျှဝေပေးတဲ့ အတွက်လည်း ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို အထူးကျေးဇူးတင်ရှိပါတယ် “
Huawei ကို ယခု ဂုဏ်ပုဒ်ရရှိစေခ့သည့် ဖောက်သည်များ၏ မှတ်ချက်အချို့ကို ထုတ်နုတ်တင်ပြပါမည်။
ရှင်းလင်းချက် - Gartner Peer Insights Customers’ Choice သည် တစ်ကိုယ်ရည် အသုံးပြုသူများ၏ ပုဂ္ဂလိက ထင်မြင်ချက်များ၊ အမှတ်ပေးမှုများနှင့် မှတ်တမ်းစနစ်တစ်ခုအရ ရရှိသည့် အချက်အလက်များကိုသာ စုစည်းထားခြင်း ဖြစ်သည်။ ယင်းတို့သည် Gartner နှင့် ၎င်း၏ မိတ်ဖက်များ၏ အမြင်များ၊ အတည်ပြုမှုများကို ထင်ဟပ်ခြင်း မရှိပါ။

- "ကျွန်တော်တို့ရဲ့ အများအပြားတပ်ဆင်မှုအတွက်တော့ ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ရပ်ပါပဲ။ Core ၊ aggregation နဲ့ access switch တွေ အပါအဝင် နိုင်ငံအနှံ့က တက္ကသိုလ် ၅၅ ခုမှာ access point ပေါင်း ၁၂,၀၀၀ ကျော်ကို တပ်ဆင်ခဲ့ပါတယ်။ Huawei access point တွေ တပ်ဆင်ရတဲ့ အတွေ့အကြုံကို ခြုံငုံပြီး ပြောရရင် အလွန်ကောင်းမွန်ပါတယ် " - ပညာရေးဖောက်သည်တစ်ဦးထံမှ မှတ်ချက်
- "Huawei WLAN ထုတ်ကုန်တွေရဲ့ signal အရည်အသွေးဟာ ကောင်းမွန်ပြီး တည်ငြိမ်ပါတယ်။ ခြုံလွှမ်းနိုင်စွမ်း (coverage)ကလည်း ကျယ်ပြန့်ပါတယ်။ Huawei WLAN ထုတ်ကုန်တွေ အသုံးပြုနေတဲ့ အချိန်တွေမှာ call drop ဖြစ်တာလည်း နည်းပါးပါတယ်။ အဲဒီအပြင် ဈေးနှုန်းသက်သာတဲ့ အကျိုးတွေကို သိသိသာသာ ခံစားရပြီး ရောင်းချပြီး နောက်ပိုင်း ဝန်ဆောင်မှုတွေကိုလည်း ရရှိနိုင်ပါတယ်"- လက်လီလုပ်ငန်းမှ CTO တစ်ဦး၏ မှတ်ချက်
- ၂၀၁၉ ခုနှစ်တွင် Huawei က တမူဆန်းသစ်ထားသည့် အတွေ့အကြုံ အခြေပြု CloudCampus ဖြေရှင်းမှုနည်းလမ်းကို စတင်မိတ်ဆက်ခဲ့သည်။ ယင်း ဆန်းသစ်သည့် ဖြေရှင်းမှုနည်းလမ်းက ဖောက်သည်များအား အလိုအလျောက် စီမံခန့်ခွဲမှု၊ ဉာဏ်ရည်မြင့် O&M ၊ Campus Network အား အလွှာအပြည့် ဖွင့်လှစ်ထားမှုတို့ကို ဖြစ်စေရန် ကူညီပေးသည်။ Enterprise ဝန်ဆောင်မှုများ၏ ဈေးကွက်သို့ ရောက်ရှိရန် ကြာချိန် (TTM) ကို လျှော့ချပေးပြီး ဝန်ဆောင်မှုအတွေ့အကြုံနှင့် အရည်အသွေးအပိုင်းတို့တွင် အချိန်နှင့် တပြေးညီ အာမခံချက်ပေးနိုင်ခြင်းကို ရရှိစေသည်။
- Huawei က Wi-Fi6 ခေတ်အတွက် တည်ဆောက်ခဲ့သည့် CloudEngine S စီးရီး Campus Switch အသစ်များကိုလည်း မိတ်ဆက်ပေးခဲ့သည်။ အသားပေးမိတ်ဆက်ခဲ့သည့် ထုတ်ကုန်များထဲတွင် ပျမ်းမျှ လုပ်ငန်းစွမ်းဆောင်ရည်ထက် ခြောက်ဆ ပိုမိုမြင့်မားပြီး နောက်ထပ် ၁၀ နှစ်ကာလအတွင်း လုပ်ငန်းကြီးများနှင့် campus network များတွင် တိုးတက်လာမည့် လိုအပ်ချက်များနှင့် ကိုက်ညီနေမည့် ထိပ်တန်း campus core switch ဖြစ်သည့် CloudEngine S12700E လည်း ပါဝင်သည်။
- WLAN ကဏ္ဍတွင်လည်း Huawei 5G ဖြင့် ပံ့ပိုးထားသည့် Huawei AirEngine သည် ကမ္ဘာအနှံ့ ဖောက်သည်များထံမှ ယုံကြည်အားထားမှုကို ရရှိနေသည်။ Dell’Oro Group ၏ နောက်ဆုံး အစီရင်ခံစာအရ Huawei Wi-Fi 6 သည် ၂၀၁၈ ခုနှစ် တတိယလေးလပတ်မှ ၂၀၁၉ ခုနှစ် တတိယလေးလပတ်အတွင်း (မြောက်အမေရိကမှ လွဲ၍ ) ကမ္ဘာအနှံ့ အဆင့်၁ နေရာတွင် ရပ်တည်လျက် ရှိသည်။