ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei က ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်ကာလ၏ စီးပွားရေးရလဒ်များကို ထုတ်ပြန်ကြေညာ

2019.04.22

Read English Version 

[တရုတ်နိုင်ငံ၊ ရှန်းကျန်းမြို့၊ ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်] – Huawei က ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်ကာလတွက် ၎င်း၏ စီးပွားရေးရလဒ်များကို ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယခုနှစ် ပထမသုံးလပတ်ကာလ၏ စုစုပေါင်းအရောင်းဝင်ငွေမှာ တရုတ်ယွမ် ၁၇၉.၇ ဘီလျံဖြစ်ပြီး ယမန်နှစ်ထက် ၃၉ % တိုးမြင့်လာခဲ့သည်။ ကုမ္ပဏီ၏ အသားတင်အမြတ်ပမာဏသည် ၈ % ခန့် ဖြစ်ပြီး ယမန်နှစ်ကထက် အနည်းငယ် ပိုမိုများပြားခဲ့သည်။

Huawei က အိုင်စီတီ အခြေခံအဆောက်အအုံနှင့် စမတ်အသုံးအဆောင်များအပိုင်းကိုအဓိကထား လုပ်ဆောင်ခဲ့ပြီး ၎င်း၏လုပ်ငန်းဆောင်ရွက်ချက်အရည်အသွေးနှင့်ထိရောက်မှုများကို ဆက်လက်မြှင့်တင်ခဲ့သဖြင့် ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်ကာလတွင်း လုပ်ငန်းများ ခိုင်ခိုင်မာမာဆောင်ရွက်နိုင်စေရန် ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်သည် 5G ကို ကမ္ဘာနှင့်အဝှမ်း အများအပြား အသုံးချတည်ဆောက်လာမည့် နှစ်တစ်နှစ် ဖြစ်လာမည် ဖြစ်ပြီး Huawei Carrier စီးပွားရေးလုပ်ငန်းစုအနေဖြင့် မကြုံစဖူးဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများကြုံရမည့် နှစ်လည်း  ဖြစ်သည်။ ၂၀၁၉ ခုနှစ် မတ်လ အကုန်တွင် 5G စီးပွားဖြစ်စာချုပ်ပေါင်း ၄၀ ကျော်ကို ကမ္ဘာ့ဦးဆောင်ဆက်သွယ်  ရေးလုပ်ငန်းများနှင့် Huawei တို့ကြား ချုပ်ဆိုနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များသို့ 5G အခြေစိုက်စခန်း   ပေါင်း ၇၀,၀၀၀ ကျော်ကိုလည်း တင်ပို့နိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် ပထမ ၃ လပတ်ကာလတွင် Huawei Enterprise စီးပွားရေးလုပ်ငန်းစုကလည်း ၎င်း၏ဒစ်ဂျစ်တယ် ပလက်ဖောင်း နှင့် “Huawei Inside” မဟာဗျူဟာအသစ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည်။ နေရာအနှံ့ အသိဉာဏ် ပါဝင် ချိတ်ဆက်နိုင်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို ဆောင်ယူလာပေးခြင်းဖြင့် ဒစ်ဂျစ်တယ်တရုတ် နိုင်ငံ၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးနိုင်ရေးနှင့် ဒစ်ဂျစ်တယ်ကမ္ဘာကြီး၏ ပင်မဗဟိုချက်ဖြစ်လာရေး  ဆောင်ရွက်ပေးရန် Huawei က ကတိကဝတ်ပြုထားသည်။ Huawei Enterprise စီးပွားရေးလုပ်ငန်းစု က ကမ္ဘာ့ ပထမဆုံး 5G သုံး Wi-Fi 6 အသုံးပြုနိုင်သည့် နေရာကိုလည်း တည်ဆောက်ပေးခဲ့သည်။ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်ကာလအကုန်တွင် Wi-Fi 6 ထုတ်ကုန်များကို အခြားသောကုမ္ပဏီများထက် ပိုမိုများပြားစွာ Huawei က တင်ပို့  နိုင်ခဲ့သည်။

Huawei Consumer စီးပွားရေးလုပ်ငန်းစု အနေဖြင့်လည်း ၎င်း၏ဆန်းသစ်တီထွင်ထားသည့် ထုတ်ကုန်များဖြင့် သုံးစွဲသူများ၏ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းစေရန် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ Huawei Consumer စီးပွားရေးလုပ်ငန်းစု ၏ အဓိက မဟာဗျူဟာသည် အခြေအနေအရပ်ရပ်တိုင်းအတွက် အသိဉာဏ် ပြည့်ဝစွာ ဆောင်ရွက်နိုင်သည့်အတွေ့အကြုံများကို သုံးစွဲသူများထံသို့ ဆောင်ယူလာပေးရန်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ပထမ ၃လပတ်ကာလ တွင် Huawei က စမတ်ဖုန်းအလုံးရေ ၅၉ သန်း ကို တင်ပို့ရောင်းချနိုင်ခဲ့သည်။ PC များ၊ ဝတ်ဆင်ဖွယ်ရာများ နှင့် smart homeများ ကဲ့သို့ အခြားစီးပွားလုပ်ငန်းအစိတ်အပိုင်းများတွင်လည်း Huawei ၏  နယ်ပယ်ဦးဆောင် ဆန်းသစ်သည့် ထုတ်ကုန်များနှင့် အဆင့်မြင့်မားသည့် သုံးစွဲသူအတွေ့အကြုံများကြောင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများက လက်ခံကြိုဆိုကြသည်။

HUAWEI CLOUD တွင်မူ တီထွင်ဆန်းသစ်မှုများ ဆက်လက်ပြုလုပ်ရန် ကတိကဝတ်ပြုထားသည်။ HUAWEI CLOUD သည် ဖြစ်နိုင်သမျှအကောင်းဆုံးသော hybrid cloud တည်ဆောက်ရန်၊ အသိဉာဏ်မြင့်လုပ်ငန်း နယ်ပယ်များအတွက် အလုံးစုံပါဝင်သော AI solutions များ ထောက်ပံ့ရန် နှင့် အားလုံးပါဝင်နိုင်သည့် AI ကို အမှန်တကယ် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။ လုပ်ငန်းစုသုံးစွဲသူများနှင့် developer ပေါင်း တစ်သန်းကျော်က HUAWEI CLOUD နှင့် လက်တွဲဆောင်ရွက်ရန် ရွေးချယ်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်ကာလတွင် HUAWEI CLOUD ကို စင်္ကာပူတွင် မိတ်ဆက်ခဲ့ပြီး ၎င်း၏ AI ဈေးကွက်ပုံစံကိုလည်း မိတ်ဆက်ပေး ခဲ့သည်။ HUAWEI CLOUD ၏ one-stop-shop AI ဖွံ့ဖြိုး​ရေးပလက်​​ဖောင်းဖြစ်​သည့်​ ModelArts သည်​ Stanford DAWNBench ရှိ နက်​နဲသည့်​သင်​ယူမှုများဖြစ်​ကြသည့်​ အမြင်​ခွဲခြားစိတ်​ဖြာ​ရေးသင်​ကြားမှုနှင့် ယူဆချက်​ဆိုင်​ရာသင်​ကြားမှု ၂ မျိုးလုံးတွင်​ ပထမ​နေရာသို့ ​ရောက်​ရှိခဲ့သည်​။

***ဖော်ပြထားသည့်ဘဏ္ဍာရေးအချက်အလက်များသည် နိုင်ငံတကာဘဏ္ဍာရေးသတင်းပို့ခြင်းစံချိန်စံညွှန်းများအတိုင်း  ဖော်ပြထားပြီး တရားဝင်မစစ်ဆေးရသေးသည့် အချက်အလက်များဖြစ်သည်။ ယွမ်ငွေပမမာဏများကို ၂၀၁၉ခုနှစ် မတ်လကုန် ငွေလဲနှုန်း ဖြစ်သည့် US$1.00 = CNY .၇၁၁၂ အရ အမေရိကန်ဒေါ်လာအဖြစ်သို့ ပြောင်းလဲထားသည်။ (အရင်းအမြစ်- Reuters)