ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei က ၂၀၁၉ ခုနှစ်အတွင်း Enterprise ဈေးကွက်တွင် စည်းချက်မှန်မှန် တိုးတက်လျက် ရှိ

လုပ်ငန်းကဏ္ဍများ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို 5G ၊ AI နှင့် Cloud တို့၏ အားကောင်းသည့် ဖွံ့ဖြိုးမှုများဖြင့် စွမ်းဆောင်ပေးလျက် ရှိသည်
2020.04.01

Huawei က ယင်း၏ ခိုင်မာသည့် လုပ်ငန်းစွမ်းဆောင်ရည်ကို အသေးစိတ်ဖော်ပြထားသည့် ၂၀၁၉ခုနှစ် နှစ်စဉ် အစီရင်ခံစာကို မတ်လ၃၁ရက်နေ့က ထုတ်ပြန်လိုက်သည်။ ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီ၏ ကမ္ဘာအနှံ့ ရောင်းချရသည့် အမြတ်အစွန်းပေါင်းမှာ တရုတ်ယွမ် ၈၅၈.၈ ဘီလီယံ ရှိပြီး ယခင်နှစ်ကထက် ၁၉.၁% တိုးတက်မှု ရှိခဲ့သည်။ Huawei သည် enterprise ဈေးကွက်တွင် စည်းချက်မှန်မှန် တိုးတက်မှုကို ထိန်းထားနိုင်ခဲ့ပြီး ကမ္ဘာအနှံ့ ရောင်းချမှုမှ အမြတ်အစွန်းမှာ တရုတ်ယွမ် ၈၉.၇ ဘီလီယံနှင့် ယခင်နှစ်ကထက် တိုးတက်မှုနှုန်းမှာ ၈.၆% ရှိခဲ့သည်။ Huawei ၏ Enterprise လုပ်ငန်းသည် ကုမ္ပဏီ၏ စုစုပေါင်းတိုးတက်မှုကို ဖြစ်စေသည့် အကြောင်းအရင်းများအနက် တစ်ခု ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် မြို့တော်ပေါင်း ၇၀၀ ကျော်နှင့် Fortune Global 500 စာရင်းဝင် ကုမ္ပဏီ ၂၂၈ ခုတို့က Huawei ကို ယင်းတို့၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းမိတ်ဖက်အဖြစ် ရွေးချယ်ထားကြသည်။ထို့ပြင် Huawei ၏ Enterprise လုပ်ငန်းသည် ကမ္ဘာအနှံ့ မိတ်ဖက်ပေါင်း ၂၈,၀၀၀ ကျော်တို့နှင့် ကွန်ရက်ချိတ်ဆက်ထားပြီး ယင်းက လုပ်ငန်းစု၏ ကမ္ဘာအနှံ့ အမြတ်အစွန်း ၈၆% အထိကို ဖော်ဆောင်ပေးသည်။ ယင်း၏ ကမ္ဘာအနှံ့ မိတ်ဖက်ကွန်ရက်များမှ တဆင့် Huawei သည် သုံးစွဲသူများနှင့် လုပ်ငန်းနယ်ပယ်တစ်ရပ်လုံးအတွက် အောင်မြင်သည့် သီးခြားလွတ်လပ်သော ဂေဟစနစ်တစ်ခုကို တည်ထောင်ထားပြီး ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် Huawei ၏ enterprise လု့ပ်ငန်းမှာ ရုတ်တရက် ကျယ်ပြန့်လာခဲ့သည်ကို မြင်ရသည်။ 5G၊ AIနှင့် Cloud စသည့် ICT နည်းပညာသစ်များတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှုများနှင့် အဆက်မပြတ် အားထုတ်မှုများကြောင့် Huawei သည် နည်းပညာသစ်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများမှ အကျိုးကျေးဇူးများ ရလာပြီး ယင်းမှတဆင့် ထုတ်ကုန် ဆန်းသစ်တီထွင်ခြင်း၊ လုပ်ငန်း ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းနှင့် ဉာဏ်ရည်မြင့်ဖွံ့ဖြိုးမှုတို့ကို အရှိန်မြှင့်တင်လျက် ရှိသည်။ ထို့အပြင် “ပူးပေါင်းချိတ်ဆက်မှု” စည်းမျဉ်းကို enterprise လုပ်ငန်းက ကျင့်သုံးလာပြီး ပွင့်လင်းမြင်သာ၍ တရားမျှတပြီး ရိုးရှင်းသည့် မူဝါဒများဖြင့် ယင်း၏ အောင်မြင်မှုကို မျှဝေလျက် ရှိသည်။

ဦးဆောင်လျက် ရှိသည့် 5G၊ cloud နှင့် AI နည်းပညာများဖြင့် enterprise ဈေးကွက်အတွက် ထုတ်ကုန်နှင့် solution များကို ဆန်းသစ်တီထွင်ခြင်း

ယင်းနှစ်အတွင်း Huawei သည် တည်ငြိမ်၊ အားထားရပြီး ရေရည်ခံသည့်  public cloud ဝန်ဆောင်မ့များပေးနိုင်ရန် cloud၊ AI နှင့် 5G တို့အကြား ပူးပေါင်းချိတ်ဆက်မှုကို မြှင့်တင်ခဲ့သည်။ HUAWEI CLOUD သည် cloud ဝန်ဆောင်မှုပေါင်း ၂၀၀ ကျော်နှင့် solution ပေါင်း ၂၀၀ ကျော်တို့ကို မိတ်ဆက်ခဲ့ပြီး ၃ သန်းကျော်သော enterprise အသုံးပြုသူများ၊ developer များက ထုတ်ကုန်များနှင့် solution များ ဖန်တီးရန် HUAWEI CLOUD ကို အသုံးပြုလျက် ရှိသည်။

Huawei က အနာဂတ်ဒီဂျစ်တယ်ကမ္ဘာအတွက် အခြေခံအုတ်မြစ်တစ်ခုထူထောင်နိုင်ရန်အတွက် Cloud ကို အခြေခံ၍ IoT၊ AI ၊ big data ၊ ဗီဒီယိုချိတ်ဆက် ဆက်သွယ်ရေးများနှင့် GIS စသည့် ICT နည်းပညာများဖြင့် ပေါင်းစပ်ပြီး Huawei Horizontal Digital Platform တစ်ခုကို တည်ဆောက်ခဲ့သည်။ ဦးဆောင်လျက်ရှိသည့် တစ်သီးပုဂ္ဂလ ဈေးကွက်သုတေသနအဖွဲ့အစည်း Dell’Oro Group ၏ အစီရင်ခံစာအရ Huawei သည် ၂၀၁၈ ခုနစ်နှင့် ၂၀၁၉ခုနှစ်တို့၏ တတိယလေးလပတ်များ ကြားကာလတွင် မြောက်အမေရိကမှ လွဲ၍ ကမ္ဘာအနှံ့ Wi-Fi6 indoor AP ဈေးကွက်တွင် ဈေးကွက် ရှယ်ယာ အများဆုံးဖြင့် ဦးဆောင်လျက် ရှိပြီး ပညာရေး၊ လက်လီရောင်းဝယ်ရေး၊ ကျန်းမာရေးနှင့် ကုန်ပစ္စည်းထုတ်လုပ်ရေး စသည့် နယ်ပယ်အသီးသီးမှ သုံးစွဲသူများအတွက် အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် ၂၀၁၉ ခုနှစ်တွင် Huawei က လုပ်ငန်းနယ်ပယ်တွင် ပထမဦးဆုံး ဖြစ်သော data center switch ဖြစ်သည့်၊ AI ခေတ်သစ်အတွက် တည်ဆောက်ထားသည့် CloudEngine 16800 ကို စတင်မိတ်ဆက်ခဲ့သည်။ ယခုအခါ ယင်းကို ကမ္ဘာအနှံ့ enterprise data center ပေါင်း ၁၅၀ ကျော်တွင် လုပ်ငန်းသုံးအဖြစ် တပ်ဆင်အသုံးပြုနေကြသည်။ OptiXs သုံးခုဖြစ်သည့် OptiXtrans၊ OptiXaccess နှင့်  OptiXstar တို့ကိုလည်း နိုင်ငံနှင့် ဒေသပေါင်း ၁၅၈ ခုတို့မှ ကုမ္ပဏီများက အသုံးပြုလျက် ရှိကြသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ထုတ်ပြန်သည့် Gartner အစီရင်ခံစာအရ ယင်း၏ မှော်လေးပိုင်းစိတ်ဇယား (Magic Quadrant) တွင် Huawei ၏ storageဆိုင်ရာ ထုတ်ကုန်များက ဦးဆောင်သူနေရာတွင် ရပ်တည်လျက် ရှိကြောင်း ဖော်ပြသည်။ 5G၊ optical transmission၊ Internet Protocol (IP) networkingနှင့် AI နည်းပညာများစသည့် Huawei ၏ နောက်ဆုံးပေါ် နည်းပညာများ၊ ကမ္ဘာအနှံ့ နည်းပညာကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆန်းသစ်တီထွင်မှုများမှ တဆင့် Huawei က enterprise ဈေးကွက်အတွက် ထိပ်တန်း solutions နှစ်ခုဖြစ်သော HiCampus နှင့် HiDC တို့ကိုလည်း မိတ်ဆက်ခဲ့သည်။


ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး အကောင်အထည်ဖော်နိုင်စေရန်အတွက် အစိုးရများနှင့် enterprise လုပ်ငန်းများကို အကူအညီပေးခြင်းနှင့် ကဏ္ဍအသီးသီးတို့တွင် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ပေးခြင်း

Huawei သည် အစိုးရများနှင့် enterprise လုပ်ငန်းများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် ကူညီရာတွင် အတွေ့အကြုံကြွယ်ဝစွာ ရှိသည်။ စမတ်မြို့တော်တည်ဆောက်ခြင်း၊ ကျောင်းပရိဝုဏ်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ပညာရေးကဏ္ဍများတွင် တန်ဖိုးအသစ်များဖန်တီးနိုင်ရန်အတွက် Huawei က ကမ္ဘာအနှံ့ လုပ်ငန်းမိတ်ဖက်များနှင့် ပူးပေါင်းလုပ်ကိုင်ပြီး ဆန်းသစ်သည့် solutionများနှင့် စီးပွားရေးမိုဒယ်များကို မိတ်ဆက်ပေးလျက် ရှိသည်။

၂၀၁၉ ခုနှစ်တွင် Huawei သည် လုပ်ငန်းဝန်ဆောင်မှုပေးသူပေါင်း ၄,၂၀၀ ကျော်တို့နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းပြီး ကမ္ဘာအနှံ့ သုံးစွဲသူပေါင်း ၅၀,၀၀၀ ကျော်တို့ကို ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ ကုမ္ပဏီသည် နိုင်ငံနှင့် ဒေသပေါင်း ၄၀ ကျော်တို့မှ မြို့တော်ပေါင်း ၂၀၀ ကျော်တို့၏ စမတ်မြို့တော်စီမံကိန်းများတွင် ပါဝင်နေပြီး ဝင်ငွေနိမ့်ပါးသူများအတွက် ဘဏ္ဍာရေးဝန်ဆောင်မှု (inclusive finance)၊ data အခြေပြု ဝန်ဆောင်မှု ဆန်းသစ်ခြင်းနှင့် ပြင်ပ applicationများနှင့် ချိတ်ဆက်သည့် ဘဏ်ဝန်ဆောင်မှု (open banking)ကဏ္ဍ များတွင် ဘဏ္ဍာရေး အဖွဲ့အစည်းပေါင်း ၁,၀၀၀ ကျော်ကို အထောက်အကူပြုလျက် ရှိသည်။ Huawei က ကမ္ဘာအနှံ့ မြို့တော်ပေါင်း ၇၀ ကျော်တို့ကို ရထားလမ်းစနစ် ဝန်ဆောင်မှုများ ပေးထားပြီး ကမ္ဘာ့မြို့တော်ကြီးများတွင် ပေါင်းစပ် ပို့ဆောင်သွားလာရေးစနစ်များကို ဖန်တီးပေးလျက် ရှိသည်။ ယင်း၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးမှ ရရှိလာသော အတွေ့အကြုံများကို အခြေခံကာ Huawei သည် သုံးစွဲသူပေါင်း ၃၀၀ ကျော်တို့အတွက် ဉာဏ်ရည်မြင့် ကျောင်းပရိဝုဏ်များကို အောင်မြင်စွာ ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်သည်။ ဆန်းသစ်သည့် ICT နည်းပညာများမှ တဆင့် Huawei သည် ဆောက်လုပ်ရေး၊စွမ်းအင် စသည့် ကဏ္ဍအသီးသီးတို့တွင် ယင်းတို့၏ ထုတ်လုပ်ရေးနှင့် တန်ဖိုးကွင်းဆက်ဖန်တီးမှုတို့ကို ပုံစံအသစ်ဖန်တီးနိုင်စေရန်အကူအညီပေးပြီး ဉာဏ်ရည်မြင့်စနစ်များ အဖြစ်လည်း အဆင့်မြှင့်တင်ပေးလျက် ရှိသည်။

Enterprise မိတ်ဖက်များအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် အောင်မြင်သည့် ဂေဟစနစ် တည်ဆောက်ခြင်း

Huawei က enterprise ဈေးကွက်အတွက် ကမ္ဘာအနှံ့တွင် OpenLabs ၁၃ ခုကို တည်ဆောက်ခဲ့သည်။ ယင်း OpenLabs များတွင် solution များကို ပူးပေါင်းဆန်းသစ်ခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ အရည်အချင်း မြှင့်တင်ခြင်း၊ ဘဏ္ဍာရေး၊ ထုတ်လုပ်ရောင်းချမှုကွင်းဆက်နှင့် IT စနစ်များတို့တွင် လုပ်ငန်းမိတ်ဖက်များကို အကူအညီများပေးပြီး ယင်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ကာ အတူတကွအောင်မြင်မှုရယူရန်အတွက် ယင်းတို့ကို တိုးတက်ပြောင်းလဲစေသည်။ အတွေ့အကြုံ၊ နည်းပညာနှင့် အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ စံနှုန်းများကို မျှဝေရန် ကတိကဝတ်ပြုထားသည့် အတိုင်း Huawei သည် ကမ္ဘာအနှံ့ ပညာရေးနယ်ပယ်မှ အကြီးအကဲများ၊  တက္ကသိုလ်များနှင့် ဂေဟစနစ်တွင် ပါဝင်နေသူများတို့နှင့် လက်တွဲလုပ်ကိုင်ပြီး ICT အရည်အချင်းရှင်များ မွေးထုတ်ပေးရန်နှင့် လုပ်ငန်းဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ရန်အတွက် ပွင့်လင်းပြီး ချိတ်ဆက်ကြိုဆိုနေသည့် ဂေဟစနစ်တစ်ခုကို တည်ထောင်လျက် ရှိပါသည်။

5G၊ cloud နှင့် AI တို့ ပေါင်းစပ်အသုံးပြုခြင်းသည် အရာအားလုံး ခံစားနိုင်၊ ချိတ်ဆက်နိုင်၊ ဉာဏ်ရည်မြင့် လုပ်ဆောင်နိုင်သည့် ကမ္ဘာသစ်တစ်ခုကို အနာဂတ်တွင် ပေါ်ထွန်းလာစေမည် ဖြစ်ပါသည်။ Huawei က ယင်းနည်းပညာများကို အခြေခံကာ သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ဆန်းသစ်သည့် ထုတ်ကုန်များ၊ solution များကို ဖန်တီးပေးမည် ဖြစ်သည်။ ယင်း solution များက လုပ်ငန်းကဏ္ဍအသီးသီးကို ဉာဏ်ရည်မြင့်စနစ်များဖြင့် အထောက်အပံ့ပြုပြီး သုံးစွဲသူများကိုလည်း ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းနိုင်ရန် ကူညီမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်စဉ်အစီရင်ခံစာတွင် ပါရှိသည့် ဘဏ္ဍာရေး ထုတ်ပြန်ချက်များအားလုံးကို နိုင်ငံတကာ ထိပ်သီး စာရင်းစစ်လုပ်ငန်းကြီးလေးခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် KMPG မှ သီးခြားလွတ်လပ်စွာ စစ်ဆေးထားပါသည်။ ၂၀၁၉ ခုနှစ် နှစ်စဉ် အစီရင်ခံစာကို www.huawei.com/en/press-events/annual-report/2019  တွင် download ပြုလုပ်ရယူနိုင်ပါသည်။