ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei က ယင်း၏ ပထမဆုံး နိုင်ငံရပ်ခြား AIoT ဆန်းသစ်နည်းပညာ လေ့ကျင့်ရေးအစီအစဉ်ကို အာရှတွင် ဖွင့်လှစ်

စင်ကာပူနိုင်ငံသည် အဆိုပါ AIoT လေ့ကျင့်ရေးအစီအစဉ်ကို လက်ခံဖွင့်လှစ်သည့် ကမ္ဘာ့ပထမဦးဆုံး ပြည်ပနိုင်ငံဖြစ်
2020.01.16
bootcamp
မကြာသေးမီက Huawei သည် ယင်း၏ ပြည်ပတွင်ပြုလုပ်သည့်ပထမဦးဆုံးသော Artificial Intelligence of Things (AloT) ဆန်းသစ်နည်းပညာ လေ့ကျင့်ရေးအစီအစဉ်ကို စင်ကာပူတွင် ဖွင့်လှစ်ခဲ့ပြီး စင်ကာပူ အမျိုးသားတက္ကသိုလ် (NUS)၊ Temasek Polytechnic (TP) နှင့် Singapore Polytechinc (SP) တို့မှ ရည်မှန်းချက်မြင့်မားသည့် ကျောင်းသားကျောင်းသူများက AIoT နည်းပညာနှင့် application များကို လာရောက် လေ့လာ၊ စမ်းသပ်၊ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းအစီအစဉ်ကို ယခင်က တရုတ်ပြည်တွင်းမှ Shanghai Jiao Tong တက္ကသိုလ်၊ အရှေ့မြောက်ပိုင်းတက္ကသိုလ်နှင့် Tianjian တက္ကသိုလ်စသည့် ဂုဏ်သိက္ခာကြီးမားသည့် တက္ကသိုလ်များတွင် ကျင်းပခဲ့သည်။

ကျောင်းသူကျောင်းသား ၁၈ ဦး ပါဝင်သော စင်ကာပူအသင်း ၆ခုသည် AI ၊ 5G နှင့် Cloud နည်းပညာများ ပြည့်စုံစွာ ဖြည့်ဆည်းတပ်ဆင်ထားသည့် Changi Business Park အတွင်းမှ Huawei ၏ 5G စွမ်းအင်သုံး Artificial Intelligence (AI) စမ်းသပ်ခန်းတွင် AI နှင့် loT ဗဟုသုတများကို ဇန်နဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ လေ့လာဆည်းပူးခဲ့ကြသည်။ ယင်း AI စမ်းသပ်ခန်းက 5G စမ်းသပ်ကိရိယာများ၊ များပြားထိရောက်သည့် AI ပံ့ပိုးမှုများနှင့် နည်းပညာဆိုင်ရာအထောက်အကူများကို ပေးသည်။ ယင်းတို့တွင်   Huawei ၏ ပြည့်စုံသည့် AI ဖွံ့ဖြိုးရေး ပလက်ဖောင်းဖြစ်သည့် ModelArts မှသည် အဆန်းသစ်ဆုံးသော IoT developer board များနှင့် အသုံးပစ္စည်းများအထိ ပါဝင်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့် လေ့ကျင့်ရေးစခန်းမှ ယင်းတို့ ကိုယ်ပိုင် လက်တွေ့ application များတွင် အသုံးချခြင်းမပြုမီတွင် သင်ကြားရေးနှင့် အလုပ်ရုံဆွေးနွေးပညာပေးမှုများတွင် ပါဝင်အတွေ့အကြုံရယူနိုင်မည် ဖြစ်သည်။

ModelArts ကို အသုံးပြု၍ ကျောင်းသူကျောင်းသားများအနေဖြင့် ExeML ၊ Model Deployment နှင့် Rapid and Simplified Model Training စသည်တို့ဖြင့် အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်ပြီး တချိန်တည်းမှာပင် AI၊ Internet of Things (IoT)၊ 5G နှင့် အခြားသင်ကြားပို့ချမှုများကိုလည်း သင်ယူနိုင်မည် ဖြစ်သည်။

“ဒီလေ့ကျင့်ရေး အစီအစဉ်က ကျွန်တော်တို့ရဲ့ ကျောင်းသားကျောင်းသူတွေအတွက် AIoT ဗဟုသုတတွေ ရရှိစေပြီး Huawei ရဲ့ နောက်ဆုံးပေါ် ထိပ်တန်းနည်းပညာတွေနဲ့ နီးစပ်စေပါတယ်”ဟု  NUS ကွန်ပျူတာ သိပ္ပံကျောင်းမှ ပါမောက္ခ Tan Wee Kek က ဆိုသည်။ “Artificial Intelligence (AI) နဲ့ Internet of Things (IoT) တို့ဟာ အရေးအကြီးဆုံး ခေတ်သစ်သိပ္ပံပညာတွေထဲက နှစ်ခုပါ။  Artificial Intelligence of Things ဆိုတဲ့ သဘောတရားက AI နဲ့ IoT တို့ကို ပေါင်းစည်းလိုက်ပြီးတော့ အနာဂတ်အတွက် စမတ်ဖြစ်တဲ့ ဖြေရှင်းနည်းတွေကို ဖန်တီးပေးသွားမယ့် သဘောပါ “ဟု ယင်းက ဆိုသည်။


“တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လေ့ကျင့်မှုအစီအစဉ်တွေနဲ့ နှိုင်းယှဉ်ရင် စင်ကာပူ ကျောင်းသားတွေဟာ ပို ဦးဆောင်လုပ်ကိုင်ချင်ကြပြီး အတန်းထဲမှာလည်း ပိုမို ပူးပေါင်းဆောင်ရွက်ကြပါတယ်။ အဖွဲ့အစည်းစိတ်ဓာတ်ကောင်းတာကို တွေ့ရတယ်”ဟု Huawei IoT လက်မှတ်ရ နည်းပညာဗိသုကာရှင် Wei Biao က မှတ်ချက်ပေးသည်။

လေ့ကျင့်မှု အစီအစဉ် ပြီးပါက အသင်းခြောက်သင်းတို့သည် စီမံကိန်းတစ်ခုစီကို နှစ်လအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အနိုင်ရသည့် ထိပ်ဆုံးနှစ်သင်းက အရှေ့တောင် အာရှဒေသတစ်ခုလုံးကို ကိုယ်စားပြုကာ ၂၀၂၀ခုနှစ် မေလတွင်း ရှန်းကျန့်တွင် ကျင်းပသွားမည့် Huawei ၏ ICT ပြိုင်ပွဲ ကမ္ဘာ့အဆင့် ဗိုလ်လုပွဲတွင် ကမ္ဘာအနှံ့မှ အသင်း ၂၀ တို့နှင့် အတူ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယခင်နှစ်က NUS အသင်းကို wild card ဖြင့် အထူးဖိတ်ခေါ်ပြီး ပါဝင်ယှဉ်ပြိုင်စေခဲ့ရာ Huawei ၏ ICT ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည်။

ယခု ရှေ့ပြေးစီမံကိန်းက နည်းပညာ ပလက်ဖောင်းအားကောင်းသည့် ကျောင်းသူကျောင်းသားများကို AI နှင့် IoT ဗဟုသုတများ မြှင့်တင်ပေးသည်။ Application ဆိုင်ရာ အရည်အချင်းများကို မြှင့်တင်ပေးပြီး တီထွင်ဆန်းသစ်မှုအတွက် စိတ်အားထက်သန်မှုကို မြှင့်တင်ပေးသည်။ Huawei AIoT ဆန်းသစ်နည်းပညာ လေ့ကျင့်ရေးအစီအစဉ်သည် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကမ္ဘာအနှံ့မှ အရည်အချင်းရှိသူများအတွက် ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်ပေးနေသည့် Huawei ၏ အားထုတ်မှုများအနက်မှ တစ်ရပ်ပင် ဖြစ်ပါသည်။