Huawei က AI-Native Database ကို မိတ်ဆက်
[ပေကျင်း၊ ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်] - အလုံးစုံပါဝင်ပြီး အခြေအနေတိုင်းအတွက်အသုံးပြုနိုင်သည့် AI solution နှင့် AI ဆိုင်ရာ မဟာဗျူဟာကို ၂၀၁၈ ခုနှစ်၌ ကြေညာခဲ့ပြီးနောက် Huawei က AI-Native database GaussDB နှင့် စွမ်းဆောင်ရည်အမြင့်မားဆုံးသော အချက်အလက်သိုလှောင်မှုကို ပေးစွမ်းနိုင်မည့် FusionStorage 8.0 တို့ကို ပေကျင်းတွင် ယနေ့မိတ်ဆက်ပေးခဲ့သည်။ ထိုသို့မိတ်ဆက်ပေးရခြင်း၏ ရည်ရွယ် ချက်မှာ အချက်အလက် နှင့် အသိဥာဏ်တို့ပေါင်းစပ်ထားသည့် မဟာဗျူဟာကိုအသုံးပြုကာ အချက်အလက် ဆိုင်ရာ အခြေခံအဆောက်အအုံကို ပြန်လည်ဆန်းသစ်ရန် ဖြစ်သည်။
“လူသားတွေရဲ့ဖြစ်တည်မှုက အသိဥာဏ်နဲ့ပြည့်စုံတဲ့ကမ္ဘာခေတ်ကို ဝင်ရောက်လာနေပါပြီ။” ဟု Huawei Executive Director of the Board နှင့် ICT Strategy & Marketing ရဲ့ ဥက္ကဌဖြစ်သူ David Wang က ဆိုသည်။ “အချက်အလက်တွေက ထုတ်လုပ်ခြင်းအတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်လာပြီးတော့ အသိဥာဏ်က ထုတ်ကုန်အသစ်တစ်ခုဖြစ်လာပါတယ်။ အမျိုးအစားစုံလင်ပြီး အသိဥာဏ်ပါဝင်တဲ့ စုပေါင်း database တွေက ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့ အဓိက အချက်အလက်ဆိုင်ရာ အခြေခံအဆောက် အအုံတွေဖြစ်လာပါလိမ့်မယ်။” ဟု David Wang က ပြောကြားသည်။
အပြည့်အဝချိတ်ဆက်ပြီး အသိဥာဏ်မြင့်သောကမ္ဘာကြီးတည်ဆောက်ရန် ကတိကဝတ်ပြုထားသည့် Huawei သည် ICT အခြေခံအဆောက်အအုံနှင့် စမတ်စက်ပစ္စည်း အဓိကထောက်ပံ့သူတစ်ဦးဖြစ်သည်။ ကမ္ဘာ့ဦးဆောင် ICT ထုတ်ကုန်နှင့် solutions ထောက်ပံ့သူ Huawei က AI computing power၊ algorithms နှင့် labeled data
တို့တွင် ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ “AI-Native database GaussDB က HUAWEI CLOUD ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီးတော့ x86၊ ARM၊ GPU နဲ့ NPU computing တွေပါဝင်တဲ့ computing မျိုးစုံကို ဆောင်ရွက်နိုင်မယ့် စွမ်းရည်ကို အပြည့်အဝ ထုတ်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ AI မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ နဲ့ ပြီးပြည့်စုံ တဲ့ computing ဂေဟစနစ်တစ်ခုကို ဖန်တီးနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာပါ။ အသိဥာဏ်ရှိတဲ့ကမ္ဘာကြီးဆီ ဆက်လက်လျှောက်လမ်းသွားကြဖို့ ကျွန်တော်တို့ရဲ့မိတ်ဖက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ။” ဟု Wang က ဆိုသည်။
သုံးစွဲသူများ၊မိတ်ဖက်များနှင့် အတူဆန်းသစ်တီထွင်မှုများပြုလုပ်ပြီး အသိဥာဏ်ရှိသောလုပ်ငန်းနယ်ပယ်အဖြစ်သို့ အဆင့်မြှင့်တင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိပြီး အတူအောင်မြင်မှုများရရှိနိုင်မည့် စည်းမျဉ်းစည်းကမ်းများကို လိုက် နာပြီး အချက်အလက်ဆိုင်ရာလုပ်ငန်းဂေဟစနစ်တစ်ခု ဖန်တီးတည်ဆောက်ရေးတို့အတွက် Huawei က ကတိ ကဝတ်ပြုထားကြောင်းကို Mr. Wang က မိတ်ဆက်ပွဲတွင် ထပ်မံအလေးပေးပြောကြားခဲ့သည်။
Huawei Executive Director of the Board တဖြစ်လဲ ICT Strategy & Marketing ရဲ့ ဥက္ကဌဖြစ်သူ David Wang က AI-Native database ကို မိတ်ဆက်နေစဉ်
GaussDB၊ ကမ္ဘာ့ပထမဆုံး AI-Native database
GaussDB က အဓိက ကွဲပြားမှု ၂ ခုကို ဆောင်ယူလာသည်။
ပထမဆုံးအချက်အနေဖြင့် GaussDB က AI စွမ်းဆောင်ရည်များကို distributed database များ၏ လုပ်ငန်း လည်ပတ်ပုံစက်ဝန်းအပြည့်ထဲသို့ ပထမဆုံးပေါင်းထည့်ကာ လုပ်ငန်းဆောင်ရွက်ထိန်းသိမ်းစေခြင်း၊ ချိန်ညှိခြင်း၊ အမှားရှာဖွေခြင်း နှင့် ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များကို အလိုအလျောက်လုပ်ဆောင်စေသည်။ online analytical processing (OLAP)၊ online transaction processing (OLTP) နှင့် hybrid transaction/analytical processing (HTAP) အခြေအနေများတွင် GaussDB က ချိန်ညှိခြင်းလုပ်ဆောင်ချက်ကို ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ရန် နယ်ပယ်တွင်း ပထမဆုံးသော အလိုအလျောက် ချိန်ညှိနိုင်သည့် algorithm တစ်ခုကို optimality theory အသုံးပြုကာ ဖန်တီးခဲ့သည်။
ဒုတိယအချက်အနေဖြင့် တွက်ချက်မှုမျိုးစုံအတွက်အသုံးပြုနိုင်သော ဆန်းသစ်သည့် framework ကြောင့် GaussDB သည် x86၊ ARM၊ GPU နှင့် NPU computing တို့အပါအဝင် အမျိုးအစားစုံလင်စွာ တွက်ချက်နိုင်မှုကို ပိုမိုအားကောင်းလာစေသည်။ TPC-DS benchmark test တွင် GaussDB သည် နယ်ပယ်တွင်းပျမ်းမျှရလဒ်ထက် ၅၀ ရာခိုင်နှုန်း မြင့်မားသည့် လုပ်ဆောင်ချက်ဖြင့် ပထမအဆင့်အဖြစ် သတ်မှတ်ခံရသည်။
GaussDB က ဒေသတွင်းတည်ဆောက်မှု၊ ပုဂ္ဂလိက သို့မဟုတ် အများပိုင် cloud များတွင် တည်ဆောက်မှုများ အပါအဝင် အမျိုးစုံသောတည်ဆောက်မှုအခြေအနေများကို ထောက်ပံ့ပေးသည်။ HUAWEI CLOUD တွင် GaussDB က ဘဏ္ဍာရေး၊ အင်တာနက်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပညာရေး နှင့် အလိုအလျောက် လုပ်ငန်းဆောင် ရွက်နိုင်သည့်လုပ်ငန်းနယ်ပယ်များရှိ သုံးစွဲသူများအတွက် စွမ်းဆောင်ရည်မြင့်အချက်အလက်သိုလှောင်ခြင်း ဝန်ဆောင်မှုကို အပြည့်အဝထောက်ပံ့ပေးထားသည်။
FusionStorage 8.0၊ ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်မားဆုံးသော အချက်အလက်သိုလှောင်မှု
အသိဥာဏ်မြင့်သည့် ကမ္ဘာကြီးတွင် အချက်အလက်သိုလှောင်စနစ်များ၏ လုပ်ဆောင်ချက်၊ ပမာဏ နှင့် စီမံနိုင်စွမ်း များအတွက် စံချိန်စံညွှန်းများသည်လည်း ပိုမိုမြင့်မားလာသည်။ အဆိုပါကိစ္စရပ်များအတွက် FusionStorage 8.0 က အောက်ပါဆန်းသစ်သည့်လုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည်။
ပထမဆုံးအနေဖြင့် FusionStorage 8.0 က လုပ်ငန်းနယ်ပယ်၏ အမြင့်မားဆုံးသော အချက်အလက်သိုလှောင်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်။ SPC-1 test တွင် FusionStorage 8.0 ၏ node တစ်ခုရှိ စာရေးစာဖတ် စွမ်းရည်သည် တစ်စက္ကန့်လျင် ၁၆၈,၀၀၀ IOPS အထိ ရောက်ရှိနိုင်ပြီး အရေးပါသည့်လုပ်ငန်းစုသုံးအက်ပလီ ကေးရှင်းများအတွက် အချက်အလက်သိုလှောင်မှုပမာဏကို ပထမဆုံးအနေဖြင့် စွမ်းရည်မြှင့်တင်ပေးသည်။
ဒုတိယအနေဖြင့် FusionStorage 8.0 သည် ဘလော့ဂ်၊ ဖိုင်၊ object နှင့် Hadoop Distributed File System (HDFS) protocols များကို အချိန်နှင့်တပြေးညီ ထောက်ပံ့ပေးကာ အချက်အလက်သိုလှောင်မှုစနစ်တစ်ခုတည်း မှ ဒေတာစင်တာတစ်ခုလုံးကို စီမံခန့်ခွဲနိုင်ရန် ဆောင်ရွက်ပေးသည်။
တတိယအချက်အနေဖြင့် FusionStorage 8.0 က AI နှင့် ရင်းမြစ်စီမံခြင်းနှင့်ဝန်ဆောင်မှုထိန်းသိမ်းထားခြင်း မှ စနစ်များပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခြင်း၊ ဖြစ်လာနိုင်သည့်အန္တရာယ်များကို ခန့်မှန်းခြင်း နှင့် အမှားနေရာ ရှာဖွေခြင်းတို့အထိ ပါဝင်သည့် သိုလှောင်ခြင်းခန့်ခွဲမှုစနစ်စက်ဝန်းတစ်ခုလုံးကို ပေါင်းစည်းပေးသည်။
ပွင့်လင်းမြင်သာမှုရှိပြီး အတူအောင်မြင်နိုင်မည့် လုပ်ငန်းဂေဟစနစ်တစ်ခု
Huawei က တွက်ချက်ခြင်း၊ အချက်အလက်သိုလှောင်ခြင်း နှင့် data processing တို့မှ အချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံကို ပြန်လည်ဆန်းသစ်ပေးသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးအစားစုံလင်စွာ တွက်ချက်နိုင်မှုကို ရရှိစေပြီး တွက်ချက်မှုစွမ်းရည်ကို ပိုမိုအသုံးပြုရလွယ်ကူစေကာ ငွေကြေးကုန်ကျမှုကိုလည်း သက်သာစေသည်။ Huawei က သိုလှောင်မှုဆိုင်ရာအခြေခံအဆောက်အအုံကို ပြန်လည်ဆန်းသစ်ခြင်းဖြင့် သိုလှောင်မှုစွမ်း ရည်ပိုမိုမြင့်မားလာစေကာ အသိဥာဏ်ရှိသောသိုလှောင်မှုစနစ်ကို ဦးတည်စေသည်။ ပြန်လည် ဆန်းသစ်ထားသည့်data processingပလက်ဖောင်းသည် အချက်အလက်များစီစစ်မှုကို အသိဥာဏ်ပိုမိုပါဝင် ဆောင်ရွက်နိုင်စေပြီး အချက်အလက်တန်ဖိုးကို ပိုမိုမြန်ဆန်စွာ ဖော်ပြပေးနိုင်သည်။
လက်ရှိအချိန်အထိ Huawei ၏ GaussDB နှင့် FusionInsight big data solutions များကို နိုင်ငံနှင့်ဒေသပေါင်း ၆၀ ကျော်မှ သုံးစွဲသူ ၁,၅၀၀ ကျော်က သုံးစွဲလျက်ရှိသည်။ အဆိုပါsolution ၂ ခုကို စီးပွားရေးမိတ်ဖက်ပေါင်း ၅၀၀ ကျော်က အသုံးပြုနေပြီး ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုန်ထုတ်လုပ်ခြင်း နှင့် လမ်းပမ်းဆက်သွယ်ရေးတို့ ကဲ့သို နယ်ပယ်များတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသည်။ HUAWEI CLOUD က နယ်ပယ်တွင်းသုံးစွဲသူများအတွက် cloud ပေါ်တွင် အချက်အလက်သိုလှောင်ခြင်းဝန် ဆောင်မှုများအပါအဝင် database ဝန်ဆောင်မှု ၁၃ ခုကို မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။ IDC မှ ထုတ်ပြန်သည့် software-defined storage market share report အရ Huawei ၏ FusionStorage သည် ၂၀၁၈ ခုနှစ်တွင် ဈေးကွက်ဦးဆောင် ဖြစ်ခဲ့သည်။ကတေတ
ပွင့်လင်းမြင်သာပြီး အောင်မြင်မှုအတူရယူကြမည်ဆိုသည့် စည်းမျဉ်းစည်းကမ်းကို လိုက်နာကာ Huawei က နယ်ပယ်တွင်းသုံးအက်ပလီကေးရှင်းများ၊ ပလက်ဖောင်းများ၊ လုပ်ငန်းဆောင်ရွက်နိုင်မည့်ကိရိယာများ နှင့် စံပြ အဖွဲ့အစည်းနှင့်အသိုက်အဝန်းများပါဝင်သည့် databaseနှင့် လုပ်ငန်းသုံးအချက်အလက်သိုလှောင်မှုဂေဟစနစ် တစ်ခုကို သုံးစွဲသူများ၊ မိတ်ဖက်များနှင့် ပူးပေါင်းဖန်တီးရန် တက်တက်ကြွကြွ ဆောင်ရွက်နေသည်။
လက်ရှိအချိန်အထိ Huawei က iSSTech၊ DCITS၊ DHC Software၊ E-Hualu၊ Yonyou နှင့် AsiaInfo တို့ အပါ အဝင် သီးခြားရပ်တည်နေသည့် software ရောင်းချသူများနှင့် ရေရှည်ဆက်ဆံရေးကို တည်ဆောက်ထားပြီး ဖြစ် သည်။ Fanruan Software၊ ARM၊ Veritas နှင့် China Standard Software တို့ကဲ့သို့သော မိတ်ဖက်များနှင့် ပူးပေါင်း၍လည်း ပလက်ဖောင်းများ၊ လုပ်ငန်းဆောင်ရွက်နိုင်သည့်ကိရိယာများတွင် ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် Huawei က OpenSDS၊ China Artificial Intelligence Industry Alliance၊ Open Compute Project၊ OpenStack နှင့် Cloud Native Computing Foundation တို့ အပါအဝင် စံပြအဖွဲ့အစည်းနှင့်အသိုက်အဝန်းများကိုလည်း တက်ကြွစွာ အထောက်အပံ့ပြုနေသည့် ကုမ္ပဏီတစ်ခုလည်း ဖြစ် သည်။
ကမ္ဘာလုံးဆိုင်ရာအချက်အလက်ပမာဏသည် ၂၀၁၈ ခုနှစ်တွင် 32.5 ZB ရှိရာမှ ၂၀၂၅ ခုနှစ်တွင် 180 ZB အထိ တိုးမြင့်လာမည်ဟု Huawei Global Industry Vision (GIV) က ခန့်မှန်းထားသည်။ အသိဥာဏ်ရှိသည့်အနာဂတ် ကမ္ဘာဖြစ်လာစေရန် ရည်ရွယ်ကာ Huawei က ရင်းနှီးမြှုပ်နှံမှုများ၊ ဆန်းသစ်တီထွင်မှုများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး မိတ်ဖက်များနှင့် ပူးပေါင်းကာ အချက်အလက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလည်း ဆန်းသစ်မှုများ ထပ်မံပြုလုပ်ပေးသွားမည်ဖြစ်သည်။ အတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမျိုးအစားစုံလင်စွာ တွက်ချက်ပေးနိုင်မှုအတွက် ပြီးပြည့်စုံသောဂေဟစနစ်တစ်ခုတည်ဆောက်ကာ အသိဥာဏ်ရှိသည့် လုပ်ငန်း နယ်ပယ်တစ်ခုတည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု အားလုံးက မျှော်မှန်းထားသည်။