ဝန်ဆောင်မှု တီထွင်ဆန်းသစ်ခြင်း - 5G နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်မြှင့်တင်ခြင်း
5G နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သတ်၍ Huawei ၏ လက်ရှိလုပ်ဆောင်ချက်များ ကို Huawei ၏ ဒုတိယဥက္ကဌ Ken Hu က MWC Shanghai 2019 ညီလာခံတွင် ပြောကြားခဲ့ပြီး ဝန်ဆောင်မှု တီထွင်ဆန်းသစ်မှုနှင့် လုပ်ငန်းနယ်ပယ်ချင်း ပူးပေါင်းဆောင် ရွက်မှုများသည် 5G နည်းပညာ တိုးတက်လာစေမည့် နောက်အဆင့်တစ်ခုဖြစ်ကြောင်း သာဓကများဖြင့် မျှဝေခဲ့သည်။
အောက်ပါတို့မှာ မိန်းခွန်းမှ ကောက်နုတ်ချက်များဖြစ်သည်။
Huawei က ကမ္ဘာတစ်ဝန်းတွင် 5G နည်းပညာကွန်ရက်တည်ဆောက်ရန် စီးပွားဖြစ် 5G စာချုပ်ပေါင်း ၅၀ ချုပ်ဆိုခဲ့ပြီးဖြစ်ကာ 5G အခြေစိုက်စခန်းပေါင်း ၁၅၀၀၀၀ တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့နဲ့ လုပ်ငန်းတူကုမ္ပဏီတွေထက် အများကြီးရှေ့ရောက်နေ တာဖြစ်ပါတယ်။ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှပစိဖိတ် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဆက်သွယ်ရေးအော်ပရေတာတွေဟာ 5G ကွန်ရက်ဖြန့်ကျက်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်း နေကြပါတယ်။
Huawei ၏ ဒုတိယ ဥက္ကဌ Ken Hu
တီထွင်ဆန်းသစ်မှုဆိုတာ မာရသွန်ပြိုင်ပွဲပါပဲ။
5G ကွန်ရက်အတွက် ဆက်သွယ်ရေး အော်ပရေတာတွေက ဘာကြောင့် Huawei ကို ရွေးချယ်ချင်ကြတာလဲ?
- အဓိကအကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့ရဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုကြောင့် ပါ။ တီထွင်ဆန်းသစ်မှုဆိုတာ မာရသွန်ပြိုင်ပွဲပဲလို့ မကြာခဏ ကျွန်တော်တို့ြေ လေ့ရှိပါတယ်။ မြန်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အချိန်အကြာကြီးပြေးရမှာပါ။ Huawei တီထွင်ဆန်းသစ်မှုတွေအတွက် Huawei ရဲ့ ရင်းနှီးမြှပ်နှံမှုမှာ ထူးခြားချက် သုံးချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ စောစီးစွာ ကျွန်တော်တို့ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ 5G သုတေသနကို ၂၀၀၉ ခုနှစ်လောက်ကတည်းက အစောဆုံးစတင်ခဲ့တာ ဖြစ်ပါ တယ်။ အဲဒီအချိန်က 4G ကွန်ရက်ကို စီးပွားဖြစ်ဖြန့်ကျက်နိုင်ဖို့ စတင်ဆောင်ရွက် နေဆဲဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ 5G သုတေသနအတွက် အမြောက် အများရင်းနှီးမြှုပ်နှံခဲ့တာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း 5G နည်းပညာ အတွက် အမေရိကန်ဒေါ်လာ ၄ ဘီလျံရင်းနှီးမြှပ်နှံခဲ့ပါတယ်။ တတိယအနေနဲ့ ဒီသု တေသနလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို နက်နက်နဲနဲလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ တခြားပြိုင်ဘက်တွေနဲ့ မတူတဲ့အချက်တွေပါပဲ။
စိတ်ကူးဉာဏ်ကွန့်မြူးနိုင်မဲ့ ရုပ်သံထုတ်လွှင့်ရေးအတွက် 5G နည်းပညာ
- 5G က ကမ္ဘာကြီးကို ပြောင်းလဲပါလိမ့်မယ်။ ထိပ်ဆုံးမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်း ကြီးတွေမှာ အမြင့်မားဆုံးသော တန်ဖိုးတွေကို ကျွန်တော်တို့တွေ့မြင်ရပါလိမ့်မယ်။ မီဒီယာလုပ်ငန်းမှာဆိုရင် တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုက ဝင်ငွေရရှိစေမယ့် အဓိက ရင်းမြှစ်တစ်ခုပါ။ အခုဆိုရင် တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုတွေကို microwave ဒါမှမဟုတ် ဂြိုလ်တုတွေပေါ်မှာ အဓိကပြုလုပ်ကြပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ရုပ်သံထုတ်လွှင့်ရေးကားကြီးတွေ အများကြီးရပ်ထားရတာကို တွေ့ဖူးကြမှာပါ။ ဒီရုပ်သံထုတ်လွှင့်ရေးကားကြီးက အရမ်းဈေးကြီးပါတယ်။ တစ်စီးကို တရုတ်ယွမ်ငွေ သန်း ၅၀ ကနေ ၈၀ ကြားပေးရသလို အသုံးပြုနိုင်ဖို့ ရက်အတော်ကြာကြိုတင်ပြင် ဆင်ရပါတယ်။ 5G နည်းပညာကတော့ အဲဒါတွေကို ပြောင်းလဲပစ်မှာပါ။ အထဲမှာ 5G CPE ပါရှိတဲ့ 5G ကျောပိုးအိတ်ရှိပါတယ်။ ၎င်းဟာ ပေါ့ပါးပြီး သေးငယ်ပါတယ်။ ကားခေါင်းမိုးပေါ်မှာဖြစ်ဖြစ်၊ စားပွဲပေါ်မှာဖြစ်ဖြစ် လိုတဲ့နေရာမှာ ထားလို့ရတယ်။ အဲဒီ CPE ရဲ့ ဈေးနှုန်းက တရုတ်ယွမ် ၂၀၀၀၀ ထက်နည်းမှာဖြစ်ပြီး တိုက်ရိုက်ရုပ်သံ ထုတ်လွှင့်မှုအခြေအနေတစ်ခုလုံးကို ပြောင်းလဲနေပါပြီ။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို မောင်းနှင်နေသည့် 5G နည်းပညာ
- လုပ်ငန်းနယ်ပယ်အားလုံးရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ 5G နည်းပညာ အခရာကျပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံက အလိုအလျှောက်စနစ်၊ ဒစ်ဂျစ်တယ်နဲ့ ဥာဏ်ရည်တုနည်းပညာ (AI) တွေနဲ့ လုပ်ငန်းနယ်ပယ်တွေ ဖံွံ့ဖြိုးတိုးတက်ဖို့ ဆင့်ကဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ 5G နည်းပညာကလည်း အချိန်ကိုက် ရောက်လာပြီဖြစ်ပါတယ်။ 5G က သာမန်ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာထက် ပိုမို ကောင်းမွန်တဲ့ bandwidth ကိုပံ့ပိုးပေးကာ ကြန့်ကြာမှုနည်းပါးပြီး၊ အက်ပလီ ကေးရှင်းအမျိုးမျိုးအတွက် လိုအပ်တဲ့ ကွန်ရက် slices တွေကိုလည်း ပံ့ပိုးပေးပါ တယ်။ ဒီကြောင့် 5G နည်းပညာဟာ များပြားလှတဲ့ လုပ်ငန်းလိုအပ်ချက်တွေနဲ့ ကိုက်ညီကာ အပြည့်အဝ အလိုအလျှောက် လုပ်ဆောင်နိုင်တဲ့ အသိဉာဏ်မြင့် အနာဂတ်အတွက် အခြေခံအုတ်မြစ်ကိုလည်း ချမှတ်ပေးနိုင်မှာဖြစ်ပါတယ်။
5G ဂေဟစနစ်ကို တည်ဆောက်ခြင်း
- 5G အောင်မြင်မှုက ကဏ္ဍတစ်ခုချင်းစီရဲ့ လိုအပ်ချက်အလိုက် ထူးခြားတဲ့ချိတ်ဆက် နိုင်မှုကို ပံ့ပိုးပေးနိုင်တာပါ။ နည်းပညာပိုင်း ပံ့ပိုးသူအနေနဲ့ ကျွန်တော်တို့ဟာ မတူညီ တဲ့လုပ်ငန်းနယ်ပယ်တွေရဲ့ လိုအပ်ချက်နဲ့ လုပ်ငန်းအနေအထားကို ပိုမိုကောင်းမွန် စွာနားလည်နိုင်ဖို့ နယ်နိမိတ်တွေကျော်လွန်ပြီးလုပ်ကိုင်နိုင်ဖို့လိုပါတယ်။ ဒီအတွက် 5G အက်ပလီကေးရှင်းတွေကို လုပ်ဆောင်နိုင်ဖို့ ဆက်သွယ်ရေးအော်ပရေတာတွေ လုပ်ငန်းမိတ်ဖက်တွေ အတူတကွ ဆောင်ရွက်နိုင်ဖို့ Wireless X Labs ကို ၂၀၁၆ ခုနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းကပဲ ဒေသတွင်းပူးပေါင်းဆောင်ရွ က်မှု တွေကို အထောက်အကူပေးနိုင်ဖို့ ကမ္ဘာပထမဦးဆုံး 5G Open Lab ကို ကိုရီးယား နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။ 5G ရောက်လာပါပြီ။ ပိုမိုကြီးမားတဲ့ပူးပေါင်းဆောင်ရွက် မှုတွေဖြစ်ပေါ်လာဖို့ လုပ်ငန်းမိတ်ဖက်တွေနဲ့အတူ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမှာပါ။ အတူတကွဆောင်ရွက်မယ်ဆိုရင် လုပ်ငန်းနယ်ပယ်အားလုံး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ 5G နည်းပညာစွမ်းအားကို ကျွန်တော်တို့ ကျွန်တော်တို့ အသုံးပြုနိုင်ပါတယ်။