ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei ဥက္ကဌ Liang Hua ၏ ပြောကြားချက်: Huawei ၏ 5G အခြေစိုက်စခန်းများက နယ်ပယ်တွင်း ပျမ်းမျှ စွမ်းအင်သုံးစွဲမှုပမာဏအောက် ၂၀% အထိ လျှော့ချသုံးစွဲ

2019.07.12

[ရှန်းကျန်း၊ တရုတ်၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်] – Huawei က ၂၀၁၈ ခုနှစ်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အစီရင်ခံစာကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။ Huawei ၏ ဥက္ကဌ ဖြစ်သူ Liang Hua က အဆိုပါပွဲတွင် အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

Liang က “စွမ်းအင်ကို ထိရောက်စွာအသုံးပြုနိုင်ခြင်းက အနာဂတ်ဆက်သွယ်ရေးကွန်ရက်တွေအတွက် အဓိက စဉ်းစားစရာတစ်ခု  ဖြစ်လာပါတယ်။ အချက်အလက်အများကြီးကို စွမ်းအင်နည်းနည်းပဲသုံးပြီး လွှဲပြောင်းနိုင်ဖို့  ဆောင်ရွက်ပြီး ဓါတ်အားပေးစနစ်တွေရဲ့စွမ်းအင်သုံးစွဲမှုကို လျှော့ချဖို့ ကြိုးစားကြရမှာဖြစ်တယ်။ ဒီနေရာမှာ အိုင်စီတီ နည်းပညာက အကူအညီပေးနိုင်ပါတယ်။” ဟု ပြောကြားသည်။

5G ကွန်ရက်များသည် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာမည်ဖြစ်ပြီး ဒေတာများကို ပိုမိုမြန်ဆန်သည့် အလျင်ဖြင့် ထုတ်လွှင့်မည်ဖြစ်သောကြောင့် 5G ကွန်ရက်များ၏ စွမ်းအင်အသုံးပြုမှုအတွက် အနည်းငယ်စိုးရိမ်ဖွယ်ရှိသည်။ တည်ဆောက်ထားပြီးသည့် ချိတ်ဆက်မှုကွန်ရက်အရေအတွက်ကိုကြည့်ခြင်းဖြင့် 5G ကွန်ရက်များသည် 4G ကွန်ရက်များထက် စွမ်းအင်၂ဆအသုံးပြုမည်ဟု လူအများက ခန့်မှန်းနိုင်ဖွယ်ရှိသည်။

ထိုသို့ထင်မြင်ချက်များသည် မမှန်ကန်ကြောင်း Liang က ဆိုသည်။ 5G ကွန်ရက်များကို တည်ဆောက်ထားပြီး  ဖြစ်ကာ အဆိုပါကွန်ရက်များသည် 4G ကွန်ရက်လွှမ်းခြုံထားသည့်နေရာများနှင့် ညီမျှသည့်ဧရိယာကို ဖြန့်ကျက် သည့်အခါ စွမ်းအင်သုံးစွဲမှုပမာဏသည်လည်း တူညီမည်ဟု ခန့်မှန်းထားသည်။ သို့သော် 5G ကွန်ရက်များက စွမ်းဆောင်ရည်ပိုမိုမြင့်မားသဖြင့် 5G one bit သည် 4G one bit က သုံးစွဲသည့်စွမ်းအင်ပမာဏ၏ ဆယ်ပုံတစ်ပုံ ကိုသာ သုံးစွဲမည်ဖြစ်သည်။

Huawei 5G Product Line ၏ ဥက္ကဌ ဖြစ်သူ Yang Chaobin က “Huawei က ဆန်းသစ်တဲ့နည်းပညာတွေ အသုံးပြုပြီး 5G one bit က သုံးစွဲမယ့်စွမ်းအင်ပမာဏကို သိသိသာသာလျှော့ချပေးထားပါတယ်။ ပထမဆုံး ကျွန်တော်တို့ chips တွေပေါ့။ Huawei က စွမ်းဆောင်ရည်မြင့်လုပ်ငန်းအစီအစဉ်တွေကို သုံးထားတဲ့အတွက် board တွေက ပိုပြီးစုစုစည်းစည်းရှိလာတယ်။ board တစ်ခုပေါ်မှာပါဝင်တဲ့ အစိတ်အပိုင်းအရေအတွက်တွေ လည်း ပိုနည်းလာတယ်။ ပြီးတော့ စွမ်းအင်သုံးတဲ့အစိတ်အပိုင်းတွေကိုလည်း လျှော့ချထားနိုင်တယ်။ ဒုတိယ အချက်ကတော့ ကျွန်တော်တို့မှာ ထိရောက်တဲ့လုပ်ငန်းအစီအစဉ်တွေရှိတယ်။ ဥပမာပြောရရင် စွမ်းအင်စုစည်း နိုင်မှုကို မြင့်မားလာစေဖို့အတွက် ကျွန်တော်တို့က ဆန်းသစ်တဲ့ပစ္စည်းတွေနဲ့လုပ်ငန်းအစီအစဉ်တွေကို သုံးထား တယ်။ ဒါတင်မကသေးပါဘူး။ အပူစွမ်းအင်ပိုမိုရရှိစေဖို့အတွက် biomimetic heat dissipation နည်းပညာကို သုံးထားပါတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ 5G ကွန်ရက်သုံးပစ္စည်းတွေကို ပိုမိုသေးငယ်ပေါ့ပါးစေပါတယ်။” ဟု ဆိုသည်။

“ကျွန်တော်တို့ရဲ့ 5G စခန်းဒီဇိုင်းတွေမှာလည်း full-outdoor modular design နဲ့ ပြုလုပ်ထားလို့ အခြေစိုက်စခန်း  တွေအတွက် လေအေးပေးစနစ်မလိုအပ်တဲ့Super Blade Site တွေလိုမျိုး Huawei ရဲ့ 5G simplified solution တွေကို သုံးထားတဲ့အတွက် စွမ်းအင်သုံးစွဲမှုပမာဏကို အများကြီး လျှော့ချပေးပါတယ်။”

“ကွန်ရက်တစ်ခုလုံးရဲ့ အခြေအနေတွေကို စောင့်ကြည့်ပြီး ကွန်ရက်ရဲ့ စွမ်းဆောင်ရည်ကို မထိခိုက်စေအောင် သတိထားပြီး စွမ်းအင်ဖြတ်တောက်မှုတွေ ဆောင်ရွက်ပေးဖို့အတွက် AI နည်းပညာကိုလည်း ကျွန်တော်တို့ သုံး ထားပါတယ်။ ဒါကလည်း ကွန်ရက်တစ်ခုလုံးရဲ့ စွမ်းအင်ချွေတာမှုကို ပိုပြီးတိုးတက်ကောင်းမွန်စေပါတယ်။” ဟု Yang က ထပ်ပေါင်းပြောကြားသည်။

ကျွန်တော်တို့ရဲ့ software နဲ့ Hardware တွေရဲ့ အားသာချက်တွေကို ပေါင်းစည်းပြီးတော့ 5G ကွန်ရက်တွေရဲ့ စွမ်းအင်သုံးစွဲမှုပမာဏကို နယ်ပယ်တွင်းမှာသတ်မှတ်ထားတဲ့ စွမ်းအင်သုံးစွဲမှုပမာဏအောက် ၂၀% အထိ  လျော့ကျအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ 5G ကွန်ရက်သုံးပစ္စည်းတွေက စွမ်းအင်ကို ပိုပြီး ထိထိရောက်ရောက်အသုံးချနိုင်ပါတယ်။ မှန်ကန်သင့်လျော်တဲ့ solution တွေနဲ့သာဆို Huawei ရဲ့ 5G က သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ သန့်ရှင်းတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။” ဟုလည်း Liang Hua က ပြောကြားခဲ့သည်။