ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei က ၄ ကြိမ်မြောက် e-Government ညီလာခံနှင့် ICT ပြပွဲတွင် Tech4all ခေါင်းစဉ်ဖြင့် ဒီဂျစ်တယ်ဆိုင်ရာ အလုံးစုံပါဝင်မှုကို မီးမောင်းထိုးပြ

ဒီဂျစ်တယ်ဆိုင်ရာ အလုံးစုံပါဝင်မှုဆိုသည်မှာ လူတိုင်း၊ အဖွဲ့အစည်းတိုင်းက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ညီတူမျှတူ ရရှိ အသုံးပြုနိုင်ခြင်းကိုဆိုလိုသည်
2020.02.19

[ နေပြည်တော်၊ မြန်မာ - ဖေဖော်ဝါရီလ ၁၈ရက်၊ ၂၀၂၀]  ဖေဖော်ဝါရီလ ၁၈ရက်မှ ၁၉ရက်အထိ နေပြည်တော်ရှိ မြန်မာအင်တာနေရှင်နယ် ကွန်ဗန်းရှင်းစင်တာ( ၂) တွင် ကျင်းပလျက် ရှိသော e-Government ညီလာခံနှင့် ICT ပြပွဲ ယနေ့အခမ်းအနားတွင် Huawei က ဒီဂျစ်တယ်ဆိုင်ရာ အလုံးစုံပါဝင်မှုကို မြှင့်တင်ရန် အားပေးကြောင်း၊ အပြည့်အဝချိတ်ဆက်ထားသည့် မြန်မာနိုင်ငံ တည်ဆောက်ရန်အတွက် နည်းပညာများ၊ applicationများနှင့် အရည်အချင်းများကို အသုံးပြု၍ လူများ၊ မိသားစုများနှင့် အဖွဲ့အစည်းများကို စွမ်းဆောင်ရည်မြှင့်တင်ရန် မျှော်လင့်ကြောင်းကို ထုတ်ဖော် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတော် နိုင်ငံတော်အတိုင်ပင်ခံမှ နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် e-Government ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့် အညီ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) မှ ကျင်းပသည့်  ယခုအခမ်းအနားတွင် e-Government ရှေ့ပြေးအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အဓိက ဆွေးနွေးခဲ့ကြပြီး ကမ္ဘာ့ထိပ်သီး ICT အခြေခံအဆောက်အအုံနှင့် ဖြေရှင်းမှုနည်းလမ်းများ ပေးဆောင်သည့် Huawei အပါအဝင် လုပ်ငန်းနယ်ပယ်မှ ထိပ်တန်းအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ဒီဂျစ်တယ်မြန်မာနိုင်ငံတော်သို့ လျှောက်လှမ်းရာတွင် မည်သူတစ်ဦးတစ်ယောက်မှ နောက်ကျန်ရစ် မနေစေရေးအတွက် လိုအပ်နေသူများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် ဒီဂျစ်တယ်ကွာဟမှုကို လျှော့ချရန် ဟူသည့် Tech4all  မျှော်မှန်းချက်ကို Huawei က ယခု ညီလာခံတွင် မျှဝေခဲ့သည်။  ထို့အပြင် အခမ်းအနား၏ ကနဦးရည်မှန်းချက်တစ်ခုဖြစ်သော e-Government ပိုင်းဆိုင်ရာ တွေ့ရှိချက်အသစ်များ၊ နောက်ဆုံးပေါ် နည်းပညာများကို ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် ထိရောက်သည့် နည်းပညာပလက်ဖောင်းတစ်ခု ပံ့ပိုးရန်ဟူသည့် Huawei ၏ အခြား ရည်မှန်းချက်တစ်ခုကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုအခမ်းအနားတွင် လေးနှစ်မြောက်ဆက်တိုက်အဖြစ် ပါဝင်သည့် Huawei ၏ ကျွမ်းကျင်ပညာရှင်များက ပိုမိုချိတ်ဆက်ထားသည့် မြန်မာနိုင်ငံဖြစ်လာစေမည့် Huawei၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဖြေရှင်းမှု နည်းလမ်းများ၊ cloud အခြေပြု ဖြေရှင်းမှုနည်းလမ်းများနှင့် 5G နည်းပညာများအကြောင်းကို ခန်းမစင်မြင့်ပေါ်နှင့် ပြခန်းတို့တွင် ဆွေးနွေးတင်ပြခဲ့သည်။ အဆင့်မြင့်မားလာသည့် မြန်မာနိုင်ငံ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးဆိုင်ရာ   လိုအပ်ချက်များကို ဆန်းသစ်သည့် နည်းပညာများဖြင့် ဖြည့်ဆည်းပေးလျက် ရှိသည့် Huawei ၏ အစဉ်အလာကောင်းများ၊ e-Government ဆိုင်ရာ ဦးဆောင်မှုဇယားတွင် နိုင်ငံ၏ ရပ်တည်နေမှုများကိုလည်း အသားပေးတင်ပြခဲ့သည်။
အခမ်းအနားအတွက် ပလက်တီနမ် စပွန်ဆာအဖြစ် ပံ့ပိုးကူညီထားသည့် Huawei သည် နိုင်ငံတော်အတိုင်ပင်ခံနှင့် အစိုးရဝန်ကြီးဌာနမှသက်ဆိုင်ရာဝန်ကြီးများ အပါအဝင် ထိပ်တန်းဧည့်သည်တော်များကို ထုတ်ကုန်နှင့် ဖြေရှင်းမှု နည်းလမ်းများ သရုပ်ပြရန်အတွက် ပြခန်းတစ်ခုကို ဖွင့်လှစ်ထားပါသည်။ ယင်းပြခန်းမှ ပြသလျက်ရှိသည်များတွင် Huawei ၏ အဘက်ဘက်မှ ပြည့်စုံသည့်  E-Library ဖြေရှင်းမှုနည်းလမ်း၊ နေရောင်ခြည်သုံး အငယ်စား လျှပ်စစ်ဓာတ်အားပေးကွန်ရက် (Solar Mini Grid) ဖြေရှင်းမှုနည်းလမ်း၊ ဘဏ် လုပ်ငန်းဆိုင်ရာ ဖြေရှင်းမှုနည်းလမ်း၊  စမတ်မြို့တော်ဆိုင်ရာ ဖြေရှင်းမှုနည်းလမ်းများ၊ နောက်ဆုံးပေါ် Huawei မိုဘိုင်းစက်ကိရိယာများ၊ စီးပွားရေးလုပ်ငန်းသုံး ထုတ်ကုန်များနှင့် cloud ဝန်ဆောင်မှုများ ပါဝင်သည်။ ပြသထားသည့် ဖြေရှင်းမှုနည်းလမ်းများမှာ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၇၀တွင် Huawei က ပံ့ပိုးပေးလျက်ရှိသည့် ဝန်ဆောင်မှုများအနက်မှ အချို့ဖြစ်သည်။

Huawei Myanmar Enterprise Business မှ Sales Director ဒေါ်အိမွန်မွန်ဦးက “Tech for all. Pass it on.” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြမှုတွင်  Tech4All ၏ ဒီဂျစ်တယ်ဆိုင်ရာ အလုံးစုံပါဝင်မှု သဘောတရားများ၊ ယင်းအပေါ် သက်ရောက်မှုရှိသည့် ကမ္ဘာအနှံ့ အလားအလာများနှင့် ယင်းလုပ်ငန်းစဉ်ကို ဖွံ့ဖြိုးတိုးတက်စေမည့် Huawei ကတိကဝတ်များကို အကျယ်တဝင့် ရှင်းလင်းမိတ်ဆက်ခဲ့သည်။ သူမက “ဒီဂျစ်တယ်ဆိုင်ရာအလုံးစုံ ပါဝင်မှုဟာ SDG လို့ ခေါ်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်တွေကို အောင်မြင်စေတာကို တွေ့ရှိရပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မညီမျှမှုတွေကို လျှော့ချနိုင်ဖို့နဲု့ ဒီဂျစ်တယ်ဆိုင်ရာအလုံးစုံပါဝင်မှုကို တိုးတက်စေနိုင်ဖို့ အဓိကကျတဲ့ အချက် (၃) ချက်ရှိပါတယ်။ အဲဒီအချက်တွေက နည်းပညာ၊  application တွေနဲ့  တတ်မြောက်ကျွမ်းကျင်မှုတွေပဲ ဖြစ်ပါတယ်။ နည်းပညာ၊ Applications များနဲ့ တတ်မြောက်ကျွမ်းကျင်မှုများ ပေါင်းစပ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ပညာရေးတန်းတူညီမျှမှု၊ ဟန်ချက်ညီမျှသည့် ဖွံ့ဖြိုးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ နယ်ပယ် (၄) ခုမှာ အချိုးညီညီ သုံးစွဲနိုင်မယ်ဆိုရင် နောင်လာမယ့် (၅) နှစ်အတွင်းမှာ လူသန်းပေါင်း (၅၀၀) တို့အတွက် SDG ပြည့်မီနိုင်မှာဖြစ်ပါတယ်။”ဟု ဆိုသည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် e-Government ညီလာခံနှင့် ICT ပြပွဲ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကား ပြောကြားဖွင့်လှစ်ပေးခဲ့ပြီး “ဒီဂျစ်တယ်အစိုးရတစ်ရပ်ဆီသို့” ခေါင်းစဉ်ဖြင့် ထိပ်သီးဆွေးနွေးပွဲ တစ်ခုအပြင် ပညာရှင်စကားဝိုင်းများနှင့် နည်းပညာစာတမ်းဖတ်ပွဲများ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုဆိုင်ရာ မိတ်ဆက် ပြသခြင်းများ ပါဝင်ခဲ့သည်။