မြို့တော်စီမံခန့်ခွဲရေးတာဝန်ရှိသူများက ခေတ်မီအနာဂတ်အကြောင်းကို 2019 Shenzhen Smart City Forum with International Friendship တွင် ဖော်ထုတ်ဆွေးနွေးခဲ့ကြ
[ရှန်းကျန်း၊ တရုတ်နိုင်ငံ၊ ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်] – “စမတ်စီးတီး (smart city) များအတွက် တောက်ပသောအနာဂတ်ကို ဖွင့်လှစ်ပေးခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် 2019 Shenzhen Smart City Forum with International Friendship Cities ဆွေးနွေးပွဲကို ပြီးခဲ့သည့် အင်္ဂါနေ့တွင် စတင်ကျင်းပခဲ့သည်။ ရှန်းကျန်းမှ တာဝန်ရှိသူများ၊ Huawei မှ အကြီးတန်းအရာရှိများ၊ smart city ကျွမ်းကျင်သူများ၊ စမတ်စီးတီးအတွေ့အကြုံရှိမြို့တော်များမှ စေလွှတ်လိုက်သည့် ကမ္ဘာအရပ်ရပ်မှ UN-Habitat ကျွမ်းကျင်ပညာရှင်များနှင့် နောက်ဆုံး ပေါ်နည်းပညာအယူအဆများနှင့် ဆောင်ရွက်ချက်များကိုမျှဝေကြမည့် အဆင့်မြင့်နည်းပညာလုပ်ငန်းစုများလည်း အဆိုပါပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ခေတ်မီဒစ်ဂျစ်တယ်မြို့တော် များတည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် အဆက်အသွယ်များ မြှင့်တင်ပေးရန်ဖြစ်သည်။
အနာဂတ်ကို အတူပုံဖော်ရန် နိုင်ငံတကာမှ မြို့တော်ဦးဆောင်သူများ ရှန်းကျန်းတွင် စုစည်းမိခဲ့ကြခြင်း
ရှန်းကျန်း၏ လက်ထောက်မြို့တော်ဝန်ဖြစ်သူ Ai Xuefeng၊ CPC ရှန်းကျန်းမြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှုးဖြစ်သူ Wang Weizhong၊ Chinese People's Association for Friendship with Foreign Countries ၏ ဒုတိယဥက္ကဌဖြစ်သူ Xie Yuan တို့က အဆိုပါဆွေးနွေးပွဲကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး Edinburgh ၏ Lord Provost ဖြစ်သူ Frank Ross က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ Huawei ၏ အလှည့်ကျ ဥက္ကဌ Guo Ping၊ ကမ္ဘာလုံးဆိုင်ရာစမတ်စီးတီးပြပွဲကွန်ဂရက် ၏ CEO ဖြစ်သူ Ugo Valenti နှင့် ဘရာဇီးနိုင်ငံ၊ Bahia ပြည်နယ်ဘုရင်ခံ Rui Costa dos Santos တို့ကလည်း ဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးခဲ့ကြသည်။
CPC ရှန်းကျန်းမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှုးဖြစ်သူ Wang Weizhong က “ဒီနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နှစ် ၇၀ ပြည့်အထိမ်းအမှတ် ဖြစ်ပြီးတော့ ရှန်းကျန်းမြို့တော်တည်ထောင်ခဲ့တာ နှစ် ၄၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။ ရှန်းကျန်းက တရုတ်နိုင်ငံရဲ့ သမိုင်းဝင်အောင်မြင်မှုတစ်ခု ဖြစ်ပြီးတော့ ကမ္ဘာ ကြီးအတွက် တရုတ်နိုင်ငံရဲ့ ပြတင်းတံခါးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ အားလုံးပါဝင်နိုင်မယ့် လူ့ အသိုင်းအဝိုင်းတစ်ခုတည်ဆောက်ရေးအတွက် အသိပညာတွေ၊ စွမ်းရည်တွေ ပူးပေါင်းထည့်ဝင်နိုင်မယ့် မိတ်ဖက် တွေပိုပြီးရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
Huawei ၏ အလှည့်ကျဥက္ကဌဖြစ်သူ Guo Ping က စမတ်စီးတီးတည်ဆောက်ရေးအတွက် Maslow ပုံစံငယ်ကို ရှင်းလင်း ပြသ
“နေရာအကန့်အသတ်မရှိ ချိတ်ဆက်မှုတွေ၊ နေရာတိုင်းမှာ အသိဉာဏ်လွှမ်းခြုံချိတ်ဆက်နိုင်တဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို အသုံးပြုပြီး ဒေတာတွေကို ရှာဖွေစိစစ်ဖလှယ်နိုင်မယ့် စမတ်စီးတီးဒစ်ဂျစ်တယ်အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပေးဖို့ Huawei က ရည်ရွယ်ပါတယ်။” ဟု Guo Ping က “စမတ်စီးတီးများအတွက် Maslow ပုံစံငယ် တည်ဆောက်ခြင်း” ခေါင်းစဉ် ဖြင့် ပြောကြားသည့် အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။ “အရေးအကြီးဆုံးအနေနဲ့ အပြန်အလှန်အကျိုးရှိ စေမယ့် ဘုံပါဝင်တဲ့ဂေဟစနစ်တစ်ခု တည်ထောင်ဖို့ရည်ရွယ်ပြီး မြို့တော်တွေအတွက် ဒစ်ဂျစ်တယ်ဦးနှောက် တစ်ခုကို အက်ပလီကေးရှင်းမိတ်ဖက်တွေနဲ့အတူ ကျွန်တော်တို့ ပူးပေါင်းဖန်တီးခဲ့ပါတယ်။ ဒီဦးနှောက်ဟာဆိုရင် မြို့တော်အတွက် ဖွံ့ဖြိုးရေးဆိုင်ရာဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ အဆင့်မြင့်နည်းပညာတွေ ပံ့ပိုးပေးမှာဖြစ်ပြီးတော့ e-government၊ လမ်းပန်းဆက်သွယ်ရေး နဲ့ ရဲလုပ်ငန်းဆောင်တာတွေကို ဒစ်ဂျစ်တယ်စနစ်အနေနဲ့ ဆောင်ရွက် နိုင်စေမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာကနေ ခေတ်မီစီမံခန့်ခွဲရေးတွေကို သုံးပြီး နေထိုင်သူတွေအတွက် ပိုမို အကျိုးရှိစေမယ့် လုပ်ငန်းနယ်ပယ်သာယာဝပြောမှုတိုးတက်ခြင်းတွေကို ဆောင်ယူလာပေးမယ့် စမတ်စီးတီးတွေ တည်ဆောက်သွားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု Guo Ping က ပြောကြားသည်။
Ugo Valenti ကလည်း “စမတ်စီးတီးများ၏ ကမ္ဘာသစ်” ခေါင်းစဉ်ဖြင့် ပြောကြားသည့် သူ၏မိန့်ခွန်းတွင် “5G၊ IoT၊ AI နဲ့ cloud တို့အပါအဝင် ဆန်းသစ်တဲ့နည်းပညာတွေက မြို့တော်အုပ်ချုပ်ပုံ၊ စီမံခန့်ခွဲပုံတွေကို လုံးဝ ပြောင်းခဲတိုးတက်လာစေခဲ့ပါတယ်။ အများပြည်သူ၊ပုဂ္ဂလိက၊လူထုတို့ လက်တွဲမှုများ၊ အစိုးရ၊ လုပ်ငန်များ နှင့် ပြည်သူလူထုတို့က ပူးပေါင်းဖန်တီးသည့် ပုံစံငယ်ကို အားပေးခြင်းက ပိုမိုပွင့်လင်းမြင်သာတဲ့ဆုံးဖြတ်ခြင်း လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်ပြီး ပြည်သူကိုဗဟိုပြုတဲ့ စမတ်စီးတီးတွေကို ဖန်တီးနိုင်လာစေမှာပါ။” ဟု ပြောကြားခဲ့သည်။
အဆင့်မြင့်ဒီဇိုင်းပုံစံများ တိုးတက်ဖွံ့ဖြိုးရေးကို အားပေးသည့် နည်းပညာမြင့်ဒစ်ဂျစ်တယ်စီးပွားရေးဆွေးနွေးပွဲ
ဖွင့်ပွဲအခမ်းအနား၏ အဓိကအစီအစဉ်မှာ နည်းပညာမြင့်ဆွေးနွေးပွဲပင်ဖြစ်ပြီး အစိုးရဌာနများ၊ လုပ်ငန်းစုများ နှင့် ပညာရေးအသိုင်းအဝိုင်းများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ဆွေးနွေးပွဲတွင် ထွက်ပေါ်လာသော နည်းပညာအသစ်များ၊ လူထုလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို စောင့်ရှောက်ပေးနိုင်မည့် big-data အခြေခံမြို့တော်အတွက် ICT အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းနည်းလမ်း၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့်ဒစ်ဂျစ်တယ်ဦးနှောက် တို့ကို အဆင့်မြှင့်တင်ခြင်းဖြင့် ခေတ်မီမြို့တော်အုပ်ချုပ်ရေး၊ အများပြည်သူဆိုင်ရာကိစ္စရပ်များ၊ နှင့် စီးပွားရေး အဆင့်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲရလဒ်သည် အသက်ဝင်လာမည့်စမတ်စီးပွားရေးစနစ်ဖြင့် ပိုမိုကောင်းမွန်သော စမတ်စီးတီးများ ဖြစ်လာရေးပင် ဖြစ်သည်။
(ဝဲမှယာသို့) Caixin Media ၏ ဒုတိယဥက္ကဌ နှင့် Caixin Insight အမှုဆောင်ဥက္ကဌ ဖြစ်သူ Gao Erji၊ အာရှပစိဖိတ် ဒေသဆိုင်ရာ UN-Habitat Regional Office ညွှန်ကြားရေးမှုးဖြစ်သူ Atsushi Koresawa၊ Huawei Enterprise Business Group ၏ ဥက္ကဌဖြစ်သူ Yan Lida၊ Infocomm and Media Development Authority၊ Singapore ၏ လက်ထောက် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Jane Lim၊ ကမ္ဘာလုံးဆိုင်ရာစမတ်စီးတီးပြပွဲကွန်ဂရက်၏ CEO ဖြစ်သူ Ugo Valenti၊ ChinaEU ၏ ဥက္ကဌ ဖြစ်သူ Luigi Gambardella၊ ဖင်လန်နိုင်ငံ၊ City of Helsinki Executive Office၊ စီးပွားရေးဌာန၏ ဆန်းသစ်မှုနှင့် အတွေ့အကြုံသစ်များ အထူးကျွမ်းကျင်သူ အကြီးတန်းအရာရှိဖြစ်သူ Kalle Toivonen
“ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုက မြို့တော်ရဲ့ အသိဥာဏ်ရည်မြင့်မားမှုအဆင့်ကို ရရှိဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုဖြစ်လာပါတယ်။ အနာဂတ်စမတ်စီးတီးတွေမှာ အခြေခံပလက်ဖောင်းအသစ် (၅)ခု ပါလာလိမ့်မယ်။ အဲ့ဒါတွေကတော့ cloud၊ IoT၊ data lake၊ AI နဲ့ စောင့်ကြည့်ရေးဗီဒီယိုကွန်ယက် တို့ပါ။ ဒီပလက်ဖောင်း ၅ ခုက ကျွန်တော်တို့ကို နေရာတိုင်းအသိဥာဏ်ပါဝင်ပြီးအပြည့်အဝချိတ်ဆက်နိုင်တဲ့ အမျိုးစုံသော ICT စနစ်တွေကို တိုက်ရိုက်ချောချောမွေ့မွေ့အသုံးပြုနိုင်စေမှာပါ။ အားလုံးပါဝင်နိုင်တဲ့ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုကို တည် ဆောက်ဖို့အတွက် AI၊ IoT၊ big data၊ converged communications၊ video နဲ့ GIS တို့လို နည်းပညာ အသစ်တွေကို ပေါင်းစည်းဖို့အတွက် Cloud ကို အခြေခံအနေနဲ့ Huawei က အသုံးပြုပါတယ်။” ဟု Huawei Enterprise Business Group ၏ ဥက္ကဌ ဖြစ်သူ Yan Lida က ပြောကြားခဲ့သည်။
“ဒီပလက်ဖောင်းက အစိုးရနဲ့ သုံးစွဲသူလုပ်ငန်းစုတွေအတွက် နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းတွေကို ထောက်ပံ့ပေးပြီးတော့ ရှုပ်ထွေးတဲ့နည်းပညာအခြေအနေတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ အကူအညီ ပေးပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေအဆင်ပြေစေဖို့ဦးတည်တဲ့တီထွင်ဆန်းသစ်မှုတွေကို မိတ်ဖက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးဖို့အတွက် OpenLab ၁၂ ခုကိုလည်း ကမ္ဘာတစ်ဝှမ်းမှာ ဖွင့်လှစ်ထားပါသေးတယ်။ စမတ် စီးတီးတစ်ခုတည်ဆောက်တဲ့လုပ်ငန်းစဉ်က ဖြေးဖြေးမှန်မှန်နဲ့ ဆောင်ရွက်သွားရတဲ့ လုပ်ငန်းစဉ်မျိုးပါ။ Huawei ရဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းကို အခြေခံပြီးတော့ မြို့တော်တွေက သက်ရှိတွေလို ဖြစ်လာပါလိမ့်မယ်။ ထပ်ခါ ထပ်ခါဆောင်ရွက်မှုတွေကနေ အသစ်သစ်သောအသုံးပြုမှုတွေ ထွက်ပေါ်လာမှာဖြစ်ပြီးတော့ နောက်ဆုံးမှာ အလုံးစုံပြည့်စုံတဲ့အခြေအနေကို ရောက်ရှိလာပါလိမ့်မယ်။” ဟု Yan Lida က ပြောကြားခဲ့သည်။
“၂၀၃၀ ခုနှစ်အတွက် ကုလသမဂ္ဂရဲ့ ရေရည်ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်တွေမှာ ရေရည်တည်တံ့တဲ့မြို့တော်တွေ နဲ့ အသိုင်းအဝိုင်းတွေတည်ဆောက်ဖို့ဆိုတာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စမတ်စီးတီးတွေကို ယုံကြည်မှုအပြည့် နဲ့ ကြိုးပမ်းတည်ဆောက်ပေးခြင်းကနေ ရေရည်ဖွံ့ဖြိုးမှုမျှော်မှန်းချက် အကောင်အထည်ဖော်ရေးကို တွန်းအားပေး နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စမတ်စီးတီးတည်ဆောက်ရေးမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို သူ့ရဲ့ အကန့်အသတ်မရှိအောင်များပြားတဲ့ အလားအလာကောင်းတွေကိုလည်း လက်ခံရရှိမှာဖြစ်ပါ တယ်။ ကုလသမဂ္ဂရဲ့ အမြင်အရဆိုရင် နိုင်ငံတကာက ပူးပေါင်းပါဝင်မှုက ထင်ထင်ရှားရှားပါပဲ။ မြို့တော်တွေ အချင်းချင်း အတွေ့အကြုံတွေ ဖလှယ်မျှဝေနိုင်ကြမယ့် အရမ်းကောင်းမွန်တဲ့ပလက်ဖောင်းတစ်ခုကို ကျွန်တော် တို့ ဒီနေ့ မြင်တွေ့ရပါတယ်။” ဟု အာရှပစိဖိတ်ဆိုင်ရာ UN-Habitat Regional Office ရဲ့ ညွှန်ကြားရေးမှုး ဖြစ်သူ Atsushi Koresawa က ဆိုသည်။
အခမ်းအနားကို ရှန်းကျန်းမြို့တော်စည်ပင်သာယာရေးပြည်သူ့အစိုးရမှ ဧည့်ခံစီစဉ်ကာ ရှန်ကျန်းနိုင်ငံခြားရေးရာ ရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ တွဲဖက်စီစဉ်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် Huawei သည် ကမ္ဘာ့ဦးဆောင် စမတ်စီးတီးနှင့် စိတ်ချလုံခြုံသည့်မြို့တော်များဆိုင်ရာ solution များ ထောက်ပံ့သူတစ်ဦးလည်း ဖြစ်သည်။ Huawei က IoT၊ big data၊ video cloud၊ converged communications၊ GIS နှင့် AI ကဲ့သို့သော ICT နည်းပညာသစ်များကို အဆင့်မြှင့်တင်ခြင်းဖြင့် မြို့တော်ဒစ်ဂျစ်တယ်ပလက်ဖောင်း၊ ဒစ်ဂျစ်တယ်ဦးနှောက် နှင့် မြို့တော်ဆိုင်ရာ IoT solutions များကို ဖန်တီးတီထွင်ထုတ်လုပ်လျက်ရှိသည်။ Huawei က ဂေဟစနစ်မိတ်ဖက် များ၏ အကူအညီဖြင့် စမတ်စီးတီးများအတွက် အသေးစိတ်အစီအစဉ်များ ရေးဆွဲလျက်ရှိသည်။ Huawei ၏ စမတ်စီးတီးနှင့် အန္တရာယ်ကင်းပြီး စိတ်ချလုံခြုံသည့်မြို့တော်များဆိုင်ရာ solution များကို နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ မြို့တော်ပေါင်း ၇၀၀ ကျော်တွင် အသုံးပြုလျက်ရှိပြီး ဒေသတွင်းလုံခြုံရေးနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးမှုများ မြင့်မားလာစေရန် ကူညီပေးလျက်ရှိသည်။
2019 Shenzhen Smart City Forum with International Friendship Cities အကြောင်း
2019 Shenzhen Smart City Forum with International Friendship Cities အခမ်းအနားကို ရှန်းကျန်းတွင် ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်မှ ၁၅ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သည်။ အခမ်းအနားကို ရှန်းကျန်းနိုင်ငံခြားရေး ရာရုံး၊ ရှန်းကျန်းမြို့တော်စည်ပင်သာယာရေးပြည်သူ့အစိုးရ နှင့် Huawei တို့မှ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲအခမ်းအနားသည် မြို့တော်များအတွက် ၎င်းတို့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကွန်ယက် ကို နိုင်ငံတကာမိတ်ဖက်မြို့တော်များကြားတွင် ပိုမိုချဲ့ထွင်နိုင်စေမည့်အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။ Edinburgh၊ Helsinki၊ Barcelona၊ Poznan၊ Saint Petersburg၊ Tsukuba နှင့် Gwangyang တို့အပါအဝင် ရှန်းကျန်း၏မိတ်ဖက်မြို့တော်ပေါင်း ၂၀ ကျော်က ၎င်းတို့၏ အကြီးတန်းကိုယ်စားလှယ်များကို အခမ်းအနားသို့ စေလွှတ်ပေးခဲ့သည်။ အခမ်းအနားသို့တက်ရောက်လာကြသည့် ဂုဏ်သရေရှိဧည့်သည်တော်များတွင် သီရိလင်္ကာနိုင်ငံမှ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးချုပ်
Ajith P. Perera၊ ဘရာဇီးနိုင်ငံ၊ Bahia ပြည်နယ်ဘုရင်ခံ Rui Costa dos Santos၊ အာရှပစိဖိတ်ဒေသဆိုင်ရာ UN-Habitat Regional Office ညွှန်ကြားရေးမှုးဖြစ်သူ Atsushi Koresawa၊ ကမ္ဘာလုံးဆိုင်ရာစမတ်စီးတီးပြပွဲ ကွန်ဂရက်၏ CEO ဖြစ်သူ Ugo Valenti၊ ChinaEU ၏ ဥက္ကဌ ဖြစ်သူ Luigi Gambardella တို့ ပါဝင်သည်။
နိုင်ငံတကာမိတ်ဖက်မြို့တော်များအကြား ဆက်သွယ်ရေးသည် နိုင်ငံများပွင့်လင်းမြင်သာမှုရှိရေးအတွက် အရေး ပါသည့်ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးပြီး မြို့တော်များ၏ သံတမန်ရေးရာနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးတွင်လည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်။ နိုင်ငံတကာမိတ်ဖက်မြို့တော်များအဖွဲ့ အစည်းတွင် ပါဝင်ခြင်းသည် မြို့တော်တစ်ခု၏ ပွင့်လင်းမြင်သာရှိမှုနှင့် နိုင်ငံတကာအဆင့်မီဖြစ်လာစေရေးကို ပိုမို မြှင့်တင်ပေးသည်။ ယနေ့အချိန်အထိ ရှန်းကျန်းသည် မိတ်ဖက်မြို့တော် ၂၃ မြို့တော် နှင့် အပြန်အလှန်ရင်းနှီး သောဆက်ဆံရေးရှိသည့် မြို့တော် ၆၅ မြို့တော် အပါအဝင် တိုက်ကြီး ၅ တိုက်ရှိ နိုင်ငံပေါင်း ၅၆ နိုင်ငံမှ မြို့တော်နှင့် ပြည်နယ်ဒေသပေါင်း ၈၇ ခုနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ပြီး ဖြစ်သည်။ ၎င်းမြို့တော် များအနက် ၁၇ မြို့တော်သည် အမေရိကတွင် တည်ရှိပြီး ၆ မြို့မှာ ကျွန်းနိုင်ငံများတွင်တည်ရှိသည်။ ဥရောပတွင် ၃၇ မြို့တော်၊ အာဖရိကတွင် ၇ မြို့တော် နှင့် အာရှဒေသတွင် မြို့တော် ၂၀ ပါဝင်သည်။