ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ရွှေအရည်အသွေးကောင်းမကောင်း မီးနဲ့ပဲစစ်ရမယ်

၂၀၁၉ ခုနှစ်အတွက် နှစ်သစ်ကူးအမှာစကား- Guo Ping အလှည့်ကျဥက္ကဌ
2018.12.28

Read English Version

ရောမဒဿနပညာရှင်ကြီး မားကပ်တူလီးယပ်စီဆာရိုက“အခတ်အခဲပိုကြီးလေ အောင်မြင်မှု ပိုကြီးလေ”လို့ တစ်ခါတုန်းက ပြောခဲ့ဖူးပါတယ်၊  ၂၀၁၈ ခုနှစ်ကို အခိုင်အမာအဆုံးသတ်ခါနီး အချိန်မှာတော့ ဒီထက်ပိုပြီး မှန်ကန်တဲ့စကား မရှိတော့ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ်ပြောရရင်တော့ ၂၀၁၈ ဟာ ထူးခြားမှုတွေအပြည့်နဲ့နှစ်တစ်နှစ်ပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့ဟာ ရှေ့ဆက်တက်လှမ်းမှုကို လုံးဝမရပ်တန့်ခဲ့ပါဘူး။ ရလာဒ်အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ ၂၀၁၈ ရောင်းချရမှုဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀၈.၅ ဘီလီယံအထိ ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ၂၁% တိုးတက်လာပါတယ်။

ကျွန်တော်တို့ဟာ  5G အတွက် ကမ္ဘာ့ထိပ်တန်းဦးဆောင်နေတဲ့ကုမ္ပဏီကြီးတွေနဲ့အတူ စီးပွားရေး ကန်ထရိုက်စာချုပ်တွေ ၂၆ ခုထိ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပါတယ်၊ နောက်ပြီးတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ဈေးကွက်တွေဆီကို 5G Base stations ပေါင်း တစ်သောင်းကျော်အထိ ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်၊ မြို့ကြီးပေါင်း ၁၆၀ ကျော်နဲ့Fortune Global 500 ကုမ္ပဏီပေါင်း ၂၁၁ ခုက ဒစ်ဂျစ်တယ်ကူးပြောင်းရေးအတွက် သူတို့ရဲ့လက်တွဲဖက်အဖြစ် Huawei ကို ရွေးချယ်လိုက်ပြီဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ စမက်ဖုန်းပေါင်း သန်း ၂၀ဝ ကျော် တင်ပို့ပေးနိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ PC Business ပီစီလုပ်ငန်းနဲ့Smart Homes စမတ်အိမ်များတွေအတွက် IoT ecosystem ဂေဟစနစ်နှစ်ခုလုံးမှာ အထင်ကရထိုးဖောက်အောင်မြင်မှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ Huawei Cloud ဟာ Categories ကဏ္ဍ ၁၈ ခုနဲ့အတူ Cloud ဝန်ဆောင်မှုပေါင်း ၁၄၀ ကျော်အထိ စတင်ဆောင်ရွက်ခဲ့ပြီးပါပြီ၊ နောက်ပြီးတော့ ဒေသကြီး ၂၂ ခုမှာ အသုံးချနိုင်တဲ့နယ်မြေပေါင်း ၃၇ ခုမှာရှိတဲ့ ကမ္ဘာတစ်လွှားက ဝယ်ယူသုံးစွဲသူတွေကိုဝန်ဆောင်မှု  ပေးဖို့အတွက် ကျွန်တော်တို့ရဲ့လက်တွဲဖက်ကုမ္ပဏီတွေနဲ့အတူ လုပ်ဆောင်လျက်ရှိပါတယ်၊ ဒီနှစ်ထဲမှာ ကျွန်တော်တို့ရဲ့ AI မဟာဗျူဟာနဲ့ အနာဂတ်ဖြစ်နိုင်ချေအားလုံးအတွက် AI Solutions ဖြေရှင်းနည်းတွေရဲ့အချက်အလက်အစုစု အပြည့်အစုံကို ထုတ်ဖော်ကြေညာခဲ့ပြီးပြီလည်း ဖြစ်ပါတယ်၊ ဒီအချက်အလက်ထဲမှာ ကျွန်တော်တို့ရဲ့ Ascend Series ဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး All-scenario AI Chips တွေအပြင် ဆက်စပ်ထုတ်ကုန်တွေနဲ့Cloud ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။

ကျွန်တော်တို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ဟာ ခိုင်မာတောင့်တင်းနေဆဲဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ ရဲ့ဝယ်ယူသုံးစွဲသူတွေဆီက ရရှိနိုင်တဲ့ အကောင်းဆုံးတိုက်ရိုက်တရားဝင်အထောက်အထားပုံစံပဲ ဖြစ်ပါတယ်၊ ဒါဟာ ဈေးကွက်ကန့်သတ်ချက်တွေနဲ့အပျက်သဘောဆောင်တဲ့ထင်ကြေးတွေအပေါ် အကောင်းဆုံးတုံ့ပြန်မှုတစ်ခုလည်း ဖြစ်ပါတယ်၊ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ရဲ့ဝယ်ယူသုံးစွဲသူတွေနဲ့ လက်တွဲဖက်တွေအပြင် ပြည်သူလူထုကိုပါ အားလုံးကို လူကြီးမင်းတို့ရဲ့ယုံကြည်မှုနဲ့ထောက်ခံအားပေးမှုတို့အတွက် ကျေးဇူးတင်စကားပြောကြားလိုပါတယ်၊ ကျွန်တော့်ရဲ့ဝန်ထမ်းတွေကိုလည်း လူကြီးမင်းတို့ရဲ့မယုံကြည်နိုင်လောက်တဲ့ လုပ်ငန်းအပေါ်အားသွန်ခွန်စိုက်ကြိုးပမ်းလုပ်ကိုင်မှုတွေ အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ပြီး နောက်ဆုံးအနေနဲ့လူကြီးမင်းတို့ရဲ့မိသားစုတွေရဲ့ မဆုတ်မနစ်ထောက်ခံအားပေးမှုနဲ့ နားလည်ပေးမှုတွေအတွက်လည်း ကျွန်တော့်အနေနဲ့ ကျေးဖူးတင်ကြောင်း ပြောကြားလိုပါတယ်၊ ဘယ်လိုပြောင်းလဲမှုတွေကိုပဲ ကျွန်တော်တို့ရင်ဆိုင်ရပါစေ ကျွန်တော်တို့ရဲ့ အရယူရေးမဟာဗျူဟာကတော့ ပြောင်းလဲခြင်းမရှိပါဘူး၊ ကျွန်တော်တို့ရဲ့မူဝါဒက အထူးသဖြင့် ကျွန်တော်တို့ရဲ့အမေရိကန်ကလက်တွဲဖက်တွေအတွက် မပြောင်းလဲဘဲတစ်သမတ်တည်း ရှိနေမှာဖြစ်ပြီး အကျိုးတူအောင်မြင်မှုအတွက် သူတို့နဲ့အတူအခိုင်အမာပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လာမည့်နှစ်မှာကျွန်တော်တို့က ဒစ်ဂျစ်တယ်အသုံးချမှုနဲ့အသိဉာဏ်နယ်ပယ်တို့မှာ ဖွံ့ဖြိုးတိုးတက်မှု ရဲ့လှိုင်းလုံးအသစ်တွေကို တွေ့မြင်ရမှာဖြစ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ပိုပြီးကြီးမားတဲ့အခက်အခဲတွေနဲ့သေချာပေါက်ရင်ဆိုင်ရနိုင်ပါတယ်၊ အဲဒီလိုအချိန်တွေမှာ ကျွန်တော်တို့ရဲ့အတွင်းအားကို ထုတ်သုံးရမှာဖြစ်ပြီး ကျွန်တော်တို့လုပ်ငန်းတွေရဲ့အရည်အသွေးကို တိုးတက်မြင့်မားအောင်လုပ်သွားရမှာဖြစ်သလို အဖွဲ့အစည်းအတွင်းမှာ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးပြီးတော့ ဝယ်ယူသုံးစွဲသူတွေရဲ့လိုအပ်ချက်တွေကို ကျေနပ်အောင်ဖြည့်ဆည်း ပေးသွားပြီး မဟာဗျူဟာဗျူဟာမြောက်ခေါင်းဆောင်မှုရရှိအောင် ရှေ့လျောက် ခိုင်မာအောင်ကြိုးပမ်းသွားရမှာပဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ဟာ မဟာဗျူဟာမြောက်စီးပွားရေးနဲ့မဟာဗျူဟာမြောက်အခွင့် အရေးတွေအပေါ် အလေးထားသွားမှာဖြစ်ပြီးတော့ တိုက်ခိုက်မှုဖိအားဒဏ်တွေကိုခံနိုင်တဲ့ စီးပွားရေးဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်သွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ စလယ်ဆုံးမဟာဗျူဟာမြောက်ခေါင်းဆောင်မှု ရရှိဖို့အတွက် ကျွန်တော်တို့ရဲ့ ထုတ်ကုန်ရင်းနှီးမြုပ်နှံမှုအချက်အလက်အစုစုကို သင့်မြတ်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဒီလုပ်ငန်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းတစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ အများနဲ့ယှဉ်ပြိုင်နိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ထုတ်ကုန်တွေကို ဆက်လက်ထုတ်သွားဖို့လိုအပ်ပြီး အဲဒီလိုမျိုးမဟုတ်တဲ့ထုတ်ကုန်တွေကို ရပ်ဆိုင်းသွားမှာပါ။ ယခုနှစ်အနည်းငယ်အတွင်းမှာ အများနဲ့ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ထုတ်ကုန်တွေကို တိုးတက်အောင်လုပ်ဆောင်နေမှုကို လျော့ချသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့လူတွေကို မဟာဗျူဟာမြောက် အခွင့်အလမ်းရှိရာနယ်ပယ်များဆီကို ပြောင်းလဲလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အရိုးရှင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ကွန်ယက်တည်ဆောက်မှုပုံစံကို လုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့လုပ်ငန်းအရောင်းအဝယ်ပုံစံတွေကိုလည်း တက်နိုင်သမျှအရိုးရှင်းဆုံးဖြစ်အောင် လုပ်သွားမယ်ဆိုရင် ဆိုင်ဘာလုံခြုံရေး Cyber Securityနဲ့ပုဂ္ဂိုလ်ရေးသီးသန့်လုံခြုံမှုကာကွယ်ရေး Privacy Protection  မှာ အမြင့်ဆုံးအဆင့်အဖြစ် သေချာအောင် လုပ်ဆောင်ထားနိုင်မယ်ဆိုရင် အကောင်းဆုံးထုတ်ကုန်တွေကို ထုတ်လုပ်သွားပြီးတော့ အကောင်းဆုံးဝန်ဆောင်မှုတွေကိုပါ ဖြည့်ဆည်းပေးသွားနိုင်မယ်ဆိုရင် ဘယ်ဈေးကွက်ကမှ ကျွန်တော်တို့နဲ့ကင်းအောင်နေလို့ မရနိုင်ပါဘူး။

၂၀၁၈ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ Carrier Software & Core Network Business ဌာနအတွက် ရင်းနှီးမြှုပ်နှံမှုအချက်အလက်အစုစုကို အောင်မြင်စွာ သင့်မြတ်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ Carrier Software နယ်ပယ်မှာ အကျိုးအမြတ်တိုးတက်မြင့်မားလာဖို့အတွက် အထောက်အကူပေးနိုင်အောင် အဓိကကျတဲ့လူတစ်စုက  ဒီနယ်ပယ်မှာ ဆက်လက်ကျန်ရှိနေခဲ့ကြပြီး အခြားပညာရှင်တွေက ကုမ္ပဏီရဲ့မဟာဗျူဟာမြောက်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပေးဖို့အတွက် အခြားနယ်ပယ်တွေဆီကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်၊ Carrier Software & Core Network Businessဌာနဟာ ဖွဲ့စည်းပုံနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာအသွင်ကူးပြောင်းမှုနှစ်ခုလုံးအရ အခြားဌာနတွေအတွက် စံအမှတ်တစ်ခုကို သတ်မှတ်ပေးနိုင်ခဲ့ပါတယ်၊ အကြီးကျယ်ဆုံးတွေထဲမှာ အထီးကျန်သူရဲကောင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ကျွန်တော်တို့ဟာ ယုံကြည်စိတ်ချရတဲ့အရည်အသွေးမြင့်ထုတ်ကုန်တွေ ထုတ်လုပ် သွားဖို့အတွက် ကျွန်တော်တို့ရဲ့ Software Engineering ဆော့ဝဲလ်အင်ဂျင်နီယာစွမ်းပကားတွေကို အပြည့်အဝမြင့်တင်သွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေနဲ့ဖြေရှင်းမှုနည်းလမ်းတွေက နိုင်ငံနဲ့ဒေသပေါင်း ၁၇၀ ကျော်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ဝယ်ယူသုံးစွဲသူတွေရဲ့ယုံကြည်စိတ်ချမှုကို ရရှိထားပြီးဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ ဆိုင်ဘာလုံခြုံရေး Cyber Security မှာ အလွန်ခိုင်မာတဲ့အောင်မြင်မှုမှတ်တမ်းကောင်းတစ်ခုကို ရရှိထားပြီးဖြစ်ပါတယ်၊ Huawei ဟာ လုံခြုံရေးခြိမ်းခြောက်မှု တစ်ခါမှမရှိခဲ့သလို နောင်လည်း ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။

ယနေ့မှာICTထုတ်ကုန်တွေရဲ့ယုံကြည်စိတ်ချရမှုဟာ ကျွန်တော်တို့ဝယ်ယူသုံးစွဲသူတွေရဲ့ ထိပ်တန်းအလေးထားမှုတစ်ခုဖြစ်လာပါတယ်၊ ခိုင်မာတောင့်တင်းတဲ့ Software Engineering ဆော့ဝဲလ်အင်ဂျင်နီယာစွမ်းပကားတွေနဲ့လက်တွေ့လုပ်ဆောင်မှုတွေဟာ ဒီယုံကြည်စိတ်ချမှုကို တည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်၊ ဆိုင်ဘာလုံခြုံရေး Cyber Securityနဲ့ပုဂ္ဂိုလ်ရေး သီးသန့်လုံခြုံမှုကာကွယ်ရေး Privacy Protection  တွေကို ကျွန်တော်တို့လုပ်ငန်းစဉ်မှာ တကယ့်ထိပ်ဆုံးနေရာမှာထားရှိသွားပြီး အမြင့်ဆုံးစံချိန်စံညွှန်းတွေကို ထိန်းသိမ်းသွားမှာဖြစ်ပါတယ်၊ လာမယ့် ၅ နှစ်ကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ Software Engineering ဆော့ဝဲလ်အင်ဂျင်နီယာစွမ်းပကားတွေကို စနစ်ကကျတိုးတက်မြင့်မားအောင် လုပ်ဆောင်သွားမှာဖြစ်ပြီးတော့ ကျွန်တော်တို့ထုတ်ကုန်တွေနဲ့ဖြေရှင်းမှုနည်းလမ်းတစ်ခုချင်းစီအတွက် အရည်အသွေးမြင့်မားစေမှုနဲ့အတူ ယုံကြည်မှုကို တည်ဆောက်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ လုပ်ငန်းနယ်ပယ်မှာ ကြီးမားတဲ့စိတ်အားထက်သန်မှုရှိအောင် လှုံ့ဆော်ပေးသွားမှာဖြစ်သလို အကျိုးအမြတ်တိုးတက်ရေးနဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းအရည်အသွေးကောင်းမွန်မှု မြင့်မားလာစေရေးတို့အပေါ်မှာ အလေးထားလုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ကိုယ်စားလှယ်ရုံးအဆင့်မှာ ကန်ထရိုက်သဘောတူညီချက်အတွက် ရှေ့ပြေးစီမံကိန်းကတစ်ဆင့် ကျွန်တော်တို့ဟာ ပိုမိုစိတ်အားထက်သန်မှုကို လှုံ့ ဆော်သွားဖို့နဲ့ လက်တွေ့နယ်ပယ်မှာ ကျွန်တော်တို့ရဲ့အဖွဲ့တွေရဲ့ တစ်ဦးချင်းအလိုက် ပံ့ပိုးဖြည့်ဆည်းမှုတိုးမြင့်သွားဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ဟာ ကုမ္ပဏီတွင်းနဲ့ကုမ္ပဏီပြင်ပမှာ လေးစား လိုက်နာမှုကို သေချာစေခြင်း၊ ဘဏ္ဍာရေးဆိုင်ရာရည်မှန်းချက်တွေကို ပြည့်မှီစေခြင်းနဲ့ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ထိန်းသိမ်းသွားခြင်းတို့နဲ့အတူ လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ဒီစီမံကိန်းအတွက် ကျွန်တော်တို့က လုပ်ငန်းမတည်ငွေအရင်းအနှီးကို အကန့်အသတ်အဖြစ် အလုံးစုံဆုကြေးငွေကို ဆွဲဆောင်မှုမက်လုံးတစ်ခုအဖြစ် အသုံးချသွားမှာဖြစ်ပါတယ်၊

ဗဟိုမှထိန်းကြောင်းမှုဖြင့်အတူ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို သင့်မြတ်အောင် စီစဉ်ဆောင်ရွက်သွားပြီး လုပ်ငန်းလည်ပတ်မှုပုံစံသစ်တစ်ခု တဖြည်းဖြည်းချင်း ထူထောင်သွားမှာဖြစ်ပါတယ်၊ ဌာနချုပ်က ကြီးကြပ်မှုကို ဖြေလျော့သွားမှာဖြစ်ပြီး လက်တွေ့ကွင်းဆင်းဌာနတွေကို လုပ်ပိုင်ခွင့် ပိုမိုခွဲဝေပေးသွားမှာဖြစ်ပါတယ်၊ ဒီလိုလုပ်ဆောင်ရာမှာ လက်တွေ့ကွင်းဆင်းဌာနတွေက သူတို့ကိုပေး ထားတဲ့လုပ်ပိုင်ခွင့်အတိုင်း အကောင်းဆုံးကျင့်သုံးဆောင်ရွက်သွားပြီးတော့ ဘက်ဂျက်စီမံခန့်ခွဲမှုကို အဓိကအာရုံစိုက်နိုင်စေမှာဖြစ်ပါတယ်၊ အနှစ်ချုပ်အနေနဲ့ကတော့ ဘက်ဂျက်တွေဟာ ကုမ္ပဏီရဲ့ဦးတည်ချက်ကို ကိုယ်စားပြုမှာဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်ကိုတော့ ကျွန်တော်တို့ရဲ့ဝယ်ယူသုံးစွဲသူတွေနဲ့ အနီးကပ်ဆက်ဆံနေကြတဲ့လူတွေဆီ ခွဲဝေပေးသွားမှာဖြစ်ပါတယ်။

ရုံးချုပ်နဲ့လက်တွေ့ကွင်းဆင်းဌာနတွေအကြား ဆက်ဆံရေးကို အဆင်ပြေအောင်စီမံဆောင်ရွက် သွားခြင်းနဲ့အတူ ကုန်ထုတ်စွမ်းအားတိုးမြင့်သွားဖို့နဲ့လက်တွေ့ကွင်းဆင်းနေတဲ့ ကျွန်တော်တို့အဖွဲ့တွေကို စိတ်ဓါတ်လှုံ့ဆော်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်၊ ဒီလိုလှုံ့ဆော်ပေးခြင်း ဟာ ကျွန်တော်တို့အဖွဲ့တွေအတွက် အလိုအလျှောက် ပိုမိုမြင့်မားတဲ့အကျိုးအမြတ်တွေကို ဆောင်ယူ ပေးနိုင်ပါလိမ့်မယ်၊ ကျွန်တော်တို့ဟာ ထပ်တလဲလဲကြိမ်ဖန်များစွာလုပ်ရတဲ့အလုပ်တွေမှာ စက်အ စားထိုးအသုံးပြုဖို့အတွက် ကျွန်တော်တို့ရဲ့ ဂျီတီအက်စ်GTS ? ဘဏ္ဍာရေး Finance နဲ့ ကုန်ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းစဉ် Supply Chain တွေမှာ အသိဉာဏ်တု AI အသုံး ပြုဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒါဟာ ကျွန်တော်တို့အတွက် အချိန်တိုတိုနဲ့ခရီးရောက်မှုကို မောင်းနှင်ပေးနိုင်ဖို့နဲ့ ကျွန်တော်တို့ရဲ့စီးပွားရေးဌာနတွေမှာ လက်တွေ့ကြုံတွေ့နေရတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းသွားဖို့ အထောက်အကူဖြစ်စေပါတယ်။

ကျွန်တော်တို့ဟာ ကျွမ်းကျင်အဆင့်လုပ်ငန်းခွင်ဝန်ထမ်း တည်ငြိမ်တဲ့အဖွဲ့တွေကို တိုးချဲ့နေစဉ်မှာ စီးပွားရေးအောင် မြင်မှုအတွက် ကျွန်တော်တို့ရဲ့မန်နေဂျာနဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ်မှာ ပြန်လည်အလေးထားရမှာဖြစ်ပါတယ်၊ အောင်မြင်မှုရဲ့ဆန့်ကျင်ဘက်ဟာ ကျရှုံးမှုမဟုတ်ပါဘူး သာမညောင်ညအဆင့်ပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ မန်နေဂျာတွေကို အလွန်အမင်းသတိထားလာရတာတွေ သူလိုကိုယ်လိုအနေအထားမျိုးတွေ အဖြစ်မခံနိုင်ပါဘူး၊ နောက်ပြီး ကျွန်တော် တို့က Huawei ကိုယ်၌ကိုလည်း သာမညောင်ညကုမ္ပဏီတစ်ခုဖြစ်လာမယ့်အနေအထားကနေ ကာကွယ်သွားဖို့လိုအပ်ပါတယ်၊ ကျွန်တော်တို့ရဲ့မန်နေဂျာတွေက စိတ်မပါတာမျိုးမရှိစေရဘဲ တွန်းအားပေးလှုပ်ရှားနေရမှာပဲဖြစ်ပါတယ်၊ နည်းနည်းရူးသွပ်မှုရှိတယ်လို့တောင် ထင်ကောင်းထင်နိုင်ပေမယ့် အစဉ်အမြဲနိုးကြားဝိရိယရှိနေခြင်းဟာ အောင်မြင်မှုအတွက် အဓိကအသက်သွေးကြောပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကျွမ်းကျင်ပညာရှင်တွေရဲ့ အလှည့်ကျတာဝန်ထမ်းဆောင်မှုကို ခိုင်မာတောင့်တင်းအောင်လုပ်နေစဉ်အတွင်းမှာ ကမ္ဘာတစ်လွှားက သိပ္ပံပညာရှင်တွေကို နွေးထွေးစွာကြိုဆိုသွားရမှာဖြစ်ပါတယ်။ Huawei မှာရှိတဲ့ အထွေထွေကျွမ်းကျင်သူတွေနဲ့ အထူးပြုကျွမ်းကျင်သူတွေကို အလှည့်ကျတာဝန်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်၊ နောက်ပြီး အရည်အသွေးမပြည့်မီတော့တဲ့ ကျွမ်းကျင်ပညာရှင်တွေကို ဖယ်ရှားရှင်းလင်းသွားဖို့အတွက် စစ်ဆေးမှုနဲ့ ဆန်းစစ်အကဲဖြတ်ချက်တွေကိုလည်း အသုံးချသွားရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ကျွမ်းကျင်ဝန်ထမ်းတွေကို ထပ်မံဖြည့်ဆည်းပေးသွားခြင်းနဲ့အတူ ကျွန်တော်တို့ဟာ တည်ငြိမ်ပြီး ထိရောက်မှုရှိတဲ့ အရည်အသွေးပြည့်မီတဲ့ လုပ်ငန်းစနစ်တွေနဲ့အဖွဲ့အစည်းအစုစုကို ထူထောင်သွားနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ တစ်ဦးချင်းအလိုက်စွမ်းဆောင်ရည်စီမံခန့်ခွဲမှုကို သင့်မြတ်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီး ပိုမိုညီညွတ်တဲ့အဖွဲ့ကို တည်ဆောက်သွားမှာဖြစ်ပါတယ်၊ စွမ်းဆောင်ရည် စီမံခန့်ခွဲရာမှာ ကျွန်တော်တို့ ဟာ တစ်ဦးချင်းရလာဒ်တွေနဲ့ တာဝန်ယူမှုတွေအပေါ်မှာ အလွန်အမင်းအလေးမပေးသင့်ပါဘူး၊ ဟုတ်ပါတယ် ကျွန်တော်တို့လူတွေကို သူတို့ရဲ့စွမ်းဆောင်ရည်နဲ့စွမ်းပကားတွေ  ဆက်လက်တိုးတက်မြင့်မားဖို့အတွက် လှုံ့ဆော်ပေးသွားဖို့လည်း လိုအပ်ပါတယ်၊  သူတို့ရဲ့ အဖွဲ့သားတွေကိုလည်း အလားတူလုပ်သွားကြဖို့ သူတို့ကိုလှုံ့ဆော်ပေးဖို့လည်း လိုအပ်ပြန်ပါတယ်၊ ရလာဒ်တွေနဲ့ တာဝန်ယူမှုတွေအပေါ် အလေးထားလျှက်ရှိသလို ထုတ်လုပ်နိုင်မှုနှုန်းအားရဲ့အကြောင်းရင်းတစ်ခုအဖြစ် ထုတ်လုပ်ပေးနိုင်တဲ့ပမာဏအပေါ်မှာတော့ အလေးထားမှုလျော့ချသင့်ပါတယ်၊ ကျွန်တော်တို့လူတွေ ဝယ်ယူသုံးစွဲသူတွေအတွက် ဘယ်လောက်တန်ဖိုးအထိ ဖန်တီးပေးသလဲ၊ အခြားလူတွေအပေါ်မှာ ပံ့ပိုးမှုအမြင့်ဆုံးနဲ့ ဘယ်လိုကူညီပေးသလဲနဲ့ သူတို့ရဲ့ထုတ်ပေးမှုပမာဏတိုးတက်လာဖို့ အခြားလူတွေရဲ့ထုတ်ပေးမှုပမာဏကို ဘယ်လိုအသုံးချသလဲဆိုတာ လေ့လာသွားဖို့ လိုအပ်ပါတယ်၊ ကျွန်တော်တို့က Google Corps ထံက လေ့လာသင်ယူသွားနိုင်ပြီး ကျွန်တော်တို့ရဲ့အထူးအင်အားစုတွေကို ဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်၊

ကျွန်တော်တို့အထဲမှာ အလုပ်အပေါ်စူးစိုက်နှစ်မြှုပ်မှုအရှိဆုံးလူတွေကို တန်ဖိုးထားသွားရမှာဖြစ်ပြီး ဆုချီးမြှင့်ထောက်ပံ့ခြင်းလုပ်တဲ့အခါမှာ လူတိုင်းကို တန်းတူထားသွားရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့HR မူဝါဒတွေ တစ်သမတ်တည်းရှိနေစေရန် သေချာအောင်လုပ်ဆောင်နေစဉ်အတွင်းမှာ မတူညီတဲ့လုပ်ငန်းတွေရဲ့စရိုက်လက္ခဏာတွေနဲ့ ပိုမိုကိုက်ညီမှုရှိမယ့် ဆွဲဆောင်မှုမက်လုံးပုံစံတွေကို ရှာဖွေသင့်ပါတယ်၊ ကျွန်တော်တို့ဟာ အဖွဲ့လိုက်နဲ့ ဝန်ထမ်းတစ်ဦးချင်းအလိုက် နှစ်မျိုးလုံးအတွက် မတူညီတဲ့တာဝန်ယူမှုတွေနဲ့ ပံ့ပိုးဖြည့်ဆည်းပေးမှုတွေကို ထင်ဟပ်ပေါ်လွင်စေဖို့အတွက် မတူညီတဲ့ ဆွဲဆောင်မှုမက်လုံးအမျိုးအစားတွေကို ပေါင်းစပ်သွားဖို့လည်း လိုအပ်ပါ တယ်၊ ဒါဟာ လူတွေကို သူတို့ကိုယ်သူတို့ တွန်းအားပေးသွားဖို့နဲ့ ပိုမိုအကျိုးဖြစ်ထွန်းရရှိစေဖို့အတွက်လိုအပ်နေတဲ့ နောက်ထပ်စိတ်ဓါတ်လှုံ့ဆော်မှုတစ်ခုကို ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်၊ သဘာဝအားဖြင့် ပိုမိုဖြည့်ဆည်းပံ့ပိုးသူတွေက ပိုပြီးအကျိုးအမြတ်ရရှိလာမှာဖြစ်ပါတယ်၊ ကာလတိုဖြည့်ဆည်းပံ့ပိုးမှုတွေအတွက် အပိုဆုကြေး(ဘောနပ်)တွေက ဆွဲဆောင်မှုမက်လုံးတစ်ခုအဖြစ် အသုံးဝင်လာမှာဖြစ်ပါတယ်၊ နောက်ပြီး အနာဂတ်ရင်းနှီးမြုပ်နှံမှုအတွက်လည်း လမ်းညွှန်မှုတစ်ခုဖြစ်ပါတယ်၊ ကျွန် တော်တို့က အကျိုးအမြတ်များအောင်လုပ်တဲ့လူတွေအပြင် အနာဂတ်မှာကြီးပွားတိုးတက်လာဖို့အတွက် ကျွန်တော်တို့ရဲ့လုပ်ငန်းအရည်အသွေးကောင်းမွန်မှု မြင့်မားလာစေရေးအတွက်လုပ်ဆောင်တဲ့လူတွေကိုပါ ဆုချီးမြင့်သွားသင့်ပါတယ်၊

ကျွန်တော်တို့ဟာ အခြားလူတွေအတွက် လေ့လာသွားရမယ်၊ အကျိုးတူအောင်မြင်မှုအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်၊ သင့်လျှော်တဲ့စီးပွားရေးဂေဟစနစ်တစ်ခုကို တည်ဆောက်သွားမယ်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား အင်အားက ပိုပြီးပြင်းထန်လာတဲ့အတွက် မက်ခရိုစီးပွားရေးလုပ်ငန်းနယ်ပယ် Macro Business Environment မှာ ပိုလို့တောင်မှမသေချာမရေရာမှုကို မြင်တွေ့လာမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဆီမှာ မက်ခရိုနယ်ပယ် Macro Environment ကို ပြောင်းလဲဖို့ စုံလင်တဲ့အခြေအနေမရှိပါဘူး။ ဒါပေမယ့်ကျွန်တော်တို့လုပ်နိုင်တာကတော့ ခြေကုပ်မြဲမြဲယူထားပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လုပ်ငန်းအတွက် စီးပွားရေးဂေဟစနစ်တိုးတက်အောင်လုပ်သွားဖို့ပဲရှိပါတယ်၊

ကျွန်တော်တို့ရဲ့ ကမ္ဘာတစ်လွှားတည်ရှိမှုကို ထူထောင်သွားဖို့နဲ့ ရင်းနှီးမြုပ်နှံမှုတိုးမြင့်သွားဖို့အတွက် ရှေ့ဆက်ကြိုးပမ်းအားထုတ်သွားရမှာဖြစ်ပါတယ်၊ ဒေသခံအသိုင်းအဝိုင်းမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပံ့ပိုးဖြည့်ဆည်းမှုတွေလုပ်ဆောင်သွားပြီးတော့ မျှတတဲ့ယှဉ်ပြိုင်မှုအတွက် အခွင့်အလမ်းတွေကို အရယူသွားဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ နယ်ပယ်တွေထူထောင်သွားဖို့ လိုအပ်ပါတယ်၊ အစိုးရတွေ၊ မီဒီယာအဖွဲ့အစည်းတွေ၊ ကျွန်တော်တို့ရဲ့လက်တွဲဖော်တွေနဲ့ ထောက်ပံ့ဖြည့်တင်းပေးသူတွေနဲ့ စက်မှုလုပ်ငန်းအဆင့်ရှိ အဖွဲ့အစည်းတွေစတဲ့ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေနဲ့ ကြိုတင်ထိတွေ့လုပ်ဆောင်သွားနိုင်မယ့် နယ်ပယ်တွေမှာပဲဖြစ်ပါတယ်၊ Huawei ဝန်ထမ်းတိုင်း ကျွန်တော်တို့ရဲ့အဓိကတန်ဖိုး Core Values တွေရဲ့ သံအမတ်တွေဖြစ်ကြပြီးတော့ Huawei အမှတ်တံဆိပ်ကို ကိုယ်စားပြုသူတွေလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ မတူညီတဲ့တန်ဖိုးစနစ်တွေအကြောင်းနားလည်ဖို့လိုအပ်ပြီး အနောက်တိုင်းနိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ကိစ္စတွေကို ဖြေရှင်းသွားဖို့ ကမ္ဘာဆိုင်ရာအတွေးအခေါ်ပိုဆန်တာကို အသုံးချသွားရပါလိမ့်မယ်။

ကျွန်တော်တို့ဟာ အခက်အခဲဒုက္ခနဲ့ ရင်ဆိုင်ရာမှာ တည်ငြိမ်အေးဆေးပြီး စိတ်ကိုထိန်းချုပ်ထားရပါလိမ့်မယ်၊ နိုင်ငံတကာမူဝါဒတွေရဲ့မတည်ငြိမ်မှုနဲ့ ရင်ဆိုင်ဖြေရှင်းရာမှာ ဥပဒေအတိုင်းလိုက်နာဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်၊ ကမ္ဘာလုံးဆိုင်ရာအဆင့်ထိသွားမယ်ဆိုတာဟာ ကျွန်တော်တို့လုပ်ငန်းလုပ်နေတဲ့နိုင်ငံတွေနဲ့ ဒေသအားလုံးရဲ့ ဥပဒေတွေအတိုင်း လိုက်နာသွားဖို့ပဲဖြစ်ပါတယ်၊ ဒါဟာ ကျွန်တော်တို့အတွက် ကမ္ဘာပေါ်မှာ ရှင်သန်ဖို့ တာဝန်ထမ်းဆောင်သွားဖို့နဲ့ ပံ့ပိုးဖြည့်ဆည်းပေးသွားဖို့အတွက် အရေးအကြီးဆုံးအခြေခံအချက်ပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ တန်းညှိထားတဲ့မူဝါဒ၊ စနစ်တွေ၊ အဖွဲ့အစည်းတွေ၊ လုပ်ငန်းစဉ်တွေ၊ ယဉ်ကျေးမှုတွေ၊ လေ့ကျင့်မှုတွေနဲ့ ဆက်သွယ်မှုတွေကတဆင့် စီးပွားရေးလုပ်ဆောင်မှုအားလုံးအထဲကို လေးစားလိုက်နာရန်လိုအပ်ချက်တွေကို ဖြည့်သွင်းပေါင်းစပ်နိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်ရပါမယ်၊ ဒီလိုအပ်ချက်တွေဟာ Huawei ဝန်ထမ်းတိုင်းရဲ့ သတိနဲ့ အပြုအမူမှာ အရိုးစွဲနေရမှာပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ မလိုတမာစိတ်နဲ့ကြံရွယ်တဲ့ဖြစ်ရပ်တွေ ဒါမှမဟုတ် ယာယီအထိနာမှုတွေကြောင့် စိတ် ပျက်စိတ်ဓါတ်မကျစေရပါဘူး၊ ကမ္ဘာတစ်လွှားဦးဆောင်မှုရရှိဖို့အတွက် ဆက်လက်သန္နိဋ္ဌာန် ချသွားရမှာပဲဖြစ်ပါတယ်၊ အထိနာမှုတွေဟာ ကျွန်တော်တို့ကို ပိုပြီးသတ္တိကောင်းလာစေမှာပဲဖြစ်ပြီး မယုံကြည်နိုင်လောက်အောင် မျှတမှုကင်းမဲ့တဲ့ဆက်ဆံမှုဟာ ကျွန်တော်တို့ကို ကမ္ဘာ့အဆင့်နံပတ်တစ်အဖြစ် ရောက်လာအောင် တွန်းအားပေးလာမှာပဲဖြစ်ပါတယ်၊

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်အတွင်းမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဝယ်ယူသုံးစွဲသူတွေအပေါ် စေ့စေ့စပ်စပ်သေသေချာချာအလေးထားကာ ဝန်ဆောင်မှုပေးလာပြီးတော့ ဆင်စွယ်နန်းတော်တွေနဲ့ လက်တွေ့စမ်းသပ်ခန်းတွေရဲ့ကန့် သတ်ချက်တွေကိုကျော်လွန်ပြီးတော့ Telecommunication ဆက်သွယ်ရေးနည်းပညာကို ဆောင်ယူလာဖို့အတွက် ကျွန်တော်တို့ရဲ့လက်တွဲဖက်တွေနဲ့ ဝယ်ယူသုံးစွဲသူတွေနဲ့အတူ အနီးကပ်လက်တွဲလုပ်ဆောင်လာခဲ့ပြီးတော့ ဒီနည်းပညာကို ကမ္ဘာတစ်လွှားမြို့ကြီးတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ လက်တွေ့အသုံးချနိုင်စေခဲ့ပါတယ်၊ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဖွံ့ဖြိုးပြီးနိုင်ငံများ ဒေသများနဲ့ မဖွံ့ဖြိုးသေးတဲ့ဒေသများအကြား ဒစ်ဂျစ်တယ်ပိုင်းခြားထားမှုကို တံတားခင်းဆက်သွယ်ပေးလျက်ရှိပြီး ကမ္ဘာတစ်လွှား လူပေါင်း ၃ ဘီလီယံကျော်ကို ဆက်သွယ်ပေးလျက်ရှိပါတယ်၊ ကျွန်တော်တို့ဟာ လူ့ယဉ်ကျေးမှုလမ်းကြောင်းပေါ်မှာ အကြီးအကျယ်အကျိုးသက်ရောက်မှုတစ်ရပ်ကို ချန်ထားရစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပြီဖြစ်ပါတယ်၊

ယနေ့ခေတ်မှာ ICT လုပ်ငန်းရဲ့ အရေးပါတဲ့ခေါင်းဆောင်နဲ့ ပံ့ပိုးဖြည့်ဆည်းပေးသူအဖြစ် Huawei ဟာ ယခုအခါမှာ လုပ်ငန်းအဖွဲ့အစည်းပေါင်း ၃၈၀ ကျော်မှာ အဖွဲ့ဝင်ဖြစ်လာပြီး ကျွန်တော်တို့ဟာ အဓိကနေရာပေါင်း ၃၀ဝ ကျော်မှာ ဝန်ဆောင်မှုပေးနေပြီးတော့ နှစ်စဉ်နှစ်တိုင်း အဆိုပြုမှုပေါင်း ၆၀ဝ၀ ကျော်အထိ တင်သွင်းလျက်ရှိနေပြီဖြစ်ပါတယ်၊

ကျွန်တော်တို့ဟာ ကြိုးမဲ့ Wireless, ဖန်မျှင် Optical, အချက်အလက်ဆက်သွယ်ရေး Data Communications နဲ့ စမတ်ပစ္စည်းများ Smart Devices ကဲ့သို့ နယ်ပယ် တွေမှာ အခြားသူတွေထက် ရှေ့ကိုရောက်နေပြီ ဖြစ်ပါတယ်၊ 5G ဈေးကွက်အတွက် Huaweiနဲ့အတူ အလုပ်မလုပ်ဖို့ ရွေးချယ်လိုက်သူတွေဟာ နာမည်ကျော်ကစားသမားများမပါဝင်တဲ့ NBAပြိုင်ပွဲတစ်ခုလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ပြိုင်ပွဲကတော့ ဆက်ကစားနေမှာဖြစ်ပေမယ့် ကျွမ်းကျင်မှု၊ ပင်ကိုယ်အစွမ်းအစနဲ့ ပိုင်နိုင်ပြည့်စုံမှုနည်းပါးနေပါလိမ့်မယ်၊ အသိဉာဏ်တု AI, အချက်အလက်ကြီးများ Big data, ကလောက် Cloud တို့လို နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုအသစ်တွေအတွက် ကျွန်တော်တို့အနေနဲ့ လက်ရှိလုပ်ငန်းနယ်ပယ်နဲ့အချိန်ကိုက်ရှိနေပြီး ဦးဆောင်နေရာယူသွားဖို့ အသင့်ရှိနေပြီဖြစ်ပါတယ်၊

ရှေ့လာမညှ့်နှစ်တွေမှာ ICT Industry လုပ်ငန်းဟာ စိတ်လှုပ်ရှားစရာတွေ အလားအလာတွေနဲ့ ပြည့်လျှံနေမှာဖြစ်ပါတယ်၊ လုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်း ၃၀ ကျော်အပေါ်မှာ တည်ဆောက်ထားတဲ့ Huawei ဟာ ခမ်းနားကြီးကျယ်တဲ့ကိစ္စတွေကို ဖြစ်မြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်ပါတယ်၊ Huawei ဝန်ထမ်းအသီးသီးဟာလည်းပဲ ထိုနည်းလည်းကောင်းပဲဖြစ်ပါလိမ့်မယ်၊

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဟာ အရှိန်အဟုန်ရနေပြီဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ အသိဉာဏ်ကမ္ဘာရဲ့ စပ်ကူးမက်ကူးကာလမှာ ရောက်နေကြပြီဖြစ်ပါတယ်၊ ဝယ်ယူသုံးစွဲသူတွေဟာ ပိုမိုခေတ်မီပြီး ပိုမိုယုံကြည်စိတ်ချရတဲ့ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ဝန်ဆောင်မှုတွေကို မျှော်လင့်စောင့်စားနေကြပြီ ဖြစ်ပါတယ်၊ ဒစ်ဂျစ်တယ်နဲ့ အသိဉာဏ်တို့နဲ့ ဆက်လက်ခရီးဆက်ခြင်းဟာ ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်လာပါလိမ့်မယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ နောက်ဆုံးပေါ်ရလာဒ်တွေကို ပို့ဆောင်ပေးဖို့အတွက် ဆက်လက်ဆန်းသစ်တီထွင်သွားဖို့လိုအပ်ပါတယ်၊

ခရီးလမ်းက ကြမ်းတမ်းခက်ခဲသော်လည်း ပျော်စရာကောင်းတယ်ဆိုတာကို အမြဲတမ်းသတိရထားပါ။  ရွှေအရည်အသွေးကောင်းမကောင်း မီးနဲ့ပဲစစ်ရမယ်။ ခက်ခဲပင်ပန်းမှုနဲ့ ဖိအားကသာလျှင် ကျွန်တော်တို့ကို ပိုမိုစည်းလုံးပြီး ကြံ့ခိုင်တောင့်တင်းလာစေမှာဖြစ်ပါတယ်၊ အပြည့်အဝဆက်သွယ်ထားတဲ့ အသိဉာဏ်ကမ္ဘာကြီးအတွက် လူတိုင်း၊ အိမ်တိုင်းနဲ့အဖွဲ့အစည်းတိုင်းအတွက် ဒစ်ဂျစ်တယ်နည်းပညာယူဆောင်ပေးလာဖို့ ကျွန်တော်တို့ လုပ်ဆောင်သွားဖို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်ထွန်းအောင်မြင်အောင်လုပ်နိုင်မယ်ဆိုတာ ကျွန်တော့်အနေနဲ့သံသယမရှိမိပါဘူး။

သင်္ဘောပျက်ခြင်းကို ဖြတ်ကျော်ပြီး သင်္ဘောတစ်ထောင် ရွက်လွှင့်ထွက်ခွာလာခဲ့ပါပြီ၊ လှိုင်းလေတွေကို ရဲဝံ့စွာရင်ဆိုင်သွားရမယ့် ကျွန်တော်တို့ရဲ့နေ့ရက်ကတော့ ရောက်ရှိလာမှာပါ၊ ရှေ့ဆက်ပြီး ရွက်လွှင့်ဖို့အတွက် ဘယ်လို ခက်ခဲပင်ပန်းမှုတွေ အခတ်အခဲတွေကမှ ကျွန်