ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

တတိယအကြိမ်မြောက် e-Government ညီလာခံနှင့် ICT ပြပွဲတွင် Huawei မှ cloud နည်းပညာအသုံးပြု၍ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအတွက် အထောက်အပံ့ပေး

2018.11.30

Read English Version

[နေပြည်တော်၊ မြန်မာ၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်] - နေပြည်တော်ရှိ မြန်မာကွန်ဗန်းရှင်း စင်တာ(၂)တွင် နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်များ၌ ကျင်းပခဲ့သော e-Government Conference and ICT Exhibition 2018 တွင် Huawei က cloud platform  နည်းပညာဖြင့်  မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအား တွန်းအားပေးခြင်း ဆိုသည့် ၎င်း၏ အဓိက ရည်မှန်းချက်ကို ထုတ်ဖော်ပြောကြာခဲ့သည်။ ဆွေးနွေးပွဲကို e-Government ဦးဆောင်ကော်မတီ ဥက္ကဌဖြစ်သူ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်ဒုတိယသမ္မတ(၁)၏ လမ်းညွှန်မှုဖြင့်  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့ဦးဆောင် အိုင်စီတီအခြေခံ အဆောက်အဦနှင့် နည်းပညာပံ့ပိုးသူ Huawei အပါအဝင် နည်းပညာနယ်ပယ်မှ ထိပ်တန်းအဖွဲ့အစည်းများ ပါဝင်တက်ရောက်၍ e-government အစီအစဉ်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အဓိကထား  ဆွေးနွေးခဲ့ကြသည်။

ပထမဆုံးအကြိမ် e-Government အဖြစ်သို့ကူးပြောင်းခြင်းဖြစ်သည့်အတွက် နိုင်ငံ၏ ဌာနဆိုင်ရာ သတင်းအချက်အလက်အရာရှိချုပ် (CIO)များ၊ e-Government နှင့်ပတ်သက်သည့် နောက်ဆုံးပေါ်  နည်းပညာများနှင့် အသစ်သစ်သောနည်းပညာများကို ပိုမိုသိရှိနားလည်စေရန်အတွက် ထိရောက် သည့် နည်းပညာပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးရန်ရည်ရွယ်ပြုလုပ်ကျင်းပသည့် အဆိုပါဆွေးနွေး ပွဲတွင် Huawei မှလည်း ပါဝင်တက်ရောက်ခဲ့သည်။ တတိယအကြိမ်ပါဝင်ဆင်နွှဲခြင်းတွင် နိုင်ငံ့  ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ e-Government အနာဂတ်အတွက် အစီအစဉ်ရေးဆွဲထားမှုများ အတွင်းမှ များပြားလာသောဒီဂျစ်တယ်အသွင်ကူးပြောင်းရေးဆိုင်ရာလိုအပ်ချက်များကို  ဖြည့်ဆည်း  ရန်အတွက်နိုင်ငံတကာတွင်အောင်မြင်မှုများရရှိနေသည့် Huawei ၏ cloud အခြေခံနည်းပညာများ ၏ အခန်းကဏ္ဍကို Huawei မှ ကျွမ်းကျင်သူများက  ဆွေးနွေးတင်ပြခဲ့သည်။


 Huawei’s booth displaying its cutting-edge ICT enterprise solutions for attendees at the 3rd e-Government Conference and ICT Exhibition, held in Nay Pyi Taw from 27 to 28 November, 2018

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်များတွင် နေပြည်တော်၌ ပြုလုပ်ကျင်းပသည့် တတိယအကြိမ်မြောက် e-Government Conference and ICT Exhibition 2018 တွင် တက်ရောက်လာသူများကို Huawei မှ ၄င်း၏ နောက်ဆုံးပေါ် ICT လုပ်ငန်းစုနည်းပညာများကို ပြသထား သည့် Huawei ပြခန်း

ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ပလက်တီနမ်စပွန်ဆာအဖြစ် ပံ့ပိုးကူညီပေးထားသော Huawei မှ မြန်မာနိုင်ငံတစ်ဝန်းရှိ သတင်းအချက်အလက်အရာရှိချုပ် (CIO) များ၊ အိုင်စီတီနည်းပညာ ကျွမ်းကျင်သူများနှင့် ဦးဆောင်သူများကို ၎င်း၏နည်းပညာနှင့်ထုတ်ကုန်များအား သရုပ်ပြရန် ပြခန်း တစ်ခုဖွင့်လှစ်ထားပြီး အဆိုပါပြခန်းတွင် Huawei ၏ အလုံးစုံပါဝင်သော cloud အခြေခံ နည်းပညာ များ၊ face-recognition နည်းပညာနှင့် အခြားသောလုပ်ငန်းစုဆိုင်ရာ ထုတ်ကုန် နှင့် ဝန်ဆောင်မှု များလည်း ပါဝင်သည်။ ပြသထားသည့်နည်းပညာများမှာ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှ နိုင်ငံပေါင်း ၄၀ ကျော်ရှိ သုံးစွဲသူအစိုးရ ၁၂၀ ကျော်အတွက် Huawei မှ ပံ့ပိုးပေးထားသည့် နည်းပညာများလည်း ဖြစ်သည်။


Mr. Nick Guang Lu, Chief Technology Officer of Industry Solutions, Huawei Southern-East Asia Enterprise Business Group presenting at the 3rd e-Government Conference and ICT Exhibition, held in Nay Pyi Taw from 27 to 28 November, 2018

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်များတွင် နေပြည်တော်၌ ပြုလုပ်ကျင်းပသည့် တတိယအကြိမ်မြောက် e-Government Conference and ICT Exhibition 2018 ပွဲတွင် Huawei အရှေ့တောင်အာရှ enterprise စီးပွားရေးလုပ်ငန်းစု၏ လုပ်ငန်းဖြေရှင်းနည်းများဆိုင်ရာ နည်းပညာအမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Nick Guang Lu မှ ရှင်းလင်းတင်ပြနေစဉ်


Huawei အရှေ့တောင်အာရှ enterprise စီးပွားရေးလုပ်ငန်းစု၏ လုပ်ငန်းဖြေရှင်းနည်းများဆိုင်ရာ နည်းပညာအမှုဆောင်အရာရှိချုပ်ဖြစ်သူက နိုင်ငံတကာဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနည်းပညာ  ရေစီးကြောင်း၊ နိုင်ငံသားများ၏လူနေမှုဘဝများ၊ လူမှုအုပ်ချုပ်ရေးနှင့် လုပ်ငန်းစုများ၏ဖွံ့ဖြိုးရေးကို တိုးတက်လာစေခြင်းဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အပေါ် cloud အသွင်ကူး  ပြောင်းခြင်း၏သက်ရောက်မှုများအတွက် “Leading New ICT- Enabling Digital Government by Cloud Platform” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင်ရှင်းလင်းတင်ပြခဲ့သည်။ ဒီဂျစ်တယ်အသွင်  ကူးပြောင်းရေးအောင်မြင်မှုကိုရှေးရှု၍ နယ်ပယ်ကဏ္ဍအသီးသီးတွင် အကျိုး ဖြစ်ထွန်းစေရန် ရည်သန်လျက် Huawei ၏ cloud platform များအကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလမ်းကြောင်းအပေါ် Huawei ၏ အကြံပြုချက်များကိုလည်း ၎င်းက မျှဝေခဲ့သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က ဒီဂျစ်တယ်နိုင်ငံတစ်ခုဖြစ်လာစေရေး အတွက် အစိုးရအနေဖြင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် လက်တွေ့ကျကျပါဝင်ဆောင်ရွက်  ခြင်း၊ အခြားသောအဖွဲ့အစည်းများကိုလည်း ပါဝင်ဆောင်ရွက်ကြရန်အားပေးလှုံ့ဆော်ခြင်း၊ ဒီဂျစ် တယ်အသွင်ကူးပြောင်းရေးအတွက် နည်းဥပဒေများသတ်မှတ်ခြင်းတို့ကို ဦးဆောင်သင့်ကြောင်း ၎င်း၏စိတ်ကူးစိတ်သန်းများကို မျှဝေခဲ့သည်။ “ဒီဂျစ်တယ်နည်းပညာရဲ့ ထဲထဲဝင်ဝင်ဖွံ့ဖြိုးတိုးတက် လာမှုကြောင့် အစိုးရအနေနဲ့ အုပ်ချုပ်ရေးစနစ်ပိုတိုးတက်လာစေဖို့၊ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုပေးမယ့်ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးဖို့နဲ့ လိုက်လျောညီထွေရှိပြီးထိရောက်တဲ့နည်းဥပဒေ  တွေကို ချမှတ်ပေးဖို့တွေကို ဆောင်ရွက်ပေးနိုင်မှာပါ။ အစိုးရအနေနဲ့ ဒီဂျစ်တယ်နည်းပညာအစီအ စဉ်အသစ်တွေနဲ့ မိတ်ဆက်မပေးခင်မှာ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးရဲ့ အလုပ်လုပ်ပုံကို အရင်  ဆုံးလူသိများအောင် လုပ်ဆောင်သင့်ပါတယ်။ ဒီဂျစ်တယ်နည်းပညာကတစ်ဆင့် အစိုးရရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်မယ်ဆိုတဲ့စိတ်ကူးဟာ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ လက်တွေ့ ကျကျ ပါဝင်လှုပ်ရှားဖို့ဆိုတဲ့ တာဝန်ကိုဖြစ်စေသလို ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေတဲ့ပတ်ဝန်းကျင်တစ်ခုကို အစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးသလဲဆို တဲ့  နည်းလမ်းက ဒီဂျစ်တယ်ဂေဟစနစ်အတွက်အခြားအဖွဲ့အစည်းတွေကို လှုံ့ဆော်ပေးတယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဖြစ်လာစေပါတယ်။ ပြီးတော့ ဒီဂျစ်တယ်ဖွံ့ဖြိုးရေးကို ကြီးကြပ်လမ်းညွှန်ပေးမယ့် တာဝန်က အစိုးရအဖွဲ့ကို ဒီဂျစ်တယ်ဖွံ့ဖြိုးရေးအတွက် ဥပဒေပြုသူတစ်ဦး ဖြစ်လာစေပါတယ်။” ဟု Mrr. Zhang Liman က ပြောကြားခဲ့သည်။

နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သည့် e-Government Conference and ICT Exhibition  ဆွေးနွေးပွဲ တွင် e-Government ဦးဆောင်ကော်မတီဥက္ကဌ ဖြစ်သူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေမှ အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ပြီး “Road to Digital Government” ခေါင်းစဉ်ဖြင့် VIP Discussion Panel အပြင် ပညာရှင်စကားဝိုင်းများနှင့် နည်းပညာစာတမ်းဖတ်ပွဲများအပါအဝင် ထုတ်ကုန်နှင့် ဝန်ဆောင်မှုဆိုင်ရာ မိတ်ဆက်ပြသခြင်းများ ပါဝင်ခဲ့သည်။ နည်းပညာဆိုင်ရာ နောက်ဆုံးပေါ်ထုတ်ကုန်များ၊ ခေတ်ပေါ်အချက်အလက်များ စသည့် နယ်ပယ်ကဏ္ဍအတွင်းမှ လုပ်ငန်းများက ပြပွဲအတွင်း ဆိုင်ခန်းပေါင်း ၉၀ ကျော်ဖြင့် ပါဝင် ပြသခဲ့ကြသည်။