ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

CSP Operational Technology နှင့်စပ်လျဉ်းသည့် Gartner ဈေးကွက် လွှမ်းမိုးနိုင်မှုသုံးသပ်ချက်တွင် Huawei သည် ကမ္ဘာ့လုံးဆိုင်ရာဈေးကွက်ဦးဆောင်သူ (Global Market Leader) အဖြစ် ၃နှစ်ဆက်တိုက် သတ်မှတ်ခံရ

ထုတ်ကုန်နှင့်ဝန်ဆောင်မှုဆိုင်ရာ စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်မှုသည် ကမ္ဘာ့ဈေးကွက်အဟုန်ကို ထိန်းသိမ်းပေးကာ အသုံးပြုသူ၏ အောင်မြင်မှုကို ပံ့ပိုးပေးသည်
2018.07.02

Read English Version

[ရှန်ကျန်း၊ တရုတ်၊ ၂၀၁၈၊ ဇူလိုင် ၂] Communications Service Provider (CSP) Operational Technology အတွက် နောက်ဆုံးထွက်ရှိထားသော နှစ်စဉ် Gartner ဈေးကွက် လွှမ်းမိုးနိုင်မှုသုံးသပ်ချက်တွင် (Gartner Market Share Analysis¹) တွင် Huaweiအား ဈေးကွက်ဦးဆောင်သူအဖြစ် ၃နှစ်ဆက်တိုက် သတ်မှတ်ဖော်ပြခဲ့ပါသည်။ နှစ်စဉ်တိုးတက်မှုနှုန်းများအရ လုပ်ငန်းလည်ပတ်မှုနည်းပညာ ဆော့ဖ်ဝဲလ်ဈေးကွက် (OT Software market) တွင် Huawei၏ ဈေးကွက် လွှမ်းမိုးနိုင်မှုသည် ၁၃%ရှိပြီး အမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီယတန်ဖိုးတိုက်တန်ပါသည်။

Huawei၏ OTထုတ်ကုန်နှင့် ၀န်ဆောင်မှုသည် ကမ္ဘာအနှံ့အပြားရှိ CSP ၂၀၀ကျော်ကို ပံ့ပိုးကူညီလျက်ရှိကာ ထိုလုပ်ငန်းများမှတစ်ဆင့် နိုင်ငံပေါင်း ၁၁၄နိုင်ငံကျော်ရှိ သုံးစွဲသူ ၂.၁ ဘီလီယံထံသို့ ၀န်ဆောင်မှုပေးနိုင်ရန် ကူညီပေးလျက်ရှိသည်။ လွန်ခဲ့သောနှစ်များတွင် လက်ရှိသုံးစွဲသူများ၏ လုပ်ငန်း ပိုမိုတိုးတက်လာမှုနှင့် သုံးစွဲသူသစ်များအနေဖြင့်လည်း Huawei OTထုတ်ကုန်များကို ၎င်းတို့၏ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး အစီအစဉ်များတွင် တစ်စိတ်တစ်ပိုင်းအဖြစ်အသုံးပြုမှုများကြောင့် အရေအတွက်ပိုမိုတိုးပွားလာခဲ့သည်။ လုပ်ငန်းလည်ပတ်မှုများအား ဒီဂျစ်တယ်လုပ်ငန်းအသွင်ကူးပြောင်းရေးအတွက် “Project Earth”တွင် Huawei၏ cloud အခြေပြု Business Enabling System (BES) solution ဝန်ဆောင်မှုကို အသုံးပြုထားသော Hong Kong Telecom (HKT)ကဲ့သို့သော သုံးစွဲသူများ၏ ရည်ရွယ်ချက်မှာ “HKT၏ဝန်ဆောင်မှုကိုအသုံးပြုခြင်းမှတစ်ဆင့် ၎င်း customer များ၏ သုံးစွဲမှုအတွေ့အကြုံကို မြှင့်တင်ပေးရန်” ဖြစ်ပါသည်။ ဦးဆောင် German CSP သည်လည်း Huawei Online Charging System (OCS)ကိုအသုံးပြုခြင်းဖြင့် ၎င်းဝန်ဆောင်မှုလုပ်ငန်းအတွက် လျှင်မြန်မှု နှင့် monetization တို့ကို ပြောင်းလဲကာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းခရီးစဉ်ကိုစတင်ခဲ့ပါသည်။

Huawei ၏ ထုတ်ပြန်မှုအသစ်များဖြစ်သော အကျိုးအမြတ်ရရှိမှုကို စီမံခန့်ခွဲနိုင်ခြင်း၊ သုံးစွဲသူအတွေ့အကြုံကိုမြှင့်တင်ပေးနိုင်ခြင်းနှင့်အတူ လုပ်ငန်း၏ ဂေဟစနစ် နှင့် စံချိန်စံညွှန်းများကို မြှင့်တင်ပေးနိုင်သော ရင်းနှီးမြှပ်နှံမှုများကိုယူဆောင်လာပေးနိုင်မည့် OT Product များအတွက် စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်မှုများပြုလုပ်ခြင်းနှင့် နှစ်စဉ်ဝင်ငွေ၏ ဂဏန်း၂လုံးပမာဏခန့်ကို သုတေသနနှင့်ဖွံ့ဖြိုးရေး (R&D) တွင်ပြန်လည်ရင်းနှီးမြှပ်နှံပေးခြင်းဖြင့် ဈေးကွက်အရှိန်အဟုန်နှင့် သုံးစွဲသူများအတွက် အောင်မြင်မှုတို့ကို အောက်ခြေမှ ပံ့ပိုးပေးလျက်ရှိပါသည်။ Huawei ၏ cloud native software တီထွင်ဆန်းသစ်မှုသည် MVNOs World Congress 2018 တွင် ‘Best Solution Provider’ ဆု ရရှိထားသည့် Huawei’၏ Dealer Agent Cloud ကဲ့သို့သော domain များတွင် တန်ဖိုးမြင့် အသွင်ကူးပြောင်းနိုင်မှုကို အရှိန်အဟုန်မြှင့်တင်ပေးသည်။ ၎င်းသည် ဦးဆောင် မလေးရှား CSP တစ်ခုအတွက် subscriber မှတ်ပုံတင်စာရင်းပေးသွင်းချိန်ကို ၉၀%လျှော့ချပေးခြင်း၊ သုံးစွဲခြင်းအတွေ့အကြုံကို သိသိသာသာ မြှင့် တင်ပေးခြင်း၊ ယခုအခါတွင် အွန်လိုင်းမှ စီစဉ်ဆောင်ရွက်နိုင်သော customer activation ၏ ၈၀%ကျော်၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကျိုးသက်ရောက်ဖြစ်ထွန်းမှုကို တိုးတက်စေခြင်းနှင့် ၀င်ငွေတိုး တက်မှုတို့ကို ဖြစ်ပေါ်စေခြင်းများဖြစ်သော dealer အတွေ့အကြုံ အသွင်ကူးပြောင်းပေးခဲ့ပါသည်။

Huaweiသည် ၎င်း၏ OT product portfolio မှတဆင့် 5G-Ready enablement2 ကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့သော 5G Charging (3GPP) Standards ရေးဆွဲချမှတ်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အစီရင်ခံစာအတွက် အဆိုတင်သွင်းစာများ၏ ၄၄%နှင့် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်သတ်မှတ်ချက်များ အတွက် အဆိုတင်သွင်းစာများ၏ ၄၆%ကို ပံ့ပိုးပေးခဲ့သော ဦးဆောင်ပံ့ပိုး သူဖြစ်သည်။

မြင်သာမှုရှိသော၊ လျင်မြန်စွာ ပြောင်းလဲနိုင်သော စီးပွားရေးလုပ်ငန်းလည်ပတ်မှု၊ (၀င်ငွေမဟုတ်သော) ပိုင်ဆိုင်မှုအား ငွေသားအဖြစ် ပြောင်းလဲမှု (asset monetization)ကို ရရှိဆောင်ရွက်နိုင်ရန်နှင့် ဂေဟစနစ် ကို တည်ဆောက်ရန် ရည်ရွယ်၍ Huawei သည် မိုက်ခရိုဝန်ဆောင်မှုပေါင်း ၁၀၀ကျော်ရရှိနိုင်သော API အခြေပြု စံညွှန်း ၂၀၀ ကို ထုတ်ပြန်ခဲ့ကာ ၏TM Forum Frameworx ပရိုဂရမ်မှ အသိအမှတ်ပြုလက်မှတ်ရရှိရန် အဖွဲ့ဝင်ပေါင်း ၂၀၀၀ ကျော်၏ ပုဂ္ဂိုလ်ရေးနှင့် ပရော်ဖက်ရှင်နယ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပံ့ပိုးကူညီပေးခဲ့သည်။

"Customer များကို ၀န်ဆောင်မှုပေးရန်နဲ့ ဒီဂျစ်တယ်နှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အသွင်ကူးပြောင်းမှုကို မြှင့်တင်ပေးမယ့် သုတေသနနှင့်တီထွင်မှုတွင် ရင်းနှီးမြှပ်နှံရန် အလေးပေးဆောင်ရွက်ခြင်းများက OTဈေးကွက်တွင် ဦးဆောင်သူအဖြစ်ရပ်တည်စေခဲ့တာဖြစ်ပါတယ်။ ဤနည်းအားဖြင့် ကျွန်တော်တို့ customer များအနေနဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုဆိုင်ရာ အတွေ့အကြုံများကို ပေးအပ်နိုင်စေခြင်း၊ ၎င်းတို့၏ ထုတ်ကုန်နှင့် ၀န်ဆောင်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုကို ငွေသားအဖြစ်ပြောင်းလဲပေးနိုင်ခြင်း၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းစွမ်းဆောင်မှုကို အသွင်ကူးပြောင်းစေခြင်း၊ လုပ်ငန်းအတွင်း အထောက်အကူပြုပစ္စည်းများနှင့် လုပ်ငန်းဂေဟစနစ်ကို ရရှိအသုံးချနိုင်စေနိုင်ခြင်း၊ နဲ့ ၎င်းတို့ရဲ့ အသွင်ကူးပြောင်းမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေကို အခြေခံအားဖြင့် လျှော့ချပေးခြင်းတို့ကို ရရှိစေနိုင်ပါတယ်။” ဟု Huawei၏ Software Business Unitမှ ဥက္ကဌဖြစ်သူ Ali Shiက ပြောကြားခဲ့သည်။