ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei ၂၀၁၇ ရေရှည်ခိုင်မာတည်မြဲခြင်း အစီရင်ခံစာ- တစ်ကမ္ဘာလုံးဆိုင်ရာ အမြဲမပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်နေသော အိုင်စီတီနည်းပညာ

2018.07.11

Read English Version

[ရှန်ကျန်း၊ တရုတ်၊ ဇူလိုင် ၁၁ ၊ ၂၀၁၈]  Huawei သည် ဒစ်ဂျစ်တယ်ခွဲခြားမှုများကို ပေါင်းကူးပေးခြင်း၊ ကွန်ယက်ငြိမ်သက်မှုနှင့် လုံခြုံရေးအတွက် အထောက်အပံ့ပေးကာ privacy ကို ကာကွယ်ပေးခြင်း၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းအား တိုးမြှင့်လုပ်ဆောင်ခြင်း နှင့် ခိုင်မာသော ဂေဟစနစ်ကိုတည်ဆောက်ခြင်းဟူသော နယ်ပယ်လေးခုတွင် ယခုနှစ်အတွင်း ပမာဏလုပ်ဆောင်ချက်များကို ဖော်ပြထားသည့်  ၎င်း၏ ၂၀၁၇ ခုနှစ် ရေရှည်ခိုင်မာတည်မြဲခြင်း အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပါသည်။ ယခင်နှစ်တွင် Huawei သည် ၎င်း၏ရေရှည်ခိုင်မာတည်မြဲခြင်း မဟာဗျူဟာရည်မှန်းချက် ပြည့်မြောက်ရန် ကုလသမဂ္ဂ၏ အမြဲမပြတ်ရေရှည် ဖွံ့ဖြိုးမှု ရည်မှန်းချက်များနှင့်ယှဉ်ကာ တက်ကြွစွာလိုက်ပါလုပ်ဆောင်ခဲ့ပါသည်။

“ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုကိုအကျိုးရှိရှိအသုံးချပြီး အမြဲမပြတ်ဖွံ့ဖြိုးသော၊ အပြည့်အဝချိတ်ဆက်ထားသော၊  အသိဉာဏ်ရှိတဲ့ကမ္ဘာကြီးကို တည်ဆောက်ဖို့ရည်မှန်းပါတယ်။ အနာဂတ်မှာ လူတိုင်း၊ အိမ်တိုင်း၊ အဖွဲ့အစည်းတိုင်းက တီထွင်ဆန်းသစ်မှုနဲ့  ချိတ်ဆက်မှုများရဲ့ အကျိုးကျေးဇူးများကို ခံစားရမှာပါ။” ဟု Huawei ၏ ဥက္ကဌ Dr. Howard Liang ကပြောကြားခဲ့ပါသည်။ “အားလုံးပါဝင်ပြီး ရေရှည်ခိုင်မာတည်မြဲတဲ့ ကမ္ဘာလုံးဆိုင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့လုပ်ဆောင်နေတာကြောင့် ကမ္ဘာကြီးနဲ့အနာဂတ်အတွက် ကောင်းကျိုးတွေ ဆက်လက်ပြီး လုပ်ဆောင်သွားဖို့မျှော်လင့်ပါတယ်” ဟုဆက်လက်ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အိုင်စီတီ နည်းပညာများသည် တစ်ကမ္ဘာလုံးဆိုင်ရာ အမြဲမပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကမောင်းနှင်နေသောအရာဖြစ်လာပါသည်။ အမြဲမပြတ်ရေရှည် ဖွံ့ဖြိုးမှုအတွက် Huawei ၏ကြိုးစားလုပ်ဆောင်မှုအစိတ်အပိုင်းတစ်ခုအနေနှင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှပ်နှံခြင်း၊ အိုင်စီတီနည်းပညာသစ်များတီထွင်ဆန်းသစ်ပြီး လူအများဆီသို့ပို့ဆောင်ပေးခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

၂၀၁၇ခုနှစ်တွင် Huawei ၏ ဆန်းသစ်သော WTTx solution သည် လူဦးရေထူထပ်သော မြို့ပြများနှင့် ကျေးလက်ဒေသများရှိ Last-mile access ရရှိရေး ကိစ္စရပ်ကိုဖြေရှင်းပေးနိုင်ခဲ့ပါသည်။ ထို solution သည်ချိတ်ဆက်ခြင်းဆိုင်ရာ ကုန်ကျစရိတ်ကို ၇၅%အထိလျော့ချပေးနိုင်ခဲ့ပြီး ကွန်ယက်ကို ၉၀% အထိပိုမိုမြန်ဆန်ဆောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါသည်။ ထိုအပြင် ကျေးလက်ဒေသကွန်ယက်များအတွက် solution တစ်ခုဖြစ်သော RuralStar 2.0 ကို ထိုင်း၊ Ghana နှင့် Mexico အပါအဝင် နိုင်ငံပေါင်း ၈နိုင်ငံရှိ  carrier ၁၂ ခုအတွက် အသုံးပြုခဲ့ပါသည်။ ဤ solution ကိုအသုံးပြုခဲ့ခြင်းဖြင့် ကျေးလက်ဒေသများတွင် ကွန်ယက်ရရှိမှု တိုးမြှင့်ခဲ့ပြီး ဖွံ့ဖြိုးဆဲဒေသများရှိလူများကို အင်တာနက်ရရှိသုံးစွဲစေနိုင်ခဲ့ပါသည်။ Huawei ၏ Mobile Money Solution သည်လည်း  carrier များနှင့် ဘဏ်များအနေနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုများစွာအသုံးပြုရခြင်းမရှိဘဲ တီထွင်ဆန်းသစ်ပြီး ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးဝန်ဆောင်မှုကို အထောက်အပံ့ပေးနိုင်ခြင်းဖြစ်ပါသည်။ ၎င်းဝန်ဆောင်မှုကို နိုင်ငံပေါင်း ၁၉ နိုင်ငံတွင်အသုံးပြုနေပြီး ၁၅၂ မီလီယံသော သုံးစွဲသူများကို ဝန်ဆောင်မှုပေးနေပါသည်။ ၎င်း solution သည် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူရှင်းလင်းစေပြီး၊ သုံးစွဲသူပိုမိုများပြားလာစေပြီး၊ အာလုံးပါဝင်သော ဘဏ္ဍာရေးကိုဖော်ဆောင်နေပါသည်။

 “ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်များကို အကောင်းဆုံး လုပ်ငန်းအတွေ့အကြုံများနှင့်ယှဉ်ကာ ပိုမိုကောင်းမွန်အောင် အမြဲလုပ်ဆောင်နေပါတယ်။ လုပ်ငန်းတစ်ခုလုံး၏ ရေရှည်ခိုင်မာတည်မြဲခြင်းကိုကူညီတိုးမြှင့်ပေးဖို့ အခုဆိုရင် ပိုမိုပြင်းထန်တဲ့ ရည်မှန်းချက်ကိုထားရှိကာ တီထွင်ဆန်းသစ်မှုတွေကိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု Huawei ၏ အမြဲမပြတ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ဘုတ်အဖွဲ့ဝင်နှင့် ဥက္ကဌဖြစ်သူ Kevin Tao သည် Huawei ၏အနာဂတ် အစီအစဉ်အကြောင်းဆွေးနွေးစဉ်မှာပြောကြားခဲ့ပါသည်။

 “ရေရှည်ခိုင်မာတည်မြဲခြင်း လမ်းကြောင်းပေါ်ရောက်ရှိဖို့ ပွင့်လင်းမြင်သာမှုရှိမှုနဲ့ ဂေဟစနစ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှသာ စီးပွားရေးလုပ်ငန်းများအနေနဲ့ စီးပွားရေးဆိုင်ရာတန်ဖိုးများကို ရေရှည်ခိုင်မြဲစွာလုပ်ဆောင်နိုင်ပြီး၊ အောင်မြင်မှုကို တစ်ခြားလုပ်ငန်းရှင်များနဲ့အတူမျှဝေပေးနိုင်ပါလိမ့်မယ်” ဟု Tao ကဆက်လက်ပြောကြားခဲ့ပါသည်။

Huawei မှထုတ်ပြန်သော အစီရင်ခံစာသည် Global Reporting Initiative (GRI) ၏ ရေရှည်ခိုင်မာမှုဆိုင်ရာ အစီရင်ခံခြင်း စည်းမျဉ်းများနှင့်အညီထုတ်ပြန်ခဲ့ခြင်ဖြစ်ပါသည်။ ထိုအစီရင်ခံစာ၏ ယုံကြည်စိတ်ချရမှု၊ မျှတမှုရှိမှု နှင့် ပွင့်လင်းမြင်သာမှုများကို အတည်ပြုနိုင်ရန်အတွက် ပြင်ပ အာမခံအထောက်အပံ့ပေးသူ Bureau Veritas နှင့်အတူပူပေါင်းလုပ်ဆောင်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ရေရှည်ခိုင်မာတည်မြဲခြင်း အစီရင်ခံစာကို http://www.huawei.com/en/sustainability/sustainability-report  တွင်ဝင်ရောက်ဖတ်ရူနိုင်ပါသည်။