Huawei က ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်အတွက် လုပ်ငန်းရလဒ်များကို ထုတ်ပြန် ကြေညာ
2020.07.17
[ရှန်းကျန့်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ - ဇူလိုင် ၁၃၊ ၂၀၂၀] Huawei က ယနေ့တွင် ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်အတွက် လုပ်ငန်းရလဒ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ကုမ္ပဏီသည် ယခုကာလအတွင်း တရုတ်ယွမ် ၄၅၄ ဘီလီယံအထိ စုစုပေါင်းအရောင်းဝင်ငွေ ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၃.၁ % တိုးမြင့်လာခဲ့သည်။ ကုမ္ပဏီ၏ အသားတင်အမြတ်ပမာဏမှာ ၉.၂% ဖြစ်သည်။ [၁] Huawei ၏ Carrier ၊ Enterprise နှင့် Consumer စီးပွားရေး လုပ်ငန်းစုများက တရုတ်ယွမ် ၁၅၉.၆ ဘီလီယံ၊ ၃၆.၃ ဘီလီယံနှင့် ၂၅၅.၈ ဘီလီယံတို့ အသီးသီး ရရှိခဲ့သည်။
ကမ္ဘာအနှံ့နိုင်ငံများက COVID-19 ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်နေသည်နှင့် အမျှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT)များက ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရာတွင်သာမက စီးပွားရေး ပြန်လည် ထူထောင်လာနိုင်ရေးအတွက်လည်း အဓိက မောင်းနှင်အားတစ်ရပ်ဖြစ်လာသည်။ Huawei က carrier များ၊ လုပ်ငန်းမိတ်ဖက်များနှင့် ပူးပေါင်းလုပ်ကိုင်ပြီး တည်ငြိမ်သည့် ကွန်ရက်လည်ပတ်မှုများကို ထိန်းသိမ်းခြင်းနှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ခြင်းများ၊ ဒေသတွင်းရောဂါ ပြန့်ပွားမှုကို ထိန်းသိမ်းခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်းများတို့ဖြင့် ယင်း၏ ကတိကဝတ်များကို ထပ်မံ၍ အလေးအနက် ဖော်ပြခဲ့သည်။
ရှုပ်ထွေးနေသည့် ပြင်ပပတ်ဝန်းကျင် အခြေအနေများကြောင့် ကမ္ဘာအနှံ့ လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်များတွင် ပွင့်လင်းကြိုဆိုသည့် ပူးပေါင်းမှုများ၊ ယုံကြည်အားထားနိုင်မှုများမှာ ယခင်ထက် ပိုမို အရေးကြီးလာခဲ့သည်။ Huawei က ယင်း၏ သုံးစွဲသူများနှင့် ပစ္စည်းကိရိယာပံ့ပိုးသူများအပေါ် ဖြည့်ဆည်းပေးရမည့် တာဝန်ဝတ္တရားများကို ဆက်လက်ထမ်းဆောင်သွားရန်၊ ကုမ္ပဏီအနေဖြင့် မည်သည့် စိန်ခေါ်မှုမျိုး ကြုံတွေ့စေကာမူ ကျော်ဖြတ်၍ ရှေ့သို့ ဆက်လက်ချီတက်ရင်း ကမ္ဘာ့စီးပွားရေးနှင့် နည်းပညာတိုးတက်မှုအတွက် အထောက်အကူပြုသွားရန်အတွက် ကတိကဝတ်ပြုထားသည်။
[၁] ယခုဖော်ပြထားသော ဘဏ္ဍာရေးအချက်အလက်များသည် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်း စံနှုန်းများအရ စီစဉ်ထားပြီး တရားဝင်စစ်ဆေးမှုမပြုလုပ်ရသေးသည့် ကိန်းဂဏန်းများ ဖြစ်သည်။ ၂၀၂၀ ခုနှစ် ဇွန်လအကုန် ငွေလဲလှယ်မှုနှုန်းထားများအရ အမေရိကန် တစ်ဒေါ်လာလျှင် တရုတ်ယွမ် ၇.၀၆၇၇ ရှိသည်။ (ရင်းမြစ် - ပြင်ပ အေဂျင်စီ အဖွဲ့အစည်းများ)