ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

နှစ်နှစ်ကြာ ထိန်းသိမ်းခံထားရသည့် စက်ပစ္စည်းအစိတ်အပိုင်းများ ပြန်လည်လက်ခံ ရရှိပြီးနောက် အမေရိကန်အစိုးရအား တရားစွဲဆိုထားမှုကို Huawei မှ ရုတ်သိမ်းပေးခဲ့

2019.09.10

Read Myanmar Version

Huawei ၏ အမေရိကန်ကုမ္ပဏီခွဲဖြစ်သည့် Huawei Technologies USA Inc. (HT USA) သည် လွန်ခဲ့သည့်ဇွန်လအတွင်း အမေရိကန်စီးပွားရေးဌာနနှင့် အခြား အမေရိကန်အစိုးရအေဂျင်စီများအပေါ် တရားစွဲဆိုထားမှုကို စက်တင်ဘာလ (၉) ရက်နေ့က ပြန်လည်ရုတ်သိမ်း   ပေးခဲ့သည်။ အဆိုပါကိစ္စရပ်သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်အာဏာပိုင်များက Huawei ၏ ဆက်သွယ်ရေးပစ္စည်းအစိတ်အပိုင်းများကို အကျိုးအကြောင်းရှင်းလင်းပြောကြားခြင်းမရှိဘဲ ထိန်းသိမ်းထားခြင်းမှ စတင်ခဲ့သည်။ အကျိုးအကြောင်း ရှင်းပြခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားသောစက်ပစ္စည်းအစိတ်အပိုင်းများကို ပြန်လည်ပေးအပ်ပြီးနောက်တွင် Huawei က တရားစွဲဆိုထားချက်များကို ရုတ်သိမ်းပေးခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ ပြန်လည်ပေးအပ်ခြင်းကိုကြည့်ခြင်းဖြင့် အကြောင်းပြချက်မရှိ ထိန်းသိမ်းထားခြင်းသည် တရားဥပဒေနှင့် မညီညွတ်ဘဲ ထင်ရာစိုင်းလုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း အသံတိတ်ဝန်ခံနေ သကဲ့သိုပင်ဖြစ်သည်ဟု Huawei က ထင်မြင်ယူဆပါသည်။ အဆိုပါကိစ္စရပ်သည် အမေရိကန်အစိုးရမှ Huawei အပေါ် ပြုလုပ်နေသော သင့်လျော်မှု၊ တရားမျှတမှုမရှိသော လုပ်ရပ်များအနက်မှ တစ်ခုဖြစ်သည်။ကေနံကေjjjj

တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသော Huawei ၏ ကွန်ပျူတာဆာဗာများ၊ Ethernet switches များ နှင့် အခြားသောဆက်သွယ်ရေးသုံးပစ္စည်းအစိတ်အပိုင်းများကို စီးပွားဖြစ်အသုံးပြုရေးအတွက် ၂၀၁၇ ခုနှစ် စက်တင် ဘာလတွင် California ရှိ လက်တွေ့စမ်းသပ်ခန်းတစ်ခု၌ စမ်းသပ်ပြီး အဆင့်မီကြောင်း လက်မှတ်ထုတ်ပေးကာ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်ဖြစ်သော်လည်း အမေရိကန်စီးပွားရေးဌာနက အကြောင်းပြချက် မည်မည်ရရမပေးဘဲ ကုန်ပစ္စည်းတင်ပို့မှုကို ချိုးဖောက်သည်ဟု ဆိုကာ လမ်းခရီးတွင် ထိန်းသိမ်းခဲ့သည်။ နှစ်နှစ် အတွင်း Huawei က အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့သော်လည်း အဆိုပါစက်ပစ္စည်းများအား တရုတ်နိုင်ငံသို့  ပြန်လည်ပို့ဆောင်ရန်အတွက် တင်ပို့မှုလိုင်စင်လိုမလိုကို အမေရိကန်အစိုးရက ဆုံးဖြတ်မပေးဘဲ ဆိုင်းငံ့ထား ခဲ့သည်။

တရားစွဲဆိုရန်မှလွဲ၍ Huawei တွင် ရွေးချယ်စရာမရှိခဲ့ပါ။ ထို့ကြောင့် Huawei က အမေရိကန်အစိုးရကို အဆိုပါစက်ပစ္စည်းအစိတ်အပိုင်းများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် လိုင်စင်လိုမလိုကို ဆုံးဖြတ်ပေးခြင်းမရှိဘဲ အကြောင်းပြချက်မရှိ အချိန်ကြာ မြင့်စွာ ဆိုင်းငံ့ထားမှုဖြင့် ဇွန်လ ၂၁ ရက်နေ့တွင် ကိုလံဘီယာခရိုင်ရှိ အမေရိကန်ခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့သည်။ အမေရိကန်အစိုးရ၏ ထိုသို့ဆိုင်းငံ့ထားမှုသည် ဖွဲ့စည်းပုံနှင့် စီမံ ခန့်ခွဲရေးအက်ဥပဒေကိုလည်း ချိုးဖောက်နေသည်။

အကျိုးအကြောင်း ရှင်းပြခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ စုံစမ်းစစ်ဆေးပြီးနောက်တွင် အဆိုပါစက်ပစ္စည်းအစိတ်အပိုင်းများကို တရုတ်သို့ ပြန်လည် ပို့ဆောင်ရန် ကြိုးပမ်းရာ၌ ကတေနင uံHuawei သည် ကုန်ပစ္စည်းတင်ပို့မှုဆိုင်ရာစီမံခန့်ခွဲရေးစည်းမျဉ်းများကို လိုက်နာခဲ့သော  ကြောင့် တင်ပို့ရန် လိုင်စင်မလိုအပ်ပါ ဟူသော ဆုံးဖြတ်ချက်ကို သြဂုတ်လတွင် အမေရိကန်အစိုးရက HT USA ထံသို့ အကြောင်းကြားခဲ့သည်။ ထို့နောက်တွင် ၎င်းစက်ပစ္စည်းများကို HT USA ထံသို့ အမေရိကန်အစိုးရ၏ စရိတ် ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

Huawei ၏ တရားရေးအရာရှိချုပ်ဖြစ်သူ Dr. Song Liuping က “Huawei က တရားစွဲဆိုမှုကို ကိုယ့်ဆန္ဒနဲ့ကိုယ် ရုတ်သိမ်းပေးခဲ့ပေမယ့် အောင်ပွဲရခဲ့ပါတယ်။ ဒါပေမယ့် Huawei ရဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေကို တရား ဥပဒေနဲ့မညီဘဲ အချိန်အကြာကြီး ထိန်းသိမ်းထားခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက ဘာဖြေရှင်းချက်မှ မပေးတာကိုတော့ စိတ်ပျက်မိတယ်။” ဟု ပြောကြားသည်။

ကိုလံဘီယာခရိုင်ရှိ အမေရိကန်ခရိုင်တရားရုံးတွင် တရားစွဲဆိုထားမှုကို မိမိဆန္ဒအလျောက် ဖျက်သိမ်းပေးသည့် အကြောင်းကြားစာတွင် HT USA က ၂၀၁၇ ခုနှစ်တွင် စက်ပစ္စည်းအစိတ်အပိုင်းများ ထိန်းသိမ်းမှုအတွက် အပြည့် အစုံရှင်းလင်းချက်၊ ယခုအချိန်မှ ပြန်လည်ပေးအပ်ရခြင်းအကြောင်းအရင်း နှင့် ထိုသို့ ထိန်းသိမ်းမှုက တရားဥပဒေ နှင့်မညီညွှတ်ကြောင်းသိရှိရန် နှစ်နှစ်နီးပါးအချိန်ယူခဲ့ရသည့်အကြောင်းအရင်းတို့ကို အမေရိကန်အစိုးရမှ ဖြေရှင်း ပေးရန် ရေးသားတောင်းဆိုခဲ့သော်လည်း အမေရိကန်အစိုးရက ယနေ့အထိ ရှင်းပြရန် ငြင်းဆန်နေဆဲဖြစ်သည်။

“အကြောင်းအရင်းမရှိ ရှင်းပြချက်မရှိဘဲ အခြားသူရဲ့ပိုင်ဆိုင်မှုကို ထိန်းသိမ်းထားတဲ့ အခုကိစ္စရပ်လိုမျိုး အစိုးရရဲ့ ဥပဒေနဲ့မညီဘဲ ထင်ရာစိုင်းတဲ့လုပ်ရပ်တွေက အမေရိကန်နိုင်ငံမှာ ပုံမှန်စီးပွားရေးလုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် သတိပေးချက်တစ်ခုအနေနဲ့ ဖော်ပြထားသင့်ပြီးတော့ တရားဥပဒေအရ ကန့်သတ်ချက်တွေ ချမှတ်သင့်တယ်။” ဟု Dr. Song က ထပ်မံပြောကြားသည်။

စက်တင်ဘာလ (၃) ရက်နေ့က မီဒီယာများအတွက် ထုတ်ပြန်ခဲ့သော တရားဝင်ကြေညာချက်တွင် အမေရိကန် အစိုးရသည် Huawei ကုမ္ပဏီ၏ ပုံမှန်စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များကို အနှောက်အယှက်ပြုရန်အတွက်  တရားရေးနှင့် စီမံရေးအာဏာ နှစ်မျိုးလုံးအပါအဝင် အခြားသော အရာများကိုလည်း အသုံးပြုနေကြောင်း ဖော်ပြ ထားသည်။ အဆိုပါလုပ်ဆောင်ချက်များတွင် ပုံမှန်စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များ  နှင့် နည်းပညာပိုင်း ဆိုင်ရာ ဆက်သွယ်မှုများကို ခြိမ်းခြောက်ပိတ်ပင်ခြင်း၊ ပြည်ဝင်ခွင့်လျှောက်ထားမှုများကို ငြင်းပယ်ခြင်း၊ သင်္ဘော ကုန်ပစ္စည်းတင်ပို့မှုကို ဆိုင်းငံ့ထိန်းသိမ်းခြင်း စသည်တို့ ပါဝင်သည်။ Huawei က ၎င်း၏ တရားဝင်ရပိုင်ခွင့်များနှင့် အကျိုးအမြတ်များကို တရားဥပဒေအရ ပြင်းပြင်းထန်ထန် ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း Dr. Song က ပြောကြားခဲ့သည်။