ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >
ရေဘေးဒုက္ခခံစားနေရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ‘Huawei Care Myanmar’ မှ စားသောက်ကုန်များသွားရောက်လှူဒါန်း
ရန်ကုန်၊ မြန်မာ (သြဂုတ် ၃ရက်၊ ၂၀၁၈ ခုနှစ်) –မိုးသည်းထန်စွာရွာသွန်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဒေသခံ ၁သိန်းကျော်ခန့်နေအိမ်များစွန့်ခွာခဲ့ရသည့် ပဲခူးတိုင်းအတွင်းရှိ မြို့(၁၀)မှ ရေဘေးသင့်ပြည်သူများအတွက် ‘Huawei, Care Myanmar’ မှ ဆန်အိတ်များအပါအ၀င် ကျပ်(၅၇၆)သိန်း နှင့် ညီမျှသော စားသောက်ကုန်များကို သြဂုတ်လ(၂)ရက်နေ့တွင်သွားရောက်လှူဒါန်းခဲ့သည်။ ယခုလှူဒါန်းမှုသည် (၂၀၁၈)ခုနှစ်အတွင်း မွန်ပြည်နယ်၊ ရေးမြို့သို့ စားသောက်ကုန်နှင့် သက်ကယ်အကျီင်္လှူဒါန်းမှုအပြီး ရေဘေးသင့်ပြည်သူများအတွက် Huawei Care Myanmar ၏ ဒုတိယအကြိမ်လှူဒါန်းမှုလည်းဖြစ်ပါသည်။
မြန်မာပြည်အနှံအပြား မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ၁၈နှစ်နောက်ပိုင်းအပြင်းထန်ဆုံးရေကြီးမှုလည်းဖြစ်သည်။ ပဲခူးတိုင်းအတွင်း ဘေးလွတ်ရာပြောင်းရွှေ့ရန်ကြေညာထားလျှက်ရှိပြီး တိုင်းဒေသကြီးအစိုးရမှ ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများယာယီခိုလှုံရန်ကယ်ဆယ်ရေးစခန်း(၂၀၄)ခုဖွင့်လှစ်ထားလျှက်ရှိသည်။
ယခုကြုံတွေ့ရလျှက်ရှိသည့် ရေဘေးအတွင်း ရေဘေးဒုက္ခခံစားနေရသည့် ပြည်သူများအား ‘Huawei, Care Myanmar’ အနေဖြင့် တစ်ထောင့်တစ်နေရာမှ အကူအညီပေးလိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအတွက် ဆန်အိတ်(၁၅၀၀)၊ ခေါက်ဆွဲခြောက်(၃၆၀၀၀)ပါကင် နှင့် ရေသန့် (၁၉၂၀၀)ဗူး စသည်တို့ကို သွားရောက်လှူဒါန်းခဲ့သည်။
ဓာတ်ပုံ- Huawei Care Myanmar အစီအစဉ်ဖြင့် ပဲခူးတိုင်းအတွင်းရှိရေဘေးသင့်နေသော ပြည်သူများအတွက် ၅၇၆ သိန်းနှင့်ညီမျှသော စားသောက်ကုန်များလှူဒါန်းစဉ်
လှူဒါန်းမှုနှင့်ပတ်သက်ပြီး Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “ကျွန်တော်တို့ စိတ်တွေဟာရေဘေးဒဏ်ခံစားနေရတဲ့ မိသားစုတွေနဲ့အတူရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်ငန်းလည်ပတ်နေတဲ့ ဒီနိုင်ငံရဲ့လတ်တလောကြုံတွေနေရတဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဖက်ကကူညီခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စိုးရိမ်မှုသဘောထားကိုဖော်ပြတာဖြစ်ပါတယ်။ ရေဘေးခံစားနေရတဲ့မွန်ပြည်နယ်၊ ရေးမြို့အတွက်လည်း ကျွန်တော်တို့ စားသောက်ကုန်နဲ့ အသက်ကယ်အကျီင်္တွေလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ပဲခူးတိုင်းဒေသကြီးတွင်းက ရေဘေးသင့်ပြည်သူတွေအတွက်အထောက်အပံ့ဖြစ်မယ့်ပစ္စည်းတွေကို တိုင်းဒေသကြီးအစိုးရကတဆင့်လှူဒါန်းပေးတာဖြစ်ပါတယ်။ တာဝန်သိပြည်သူတစ်ဦးအနေနဲ့ Huawei ဟာတတ်နိုင်တဲ့ဖက်ကနေတတ်နိုင်သလောက်လှူဒါန်းမှုတွေဆက်လက်ပြီး ပြုလုပ်သွားဦးမှာပါ။ ရေတွေအမြန်ဆုံးပြန်ကျပြီး ရေဘေးသင့်ပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေအမြန်ဆုံးပြန်လည်အဆင်ပြေနိုင်ပါစေလို့လည်းဆုတောင်းပါတယ် ” ဟု ပြောကြားခဲ့သည်။
Huawei ၏လှူဒါန်းပစ္စည်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရကိုယ်စား ပဲခူးတိုင်းစီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန၀န်ကြီး ဦးညွှန့်ရွှေကလက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ “ အလှူရှင်တွေလှူဒါန်းတဲ့ပစ္စည်းတွေကို ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံးကနေ စုစည်းပြီး၊ စနစ်တကျစီမံခန့်ခွဲပြီး ရေဘေးသင့်ပြည်သူများထံ မျှမျှတတနဲ့ပြန်လည်ဖြန့်ဝေပေးလျှက်ရှိပါတယ်။ ယခု Huawei ကလာရောက်လှူဒါန်းတဲ့ပစ္စည်းတွေကိုလည်း ရေဘေးသင့်ပြည်သူတွေထံအရောက် မျှမျှတတနဲ့ စနစ်တကျပြန်လည်ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ အလှူရှင် Huawei ကုပ္မဏီလည်းရှေ့လျှောက်အလုပ်အကိုင်ပိုမိုအဆင်ပြေတိုးတက်ပါစေလို့ဆုတောင်းပေးရင် ပဲခူးတိုင်းဒေသကြီးအစိုးရကိုယ်စားကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။” ဟု ၀န်ကြီးဦးညွှန့်ရွှေကပြောကြားခဲ့သည်။
ဓာတ်ပုံ- ခူးတိုင်းဒေသကြီးအစိုးရကိုယ်စား ပဲခူးတိုင်းစီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန၀န်ကြီး ဦးညွှန့်ရွှေမှ ကျေးဇူးတင်စကားပြောကြားစဉ်
Huawei သည် ဆက်သွယ်ရေးပိုမိုကောင်းမွန်သော ကမ္ဘာကြီးတည်ဆောက်နိုင်ရန် ရည်သန်ပြီး ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) ၏ လိုအပ်ချက်များကို ဖြေရှင်းပေးသူအဖြစ် ဦးဆောင်ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ Huawei ၏ ဦးစားပေး လုပ်ဆောင်မှုများထဲမှတစ်ခုမှာ လူမှုအသိုင်းအ၀ိုင်းတိုးတက်ဖွံ့ဖြိုးမှုကို အားပေးကူညီရေးနှင့် လိုအပ်သည့်အခါ ကယ်ဆယ်ရေးအကူအညီများ ပေးနိုင်ရေးတို့ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ‘Huawei, Care Myanmar’ မှ မြန်မာကျပ်ငွေ ၂၇,၀၀၀,၀၀၀ တန်ဖိုးရှိ စာသောက်ဖွယ်ရာများနှင့် အထောက်အပံ့ပစ္စည်းများကို ကျောင်းများနှင့် မိဘမဲ့ကျောင်းများသို့ လှူဒါန်းခဲ့ကာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင်လည်း အမေရိကန်ဒေါ်လာ ၂၄၀၀၀ ကျော်တန်ဖိုးရှိ မီဖိုးချောင်သုံးပစ္စည်းများကို နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်လှူဒါန်းခဲ့သည်။
၂၀၁၆ခုနှစ်အပါအ၀င်လွန်ခဲ့သော(၁၄)နှစ်အတွင်း Huawei ကုမ္ပဏီမှလှူဒါန်းခဲ့သောအလှူငွေပမာဏသည် အမေရိကန်ဒေါ်လာ(၁၀)သိန်းကျော်ရှိခဲ့သည့်အပြင် အရေးပေါ်ဆက်သွယ်ရေးပစ္စည်းလှူဒါန်းမှုသည်လ်း အရေိကန်ဒေါ်လာသိန်း(၅၀)ကျော်ရှိခဲ့ပြီဖြစ်သည်။
Huawei သည် တာဝန်သိ၊ လူမှုစိတ်ဓာတ်ရှိရှိဖြင့် ‘Care Myanmar’ အမည်ရ လူထုအကျိုးပြုအစီအစဉ်တစ်ရပ်ကို တစ်စိုက်မတ်မတ် ဆောင်ရွက်ကာ လူ့အဖွဲ့အစည်း၏ အကျိုးကို ထမ်းဆောင်လျက်ရှိသည့်အပြင် Huawei Myanmar ၏ CSR လုပ်ငန်းစဉ်များက မြန်မာနိုင်ငံတွင်းရှိ သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကိုလည်း အလေးပေး ဖော်ဆောင်လျှက်ရှိပါသည်။