ယနေ့ “ဧရာမနည်းပညာခေတ်” ကို 5G ဖြင့် စတင်ဖွင့်လှစ်
၂၀၅၀ တွင် မည်သည့်နည်းပညာများ ထွက်ပေါ်လာမည်ကို သေချာစွာသိရှိဖို့ရာ မဖြစ်နိုင်သည်မှာ အထင်အရှားပင် ဖြစ်ပါသည်။ သို့ရာတွင် ဧရာမနည်းပညာခေတ်သည် 5G ပေါ်ထွက်လာမှုနှင့်အတူ ဧကန်မုချစတင်လာပြီ ဖြစ်သည်။
James Wu၊ Huawei အရှေ့တောင်အာရှဒေသဆိုင်ရာ ဥက္ကဋ္ဌ
ဖြောင်းချန် ၂၀၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ် အားကစားပွဲတော် က ကျွန်တော်တို့ကို 5G အသုံးပြုမှုအား ပထမဦးဆုံး ကြည့်ရှုခွင့် ပေးလိုက်ပါသည်။ ဆီးနှင်းပွင့်များနှင့် ရေခဲတုံးများကိုပင် အနုစိတ်တွေ့မြင်နိုင်သော ultra-HD စနစ်ဖြင့် အားကစာပွဲးများကို တိုက်ရိုက်ထုတ်လွှင့် လျက်ရှိသည်။ ဒရုန်းများက အချိန်မရွေးပျံသန်း ရိုက်ကူးရန် အသင့်ဖြစ်နေပြီး live ဒေတာများကို အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးနေသည်။ ၃၆၀ ဒီဂရီပြည့် မြင်ကွင်းကျယ် virtual reality (VR) နည်းပညာက ကြည့်ရှုသူများအား အားကစားကွင်း၏ ထောင့်တိုင်းကို လွှမ်းခြုံ၍ ကြည့်မြင်ခံစားရစေသည်။ ကည့်ရှုသူတို့အား ပြိုင်ပွဲဝင်အားကစားသမား ၏ ဘေးမှ အတူတွဲဖက်လိုက်ပါ၍ နှင်းလျှောစီးနေရသကဲ့သို့ ခံစားရစေနိုင်သည်။ တောင်ကိုရီးယားနိုင်ငံ Gangwon (ဂန်ဝန်) ပြည်နယ်အရှေ့တောင်ပိုင်းရှိ ဝေးလံခေါင်ဖျားဒေသတစ်ခုဖြစ်သော ဖြောင်းချန်သည် 5G နည်းပညာကို ကမ္ဘာ့ပထမဆုံးတပ်ဆင်အသုံးပြုသည့်နေရာ ဖြစ်ပါ သည်။ မောင်းသူမဲ့ကားများ၊ ဒရုန်းများ၊ သုံးဖက်မြင်နည်းပညာနှင့် တောဝက်များကိုပင် အလိုအလျောက်ခြေရာ ခံ ထောက်လှမ်းသိရှိပြီး မောင်းထုတ်ပေးနိုင်သော smart boxများ ကဲ့သို့ အလုံးစုံချိတ်ဆက်ထားသော ကမ္ဘာတစ်ခုတွင် ပရိုဂရမ်အများအပြား၏ အရေးကြီးသည့် အခြေခံသဘောတရားများကို ၎င်းကကျွန်တော်တို့တို့အား ပြသလိုက်ပါသည်။ ထိုအရာအားလုံးသည် 5G မရှိဘဲနှင့် ဖြစ်လာနိုင်မည် မဟုတ်ပေ။
သို့သော် ယင်းက တကယ့် 5G ကမ္ဘာသည် မည်သို့ဖြစ်ပေါ်လာလိမ့်မည် ကို အမြည်းအနေဖြင့် သိရှိစေရုံမျှသာ ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကျော်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) သည် “လှိုင်းလုံး”များ သဏ္ဍာန် နည်းပညာ စဉ်ဆက်မပြတ်ထွက်ပေါ်လာမှုပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ အစောပိုင်း Mainframe ကွန်ပျူတာကြီးများမှ ယနေ့ခေတ် စမတ်စက်ပစ္စည်းများ နှင့် Internet of Things (IoT) အထိ ကွန်ရက် ဝင်ရောက်မှုသည် ပိုမိုမြန်ဆန်လာပြီး စက်ပစ္စည်းအများအပြားနှင့် သက်ရှိများသည်ပင် ကွန်ရက်များနှင့် ချိတ်ဆက်လာကြသည်။ သင်စိတ်ကူးကြည့်သည့် အတိုင်းပင် ဤနည်းပညာလှိုင်းသစ်က ယူဆောင်လာသည့် ယင်းဧရာမနည်းပညာသည် အလွန့်အလွန် မြန်နှုန်းမြင့်မားသော ဆက်သွယ်မှုများ၏ “မြေဆီလွှာ”ထဲမှ ထိုးထွက်လာသည့် အသုံးဝင်မှု “မျိုးစိတ်” သစ်တစ်ခု ဖြစ်ဖွယ်ရာရှိပါသည်။
ရိုးရှင်းစွာ ရှင်းပြရလျှင် 5G က 4G ထက် အဆဒါဇင်နှင့်ချီသည့် ပိုမိုမြန်ဆန်သော မြန်နှုန်းများကို သယ်ဆောင်လာပါလိမ့်မည်။ အနာဂတ်တွင် မည်သို့သော ဧရာမနည်းပညာကြီးကို ကျွန်ုပ်တို့ မြင်တွေ့ရန် မျှော်မှန်းသင့်ပါသနည်း။ အမှန်စင်စစ်အားဖြင့် ထိုအနာဂတ်သည် လက်တလောတွင်မညီမညာ ပြန့်ကျဲလျက်ရှိသော်လည်း ဖြစ်နှင့်နေပြီး ဖြစ် သည့် တကယ့်လက်တွေ့ဖြစ်သည်။ အရေးကြီးသည့် ခေတ်ရေစီးကြောင်းအရွေ့ပေါ်အခြေခံပြီး ကျွန်တော်တို့ပညာရှင်ကောက်ချက်မျိုးချကြည့်နိုင်ပါသည်။
ပြည့်ပြည့်စုံစုံ ဆက်သွယ် ချိတ်ဆက်ထားသော ဖြစ်နိုင်ချေ ရှိသည့် ကမ္ဘာတစ်ခု
ပြည့်ပြည့်စုံစုံ ဆက်သွယ် ချိတ်ဆက်ထားသောလုံးဥဿုံ ဖြစ်နိုင်ချေ ရှိသည့် ကမ္ဘာတစ်ခု ကို ဖော်ထုတ်ရန် ကျွန်တော် တို့သည် မြုပ်နှံထားသော ချစ်(ပ်)ပြား ဘီလျံပေါင်းများစွာမှ ထုတ်လွှတ်သည့်ကြီးမားသော ဒေတာ ရေစီးချောင်းများကို ကိုင်တွယ်ဖို့ မှန်ကန်သင့်လျော်သည့် နည်းလမ်းများကို မဖြစ်မနေရှာဖွေကြရမည် ဖြစ်ပါသည်။ 5G သည် ယင်းနည်းလမ်းများ ကို ရယူပိုင်ဆိုင်နိုင်ရန် အဓိက သော့ချက်ဖြစ်ဖွယ်ရှိသည်။
အပြည့်အ၀ချိတ်ဆက်ထားသော ကမ္ဘာတစ်ခု၏ကျင့်သုံးမှုတစ်ခုဖြစ်သော မောင်းသူမဲ့ကားများက့ အမှန်တကယ် ပင် လျင်မြန်စွာ လက်တွေ့ဖြစ်ပေါ်လာပါသည်။ ၎င်း၏ မြန်နှုန်းမြင့်ဆက်သွယ်မှုမျာ့း၊့  ဒေတာ အသွားအလာ ကြန့်ကြာမှုနှုန်းနည်းပါးခြင်းတို့နှင့်အတ 5G သည် မောင်းသူမဲ့စနစ်ကိုထွက်ပေါ်လာေ စရန် ပြုလုပ်နိုင်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ယာဉ်မောင်းများအား ကူညီရန် သမားရိုးကျကား များတွင် မောင်းသူမဲ့ လုပ်ဆောင်နိုင်စွမ်းကို ထည့်သွင်းနိုင်သည်။ အသစ်စက်စက် မောင်းသူမဲ့ ကားများကိုလည်း မျှဝေသုံးစွဲနိုင်သောရင်းမြစ်များအဖြစ် ဖန်တီးနိုင်ပါသည်။ ချိတ်ဆက်ထားသောကားများသည် ယာဉ်အသွားအလာပုံစံကိုပြောင်းပစ်နိုင်မည်ဖြစ်ပြီး လူအများစုက ကိုယ်ပိုင်ကားများကို လိုအပ်တော့မည် မဟုတ်ဘဲ ယာဉ်ရပ်နားရန်နေရာများကိုလည်း နေအိမ်များ သို့မဟုတ် ပန်းခြံများ တည်ဆောက်ရန် အသုံးပြုနိုင်မည်ဖြစသည်။ ချိတ်ဆက် ထားသော ကားမျာကြောင့် ယာဉ်မတော်တဆမှုများလည်း သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။
၂၀၅၀ ပြည့်နှစ်တွင် လူတို့က ပထမဦးစားပေးအနေဖြင့် ကားများကို မောင်းသူမဲ့ မောင်းနှင်သင့် သည်ဟု တွေးမြင်ကောင်း တွေးမြင်နိုင်ပါသည်။ စက်ယန္တရားများ၊ ဒေတာဖန်တီးမှုနှင့် ဒေတာလဲလှယ်မှုတို့ ထိထိရောက်ရောက်ပြုလုပ်နိုင်စေရန် ပြည့်စုံစွာချိတ်ဆက်ထားသော စက်ပစ္စည်းများ နှင့် မှတ်ဥာဏ်တု artificial intelligence (AI) ထည့်သွင်းထားသော ကားများသည် လမ်းမများပေါ်တွင် ရှုပ်ထွေးသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာ၌ သိသိသာသာ ပိုမိုကောင်းမွနာကြပါသည်။ ယခုပင်လျှင် သင်က လေယဉ်မှူးများကို autopilot စနစ် ပိတ်ပြီး ယခင်က ကဲ့သို ခေါင်းဆောင်းဦးထုပ်များနှင့် လေကာမျက်မှန်များဖြင့်သာ သူတို့ဘာသာ တောက်လျှောက်ထိန်းချုပ်၍ လေယာဉ်ဆင်းသက်စေရန် တောင်းဆိုပါက လေယာဉ်မှူးများအဖို့ အခက်ကြုံရပေတော့မည်ဖြစ်သည်။
ဒေတာများဖြင့် မောင်းနှင်လည်ပတ်နေသော ကမ္ဘာ
အတိုင်းအတာကြီးမားပြီး ဆန်းသစ်တီထွင်မှုရှိကာ ပုံမှန်တွေ့ရလေ့ရှိသည့် ဒေတာအသုံးချမှုများ က ကိစ္စအတော်များများကို ပိုမိုလွယ်ကူလာစေမည်ဖြစ်သည်။ များပြားလှသည့် တွက်ချက်မှုများကို သုံးစွဲသူများနှင့် ကီလိုမီတာရာပေါင်းများစွာ ကွာဝေးသော ဂိုဒေါင်များတွင် ပိုမိုပြုလုပ်တော့မည် ဖြစ်သည်။ ဥပမာ - သင်က မိုဘိုင်းလ်လက်ထောက်တစ်ယောက်ကို တောင်းဆိုမှုတစ်ခု ပြုလုပ်ပါက ၎င်းသည ကမ္ဘာ့တစ်ဖက်ခြမ်းရှိ ဒေတာစင်တာတစ်ခု၏ ကွန်ပျူတာတစ်ခုတွင် အဖြေ ရှာပေးလိမ့် မည်ဖြစ်သည်။ 5G က လွန်စွာကြီးမားသော ဒေတာစီဆင်းမှုများ ကို အလိုက်သင့်ဖြစ်စေသည့် ဧရာမပိုက်လိုင်းများ ကို စီစဉ်ပေး လိမ့်မည်ဖြစ်သည်။
၂၁ ရာစုကို ဒေတာဟုခေါ်သော အချက်အလက်များက မောင်းနှင်မည်ဖြစ်ကြောင်း ယခုအခါ လူအများမှ တညီတညွတ်တည်း လက်ခံနေကြပြီဖြစ်ပါသည်။ ယင်းသည် ၁၆၃၈ ခုနှစ်က ဂယ်လီလီယို၏ အဆိုတစ်ရပ်မှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။ ဂယ်လီလီယိုက သဘာဝဖြစ်စဉ် အားလုံးကို သင်္ချာနည်းဖြင့် ဖော်ပြနိုင်သည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အဖြစ်အပျက် အားလုံးမှ ထွက်ပေါ်လာသော ဒေတာအချက်အလက်မျာကို ခွဲခြမ်း စိတ်ဖြာ စုဆောင်းခြင်းအားဖြင် ၎င်းအဖြစ်အပျက်များအား ပိုမိုနားလည်ပြီး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်လာနိုင်သည့် ခေတ်သစ်တစ်ခုဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ အဆင့်မြင့် ICT၊ big data နှင့် ဥာဏ်ရည်တု AI နည်းပညာများက ယင်းတို့တို လက်တွေ့အမှန်တကယ် ဖြစ်လာစေရန် ပြုလုပ်ပေးမည်ဖြစ်ပါသည်။
ဥပမာ - အနာဂတ်တွင် ကျွန်တော်တို့သည် ရောဂါများကို မည်ကဲ့သို့ စစ်ဆေးကုသမည်နည်း။ ကွန်ပျူတာထဲရှိ ဒေတာအစုအဝေးတစ်ခု ကလည်း ကမ္ဘာ့အတော်ဆုံးဆရာ ၀န် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။ ၎င်းအချက်အလက်အစုအဝေးသည် ရောဂါ အဖြစ်အပျက် တစ်ခုစီတိုင်းကို မှတ်မိနိုင်ပါသည်။ မျိုးဗီဇပိုင်းခြား စိတ်ဖြာတတ်ခြင်းကြောင့် ၎င်းအချက်အလက်အစုအဝေးသည် ကုသမှုနှင့် အကျိုးရလဒ်များအကြား ဆက်နွယ်မှုများကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အထိရောက်ဆုံးကုသမှုကို ရှာဖွေပေးနိုင်သည်။ ရောဂါ ရှာဖွေစစ်ဆေးမှုများ၊ ဆေးဝါးသစ်ဒီဇိုင်းနှင့် စက်ရုပ်နည်းပညာသုံး ခွဲစိတ်မှုများအားလုံးက ကြီးမား များပြားသော အချက်အလက်စနစ်များအပေါ် တည်မှီနေသည်။ နောက်ထပ်ဥပမာတစ်ခု ပြရသော် - အနာဂတ်တွင် ကျွန်တော်တို့ မည်ကဲ့သို့ ပညာသင်ပေးကြမည်နည်း။ တန်းတူညီမျှ ပြည်သူ့ပညာရေး ၏ ဆိုးကျိုးများကို ပြန်လည်ပြုပြင်ရန် ကျောင်းသားတစ်ဦးစီတိုင်းကို ညွန်ကားချက်အဆင့်များ စီမံ ထားပေးရန်၊ မည်သည့်အကြောင်းအရာက သင်ကြားရန်အသင့်လျော်ဆုံးဖြစ်သည်ကို လေ့လာရန် နှင့် ဆရာများနှင့် ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်ရန် ကျွန်တော်တို့သည် ဒေတာ အချက်အလက်များကို အသုံးပြုနိုင်သည်။
စစ်မှန်သည့်ကမ္ဘာနှင့် ပုံရိပ်ယောင်ကမ္ဘာတို့ တစ်နေရာတည်း၌ ဆုံမှု
လွန်ခဲ့သော ၂၅ နှစ်ထက်မနည်းကတည်းက လူတို့သည် VR ပေါ်ပေါက်လာခြင်းကို မျှော်မှန်းတွေးဆကြည့်လာခဲ့ကြသည်။ သို့သော် ထိုစဉ်က နည်းပညာရှင်များတွင် အင်တာနက်ကို လက်လှမ်းမမှီနိုင်ခဲ့ကြပေ။ ရှိခဲ့သည့်တိုင် သူတို့သည် အလွန်ကြီးမားသော ကွန်ပျူတာကြီးအား တယ်လီဖုန်းလိုင်းနှင့် အင်တာနက်ချိတ်ဆက်ရန် modem (ကွန်ပျူတာအချင်းချင်း အချက်အလက်များလျင်လျင်မြန်မြန်ပေးပို့နိုင်ရေးအတွက် တယ်လီဖုန်းလိုင်းနှင့် ကွန်ပျူတာစနစ်ကို ဆက်သွယ်ပေးသောကိရိယာ) ကို စောင့်ဆိုင်းခဲ့ရပေမည်။ သို့သော် ဆယ်စုနှစ်များကြာလာသော အခါ သင့်မိုဘိုင်းဖုန်း သို့မဟုတ် သင့်စားပွဲတင်ကွန်ပျူတာမှတစ်ဆင့် အင်တာနက်အသုံးပြုရန် အလို့ငှာ ထိုနည်းက ခေတ်ကုန်သွားနိုင်ပေသည်။ အရာအားလုံး၌ ဉာဏ်ရည်ဉာဏ်စွမ်းရှိသော ကမ္ဘာတွင် ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ အရာရာတိုင်း၌ ကွန်ပျူတာသုံးစွဲနိုင်သည့် စွမ်းရည်ရှိသောအခါ ကလေးများက ကွန်ပျူတာသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သည်ဟု အံ့အားသင့် ကောင်း အံ့အားသင့်နိုင်သည်။
စစ်မှန်သော ကမ္ဘာနှင့် ပုံရိပ်ယောင်ကမ္ဘာတို့ တစ်နေရာတည်း၌ ဆုံခြင်းကို VR ၏ သုံးဖက်မြင်ကွင်း အတွေ့အကြုံမှတဆင့် ရရှိလိမ့်မည်ဖြစ်သည်။ ယာဉ်ရှေ့လေကာမှန်များ သို့မဟုတ် စမတ်ဖုန်းကဲ့သို့ အသုံးဝင်သော ဂူဂဲလ်မျက်မှန် တို့ကဲ့သို့အရာများတွင် အသုံးပြုသည့် augmented reality (AR) နည်းပညာမှလည်း ဖြစ်ပေါ်လာမည်ဖြစ်သည်။ အစောဆုံးကနဦးနည်းပညာရှင်များ၏ အိပ်မက်များ သည် 5G ပေါ်ပေါက်လာခြင်း၏ ကျေးဇူးကြောင့် လက်တွေ့ အမှန်တကယ်ဖြစ်လာတော့မည် ဖြစ်သည်။ မြန်နှုန်းမြင့်ကွန်ရက်များက VR နှင့် AR အသုံးချမှုများ ကို ပံ့ပိုးပေးရန် ကြီးမားများပြားသော ဒေတာအဆက်အသွယ်များ ကို စီစဉ်ပေးနိုင်သည်။ မြန်နှုန်းမြင့် တွက်ချက်ခြင်းကို လိုအပ်သည့် ဒေတာအသွားအလာကြန့်ကြာမှုနှုန်းနည်းပါးခြင်းကိုလည်း ပေးစွမ်း နိုင်ပါသည်။ ဥပမာ - စိတ်ကူးယူသိပ္ပံဇာတ်ကားများကဲ့သို့သော ဗီဒီယိုများကို သုံးဖက်မြင်ပုံစံဖြင့် ပြသရန်အလို့ငှာ AR ကို နားလည်ရန် နှင့် လက်တွေ့ကမ္ဘာဖြင့် ချိတ်ဆက်ပေးရန်လိုအပ်ပြီး ယင်း၏အနက်နှင့် အကျယ်ကို လေ့လာ၊ ဆက်စပ် သက်ဆိုင်သည့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၊ ပတ်ဝန်းကျင်နှင့် လူတို့၏ အပြောင်းအလဲ များကို နားလည်အောင်လုပ်ပြီး ခွဲခြားဖော်ထုတ်ရသည်။ ထို့နောက် မှန်ကန်သော ရလဒ်များကို မှန်ကန်သော အနေအထားများတွင် ပြသလာနိုင်မည် ဖြစ်သည်။ စက်ပစ္စည်းကိရိယာများက ပိုမို ပါ့ပါးလာသဖြင့် ၎င်းတို့သည် အားကောင်းသော အဝေးထိန်းကွန်ပျူတာများကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ရန် လိုအပ်လာသည်။ ယနေ့ခေတ်တွင် ဒေတာကို ပိုက်လိုင်းတစ်ခုဖြင့် ပေးပို့ထုတ်လွှင့်နိုင်ပါ က ယင်းတချိန်တည်းတွင် ဒေတာ၏ အနက်နှင့် အကျယ်သည်လည်း ပစိဖိတ်သမုဒ္ဒရာ ကဲ့သို့ပင် ပြန့်ကားသွားမည် ဖြစ်သည်။
အနာဂတ်ကို မျှော်တွေးပြင်ဆင်ရန်အလို့ငှာ ကျွန်တော်တို့သည် တီထွင်ဆန်းသစ်မှုများကို အခြေခံရူပဗေဒ၊ ဇီဝ-မျိုးဗီဇနည်းပညာ၊ စွမ်းအင်သစ်၊ ပစ္စည်းသစ်နှင့် အာကာသခရီး ကဲ့သို့သော နယ်ပယ်အတော်များများတွင် ဖြန့်ကျက်စိတ်ကူးကြည့်နိုင်ပြီး ဖြစ်ပါသည်။ အနာဂတ်တွင် မသေချာမရောရာမှုများချည်း ပြည့်နှက်နေ သော်လည်း သေချာသည့်အရာမှာ ICT သည် နည်းပညာသစ်များ၏ အသုံးချမှုများအတွက် အခြေခံအဆောက်အအုံ ဖြစ်လာမည်ဆို သည့်အချက်ပင်ဖြစ်ပါသည်။ ၎င်းသည် လေကဲ့သို့ပင် နေရာတိုင်းတွင် ရှိလာမည် ဖြစ်သည်။ အရာအားလုံး က အဖူးအရွက်များ ရှင်သန်ကြီးထွားလာခြင်းနှင့် အဆို့အညှောင့်ပေါက်လာခြင်းတို အတွက် အရေးကြီးသည့် မြေဆီလွှာလည်း ဖြစ်လာမည်ဖြစ်သည်။
ဒီဂျစ်တယ်ကမ္ဘာကို လူတိုင်း၊ အိမ်တိုင်းနှင့် အဖွဲ့အစည်းတိုင်း လက်လှမ်းမီလာနိုင်ပေလိမ့်မည်။ အလုံးစုံချိတ်ဆက်ထားပြီး အသိဥာဏ်ရှိသော ကမ္ဘာကြီး တည်ဆောက်ရန် အတူတကွ ကြိုးပမ်းကြပါစို့။