ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းက လုပ်ငန်းလည်ပတ်မှုများကို မည်သို့ပုံစံပြောင်းစေနိုင်ကြောင်း သုတေသနစာတမ်းကို Analysys Mason နှင့် Huawei တို့ ပူးတွဲပြီး ပုံနှိပ်ထုတ်ဝေ

2018.01.11

အနာဂတ်တွင်လုပ်ငန်းလည်ပတ်မှုဝန်းကျင်ပုံစံသစ်တစ်ခု လိုအပ်နေပြီဖြစ်ကြောင်း လေ့လာမှုက ဖော်ပြနေပါသည်။

ရှန်ကျန်း၊ တရုတ်။ ဇန်နဝါရီ ၁၁၊ ၂၀၁၈ - Huawei နှင့် Analysys Mason တို့  မကြာမီကအတူပူးပေါင်း ထုတ်ပြန် ခဲ့သော ‘ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုက လုပ်ငန်းလည်ပတ်မှုများကို ပုံစံပြောင်းလဲစေခြင်း - အနာဂတ်အတွက် ဒစ်ဂျစ်တယ်လုပ်ငန်းလည်ပတ်မှုပုံစံသစ်တစ်ခု’ ဟု ခေါင်းစဉ်ပေးထားသည့် လေ့လာချက်တွင်  ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းမှုက စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နေမှုများကို အခြေခံအားဖြင့်ပုံစံပြောင်းလဲနိုင်ပုံနှင့် အနာဂတ်လုပ်ငန်းလည်ပတ်ဝန်းကျင်အတွက် လုပ်ငန်းလည်ပတ်မှုပုံစံသစ်တစ်ခုကို အများနှင့်တန်းတူယှဉ်ပြိုင် နိုင်အောင် ထိန်းသိမ်းထားရန်လိုအပ်ပုံတို့ကို ရုပ်ပုံဇယားတို့ဖြင့် တင်ပြထားပါသည်။ CSP(communications service provider) များအနေဖြင့် အခြေခံအဆောက်အအုံ အဆင့်ဆင့် ပြောင်းလဲမှုနှင့် လုပ်ငန်းလည်ပတ်ပုံအသွင်ပြောင်းလဲမှုများမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းသွက်လက်လျင်မြန်မှု နှင့် လုပ်ငန်းကျွမ်းကျင်မှုများ တိုးတက်လာစေရန်အတွက် ၎င်းတို့ကိုယ်ပိုင်ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုခရီးစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပါသည်။ 

အဆိုပါလေ့လာမှုကိုဖော်ဆောင်ရာတွင် software က ကမ္ဘာကြီးကိုပြောင်းလဲစေပုံနှင့်ပတ်သက်သော ထိုးထွင်း သိမြင်မှုကို ပံ့ပိုးပေးရန်အတွက် Analysys Mason သည် Huawei နှင့်အတူတကွလုပ်ငန်းလုပ်ဆောင်ခဲ့ပါသည်။ CSP များ၏ လုပ်ငန်းလည်ပတ်မှုပြောင်းလဲ ခြင်းဆိုင်ရာ အောင်မြင်မှုက မတူညီသောလုပ်ငန်းကဏ္ဍအသီးသီးရှိ ဒစ်ဂျစ်တယ် လုပ်ငန်းများ၏အောင်မြင်မှုကို ဦးဆောင်မောင်းနှင်ပေးနေသော software-driven လုပ်ငန်းလည်ပတ်မှုပုံစံသစ် အပေါ် တည်နေကြောင်းကို ဤလေ့လာချက်တွင် သာဓကပြထားပါသည်။ 

ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှု၏ အကျိုးကျေးဇူးများကိုရရှိရန်အတွက် လက်ရှိလုပ်ငန်းလည်ပတ်မှုပုံစံသည် CSP၏ စွမ်းဆောင်မှုများကို ကန့်သတ် ထားကြောင်း၊  ဒစ်ဂျစ်ခေတ်တွင် တယ်လီကွန်း ဆက်သွယ်ရေးကဏ္ဍ ထိုက်သင့်လျော်ကန်စွာ ဆက်လက်တည်မြဲနေစေရန်အတွက် Uber, Google နှင့် GE ကဲ့သို့သော အဓိကဒစ်ဂျစ်တယ်ကုမ္ပဏီကြီးများ၏ အောင် မြင်မှုအတွက် အခရာဖြစ်သော software-driven လုပ်ငန်းလည်ပတ်မှု ချဉ်းကပ်ခြင်းနည်းလမ်း ကို သဘောတူလက်ခံရမည်ဖြစ်ကြောင်းတို့ကို လုပ်ငန်းနယ်ပယ်မျိုးစုံတွင် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုထားပြီး ရရှိသည့်အချက်အလက်များကို အခြေခံ၍ ရှင်းလင်းတင်ပြထားပါသည်။  

Analysys Mason  ၏ Principal Analyst နှင့် ဤလေ့လာချက်စာတမ်းကိုရေးသားသူ Anil Rao က “တယ်လီ ကွန်း ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍဟာ ထင်ရှားသိသာတဲ့ပြောင်းလဲမှုကြီး ဖြစ်လာဖို့ သေး ငယ်တဲ့ပြောင်းလဲမှုတွေ ကို ပြုလုပ်နေတဲ့ အဓိက အနေအထား မှာရှိနေပါတယ်။ Operator တွေက NFV/SDN ၊ IoT ရယ် နောက်ထပ် ရောက်လာတော့မယ့် 5G နဲ့ အရေးပါတဲ့ ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှု ကနဦးဆောင်ရွက်ချက်တွေကို စတင်လုပ်ဆောင်နေချိန်မှာပဲ လူသိများလာတဲ့ လုပ်ငန်းလည်ပတ်မှုပုံစံနဲ့ စီးပွားရေးအနေအထားတွေက ဒီမဟာဗျူဟာပြောင်းလဲမှုကနဦးဆောင်ရွက်ချက်တွေကို ကြီးမားတဲ့ ကန့်သတ်မှုတွေ ဖြစ်စေပါတယ်။ CSP တွေအနေနဲ့ ဒီကနေ့လက်ရှိမြင်တွေ့ရတဲ့ physical network ကို ထောက်ပံ့ကူညီနိုင်ရုံသာမက အမျိုးမျိုးပေါင်းစပ်ထားတဲ့ virtual network တွေကိုပါ ဆီလျော် အောင်ပြုပြင်ပြောင်းလဲနိုင်တဲ့ အနာဂတ်သက်သေခံ software-driven လုပ်ငန်းလည်ပတ်မှုပုံစံတစ်ခု လိုအပ်ပါ တယ်” ဟုပြောကြားခဲ့ပါသည်။ 

ဤလေ့လာချက်တွင် CSP များအနေဖြင့်  ယင်းပြောင်းလဲခြင်းခရီးစဉ်ကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားသော နည်းလမ်းဖြင့် လျှောက်လှမ်းသည်ဖြစ်စေ၊ သို့မဟုတ် တဆင့်ခံရောင်းချသူများ၏ကမ်းလှမ်းချက် ပြီးပြည့်စုံမှုအဆင့်နှင့် CSP က မိမိရုံးတွင်းမှာပင် ထိန်းထားလိုသော ပိုင်ဆိုင်မှုအဆင့်တို့ပေါ် တည်မှီပြီး လုပ်ငန်းမိတ်ဖက်တည်ထောင်လိုသည် ဖြစ်စေ CSP များဆောင်ရွက်နိုင်သည့် ဆန်းသစ်သော နည်းလမ်းများကိုလည်း ဖော်ပြထားပါသည်။ ယင်းလုပ်ငန်း လည်ပတ်မှုသည် လုပ်ငန်းမိတ်ဖက်ပေါ် မှီတွယ်နေသည့် တိုင်ပင်ဆွေးနွေးဦးဆောင်ပေးသော ဝန်ဆောင်မှု၊ လုပ်ငန်းမိတ်ဖက်၏ လုပ်ငန်းလုပ်ဆောင်သည့်ပုံစံ ကို အသုံးပြုပြီး လုပ်ငန်းအဆင့်သဘောတူညီမှုစာချုပ်ကို အခြေခံ သည့်ဆောင်ရွက်မှု၊ software ဦးဆောင်မောင်းနှင်သည့် လုပ်ငန်းများအဖြစ် ပြောင်းလဲရန် အတိုင်ပင်ခံခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ ထည့်သွင်းအားဖြည့်ပေးထားသည့်ဆောင်ရွက်မှု တို့ကိုရွေးချယ်နိုင်သော လုပ်ငန်း ဆောင်ရွက်မှုပုံစံအမျိုးမျိုးတို့ကို တင်ပြထားသည့် ဖော်ပြချက်တစ်ခုလည်း ဤစာတမ်းတွင် ပါဝင်ပါသည်။  

Analysys Mason က CSP များအနေဖြင့် တခြားသောလုပ်ငန်းနယ်ပယ်များမှ လေ့လာသင်ယူသင့်ပုံ၊ အလို အလျောက်စက်ဖြင့်လုပ်ငန်းဆောင်ရွက်မှုကို အကောင်အထည်ဖော်သင့်ပုံ၊ လုပ်ငန်းအသွင်ပြောင်းလဲမှု ခရီးစဉ် တွင် လုပ်ငန်းအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးပုံစံများအပါအဝင် CSP များအတွက် အဓိ က  ထောက်ခံအကြံပြုချက်များဖြင့် လေ့လာချက်စာတမ်းကို အဆုံးသတ်ထားပါသည်။ တဆင့်ပြန်လည်ရောင်းချသူများအတွက်လည်း ဆန်းသစ်သောလုပ်ငန်းဆောင်ရွက်မှုပုံစံများကို ကမ်းလှမ်းပေးရင်း software ဖြင့်ဦးဆောင်မောင်းနှင်မည့် လုပ်ငန်းလည်ပတ်မှုများအတွက်နည်းပညာ  ဖြေရှင်းချက်များဖော်ဆောင်ခြင်း၊ အဆိုပါလုပ်ငန်းများ၏ အားတက်ဖွယ်စိတ်ကူးပုံစံ ကို လက်တွေ့ပြသပေးခြင်း စသည့် ထိုးထွင်းသိမြင်စေမည့် အကြံပြုချက်များကိုလည်း ဤလေ့လာချက်တွင် ပံ့ပိုးပေးထားပါသည်။ 

ဤလေ့လာချက်စာတမ်းကို အောက်ပါ Link များဖြင့် Download ရယူနိုင်ပါသည်။    Download (1.63MB)