ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei ၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည်ဘဏ္ဍာရေးအစီရင်ခံစာ

Huawei ၏ carrier ၊ enterprise နှင့် consumer လုပ်ငန်းစုတို့၏ မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွင် ၂၀၁၇ ခုနှစ် နှစ်ပတ်လည်ဝင်ငွေသည် ၂၀၁၆ ခုနှစ်ကထက် စုစုပေါင်း ၁၀ ဒဿမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့
2018.04.03

[ရန်ကုန်၊ မြန်မာ။ ဧပြီလ ၃၊ ၂၀၁၈] Huawei က ၎င်း၏ ခိုင်မာတောင့်တင်းသော စီးပွားရေးဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ အစီရင်ခံထားသည့် ၂၀၁၇ ခုနှစ်အတွက် စာရင်းစစ်ထားသော ဘဏ္ဍာရေး ရလဒ်များကို ထုတ်ပြန်ခဲ့ပါသည်။ ကုမ္ပဏီ၏ စုစုပေါင်းနှစ်ပတ်လည်ဝင်ငွေသည် ၂၀၁၆ ခုနှစ်ကထက် ၁၅. ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး တရုတ်ယွမ် ၆၀၃. ၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၂. ၅ ဘီလျံ - ၂၀၁၇ နှစ်ကုန်ငွေလဲနှုန်းများကို အခြေခံ၍ တွက်ချက်ထားသည်) ရှိခဲ့ပါသည်။ အသားတင်အမြတ်ငွေသည် ၂၈. ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး တရုတ်ယွမ် ၄၇. ၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၇. ၃ ဘီလျံ) ရှိခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် Huawei ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး တွင် နှစ်ပတ်လည်ရင်းနှီးမြှုပ်နှံမှုသည်လည်း ၂၀၁၆ ခုနှစ် ဖြင့်နှိုင်းယှဉ်လျှင် ၁၇ . ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး တရုတ်ယွမ် ၈၉. ၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၃. ၈ ဘီလျံ) ရှိခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ကုမ္ပဏီ၏ သုတေသန နှင့် ဖွံ့ဖြိုးရေး လုပ်ငန်း အတွက် စုစုပေါင်းအသုံးပြုမှုသည် တရုတ်ယွမ် ၃၉၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၆၀. ၄ ဘီလျံ) ကျော်လွန်ခဲ့သည်။

"ကျွန်တော်တို့ ခရီးသစ်တစ်ခုကို လျှောက်လှမ်းနေပါတယ်"ဟု Huawei ၏ Rotating Chariman ဖြစ်သူ Ken Hu က ပြောကြားခဲ့သည်။ "ကျွန်တော်တို့ဆီကို အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေက အရင်က်ထက်ပိုပြီး ဘက်ပေါင်းစုံကနေ လျင်လျင်မြန်မြန် ရောက်ရှိလာနေပြီး အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ ဆန်းသစ်တီထွင်မှု ကလည်း ဒီနေရာမှာ ကျွန်တော်တို့ အတွက် ခြေတလှမ်းသာစေနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲဖြစ်ပါတယ်။ နောက် ၁၀ နှစ်အတွင်းမှာ Huawei က သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ နှစ်စဉ် ၁၀ဘီလျံထက်ပိုပြီး ရင်းနှီးမြှပ်နှံမှာဖြစ်ပြီး နည်းပညာဆန်းသစ်တီထွင်မှု အပိုင်းမှာ်လည်း ရင်းနှီးမြှပ်မှုတွေ ကို ဆက်လက် ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စူးစမ်းရှာဖွေမှု အပိုင်းမှာ ရှေ့ဆက်ရမည့်ခြေလှမ်းတွေအတွက် အားစိုက်ထုတ်မှု နဲ့အတူ ထိပ်ဆုံးကို့ရောက်ရှိစေမယ့် ပင်ကိုယ်အရည်အချင်းတွေ ကို ပြုစုပျိုးထောင်ပေးမှာ ဖြစ်ပြီး ပူးပေါင်းမှုကို ပွင့်လင်းတက်ကြွစွာနဲ့ ဖိတ်ခေါ်သွားမှာပဲ ဖြစ်ပါတယ်။” ဟု ပြောကြားသွားခဲ့ပါသည်။

၂၀၁၈ ခုနှစ်အတွက် ခန့်မှန်းရာမှာ အချက်အလက်များဖလှယ်နိုင်ရန် သက်မဲ့အရာ ဝတ္ထုများအား ကွန်ရက်အပြန်အလှန်ချိတ်ဆက်ခြင်း၊ cloud computing (ကလောက်အခြေခံ၍ တွက်ချက်မှု)၊ artificial intelligence (မှတ်ဥာဏ်တု) နှင့်5G တို့လပေါ်ထွက်လာတဲ့နည်းပညာတွေကို မကြာခင်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကြက်အသုံးချလာကြတော့မှာကိုမှန်းဆတွေ့မြင်ရပါတယ်။ လုပ်ငန်းစဉ် တောက်လျှောက် Huawei က နည်းပညာဆန်းသစ်တီထွင်မှုနဲ့ လုပ်ငန်းပြုပြင်ပြောင်းလဲမှုရဲ့ ရှေ့တန်းမှာရှိနေမှာပါ။ အဓိကအနေနဲ့ကတော့ ကျွန်တော်တို့ ဟာ ဒီဂျစ်တယ်ပြောင်းလဲမှုကြောင့် ကျွန်တော်တို့ရဲ့ဝယ်ယူသုံးစွဲသူတွေ ရင်ဆိုင်ရမယ့် လက်တွေ့စိန်ခေါ်မှုတွေကို အထူးဂရုပြုပေးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့တာဝန်က သူတို့ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့နဲ့ သူတို့လုပ်ငန်း အောင်မြင်မှုရရှိဖို့ပါ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ က အလုံးစုံ ချိတ်ဆက်ထားတဲ့၊ ဉာဏ်ရည်ဉာဏ်စွမ်းရှိတဲ့ ကမ္ဘာအတွက် လူတိုင်း အိမ်တိုင်း အဖွဲ့အစည်းတိုင်းဆီ ဒီဂျစ်တယ် ကို ဆောင်ကြဉ်းပေးဖို့အထိရည်ရွယ်ထားပါတယ်" ဟုလည်း သူက ပြောကြားခဲ့သည်။

အာရှပစိဖိတ်ဒေသတွင် Huawei ၏ carrier ၊ enterprise နှင့် consumer လုပ်ငန်းတို့၏ ၂၀၁၇ ခုနှစ် နှစ်ပတ်လည်ဝင်ငွေသည် ၂၀၁၆ ခုနှစ်က တရုတ်ယွမ် ၆၇,၅၀၀ သန်း (အမေရိကန်ဒေါ်လာ ၁၀,၃၅၀ သန်း) ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် တရုတ်ယွမ် ၇၄,၄၂၇ သန်း (အမေရိကန်ဒေါ်လာ ၁၁,၄၁၂ သန်း) ရှိခဲ့ပြီး စုစုပေါင်း ၁၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ Huawei ၏ carrier လုပ်ငန်းစုက ယခင်နှစ်ကထက် ၂ . ၅ ရာခိုင်နှုန်းတိုး၍ အမြတ်ငွေ တရုတ်ယွမ် ၂၉၇. ၈ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၅. ၇ ဘီလျံ) ထွက်ပေါ်ခဲ့ပါသည်။ ယင်းအဖွဲ့အစည်းသည် ကမ္ဘာ့ carrier များ ဗီဒီယို၊ IoT နှင့် Cloud ဈေးကွက်တို့တွင် အခွင့်အလမ်းသစ်များ ရရှိစေရေးနှင့် ၎င်းတို့၏ လက်ရှိကွန်ရက်ပိုင်ဆိုင်မှု အလားအလာ များနိုင်သမျှများစေရေး ကူညီရာတွင် အဓိကထားခဲ့ပါသည်။

Huawei ၏ enterprise လုပ်ငန်းစု က cloud၊ big data၊ campus network များ၊ data centerများ၊ IoT နှင့်အခြား Domain များ သာမက ဆန်းသစ်တီထွင်မှုများ တိုးမြှင့်ခဲ့ပြီး vertical လုပ်ငန်းအမျိုးမျိုးအတွက် ၎င်း၏ထုတ်ကုန်များနှင့် နည်းပညာများအား တိုးချဲ့အသုံးပြုရန် တိုက်တွန်းစေ့ဆော်ခဲ့သည်။၂၀၁၇ ခုနှစ်တွင် Huawei ၏ Enterprise လုပ်ငန်းစုက ၂၀၁၆ ခုနှစ်ကထက် ၃၅ . ၁ ရာခိုင်နှုန်း တိုး၍ နှစ်ပတ်လည်ဝင်ငွေ တရုတ်ယွမ် ၅၄. ၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၈. ၄ ဘီလျံ) ဖြစ်ပေါ်စေခဲ့သည်။

Huawei ၏ consumer လုပ်ငန်းစုတွင် Huawei နှင့် Honor ကုန်အမှတ်တံဆိပ်များက နှုန်းအပြည့်ဖြင့် ရှေ့မှ ပြေး၍ ၎င်းတို့၏ သက်ဆိုင်ရာဈေးကွက်များတွင် ဖွံ့ဖြိုးမှုလျှင်မြန်ရန် ဦးဆောင်ခဲ့ကြသည်။ Huawei သည် ၂၀၁၇ ခုနှစ်တွင် စမတ်ဖုန်း (Honor အပါအဝင်) အလုံးရေ စုစုပေါင်း ၁၅၃ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၃၁ . ၉ ရာခိုင်နှုန်း တိုး၍ နှစ်ပတ်လည်ဝင်ငွေ တရုတ်ယွမ် ၂၃၇ . ၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၃၆ . ၄ ဘီလျံ) ဖြစ်ပေါ်စေခဲ့သည်။

Huawei သည် ၂၀၁၇ ခုနှစ်တွင် Cloud Business Unit တစ်ခုကို တည်ထောင်ပြီး နည်းပညာဖြေရှင်းချက် ၅၀ ကျော် နှင့် အဓိကအမျိုးအစား ၁၄ ခု မှ cloud ဝန်ဆောင်မှု ၉၉ မျိုးတို့ကို မိတ်ဆက်ခဲ့သည်။ Huawei သည် Enterprise Intelligence (EI) platform ကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး cloud ဝန်ဆောင်မှု မိတ်ဖက် ၂,၀၀၀ ကျော် ထိ တိုးတက်လာစေခဲ့ပါသည်။

၂၀၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ဘဏ္ဍာရေးထုတ်ပြန်ဖော်ပြချက်များကို ကမ္ဘာ့ထိပ်တန်း စာရင်းစစ်ကုမ္ပဏီတစ်ခုဖြစ်သော KPMG မှ အမှီအခိုကင်းစွာ စာရင်းစစ်ထားပါသည်။

၂၀၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာကို ဒေါင်းလုတ်ပြုလုပ်ရန်လင့်ခ် http://www.huawei.com/en/press-events/annual-report/2017ကို ဝင်ရောက်ပါ။

မှတ်ချက် ၁။ဤအစီရင်ခံစာတွင် ပါရှိသော တရုတ်ယွမ်ငွေကိန်းဂဏန်းအားလုံးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ တွင် စာရင်းပိတ်ခဲ့သည့်ငွေလဲနှုန်း “အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ = တရုတ်ယွမ် ၆ . ၅၂၂၂ ယွမ်” ဖြင့် အမေရိကန်ဒေါ်လာသို့ ပြောင်းလဲတွက်ချက်ဖော်ပြထားခြင်းဖြစ်သည်။

မှတ်ချက် ၂။ တိုးတက်မှုနှုန်းများကို တရုတ်ယွမ်ငွေကိန်းဂဏန်းများအပေါ် အခြေခံ၍ တွက်ချက်ထားသည်။