ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

အပြည့်အဝကောင်းမွန် ချိတ်ဆက်သော ကမ္ဘာကြီးကို တည်ဆောက်ရန် Huawei နှင့် မိတ်ဖက်များ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းဧရိယာ ငါးမျိုးတွင် ပုံမှန် အစဉ်အလာများကို ကျော်လွန်ပြီးရှေ့ဆက်သွားရန်ရှိ

2018.02.14

 [လန်ဒန်၊ ယူကေ၊ ၈ ဖေဖော်ဝါရီ၊ ၂၀၁၈] Huawei မှ MWC 2018 အကြိုအနေနှင့် ရှင်းလင်းပြောကြားသည့် ပွဲကို လန်ဒန်မှာ ပြုလုပ်ကျင်းပခဲ့သည်။ အပြည့်အဝ ချိတ်ဆက်ကောင်းမွန်သော ကမ္ဘာကြီးကိုတည်ဆောက်ရန် လုပ်ငန်းဧရိယာ ငါးမျိုးဖြစ်သော လုပ်နိုင်စွမ်းအား၊ ဆက်သွယ်ရေး၊ စီးပွားရေး၊ အတွေ့အကြုံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း   လုပ်ငန်းများအား ပုံမှန် အစဉ်အလာများကို ကျော်လွန်ပြီး အတူတကွရှေ့ဆက်လုပ်ဆောင်ရန် ပွဲကျင်းပနေစဉ်အတွင်း လုပ်ငန်းစုများအားလုံးကို ဖိတ်ခေါ်ခဲ့ပါသည်။

လေးကြိမ်မြောက် လုပ်ငန်းအပြောင်းအလဲတွင် အိုင်စီတီ ကွန်ယက်များသည် အခြေခံဖြစ်ပြီး၊ AI သည်လည်း အရာအားလုံး ချိတ်ဆက်ကောင်းမွန်နေသော ကမ္ဘာကြီးကို ကျွန်ုပ်တို့ ဆီကို ယူဆောင်လာပေးပါလိမ့်မည်။ ၎င်းမှတစ်ဆင့် ဈေးကွက် တန်ဖိုး ၂၃ trillion တန်ဖိုးရှိသော ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကြီးကို ဖန်တီးပါလိမ့်မည်။ Huawei ၏ နိုင်ငံတကာလုပ်ငန်းအတွက် မျော်မှန်းချက်မှာ-

  • ၂၀၂၅ ခုနှစ်တွင် စမတ်ဖုန်းသုံးစွဲသူ အရေအတွက် ၄၀ ဘီလီယံအထိရောက်ရှိလာပြီး၊ သုံးစွဲသူ ၉၀% ၏ စမတ်အသုံးအဆောင် ပစ္စည်းများတွင် အလိုအလျှောက် အထောက်အကူပြုစနစ်များပါဝင်လာကာ အိမ်များတွင် စက်ရုပ်များရှိလာလိမ့်မည်။ ပစ္စည်းများသည် အာရုံခံနိုင်လာနိုင်ခြင်း၊ လူသား နှင့် စက်ပစ္စည်းအပြန်အလှန်ဆက်သွယ်နိုင်လာခြင်းနှင့် သတင်းအချက်အလက်များ ဝန်ဆောင်မှုပေးနိုင်ခြင်းများသည် အမှန်တကယ်ဖြစ်လာလိမ့်မည်။
  • ၂၀၂၅ခုနှစ်တွင် စီးပွားရေးနှင့် လူမှုရေး နယ်ပယ်များ၌ ၁၀၀ ဘီလီယံသော ချိတ်ဆက်မှုများသည် ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပေါ်ပြီး အများသုံးပစ္စည်းများ၊ ခရီးသွားလာရေး၊ ကုန်ထုတ်လုပ်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊  ဘဏ္ဍာရေး နှင့် အခြား ကဏ္ဍများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတွင် တွင်ကျယ်စွာအသုံးပြုလာပါလိမ့်မည်။ enterprise လုပ်ငန်းများ၏ ၈၅% က cloud ကို အသုံးပြုပြီး ၈၆%က AI ကို အသုံးပြုကြလိမ့်မယ်။
  • ၂၀၂၅ ခုနှစ်တွင် ၁၈၀ ZB သော ဒေတာများကမ္ဘာလုံးသို့ ပြန့်နှံ့ရောက်ရှိပြီး ယနေ့ခေတ်ထက် အဆ ပေါင်း၂၀လောက် တိုးလာပါလိမ့်မည်။

အပြည့်အဝ ချိတ်ဆက်ကောင်းမွန်သော ကမ္ဘာကြီးကို ဖန်တီးရန် ဒစ်ဂျစ်တယ်ကို လူတိုင်း၊ အိမ်တိုင်း၊ အဖွဲ့အစည်းတိုင်းဆီသို့ ယူဆောင်ပေးမည်ဟု Huawei မှ အခိုင်အမာ ပြောကြားခဲ့ပါသည်။ “ံHuawei သည် သတင်းအချက်၊ အလိုအလျှောက်လုပ်ဆောင်မှု နှင့် လူသားအသွင် ဉာဏ်ပညာရှိသော နည်းပညာများကို အရှိန်မြင့်တိုးတက်လုပ်ဆောင်ရန် အိုင်စီတီ အခြေခံအဆောက်အအုံနှင့် စမတ် ပစ္စည်းများကို အာရုံစိုက်လုပ်ဆောင်နေပါတယ်” ဟု Huawei Carrier စီးပွားရေးလုပ်ငန်းစု၏ အရာရှိအမှုဆောင် ဒါရိုက်တာနှင့် ဥက္ကဋ္ဌ ဖြစ်သူ Ryan Ding ကပြောကြားခဲ့ပါသည်။

“လူသားအသွင် ဉာဏ်ပညာရှိသော နည်းပညာကမ္ဘာထဲကို မဝင်ရောက်မီ ကျွန်တော်တို့မှာ စိန်ခေါ်မှုများစွာရှိပါတယ်။ အမြဲမပြတ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုရရှိရန် ကျွန်တော်တို့ အနေနဲ့  အခု ရှိနေတဲ့ အခက်အခဲအတားအဆီးတွေကို ကြိုးစားကျော်ဖြတ်ဖို့ လိုအပ်ပါတယ်။” ဟု Ding မှဖြည့်စွက်ပြောကြားခဲ့ပါသည်။

Huawei Carrier စီးပွားရေးလုပ်ငန်းစု၏ အရာရှိအမှုဆောင် ဒါရိုက်တာနှင့် ဥက္ကဋ္ဌ ဖြစ်သူ Ryan Ding မှ ပြောကြားစဉ်

Huawei Carrier စီးပွားရေးလုပ်ငန်းစု၏ အရာရှိအမှုဆောင် ဒါရိုက်တာနှင့် ဥက္ကဋ္ဌ ဖြစ်သူ Ryan Ding မှ ပြောကြားစဉ်

  • ယနေ့ခေတ်၏ လုပ်နိုင်စွမ်းအားကို ကျော်လွန်၍ ဒစ်ဂျစ်တယ်မှ လူအသွင် ဉာဏ်ရှိသာ တီထွင်မှုများသို့ နည်းပညာ၏ ရည်မှန်းချက်တစ်ခုဖြစ်တာနှင့်အညီ AI နည်းပညာကို Huawei ၏ ပစ္စည်းများ၊ ဖြေရှင်းနည်းများနှင့် ပေါင်းစပ်ထားပြီး ၊ လက်တွေ့လုပ်ငန်းများတွင်လည်း အကျိုးရှိစေခဲ့ပါသည်။ ဥပမာ- Huawei ၏ All-Cloud intelligent ကွန်ယက်သည် ငွေရှင်းပြေစာပေါင်းများစွာကို မိနစ်ပိုင်းအတွင်း ထုတ်ပေးနိုင်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ဓာတ်ပုံပေါင်းများစွာကို အသုံးပြုသူများအတွက် ရှာဖွေပေးနိုင်ပါသည်။
  • ယနေ့ခေတ် ချိတ်ဆက်မှုများကို ကျော်လွန်၍ အကန့်အသတ်မရှိသော အလားအလာများကို ဖန်တီခြင်း - 5G နည်းပညာနှင့် ဆိုလျှင် carrier ကွန်ယက်လုပ်ငန်းများအနေဖြင့် လူ၊ အရာဝတ္တု၊ လုပ်ငန်းအပါအဝင် အမျိုးအစားများစွာကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ Huawei သည်၂၀၁၈ ခုနှစ်တွင် တရုတ်ငွေ ၅ ဘီလီယံကို 5G အတွက် R&D ကဏ္ဍတွင် ရင်းနှင်းမြှပ်နှံမှာဖြစ်ပြီး၊ စီးပွားရေးသုံး 5G ပစ္စည်းများဖြစ်သော ကြိုးမဲ့ကွန်ယက်များ၊  bearer ကွန်ယက်များ၊ core ကွန်ယက်နှင့် ကိရိယာများကို မိတ်ဆက်ပါမည်။
  • ယနေ့ခေတ် စီးပွားရေးကိုကျော်လွန်၍ ဖွံ့ဖြိုးတိုးတက်မှု အသစ်များကို ဖွင့်ချခြင်း - စီးပွားရေးအောင်မြင်ခြင်းသည် ကုမ္ပဏီတစ်ခု၏ ပန်းတိုင်ဖြစ်ပါသည်။ Carieer လုပ်ငန်းများအနေဖြင့် ဆန်းသစ်တီထွင်မှုများဖြင့် လက်ရှိကွန်ယက်များကိုအကောင်းဆုံးပြုလုပ်ပြီး၊ အနာဂတ်အတွက် ကြိုတင်စီမံချက်များထားရှိသော နည်းများဖြင့် ဆောင်ရွက်သင့်ပါသည်။
  • Internet of Things (IoT) ကဲ့သို့သော domain များတွင် carriers လုပ်ငန်းများအနေနှင့် ဂေဟ စနစ်ကိုအခြေခံ၍ အလားအလာရှိသော ဖွဲဖြိုးတိုးတက်မှုများနင့် smart မြို့တော်များ၊ လုပ်ငန်းများ၊ အိမ်များမြန်ဆန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းသစ်များကို ဖန်တီးနိုင်ပါသည်။ ပိုမိုကောင်းမွန်သော ဗီဒီယိုများကလည်း ကွန်ယက်အခြေခံအဆောက်အအုံ၏ တိုးတက်မှုကို မြှင့်တင်ပေးပါလိမ့်မည်။ ၂၀၁၇ ခုနှစ်တွင် ၁၀၀ ကျော်သော ကမ္ဘာတစ်ဝန်းရှိ carrier လုပ်ငန်းများက ၎င်းတို့၏ အခြေခံ ဝန်ဆောင်မှုအဖြစ် ဗီဒီယိုများပြုလုပ်ခဲပြီး ၂၀၁၈ ခုနှစ်တွင် ၁၅၀ အထိတိုးတက်လာမည်ဟု မျှော်လင့်ထားပါသည်။
  • သာမန်ရိုးကျ စီးပွားရေး domains များတွင် Huawei မှ ၎င်းတို့၏ ဝန်ဆောင်မှုများကို ကြိုးစားရှာဖွေကြည့်ရှူကာ သုံးစွဲသူ၏အတွေ့အကြုံကောင်းမွန်အောင် ကူညီပေးပါသည်။ Huawei ၏ scenario- based ဖြေရှင်းနည်းသည် သီးခြားဖြစ်နေမှုများကို ပေါင်းစည်းပေးရန် ကူညီပေးပါသည်။ Huawei ၏ အရည်အသွေးမြင့် အိမ်အသုံးပြု broadband ဖြေရှင်းနည်းများသည်လည်း အိမ်များတွင် 300 Mbps အမြန်နှုန်းဖြင့် Wi-Fi အသုံးပြုနိုင်ရန် ကူညီပေးပါသည်။ Huawei ၏ ပေါင်းစည်းထားသော cloud ကွန်ယက် ဖြေရှင့်းနည်းသည်လည်း enterprise နှင့် cloud ဝန်ဆောင်မှုအကြား ခက်ခဲနက်ရှိုင်းသော အရင်းအမြစ်နှင့် ဝန်ဆောင်မှုများကို ချိတ်ဆက်ပေးပါသည်။
  • ယနေ့ခေတ်အတွေ့အကြုံများကိုကျော်လွန်၍ အောင်မြင်မှုများကိုရယူခြင်း - Huawei ၏ ဒစ်ဂျစ်တယ် လုပ်ငန်းလှည်ပတ်ခြင်း ဖြေရှင်းနည်းများသည် အွန်လိုင်းဒေတာများ၊ လုပ်ငန်းလှည်ပတ်ရန် အလိုအလျောက်စနစ်များ နှင့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းများကို လုပ်ဆောင်နိုင်ပါသည်။ ၎င်းနည်းပညာများသည် carrier လုပ်ငန်းများအနေနှင့် အချိန်မှန် ဆောင်ရွက်ပေးနိုင်ခြင်း၊ တောင်းဆိုချက်များ၊ All-Online ၊ DIY ၊ နှင့် ဆိုရှယ် အတွေ့အကြုံများလုပ်ဆောင်ရတွင် အထောက်အပံ့ပေးပါသည်။ အပြင်ပိုင်းအားဖြင့် ၎င်းဖြေရှင်းနည်းများသည် carrier လုပ်ငန်းများအား ဘက်ပေါင်းစုံ၊ ဝန်ဆောင်မှုပေါင်းစုံမှနေ၍ သုံးစွဲသူများအတွက် အထောက်အပံ့ပေးနိုင်ရန် ကူညီပေးပါသည်။
  • ယနေ့ခေတ် ပူပေါင်းဆောင်ရွက်ခြင်းများကိုကျော်လွန်၍ သာလွန်ကောင်းမွန်သော ဂေဟစနစ်ကိုတည်ဆောက်ခြင်း - အောင်မြင်မှုနှင့် အနာဂတ်လုပ်ငန်းများ၏ ပုံသဏ္ဍန်ကို မျှဝေကာ ဆက်လက် ရှေ့ဆက်နိုင်ရန်  အလွှာများစွာ ပါဝင်သည့် ပွင့်လင်းမြင်သာဂေဟစနစ်ကို Huawei သည် မိတ်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်ပါမည်။ ဤဆောင်ရွက်ချက်သည် စီးပွားရေး ဖြေရှင်းနည်းများ၊ ပွင့်လင်းမြင်သာသော အဖွဲ့အစည်း လှုပ်ရှားမှုများနှင့် လုပ်ငန်းပူးပေါင်းခြင်းများ နှင့် OpenLabs များတည်ထောင်ခြင်းကို ယူဆောင်လာပါသည်။                               

Mobile World Congress 2018 ပွဲတွင် Huawei မှ မိတ်ဖက် ၃၀၀ ကျော်၊ ဆွေးနွေးပွဲ ငါးခုကိုဦးဆောင်ကျင်းပခြင်းနှင့် အခြားသော လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ထားသော လေ့ကျင့်မှုများမှ ရရှိလာသော ထုတ်ကုန် ပစ္စည်းပေါင်း ၂၀ ကျော် ကို မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြည့်အဝချိတ်ဆက်ကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ရန် ရည်ရွယ်ပါသည်။

Mobile World Congress 2018 ကို လာမည့် ဖေဖော်ဝါရီလ ၂၆ နေ့မှ မတ်လ ၁ နေ့ထိ ဘာစီလိုနာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုပွဲတွင် Huawei မှ အဓိကအချက်အလက်များကို ဟောပြောခြင်း၊ ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပခြင်း နှင့် “ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” လှုပ်ရှားမှုခေါင်းစဉ်အောက်တွင် အခြားလုပ်ဆောင်ချက်များကိုပြုလုပ်သွားမည်ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော အနာဂတ်ကို ပုံဖော်ရန် နှင့် လုပ်ငန်များတိုးတက်ရေးကို အတူတကွ ဆွေးနွေးဆောင်ရွက်ရန် မျှော်လင့်ထားပါသည်။ နောက်ဆုံးပေါ် ထုတ်ကုန်ပစ္စည်းများနှင့် ဖြေရှင်းနည်းများကို ပွဲအတွင်း ထုတ်ဖော်ပြသပြီး လက်တွေ့စမ်းသပ်မှုများကို မိတ်ဖက်များနှင့်အတူ ထုတ်ဖော်ပြသသွားမည် ဖြစ်ပါသည်။

Huawei ၏ ကျင်းပပြသမည့်နေရာသည် ခန်းမ ၁ Fira Gran ရှိ booth 1J50 ၊ ခန်းမ ၃ ရှိ both 3130 နှင့် ခန်းမ ၄ ရှိ Innovation City Exhibition Zone တွင် တည်ရှိပါမည်။ အချက်အလက်များပိုမိုသိရှိစေရန် www.huawei.com/mwc2018  ဝင်ရောက်လေ့လာပါ။