Smart City တစ်ခုတည်ဆောက်ရန်အတွက် ဂျာမနီနိုင်ငံ Duisburg မြို့နှင့် Huawei တို့ နားလည်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုး
Smart City တိုးတက်ဖွံ့ဖြိုးမှုအတွက် ပူးတွဲဆန်းသစ်တီထွင်မှုစင်တာ Joint Innovation Center အစီအစဉ်ကိုလည်း Huawei က ထုတ်ပြန်ကြေညာ
ရန်ကုန်၊ မြန်မာ။ ဇန်န၀ါရီ ၁၉၊ ၂၀၁၈ - ဂျာမနီနိုင်ငံ ဒိ(စ်)ဘာ့ဂ်မြို့နှင့် Huawei တို့ အတူပူးပေါင်းပြီး smart city ဖော်ဆောင်ရန် နားလည်မှုသဘောတူစာချုပ်ကို ဒိ(စ်)ဘာ့ဂ်မြို့တော်ဝန် Sören Link နှင့် Huawei ၏ Enterprise Business Group မှ CFO ဖြစ်သော Wang Yonggang တို့ကလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤသဘောတူကြေညာချက်အရ လုပ်ငန်း မိတ်ဖက်နှစ်ဦးသည် ဒိ(စ်)ဘာ့ဂ်မြို့ကို ဆန်းသစ်လှပသည့် အနောက်ဥရောပပုံစံ ဒစ်ဂျစ်တယ်မြို့တော်တစ်ခု အသွင် စတင်ဖန်တီးတော့မည်ဖြစ်ပါသည်။
ဒိ(စ်)ဘာ့ဂ်တွင် Joint Innovation Center တစ်ခုကို ပူးတွဲတည်ဆောက်သွားရန် အစီအစဉ်ရှိကြောင်း ကို လည်း Huawei က ထုတ်ဖော်ပြောကြားလိုက်ပါသည်။ အဆိုပါ စင်တာမှဖော်ဆောင်သော ဆန်းသစ်တီထွင်မှု မှန်သမျှကို မြို့တော်က တိုက်ရိုက်အကျိုးခံစားရမည်ဖြစ်သည်။ စီမံထားမှုများတွင် မြို့တော်၏ WLAN network ကို မြို့တော်တိရစ္ဆာန်ဥယျာဉ်နှင့် အများပြည်သူပို့ဆောင်ဆက်သွယ်ရေးတို့တွင် ထည့်သွင်းမည့် အစီအစဉ်ပါရှိပါသည်။ ပညာရေးပိုင်းတွင်မူ ဒိ(စ်)ဘာ့ဂ်ရှိစာသင်ကျောင်းများအတွက် Wi-Fi နှင့် broadband connection များပါဝင်သည့် "intelligent classroom" များကို အထူးဦးစားပေးမည်ဖြစ်ပါသည်။
အခြားသဘောတူဆွေးနွေးမှုအစီအစဉ်များတွင် လမ်းမီးများ၊ ကွန်ရက်နှင့်ယာဉ်ကြောထိန်းသိမ်းစီမံခန့်ခွဲမှု မှသည် မြို့တော်သူမြို့တော်သားများအတွက် အများပြည်သူသုံး public access များရှင်းလင်းလွယ်ကူစွာ ရရှိနိုင်မည့် cloud နည်းပညာသုံး eGovernment solutions များအထိ စီမံချက်အမျိုးမျိုးပါဝင်ပါသည်။ ထို့အပြင် အလိုအလျောက်ထိန်းချုပ်မောင်းနှင်ခြင်း၊ ထောက်ပံ့ပို့ဆောင်ခြင်း smart logistics နှင့် Industry 4.0 တို့အတွက် လိုအပ်သည့် 5G LTE နည်းပညာနှင့် wireless broadband networks တို့အတွက်လည်း Huawei က ၎င်း၏အတွေ့အကြုံနှင့် solutions များကို ကမ်းလှမ်းပေးမည်ဖြစ်ပါသည်။
အဆုံးစွန်ရည်မှန်းချက်မှာ ဒိ(စ်)ဘာ့ဂ်မြို့၏ ဘ၀အရည်အသွေးတိုးတက်လာစေရန်နှင့် မြို့တော်နေသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်ရန်တို့အတွက် နည်းပညာအသစ်များကို
အသုံးပြုမည့် ဆန်းသစ်သောအတွေးအမြင်များနှင့် Solutions များကို ဖော်ဆောင်သွားရန်ဖြစ်ပါသည်။ ဤ သဘောတူညီချက်ကို ပြည်တွင်းပြည်ပလုပ်ငန်းမိတ်ဖက်များ၊ မြို့တော်စည်ပင်သာယာရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကုမ္ပဏီများ၊ ပြည်တွင်းသုတေသနအဖွဲ့များနှင့် တက္ကသိုလ်များပါဝင်သည့် ဂေဟစနစ်တစ်ခုဖြင့် ဆောင်ရွက်သွားပါမည်။
ဒိ(စ်)ဘာ့ဂ်မြို့တော်ဝန် Sören Link (၀ဲ) နှင့် Huawei ၏ Enterprise Business Group မှ CFO (ယာ)
မြို့တော်ဝန် Sören Link က "အနာဂတ်ရဲ့စိန်ခေါ်မှုတွေကို ဖြည့်ဆည်းပေးရာမှာ ဆန်းသစ်တဲ့နည်းပညာ တွေက အဓိကကျပါတယ်။ မြို့တော်ရဲ့ဘ၀အရည်အသွေးတိုးမြှင့်ဖို့နဲ့ စီးပွားရေးတိုးတက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဒစ်ဂျစ်တယ်စနစ်အသုံးပြုမှုကနေ ကမ်းလှမ်းပေးလာမယ့် အခွင့်အလမ်းတွေကို အကျိုး ရှိရှိအသုံးချချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီပူးပေါင်းဆောင်ရွက်မှုနဲ့အတူ တရုတ်နိုင်ငံက ကမ္ဘာ့လုပ်ငန်း မိတ်ဖက်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ဆက်နွှယ်မှုကို တိုးချဲ့လိုပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာအဆင့် ကုမ္ပဏီတွေ၊ လုပ်သားအင်အားတွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိတ်ဖက်မြို့တော်တစ်ခုပါ။“ ဟုပြောကြားခဲ့ပါသည်။
Huawei ၏ Enterprise Business Group မှ CFO ဖြစ်သော Wang Yonggang က "ဒိ(စ်)ဘာ့ဂ်မြို့ကို smart city တစ်ခုအဖြစ် တိုးတက်ဖော်ဆောင်ဖို့ ကျွန်တောတို့ရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုစွမ်းရည်တွေကို အသုံးပြု နိုင်တော့မှာဖြစ်တဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ solutions တွေက ဒိ(စ်)ဘာ့ဂ် မြို့သူမြို့သားတွေနဲ့ လာရောက်လည်ပတ်သူတွေရဲ့ နေ့စဉ်နေမှုဘ၀ကို လွယ်ကူရှင်းလင်းအောင်၊ ဘေးကင်းလုံခြုံအောင် ကူညီဆောင်ရွက်ပေးသွားမှာပါ။“ ဟုပြောကြားခဲ့ပါသည်။
လက်ရှိတွင် Huawei ၏ Smart City solutions များသည် ကမ္ဘာတလွှားရှိ နိုင်ငံပေါင်း ၄၀ ကျော်၏ မြို့ကြီး ပေါင်း ၁၂၀ ကျော်တွင် ၀န်ဆောင်မှုလုပ်ငန်းများပေးနေပါသည်။ ယနေ့အချိန်အထိ Fortune Global 500 စာရင်း၏ ထိပ်တန်း ၁၀၀ မှ ကုမ္ပဏီ ၄၅ ခုအပါအ၀င် စာရင်းဝင်ကုမ္ပဏီပေါင်း ၁၉၇ ခုတို့သည် ၎င်းတို့လုပ်ငန်း များဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုအတွက် Huawei ကို လုပ်ငန်းမိတ်ဖက်အဖြစ် ရွေးချယ်ဆောင်ရွက်လျက်ရှိ ပါသည်။