ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Myanmar Broadband Forum 2016 ကို ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ အောင်မြင်စွာ ကျင်းပ

2016.10.08

ဆက်သွယ်ရေး ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံ တည်ဆောက်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ထိပ်တန်းလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများမှ ပထမဦးဆုံးအကြိမ် ကျင်းပသော ပွဲစဉ်တွင် ဆွေးနွေးပြောကြားပါသည်။

နေပြည်တော်၊ မြန်မာ (၂၀၁၆ ခုနှစ်၊ ဂျူလိုင်လ ၈ ရက်) – ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍ Huawei မှ ၀ိုင်းဝန်းကူညီပေးသော “Better Connected Myanmar” ခေါင်းစဉ်ဖြင့် Myanmar Broadband Forum ကို ပထမဦးဆုံးအကြိမ်အဖြစ် နေပြည်တော်ရှိ Hilton Hotel တွင် ကျင်းပခဲ့ပါသည်။ ထိုပွဲသည် တစ်နေ့တာ ကျင်းပသော ပွဲစဉ်တစ်ခုဖြစ်ပြီး လုပ်ငန်းဂေဟစနစ်တစ်လျှောက်လုံး အရှိန်မြှင့်လာသည့် Broadband တိုးတက်လာရေးအတွက် အစိုးရ၀န်ကြီးရုံးများ၊ ပြည်တွင်းအော်ပရေတာများ၊ ပြည်တွင်း ၀န်ဆောင်မှု ပေးသူများမှ စုဝေးပြီး ပြောကြားမည့် တစ်နေ့ တာပွဲတစ်ခု ဖြစ်ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ နိုင်ငံတော်၏ အကြီးဆုံး ဖြစ်သည့် ဤ Broadband ပွဲကြီးတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့အပြင် ထိုင်းနိုင်ငံမှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ၀န်ကြီးဌာန၊ နိုင်ငံတကာဆက်သွယ်ရေးသမဂ္ဂ [International Telecommunication Union (ITU)]၊ တရုတ်နိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သင်တန်းကျောင်း၊ စက်မှုလက်မှုနှင့် စီမံကိန်း သုတေသန အဖွဲ့ အစည်း၊ အင်ဒိုနီးရှားမှ FTTH အဖွဲ့ အစည်း (IFA)၊ နိုင်ငံတကာ ဆက်သွယ်ရေး သုတေသန ကုမ္ပဏီ Ovum၊ အရှေ့တောင်အာရှတွင် အကြီးဆုံး TV ၀န်ဆောင်မှုကုမ္ပဏီ iFlix၊ ဟောင်ကောင်ရှိ အကြီးဆုံး ဆက်သွယ်ရေး ၀န်ဆောင်မှုကုမ္ပဏီ PCCW နှင့် ကမ္ဘာအနှံ့တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ၀န်ဆောင်မှုတို့ကို ဆောင်ရွက် ပေးနေသော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Huawei တို့မှလည်း ဆွေးနွေးပြောကြားမည် ဖြစ်ပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်မျိုးမှ မြန်မာနိုင်ငံအား ဒီဂျစ်တယ် ချိတ်ဆက်သည့်နိုင်ငံ ဖြစ်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးကြမည့် ၀န်ကြီးဌာနအကြီးအကဲများ၊ လုပ်ငန်းပိုင်း ဆိုင်ရာဦးဆောင်သူများနှင့် ICT ဂေဟာစနစ်မှ ဒီဂျီတယ်နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်သူများကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။ “မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်း ပြောင်းလဲစေရန်နဲ့ စီးပွားရေး လုပ်ငန်း တိုးတက်လာစေရန်အတွက် အဓိက လုပ်ဆောင်ရမှာကတော့ ဒီဂျီတယ် စနစ်ကို ပြောင်းလဲဖို့အတွက် လွယ်ကူချောမွေ့အောင် Broadband အခြေခံအဆောက်အအုံ ကျယ်ပြန့်မှုနဲ့ ICT နည်းပညာ တိုးတက်ရေးတွေက လုပ်ဆောင်ပေးပါတယ်။ ဖန်တီးပေးတဲ့နေရာမှာလည်း အစိုးရဌာနအချင်းချင်းဖြစ်စေ၊ အစိုးရနှင့် ပြည်သူ အကြားဖြစ်စေ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဒီကြိုးမဲ့အင်တာနက်စနစ်က မိမိတို့နေထိုင်မှုပုံစံ၊ စီးပွားရေး လုပ်ငန်းအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်၊ ဘယ်လိုဝန်ဆောင်မှုတွေ ရရှိမယ် အစရှိ သည်ဖြင့် အသိပညာပေးထားဖို့တော့ လိုမှာဖြစ်ပါတယ်” ဟူ၍ ထပ်လောင်း ပြောကြားခဲ့ပါသည်။ 

ဖိုရမ်တွင် မြန်မာပြည်သူများအားလုံး ကမ္ဘာနှင့် နိုင်ငံတစ်ဝန်း ဒီဂျစ်တယ်စနစ်ဖြင့် ဆက်သွယ်နိုင်ရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် ဆွေးနွေးတင်ပြချက်များ ရှိခဲ့ပါသည်။ နိုင်ငံတော်၏ Broadband စီမံကိန်းနှင့် အခြေအနေလေ့လာစိစစ်ချက်၊ အရှေ့ တောင်အာရှနှင့် မြန်မာနိုင်ငံတွင် Broadband ဈေးကွက်ကို သုံးသပ်ချက်၊ ဒေသတွင်း Broadband လုပ်ငန်း ပူးပေါင်း လုပ်ဆောင်နိုင်သော အခွင့်အရေးများ၊ အွန်လိုင်းဖျော်ဖြေမှုများ တိုးတက်လာစေရန် ကြိုးပမ်းခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။  

မြန်မာနိုင်ငံတွင် broadband ထိုးဖောက်ဝင်ရောက်ခြင်းသည် ၀.၂၇% သာ ရှိသည့်အတွက်ကြောင့် များစွာသော နေရာဒေသတွေမှာ တိုးတက်ရန်အတွက် အခွင့်အရေးတွေ နှောင့်နှေးမှုများ ဖြစ်စေပြီး စွမ်းဆောင်နိုင်သော၊ ပွင့်လင်းမြင်သာမှုရှိသော၊ တာဝန်ယူမှု ရှိနိုင်သော Digital အစိုးရကိုတည်ဆောက်ရန်၊ ကာဗွန်ဒိုင် အောက်ဆိုက် နည်းပါးစေသော ပတ်ဝန်းကျင် ကာကွယ်မှုကို သေချာအောင်ပြုလုပ်နိုင်ရန်၊ လူမှုမီဒီယာ ပြန့်ပွားရေးနှင့် နောင်လာမည့် ၁၅ နှစ်တွင် အလုပ်ကိုင်အခွင့်အလမ်း ၂၅၀,၀၀၀ ကျော်နှင့် ရင်းနှီးမြှပ်နှံမှုများဖြည့်စွက်ခြင်းဖြင့် စီးပွားရေးအားကောင်းလာစေရန် Broadband ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် မြန်မာနိုင်ငံအား ဆက်သွယ်ရေး ပိုမိုကောင်းမွန်သော နိုင်ငံတစ်ခုဖြစ်အောင် ဆောင်ရွက်ရန် အရေးပါပါသည်။ တစ်နည်းအားဖြင့် ပိုမိုကောင်းမွန်၍ မြန်ဆန်သော Broadband ကို ဖြန့်ကြက်နိုင်ရန် လိုင်းနှင့် မိုဘိုင်း broadband အကြားပူးပေါင်းလုပ်ဆောင်ပြီး ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုများကို  ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ 

နိုင်ငံရှိလူဦးရေ၏ ၈၅% ကို အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ရေးအပါအ၀င် ရည်မှန်းထားသည့်ပန်းတိုင်များကို နိုင်ငံတော် အစိုးရမှ ချမှတ်ခဲ့ပြီး ဖိုရမ်တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများဖြစ်သည့် အကျိုးသက်ရောက်မှုရှိသည့်မူဝါဒ၊ spectrum လိုင်စင်၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်သည့် မူဝါဒများကို အားပေးရန်ကဲ့သို့သော များပြားသည့်စိန်ခေါ်မှုများအတွက် ထိရောက်သော ၀န်ဆောင်မှုများကို မရှိမဖြစ်လိုအပ်ပါသည်။

Huawei ၏ Government Affairs မှ President ဖြစ်သူ Mr. Jimmy Pang မှ ဖိုရမ်တွင် အဓိပ္ပါယ်ရှိသည့် ဆွေးနွေးမှုများကို ပံ့ပိုးပေးခြင်းဖြင့် ဖိုရမ်အောင်မြင်ရေးကိုအားပေးရန်နှင့် နိုင်ငံ၏ broadband ကဏ္ဍဖွံ့ဖြိုးရေး အတွက် ၎င်း၏ကုမ္ပဏီအနေဖြင့် ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့ ဒီနိုင်ငံတော်မှာ Broadband ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ထိပ်တန်း အဖွဲ့ အစည်း များနဲ့ အစိုးရ၀န်ကြီးရုံးများ စုပေါင်းလာအောင် လုပ်ပေးနိုင်တဲ့ ဒီဖိုရမ်မှာ ပါဝင်ရတဲ့အတွက် ၀မ်းသာမိပါတယ်။ Broadband က နိုင်ငံတစ်ဝန်းမှာ အရေးပါတဲ့ကဏ္ဍမှာ ရပ်တည်လျက်ရှိပြီး အစိုးရ၀န်ကြီးရုံးများက ၀ိုင်းဝန်းပြီး လုပ်ငန်းရှင်တွေ ပါဝင်လာအောင် ဆောင်ရွက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟူ၍ ပြောကြား ခဲ့ပါသည်။ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝင်ဖြစ်သည့် ဦးခင်မောင်သက်မှ အပိတ်အမှာစကား ပြောကြားခဲ့ပါသည်။ “အခုလိုပွဲကို ဝိုင်းဝန်းစီစဉ်ပေးတဲ့ Huawei ကို ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာနိုင်ငံမျာရှိတဲ့ အိုင်စီတီ ကဏ္ဍကဆိုရင် အောင်မြင်မှုတွေ ရရှိခဲ့တာကို မျက်မြင် တွေ့ ရှိခဲ့ပါတယ်။။ အခုလို ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာကလည်း Huawei ရဲ့ အဓိက လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ နောင်မှာလည်း အိုင်စီတီကဏ္ဍမှာ Huawei က ၎င်းရဲ့ ဆန်းသစ်တဲ့ ဖြေရှင်းချက်တွေ ယုံကြည်စိတ်ချရတဲ့ ၀န်ဆောင်မှုတွေနဲ့ အပြုသဘောဆောင်တဲ့ အကြံဉာဏ်တွေ ပေးနိုင်လိမ့်မယ်လို့  မျှော်လင့်ပါတယ်”

နိုင်ငံတော်၏ Broadband ကဏ္ဍအတွင်း စက်မှုလုပ်ငန်းများ ပူးပေါင်းမှုကို တိုးတက်စေရန်နှင့် Broadband ဖွံ့ဖြိုးတိုးတက်ရန် နည်းဗျူဟာများကို လျင်မြန်စွာဖြန့်ဝေရန်အတွက် အစိုးရ၀န်ကြီးရုံးများ၊ ကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များမှ ပါဝင်ဆွေးနွေးခြင်းဖြင့် ဖိုရမ်ကို အဆုံးသတ်ခဲ့ပါသည်။

ဖိုရမ်သို့ ပြည်တွင်းနှင့် နိုင်ငံတကာမှ ထိပ်တန်းလုပ်ငန်းရှင်များ၊ အစိုးရ၀န်ကြီးရုံးများ၊ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် MPT၊ Telenor၊ Ooredoo၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနှင့် Broadband ကဏ္ဍ အတိုင်ပင်ခံပုဂ္ဂိုလ်များ တက်ရောက်လာခဲ့ကြပါသည်။