ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ပြုပြင်ရန် Huawei မှ မြန်မာကျပ်ငွေသိန်း ၁၀၀၀ နှင့်ညီမျှသည့်အထောက်အပံ့များ ပေးအပ်လှူဒါန်းခြင်း

2016.08.23

ရန်ကုန်၊ မြန်မာ (သြဂုတ်လ ၃၀ ရက်၊ ၂၀၁၆ ခုနှစ်) - ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၌ ရစ်ချက်တာစကေး ၆.၈ အဆင့်ရှိ မြေငလျင်တစ်ခုဖြစ်ပွားခဲ့မှုကြောင့် မြန်မာ့သမိုင်းဝင်အဖိုးတန် ယဉ်ကျေးမှုနယ်မြေများတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ သက်ဆိုင်ရာမှ လိုအပ်သည့်ပြန်လည်ပြုပြင်ထိန်းသိမ်းမှု များပြုလုပ်နိုင်ရန် Huawei P9 မော်ဒယ်အလုံးတစ်ရာနှင့်တကွ မြန်မာကျပ်ငွေသိန်း ၅၀၀၊ စုစုပေါင်းကျပ်ငွေ သိန်း ၁၀၀၀ နှင့်ညီမျှသော တန်ဖိုးပမာဏကို ပေးလှူသွားမည် ဖြစ်ပါသည်။

“နိုင်ငံရဲ့အမှတ်လက္ခဏာသဖွယ်ဖြစ်တဲ့ ရှေးဟောင်းသမိုင်းဝင်အဖိုးတန်နယ်မြေများမှာ ခုလိုပျက်စီး ထိခိုက်မှု တွေကို မြင်တွေ့ခဲ့ရတဲ့အတွက် ၀မ်းနည်းမိပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ရဲ့လှူဒါန်းမှုမတည်ငွေတွေကနေ တစ်ဆင့် လူတစ်ဦးချင်းစီအလိုက်သာမက အဖွဲ့အစည်းကြီးများကိုပါ ယဉ်ကျေးမှုအမွေအနှစ်နယ်မြေများမှာ မူလအတိုင်း ရိုးရာမပျက် ပြန်လည်ပြုပြင်မွမ်းမံ၊ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ဖို့အတွက် အားပေး ကူညီသွားမှာပါ” ဟု Huawei Techologies (ရန်ကုန်) ကုမ္ပဏီလီမိတက်၏ အမှုဆောင်အရာရှိချုပ် Mr.Zhang Liman က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ ပုဂံတွင်လှုပ်ခါခဲ့သည့် မြေငလျင်မှာ ရာစုနှစ်ပေါင်းများစွာ သက်တမ်းကြာမြင့်နေပြီဖြစ် သော ဘုရားကျောင်းတော်များ၊ စေတီနှင့် စွယ်တော်များအပါအ၀င် များစွာသော ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေသများတွင် အဆောက်အဦးပိုင်းဆိုင်ရာ၌ ပျက်စီးထိခိုက်မှုများရှိခဲ့သည့်အတွက် ပြန်လည်မွမ်းမံမှုများ အထူးလိုအပ်နေပါသည်။ သို့ဖြစ်ရာ Huawei သည် တာဝန်သိပြည်သူတစ်ဦးအနေဖြင့် မြေငလျင်သင့်ဒေသများ တွင် ဆောင်ရွက်နေသည့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့များကို ကူညီထောက်ပံ့ပေးပြီး ပြုပြင်ရေးလုပ်ငန်းများ၌ တစ်တပ်တစ်အား ပါဝင်ချင်ခဲ့ပါသည်။

Huawei သည် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အဦးများနှင့် စွယ်တော်များကို ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် UNESCO အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသော ကျွမ်းကျင် ပညာရှင်များကို Huawei P9 စမတ်ဖုန်းအလုံးတစ်ရာ ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်သည်။ P9 တွင် အဆင့်မြင့် Leica ကင်မရာများကို dual lens ဖြင့် တပ်ဆင်ထားမှုကြောင့် ပညာရှင်များမှ ပျက်စီးဆုံးရှုံးမှုများကို စစ်တမ်းကောက်ခြင်းနှင့် အကဲဖြတ်လေ့လာခြင်းများပြုလုပ်ရာတွင် အထောက်အကူပေးနိုင်သည့်အပြင် အဖွဲ့နှင့် အလုပ်လုပ်ရာတွင် တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပိုမိုအားကောင်းကာ အချိတ်အဆက်မိမိရှိစေရန် ကူညီပေးမည် ဖြစ်သည်။

Huawei သည် ဆက်သွယ်ရေးပိုမိုကောင်းမွန်သော ကမ္ဘာကြီးတည်ဆောက်နိုင်ရန် ရည်သန်ပြီး ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) ၏ လိုအပ်ချက်များကို ဖြေရှင်းပေးသူအဖြစ် ဦးဆောင်ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ Huawei ၏ ဦးစားပေး လုပ်ဆောင်မှုများထဲမှတစ်ခုမှာ လူမှုအသိုင်းအ၀ိုင်းတိုးတက်ဖွံ့ဖြိုးမှုကို အားပေးကူညီရေးနှင့် လိုအပ်သည့်အခါ ကယ်ဆယ်ရေးအကူအညီများ ပေးနိုင်ရေးတို့ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်ကပင် Huawei သည် မြန်မာနိုင်ငံရှိ ရေဘေးသင့်အရပ်ဒေသများမှ ပြည်သူများအတွက် လိုအပ်သည့် အကူအညီများပေးနိုင်ရန် လူမှုစောင့်ရှောက်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ မြန်မာကျပ်ငွေ သိန်း၁၀၀ တိတိ လှူဒါန်းခဲ့သည်။