ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

Huawei မှ မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသားကျောင်းသူ ၅၀ ဦးအား ပညာသင်ဆုချီးမြှင့်ခြင်းနှင့်အတူ သန်လျင်နည်းပညာတက္ကသိုလ်သို့ ဆက်သွယ်ရေး နည်းပညာသင်ရိုးညွန်းတမ်း HANA Program ကိုလှူဒါန်းခြင်း

2015.03.13

ရန်ကုန်၊ မြန်မာ၊ မတ်လ ၁၄ရက် ၂၀၁၅။  Huawei ကုမ္ပဏီသည် သန်လျင်နည်းပညာ တက္ကသိုလ်သို့ ဆက်သွယ်ရေး နည်းပညာသင်ရိုးညွှန်းတမ်း HANA Program ကို လှူဒါန်းပွဲနှင့် တက္ကသိုလ် လေးခုမှ ကျောင်းသားကျောင်းသူ အယောက် (၅၀) ကို ပညာသင်ဆုချီးမြင့်ပွဲကို မတ်လ ၁၃ရက် သောကြာနေ့တွင် ဒိုးနာဟိုတယ်၌ အောင်မြင်စွာ ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္ပတနိုင်ငံ သံအမတ်ကြီး Mr. Yang Houlan၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ကောင်စစ်ဝန် Mr. Jiang Yangang ၊ တက္ကသိုလ် ၄ ခုမှ ပါမေက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ပညာသင်ဆု ရရှိသည့် ကျောင်းသားကျောင်းသူများနှင့် သူတို့ ၏ မိဘများ၊ ပြည်တွင်း မီဒီယာများနှင့် စာနယ်ဇင်းများ လူဦးရေ စုစုပေါင်း ၁၆၀ ခန့် တက်ရောက်ခဲ့ကြသည်။

သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ အောင်ကျော်မြတ် က “ပညာဆိုင်ရာကျွမ်းကျင်သူတွေနဲ့ သုတေသနပညာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် အီလက်ထရောနစ် သင်ကြားခြင်းနဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပါဝင်တဲ့ နည်းပညာဆိုင်ရာ ဓါတ်ခွဲခန်း တပ်ဆင်ပေးတဲ့ HANA အစီအစဉ်အတွက် Huawei ကုမ္ပဏီကို ကျေးဇူးတင်ရှိပါတယ်။ ဒီအစီအစဉ်ကနေ ဆရာ၊ ဆရာမတွေအနေနဲ့ ပူးတွဲသုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ လေ့လာခြင်းနဲ့ အတွေ့အကြုံဖလှယ်ခြင်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုေ တွ ပိုမိုမြင့်မားလာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ချီးကျူးတင်ပြောကြားခဲ့ပါသည်။ 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ် နှုတ်ခွန်းဆက်အမှာစကား ပြောကြားနေစဉ်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္ပတနိုင်ငံ သံအမတ်ကြီး Mr. Yang Houlan က “Huawei ကုမ္ပဏီက အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာများကို ပံ့ပိုးပေးနေတဲ့ ဦးဆောင်ကုမ္ပဏီတစ်ခုအနေနဲ့ မြန်မာနိုင်ငံဆက်သွယ်ရေးနယ်ပယ်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကူညီဆောင်ရွက်လုပ်ကိုင်နေပါတယ်။ ဒါ့အပြင်၊ Huawei ကုမ္ပဏီက အဆင့်မြင့်နည်းပညာ များကို လက်ဆင့်ကမ်းသင်ကြားပေးခြင်းအားဖြင့် မြန်မာနိုင်ငံရှိ ဌာနနဲ့အဖွဲ့အစည်းများတို့နဲ့အတူ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်ရရှိခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးထူးချွန်လူငယ်များမွေးထုတ်ပေးနိုင်တဲ့အပြင် Huawei ကုမ္ပဏီကလဲ တာဝန်သိစိတ် ပြည့်ဝစွာဖြင့် လောက ကောင်းကျိုးကို ရှေးရှုဖန်တီးတဲ့ ကုမ္ပဏီတစ်ခုရဲ့ ပုံရိပ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့တယ်”  ဟု ချီးကျူးတင်ပြောကြားခဲ့ပါ သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္ပတနိုင်ငံ သံအမတ်ကြီး Mr. Yang Houlan မှ အဖွင့်မိန့်ခွန်းပြောကြားစဉ်။ 

Huawei ၏ Managing Director Mr. Li Zhao ၏ ပြောကြားချက်အရ ယခုပညာသင်ဆုအစီအစဉ်နှင့် HANA Program တို့သည် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် အရေးပါပြီး စဉ်ဆက်မပြတ်လုပ်ဆောင်သွားမည့် ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်ရုံသာမက HANA Program သည် မြန်မာနိုင်ငံတက္ကသိုလ်များရှိ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမအားလုံး သတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာနယ်ပယ်တွင် ၄င်းတို့၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်မည့် အစီအစဉ် တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားသွားခဲ့သည်။ 

Huawei ကုမ္ပဏီ ရန်ကုန်မှ မန်နေဂျင်းဒါရိုက်တာ Mr. Li Zhao အမှာစကားပြောကြားစဉ်။ 

HANA ပရိုဂရမ်လှူဒါန်းမှုအစီအစဉ်တွင် သန်လျင်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဒေါ်ကေသီလွင် နှင့် Huawei ရန်ကုန်မှ မန်နေဂျင်းဒါရိုက်တာ Mr. Li Zhao တို့က ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ်နှင့် သံအမတ်ကြီး Mr. Yang Houlan တို့၏ ရှေ့တွင် HANA Program လှူန်ဒါန်းခြင်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ၄င်း HANA Program သည် သင်ရိုးညွှန်းတမ်းများအားဖန်တီးပေးခြင်း၊ ဆရာဆရာမများအား လေ့ကျင့်သင်ကြားပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များထုတ် ပေးခြင်း၊ အသက်မွေးမှုဆိုင်ရာအသိအမှတ်ပြုလက်မှတ်များထုတ်ပေးခြင်းနှင့် သင်ထောက်ကူ ပစ္စည်းများထောက်ပံ့ပေးခြင်းများကို ပါဝင်ပြီး မြန်မာနိုင်ငံ၏ ICT ထူးချွန်လူငယ်များမွေးထုတ်ရေးအတွက် အထောက်အကူပြုနိုင် မည်ဖြစ်သည်။ 

ဆက်သွယ်ရေးနည်းပညာသင်ရိုးညွှန်းတမ်း HANA Program လှူဒါန်းမှု သဘောတူလက်မှတ်ရေးထိုးနေစဉ်။

ထို့နောက် Huawei ရန်ကုန်မှ မန်နေဂျင်းဒါရိုက်တာ Mr.Li Zhao က ပညာသင်ဆုထောက်ပံ့သည့် ချက်လက်မှတ်ကို ကျောင်းသား ကျောင်းသူများကိုယ်စား ပါမောက္ခချုပ်များထံ ပေးအပ်ပြီး သက်ဆိုင်ရာတက္ကသိုလ် ပါမောက္ခများက ကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူးတင်လက်မှတ်ကို ပြန်လည် ပေးအပ်ခဲ့သည်။

ပညာသင်ဆု အစီအစဉ်တွင် ပါဝင်သည့် တက္ကသိုလ် လေးခု မှ တစ်ခုဖြစ်သော ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊သည် ပညာသင်ဆုချက်လက်မှတ်ကို လက်ခံရယူနေစဉ်။

အခမ်းအနားအစီအစဉ် အဆုံးတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တက်ရောက်နေသည့် Huawei ပညာသင်ဆုကို ရရှိသူ တစ်ဦးဖြစ်သော မသီရိဝေမှ အခု လေ့လာသင်ယူနေတဲ့ အသိပညာတွေကို ပြန်လည်အသုံးချပြီး ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေမှာ တစ်တပ်တအား ပါဝင်လုပ်ဆောင်သွား မှာပါ" ဟု ကျောင်းသားအားလုံးကိုယ်စား ကျေးဇူးတင်စကားပြောကြား ခဲ့သည်။

Huawei ပညာသင်ဆုကို ရရှိသော မသီရိဝေသည် ကျောင်းသားကျောင်းသူအယောက် ၅၀ ၏ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားနေစဉ်

ရန်ကုန်နည်းပညာတက္ကသိုလ် မှော်ဘီမှ ပါမောက္ခချုပ်၊ ရန်ကုန်နည်းပညာ သန်လျင်မှ ပါမောက္ခချုပ်၊ အနောက်ပိုင်းနည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်မှ တာဝန်ရှိသူနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ အောင်ကျော်မြတ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္ပတနိုင်ငံ သံအမတ်ကြီး Mr. Yang Houlan၊ Huawei ရန်ကုန်၏ မန်နေဂျင်းဒါရိုက်တာ Mr. Li Zhao နှင့် Huawei ရန်ကုန်၏ Public Relations ဒါရိုက်တာ Mr. Johny တို့ အမှတ်တရ ဓါတ်ပုံရိုက်ကူးနေစဉ်။

မှော်ဘီနည်းပညာတက္ကသိုလ် ၊ သန်လျင်နည်းပညာတက္ကသိုလ် ၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် နှင့် အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ်မှ ပညာသင်ဆု ရရှိသော ကျောင်းသားကျောင်းသူများ။

Huawei သည် မြန်မာနိုင်ငံအတွင်း လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပြီး စာသင်ကျောင်း များနှင့် တက္ကသိုလ်ကောလိပ်များသို့ နည်းပညာဆိုင်ရာ သင်ထောက်ကူပစ္စည်းများလှူဒါန်းခြင်း၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးပစ္စည်းများလှူဒါန်းခြင်းနှင့် အိုင်စီတီနယ်ပယ်မှ မြန်မာလူငယ်များ ပိုမိုထူးချွန်ထက်မြက်လာစေရန် ကူညီပံ့ပိုးမှုများစွာ ပြုလုပ်နေ လျှက်ရှိသည်။ Huawei အနေဖြင့် အခြေခံပညာကျောင်းများသို့ ငွေကြေးထောက်ပံ့မှုများလှူဒါန်းခြင်း၊ SEA Games ကာလ အတွင်း ကူညီထောက်ပံ့များပြုလုပ်ခြင်း၊ ဆိုင်ကလုန်းနာဂစ်တိုက်ခတ်ပြီးနောက် ပျက်စီးသွားသော ဆက်သွယ်ရေး ကွန်ယက်များ အတွက် လိုအပ်သော စက်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။