ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

အဓိကတန်ဖိုးထားမှု : ပွင့်လင်းမြင်သာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အတူတကွအောင်မြင်ခြင်း

အသိဉာဏ်မြင့်သော ဒစ်ဂျစ်တယ် ကမ္ဘာတစ်ခုတည်ဆောက်ခြင်းအတွက် ပူးပေါင်းအားထုတ်မှုများစွာလိုအပ်သည်။ ကန့်သတ်ချက်များကို ပယ်ဖျက်ကာ အောင်မြင်မှုများ မျှဝေနိုင်မည့် ဂေဟစနစ်တစ်ခုကို အတူတကွဖန်တီးတည်ဆောက်နိုင်ခြင်းကို Huawei က ယုံကြည်သည်။ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုများကို အဆင့်မြှင့်တင်ကာ အသိဉာဏ်မြင့်သည့်ကမ္ဘာအဖြစ်သို့ ရောက်ရှိချဲ့ထွင်ခြင်းဖြင့် ဒစ်ဂျစ်တယ်လူနေမှုဘဝ၏ အကျိုးကျေးဇူးများကို တစ်ဦးချင်းဆီသို့ ပေးအပ်နိုင်မည်ဖြစ်သည်။


ဂေဟစနစ်နှင့် နယ်ပယ်ဖွံ့ဖြိုးခြင်း : စည်းမျဉ်းစည်းကမ်းများ

Huawei သည် အိုင်စီတီအခြေခံအဆောက်အအုံနှင့် စမတ်စက်ပစ္စည်းများအပေါ် အဓိကထားဆောင်ရွက်ပြီး သတင်း  အချက်အလက်နည်းပညာ၊ အလိုအလျောက်လုပ်ဆောင်မှု နှင့် အသိဥာဏ်ပါဝင်မှုတို့ဖြင့် ဖွဲ့စည်းလုပ်ဆောင်မည့်  စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခုကို မွေးထုတ်ပေးနေသည်။ အဆိုပါပတ်ဝန်းကျင်သည် မိတ်ဖက်များ၏  အချက်အလက်အကြောင်းအရာများ၊ အက်ပလီကေးရှင်းများ၊ cloud များကို ပိုမိုကောင်းမွန်စေသဖြင့် မိတ်ဖက်  များ၏ သက်ဆိုင်ရာသုံးစွဲသူများကို ပိုမိုအရည်အသွေးပြည့်ဝစွာ ဝန်ဆောင်မှုပေးနိုင်စေမည်ဖြစ်သည်။ ဂေဟ စနစ်နှင့် နယ်ပယ်ဖွံ့ဖြိုးခြင်းအတွက် လမ်းညွှန်ချက်စည်းမျဉ်းစည်းကမ်း (၃) ခု ရှိသည်။

  • နယ်ပယ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်ပိုမိုကျယ်ပြန့်လာစေရေး။ ဤအချက်သည် Huawei ၏ ကိုယ်ပိုင်  ဈေးကွက်ရှယ်ယာမြင့်တက်မှုထက်ပိုမိုအရေးကြီးသည်။
  • ပူးပေါင်းဆောင်ရွက်ခြင်းသည် ယှဉ်ပြိုင်ခြင်းထက် ပိုအရေးပါသည်။ အခြားသူများ လုပ်ငန်းဆောင်ရွက် နိုင်စေရန်  ကူညီပေးသည်။ လုပ်ငန်းဆောင်ရွက်ရန် သင့်လျော်သည့်အခြေအနေကို ဖန်တီးပေးသည်။ Huawei သည် မိမိ၏အကျိုးအမြတ်အတွက် မိတ်ဖက်များနှင့် ယှဉ်ပြိုင်ခြင်းမပြုပါ။ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို အတူတကွရယူရန် ကတိကဝတ်ပြုထားဆဲဖြစ်သည်။
  • အပြည့်အဝချိတ်ဆက်ပြီး အသိဥာဏ်မြင့်သည့်ကမ္ဘာတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဦးတည်ဆောင် ရွက်နေခြင်းကြောင့် တန်ဖိုးထားမှုများမျှဝေခြင်းမှတဆင့် လူများ၊ ကုမ္ပဏီများကို တတ်နိုင်သမျှ ပေါင်း စည်းပေးရန် မျှော်မှန်းထားသည်။
  • အဓိကပြီးမြောက်အောင်မြင်မှုများ နှင့် နယ်ပယ်တန်ဖိုး

    Huawei သည် အဆင့်မီအဖွဲ့အစည်းများ၊ နယ်ပယ်တွင်းမဟာမိတ်များ၊ လွတ်လပ်သော ရင်းမြစ်အဖွဲ့အစည်း(Open Source Communities) ပေါင်း ၄၀၀ ကျော်၏ တက်ကြွလှုပ်ရှားသည့်အဖွဲ့ဝင်တစ်ဦး   ဖြစ်ပြီး အဓိကကျသည့် ရာထူးနေရာပေါင်း ၄၀၀ ကျော်တွင် ခန့်အပ်ခြင်းခံထားရသည်။ Huawei သည် 3GPP၊ IIC၊ IEEE-SA၊ BBF၊ ETSI၊ TMF၊ WFA၊ WWRF၊ CNCF၊ OpenStack၊ LFN၊ LFDL၊ Linaro၊ IFAA၊ CCSA၊ AII၊ CUVA နှင့် VRIF ကဲ့သို့ အဖွဲ့အစည်းများ၏ ဘုတ်အဖွဲ့ဝင် သို့မဟုတ် အကြီးတန်းကော်မတီဝင်တစ်ဦးလည်း  ဖြစ်သည်။

    နယ်ပယ်တွင်းစာမျက်နှာတွင် Huawei က ICT အဆင့်မြှင့်တင်ရေးနှင့် ဈေးကွက်အလားအလာချဲ့ထွင်ရေး အတွက် နယ်ပယ်တွင်းအဖွဲ့အစည်းများစွာကို စိတ်အားထက်သန်စွာ ပံ့ပိုးကူညီပေးနေသည်။

    စီးပွားရေးစာမျက်နှာတွင် Huawei က သုံးစွဲသူများ၏ စီးပွားရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်သော အားလုံးပါဝင်ဆောင်ရွက်နိုင်သည့်ပလက်ဖောင်းများကို ဖန်တီးကာ စီးပွားရေးမဟာမိတ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်။ ကိစ္စရပ်တစ်ခုချင်းစီအတွက်ဖန်တီးထားသည့် solution များ ဖွံ့ဖြိုးမှုအရှိန်မြှင့် တင်ကာ သုံးစွဲသူများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးပိုမိုခိုင်မာလာစေရန်နှင့် စီးပွားရေးဆိုင်ရာမျှော်မှန်း ချက်များကို အောင်မြင်ပြီးမြောက်ရန်အတွက် အားလုံးပါဝင်ဆန်းသစ်ဖန်တီးနိုင်သည့်စီမံကိန်းများကို  ဂေဟစနစ် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

    အမျိုးသားရေးစာမျက်နှာတွင် နိုင်ငံများ၏ စီးပွားရေးကို အရှိန်မြှင့်တင်ပေးရန် 5G၊ AI၊ IoT နှင့် cloud ကဲ့သို့ အဆင့်မြင့်နည်းပညာသစ်များကို အသုံးပြုကာ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများ၏ အများနှင့်သက်ဆိုင်သောကဏ္ဍများ၊ ပုဂ္ဂလိကကဏ္ဍများတွင် လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိသည်။  

     ၁။ စံချိန်မီအဖွဲ့အစည်းများ :  Huawei က နိုင်ငံတကာအဆင့်မီဦးဆောင်အဖွဲ့အစည်းများနှင့် အနီးကပ်လက်တွဲ  ဆောင်ရွက်နေကာ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ နည်းပညာအဆင့်မြှင့်တင်ခြင်းတို့  ဖြင့် နယ်ပယ်ကိုပိုမိုဖွံ့ဖြိုးလာအောင် ကူညီပေးသည်။ vertical industries များ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အတွက် လိုအပ်သည့်ICT solution များကို ထောက်ပံ့ကူညီကာ အားလုံးချိတ်ဆက်နိုင်သည့် ဂေဟစနစ်တစ်ခု ဖန်တီးရန် ပူးပေါင်းဆောင်ရွက်နေသည်။ ၂၀၁၈ ခုနှစ်အတွက် အဓိကဦးဆောင်လှုပ်ရှားမှုအချို့မှာ

    • 5G အတွက် အရေးပါသည့်အဓိကကူညီပံပိုးမှုများ ဆောင်ရွက်ခြင်း။ 5G ကို စီးပွားရေးအရအသုံးပြုနိုင်ရန် ပထမဆုံး 3GPP 5G စံချိန်စံညွှန်များကို ချမှတ်ခြင်းအတွက် နယ်ပယ်တစ်ခုလုံးရှိ အဓိကကျသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အနီးကပ်လက်တွဲ ဆောင်ရွက်ခဲ့သည်။
    • စံချိန်စံညွှန်းညှိနှိုင်းခြင်းများ မြှင့်တင်ခြင်း : နယ်ပယ်တစ်ခုလုံးနှင့် internet protocol ကွန်ရက်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် အထူးသဖြင့် Internet Engineering Task Fork (IETF) စံညွှန်းများအတွက် ပိုမို  ကောင်းမွန်သောညှိနှိုင်းခြင်းများကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။
    • နယ်ပယ်တွင်း သဘောတူညီမှု မြင့်တင်ခြင်း : အားကောင်းသည့်နယ်ပယ်ဂေဟစနစ်ကို မြှင့်တင်ရန် နှင့် နယ်ပယ် တွင်းရှိစံချိန်စံညွှန်းများ၏ ခိုင်မာမှုကို တွန်းအားပေးရန် Huawei က ဥရောပဆက်သွယ်ရေးစံညွှန်းသက်မွေး တက္ကသိုလ် (European Telecommunications Standards Institute, ETSI)၊ နိုင်ငံတကာဆက်သွယ်ရေး သမ္မဂ (International Telecommunication Union, ITU) တို့နှင့် ၂၀၁၈ ခုနှစ်တွင် အနီးကပ်ပူးပေါင်း  ဆောင်ရွက်ခဲ့သည်။ေ
    • ဈးကွက်လေ့လာချက်များကို ထောက်ပံ့ပေးခြင်း : vertical industries များ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ဆိုင်ရာ စံချိန်မီပုံစံကို မြှင့်တင်ရန်နှင့် နယ်ပယ်တွင်း လက်ရှိပြောင်းလဲလာမှုများကို ဆက်လက်တွန်းအားပေးရန် အတွက် Institute of Electrical and Electronics Engineers (IEEE) ကို ၎င်းတို့၏ Wi-Fi နှင့် Ethernet technologies ဆိုင်ရာ သုတေသနများအတွက် ထောက်ပံ့ပေးခြင်းများ ပါဝင်သည်။
    • မတူညီသည့်နယ်ပယ်များနှင့် နယ်ပယ်ချင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုဆောင်ရွက်နိုင်ရန်နှင့် နယ်ပယ်များ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အပြန်အလှန်မြှင့်တင်ပေးနိုင်ရေးအတွက် International Organization for Standardization (ISO) နှင့် the International Electrotechnical Commission (IEC) ကဲ့သို့ နိုင်ငံတကာ စံချိန်မီအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေသည်။
    • တင်ပြချက်ပေါင်း ၅၀၀၀ ကျော်ကို တင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းခဲ့သည့် ကုမ္ပဏီ၏ တင်ပြချက်အရေအတွက် မှာ ၆၀၀၀၀ ခန့်ရှိနေပြီဖြစ်သည်။ AI စံချိန်စံညွှန်းများ၊ ဒေတာလုံခြုံရေးနှင့်ကာကွယ်ရေး၊ လူသုံးစက်ပစ္စည်းများ နှင့် အခြားနယ်ပယ်များတွင် ရင်နှီးမြှုပ်နှံမှုများ တိုးမြှင့်ခဲ့သည်။

    ၂။ နယ်ပယ်တွင်းမဟာမိတ်များ : Huawei က နယ်ပယ်တွင်းဖွံ့ဖြိုးတိုးတက်မှုများကို လမ်းကြောင်းပေးရန် နှင့်  ဂေဟစနစ်ကြီးထွားလာခြင်းကို မြှင့်တင်ပေးရန် ကတိကဝတ်ပြုထားသည်။ နယ်ပယ်၏ရေရှည်ဖွံ့ဖြိုးမှုကို မြှင့်တင် ရန်၊ အတူအောင်မြင်မှုရယူကြရေးအတွက် ဂေဟစနစ်တစ်ခုတည်ဆောက်ရန် နှင့် သဘောတူညီမှုများ ပိုမို ရရှိ လာစေရန်အတွက် နယ်ပယ်တွင်းမဟာမိတ်ဖွဲ့ခြင်းကို တက်တက်ကြွကြွ အားပေးသည်။ ၂၀၁၈ ခုနှစ်အတွက် အဓိကဦးဆောင်လှုပ်ရှားမှုအချို့မှာ

    • နယ်ပယ်တွင်းမဟာမိတ်ဖွဲ့ရန်အတွက် Ultra HD Video နှင့် blockchain ကဲ့သို့ ကြီးထွားခါစနယ်ပယ်များကို ပိုမိုလျင်မြန်စွာ အခြေကျလုပ်ငန်းဆောင်ရွက်နိုင်စေရေးကူညီပေးရန် နယ်ပယ်တွင်းလှုပ်ရှားသူများနှင့် ပူးပေါင်း၍ မဟာမိတ်အဖွဲ့များ ဖွဲ့စည်းခဲ့သည်။ ဥပမာ - China UHD Video Industry Alliance (CUVA)၊ the Trusted Blockchain Consortium၊ the Network 5.0 Industry and Technology Innovation Alliance နှင့် the Alliance of Internet + Energy Conservation
    • နယ်ပယ်ဦးဆောင်မဟာမိတ်များဖြစ်ကြသည့် GSMA၊ the Industrial Internet Consortium (IIC)၊ the Alliance of Industrial Internet (AII)၊ the 5G Automotive Association (5GAA) နှင့် the Edge Computing Consortium (ECC)တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်ခဲ့သည်။
    • Huawei GIO

      နယ်ပယ်များအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် ဆန်းသစ်သည့် နယ်ပယ်တွင်း ပလက်ဖောင်းတစ်ခုကို ဖန်တီးရန် Global Industry Organizations (GIO) နှင့် အတူလုပ်ကိုင် လျက်ရှိ

    • နယ်ပယ်တွင်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို နှင့် ရေရှည်ဖွံ့ဖြိုးမှုကို မြှင့်တင်ရန် Testbed စီမံကိန်းပေါင်း ၂၀ ကျော်တွင် ဦးဆောင်ပါဝင်ခဲ့သည်။
    • Edge Computing Consortium Europe (ECCE) ဖွဲ့စည်းရန် ဥရောပမှအဓိကနယ်ပယ်မိတ်ဖက်များနှင့် ပူးပေါင်း  ဆောင်ရွက်ခဲ့သည်။
    • လက်တင်အမေရိက၌ 4K UHD Alliance ကို စတင်တည်ထောင်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
    • အာဖရိကကျေးလက်ဒေသများ၏ အင်တာနက်ကွန်ရက်လွှမ်းခြုံမှုဆိုင်ရာ စာတမ်းတစ်စောင်ကို အာဖရိက ဆက်သွယ်ရေးသမ္မဂ (ATU) နှင့် ပူးပေါင်းကာ ကမ္ဘာ့မိုဘိုင်းလ်ဆွေးနွေးပွဲ (MWC) တွင် ထုတ်ပြန်ခဲ့ကာ ဖွံ့ဖြိုးမှု အားနည်းသည့်ဒေသများတွင် ICTနည်းပညာဖွံ့ဖြိုးမှုအကြောင်း ထဲထဲဝင်ဝင်သိရှိကြစေရန် နှင့် အသိပညာမျှဝေ ခြင်းများကို မြှင့်တင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည်။

    ၃။  လွတ်လပ်သောရင်းမြစ်အဖွဲ့အစည်းများ : ဂေဟစနစ်ဖွံ့ဖြိုးရေးကို တွန်းအားပေးကာ အားလုံးပါဝင်ဆန်းသစ်နိုင်သည့် ဖန်တီးမှုများကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် လူကြိုက်များနေသည့် အခြေ ခံ အုတ်မြစ်များနှင့် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် လူမှုအသိုင်းအဝိုင်းများကို တက်တက်ကြွကြွထောက်ပံ့ပေး ကာ အားလုံးပါဝင်ဆောင်ရွက်နိုင်သည့်စီမံကိန်းရှေးဦးဆောင်ရွက်မှုများကို အားပေးသည်။ ၂၀၁၈ ခုနှစ်အတွင်း ဦးဆောင်လှုပ်ရှားမှုများမှာ

    • CNCF၊ OpenStack၊ OCI၊ ONAP၊ OPNFV၊ Akraino၊ Acmous၊ Hadoop နှင့် Linaro ကဲ့သို့ လွတ်လပ်သောရင်းမြစ်အဖွဲ့အစည်းများတွင် ရင်းနှီးမြှုပ်နှံခြင်း။ နိုင်ငံတကာဦးဆောင် open source communities တွင် ဘုတ်ဒါရိုက်တာနေရာ ၁၀ နေရာကျော်တွင် Huawei ကို ခန့်အပ်ထားပြီး နည်းပညာဆိုင်ရာ ဦးစီးကော်မတီ၊ စီမံကိန်းအဖွဲ့ခေါင်းဆောင်၊ အဓိကလုပ်ငန်းဆောင်ရွက်သူ နေရာပေါင်း ၂၀၀ ကျော်တွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။
    • အားလုံးပါဝင်ဆောင်ရွက်နိုင်သည့်စီမံကိန်းများကို လှုဒါန်းခြင်း : ဥပမာအားဖြင့် Apache မှ အသိအမှတ်ပြု ဘွဲ့လက်မှတ်ရရှိထားသည့် ပထမဆုံးအသေးစားစီမံကိန်း ServiceComb၊ စက်ပစ္စည်းစီမံမှုအရှိန်အဟုန်မြှင့်တင်  ရေးအတွက် de-facto စံချိန်စံညွှန်းအဖြစ် လျင်မြန်စွာဖွံ့ဖြိုးလာသော Cyborg၊ big data အတွက် အချက် အလက်ပုံစံ စံနှုန်းတစ်ခုအဖြစ် တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာခဲ့သည့် CarbonData တို့ ဖြစ်သည်။ ယခုအခါ CarbonData ကို ထောက်ပံ့သူ ၇၀% ကျော်သည် Huawei မဟုတ်သည့် အခြား developer များ ဖြစ်ကြသည်။
    • နယ်ပယ်များ cloud အသုံးပြုရေး နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို ကူညီပေးရန် the edge computing framework KubeEdge ကို အစပြုပေးခဲ့သည်။
    • DMM open source protocol stack framework အပါအဝင် FD.io ဂေဟစနစ်၏ လုပ်ဆောင်ချက်အသစ်များ ကို မိတ်ဆက်ပေးခဲ့သည်။ ဆန်းသစ်သည့်solution ဖြစ်သည့်အတွက် DMM က မတူညီသည့်အခြားအက်ပလီ   ကေးရှင်းများအတွက်  diverse protocol stacks များ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။
    • Open source software များ၏ တန်ဖိုးကို မြှင့်တင်ပေးကာ အသုံးပြုရပိုမိုလွယ်ကူစေရန် ဆောင်ရွက်ပေးခြင်း : စီမံကိန်းများနှင့် လူမှုအဖွဲ့အစည်းများ၏ ပေါင်းစည်းခြင်းကို မြှင့်တင်ရန် Huawei က OpenLab အစီအစဉ်တစ်ခု ကို မိတ်ဆက်ပေးခဲ့ပြီး integration and verification baseline V1.0 ကို ထုတ်ပြန်ပေးခဲ့သည်။
    • NFVs ရှိ ရောင်းချသူများအကြား အချင်းချင်းချိတ်ဆက်မှုကို ဖြေရှင်းရန်အတွက် Linux Foundation Networking (LFN) umbrella project တွင် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရန် Compliance & Verification Committee (CVC)  ကို တိုက်တွန်းခြင်း အပါအဝင် Open certification နှင့် Open Source များ၏ စီးပွားရေးအရ အသုံးပြုခြင်းများကို တွန်းအားပေးခြင်း :
    • ONAP community ရှိ China Mobile၊ Vodafone တို့နှင့် ပူးပေါင်းကာ Cross-domain, Cross-layer VPN (CCVPN) use case ကို တည်ထောင်ပြီး GNTC Innovation Award ဆုကို ရရှိခဲ့သည်။

    ၄။ နည်းပညာဆန်းသစ်တီထွင်မှုများ : open innovation projects များ၊ တက္ကသိုလ်များ၊ နယ်ပယ်များနှင့် အနီးကပ်လက်တွဲဆောင်ရွက်ခြင်းများမှတဆင့် ETSI ကဲ့သို့ ဥရောပဦးဆောင်အဖွဲ့အစည်းများအတွက် ပိုမို   ကောင်းမွန်သည့်တန်ဖိုးများ ပေးအပ်ရန် ဆန်းသစ်တီထွင်မှုနှင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းများကို ပေါင်းစည်းပေး ခဲ့သည်။ Internet Protocol microwave၊ edge computing နှင့် AI တို့အတွက် လမ်းညွှန်ချက်များ ပံ့ပိုးပေးပြီး ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့် နယ်ပယ်တွင်း စံချိန်စံညွန်း များပေါင်းစည်းရေးအတွက် ကူညီပေးခဲ့သည်။ ၎င်းတို့မှာ

    • အခြေခံသုတေသနများအတွက် ရင်းနှီးမြှုပ်နှံများ တိုးမြှင့်ကာ သိပ္ပံပညာရှင်များအတွက် အထောက်အပံ့များ  ပေးအပ်ခြင်းဖြင့် လူသားမျိုးနွယ်၏ရှေ့ရေးကို အကျိုးရှိစေမည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ Professor Arikan က ဥပမာတစ်ခုဖြစ်သည်။ Professor Arikan က polar codes များအကြောင်း စာတမ်း တစ်ခုကို ၂၀၁၈ တွင် တင်သွင်းခဲ့သည်။ Huawei က သူ၏သုတေသနတွင် ရင်းနှီးမြှုပ်နှံပေးခဲ့ပြီး မူလတွေ့ရှိချက် များကို အခြေခံကာ အဆိုပါ Polar code များကို စမ်းသပ်ခန်းအတွင်းမှ နယ်ပယ်တွင်း အသုံးချမှုများအထိ  ရောက်ရှိလာစေရန်ကူညီဖန်တီးပေးခဲ့သည်။ အဆိုပါ polar code များသည် ယခုအချိန်တွင် 5G စံညွှန်းများ၏ အစိတ်အပိုင်းများ ဖြစ်လာကြသည်။


      Ren Zhengfei Erdal Arikan

      5G အတွက် Polar codes များကို တီထွင်သူ တူရကီပါမောက္ခ Dr. Erdal Arikan သည် Huawei မှ ပေးအပ်သည့် ဆုကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ရှန်းကျန်းရှိ Huawei ရုံးချုပ်တွင် လက်ခံရယူခဲ့သည်။ အဆိုပါဆုသည် ဆက်သွယ်ရေးနည်းပညာကဏ္ဍအတွက် ၎င်း၏ ထူးချွန်ပြောင်မြောက်သည့်ကူညီထောက်ပံ့မှုကို အသိအမှတ်ပြု  သည့်အနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

      • Fraunhofer ကဲ့သို့ ဥရောပသုတေသနသက်မွေးတက္ကသိုလ်များနှင့် အနီးကပ်လက်တွဲဆောင်ရွက်ကာ သုတေသန၊ စံချိန်စံညွှန်း၊ Open source၊ testbeds နှင့် နယ်ပယ်မဟာမိတ်ဖွဲ့စည်းခြင်းများဆိုင်ရာ ဦးဆောင် လှုပ်ရှားမှုများမှတဆင့် connect cars နှင့် AI ကဲ့သို့ ICT နယ်ပယ်ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ သည်။
      • ဥရောပသိပ္ပံပညာရှင်များနှင့် အနီးကပ်ဆက်ဆံရေးများတည်ဆောက်ကာ နယ်ပယ်ဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင် မည့် ဦးဆောင်နည်းပညာများရှာဖွေဖော်ထုတ်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
      • Network 5.0စီမံကိန်း၏ အဓိကနယ်ပယ်(၈)ခုကို သက်ရောက်မှုရှိသော Network 5.0 နယ်ပယ်တွင်းနည်းပညာ ဆန်းသစ်တီထွင်ရေးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရန် အခြားကုမ္ပဏီ ၁၅ ခုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
      • ETSI နှင့် အင်တာနက်သုတေသနအဖွဲ့ (IRTF) ရှိ deterministic IP network များအတွက် လုံခြုံရေးပုံစံများကို စံချိန်မီအောင်ဆောင်ရွက်ပေးသည့် အဆင့်ကို ထည့်သွင်းကာ အဆိုပါကဏ္ဍအတွက် စံချိန်စံညွှန်းသတ်မှတ်ခြင်း ကို ဦးဆောင်ဦးရွက်ပြုခဲ့သည်။
      • Optical Networking 2.0 industry စီမံကိန်းများကို အခြေခံသည့် Optical Networks 2020 (ON2020) ကို အသုံးပြု၍ Optical ဂေဟစနစ်တစ်ခုအတွက် ဘုံပုံစံငယ်တစ်ခု ဖန်တီးရန် တွန်းအားပေးခဲ့သည်။ Huawei ၏ ရည်ရွယ်ချက်မှာ WDM Transport Network (WTN) အတွက် စံချိန်စံညွှန်းများ ဖန်တီးတည်ဆောက်ပေးရန် နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများကို လမ်းညွှန်ပေးရန် ဖြစ်သည်။

      ၅။ Developer ဂေဟစနစ် : အခြေအနေအားလုံးအတွက် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်အတွက် full-stack open capabilities နှင့် intelligence များကို အဆင့်မြှင့်တင်ပေးသည်။ ၂၀၁၈ ခုနှစ်အတွင်း ပြီးမြောက်  အောင်မြင်ခဲ့သည်များမှာ အောက်ပါအတိုင်းဖြစ်သည်။

      Consumer Business အပိုင်းတွင်

      • Huawei mobile ဝန်ဆောင်မှုကို အဓိကထားဆောင်ရွက်သည့် Huawei developer မဟာမိတ်အဖွဲ့ကို ချဲ့ထွင် ခြင်း : လက်ရှိအချိန်အထိ Huawei mobile ဝန်ဆောင်မှုကို မှတ်ပုံတင်ထားသည့် developer ပေါင်း ၅၆၀,၀၀၀ ကျော် ရှိပြီဖြစ်သည်။ Huawei က 883 APIs ဖြင့် ထပ်တိုးစွမ်းဆောင်ရည်နှင့် ဝန်ဆောင်မှုပေါင်း ၄၇ ခု ကို developer များအတွက် ထပ်မံဖန်တီးခဲ့ပြီး Huawei ၏ ရည်မှန်းချက်မှာ developer များအနေဖြင့် တိုးတက်ဖွံ့ဖြိုးမှု၊ အရောင်းမြှင့်တင်မှုများမှတဆင့် ဝင်ငွေဖန်တီးနိုင်ရေးပင်ဖြစ်သည်။
      • ပြီးပြည့်စုံသည့်သင်တန်းအချိန်များ နှင့် အကျိုးခံစားမှုများကို ပေးအပ်ခြင်းဖြင့် Shining Star အစီအစဉ်၊ DigiX geek ဆန်းသစ်တီထွင်မှုပြိုင်ပွဲများ၊ Huawei Developer Day နှင့် open courses များမှတဆင့် မတူညီသည့်  နေရာအဆင့်များမှ developer များကို အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ကူညီခြင်း။
    • ICT အခြေခံအဆောက်အအုံ စီးပွားရေးအပိုင်းတွင်

      • Carrier နှင့် Enterprise ဈေးကွက်များအတွက် Developer ဖြစ်မြောက်ရေးအစီအစဉ်တွင် ရင်းနှီးမြှုပ်နှံကာ developer များအနေဖြင့် Huawei Cloud နှင့် ဆက်စပ်သည့် စွမ်းဆောင်ရည်များကို ပိုမိုမြန်ဆန်စွာ ဖန်တီးနိုင်   စေရန် ကူညီပေးခြင်း : ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှ မှတ်ပုံတင်ထားပြီးဖြစ်သည့် developer အရေအတွက် သည် ၃၀၀,၀၀၀ နီးပါးဖြစ်လာခဲ့ပြီး တိုးတက်နှုန်းမှာ ၁၅၀ ရာခိုင်နှုန်းကျော်ဖြစ်သည်။ ထို့ပြင်၂၀၁၈ ခုနှစ်တွင် အကျိုးတူ ပူးပေါင်းဖန်တီးခဲ့သည့် အသိအမှတ်ပြုပြီး solution သစ်ပေါင်း ၆၀၀ ခန့် နှင့် developer သစ်ပေါင်း ၁,၇၀၀ ကျော် ထပ်မံပါဝင်လာခဲ့သည်။
      • လုပ်ငန်းစုသုံးအက်ပလီကေးရှင်းဖွံ့ဖြိုးရေးပလက်ဖောင်းဖြစ်သည့် DevCloud နှင့် အခြားသောလုပ်ဆောင်ချက် များမှတဆင့် အက်ပလီကေးရှင်းများဖန်တီးဆန်းသစ်မှုကို အရှိန်အဟုန်မြှင့်တင်ကာ ဖွံ့ဖြိုးမှုစွမ်းရည်များကို တိုးတက်စေခြင်း။
      • Huawei Cloud Academy ကို တည်ထောင်ခြင်း၊ OpenLabs များကို ကမ္ဘာအနှံ့အပြားတွင် ဖွင့်လှစ်ပေးခြင်း နှင့် သင်တန်းပေးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထောက်အပံ့ပေးခြင်း စသည့် ဝန်ဆောင်မှုများစွာကို ပေးအပ်ရန်အတွက် Huawei Cloud Developer Program ကို ဆောင်ရွက်ပေး   ခြင်း။
      • အလားအလာရှိသူများမွေးထုတ်ပေးခြင်း နှင့် ထုတ်ကုန်ပစ္စည်းမိတ်ဆက်ခြင်းများကို မြှင့်တင်ခြင်း၊ လူသုံးကုန် ပစ္စည်းများ၊ ရန်ပုံငွေ၊ cloud ဝန်ဆောင်မှုရင်းမြစ်များနှင့် လုပ်ငန်းစုအဆက်အသွယ်များ စသည့် စီးပွားရေးဆိုင်ရာ အထောက်အပံ့များပေးအပ်ခြင်းဖြင့် developer များကို နိုင်ငံတကာဈေးကွက်တွင့် Huawei၏ အခွင့်အရေးများ ရရှိစေခြင်း။

      အားလုံးပါဝင်ဆောင်ရွက်နိုင်သော ပြီးပြည့်စုံသည့် AI ကဏ္ဍတွင်

      • အလိုအလျောက် သင်ယူဆောင်ရွက်နိုင်သည့် Ascend series chips များ၊ Atlas intelligent hardware၊ Compute Architecture for Neural Networks (an operator development tool)၊ MindSpore (a training and inference framework) နှင့် ModelArts တို့ကို အခြေခံထားသည့် အားလုံးပါဝင်ဆောင်ရွက်နိုင်ကာ အခြေအနေအရပ်ရပ်တိုင်းတွင် အသုံးပြုနိုင်သော ပြီးပြည့်စုံသည့် AI စွမ်းဆောင်ရည်များကို မိတ်ဆက်ပေးခြင်း : ModelArts သည် အချက်အလက်စီမံမှု (data management)၊ လုပ်ငန်းဆောင်ရွက်ခြင်းပုံစံဖွံ့ဖြိုးမှု (algorithm development)၊ ပုံစံငယ်လေ့လာမှတ်သားသင်ယူခြင်း (model training)၊ ပုံစံငယ်တည်ဆောက်ခြင်း (model deployment)၊ ပုံစံငယ်ဈေးကွက် (model market) မှ လုပ်ငန်းဆောင်ရွက်ပြုပြင်ထိန်းသိမ်းမှုများအထိ ပါဝင်သည့် AI ဖွံ့ဖြိုးမှု ကွင်းစက်တစ်ခုလုံးကို စီမံခန့်ခွဲပေးနိုင်သည့် one-stop AI ဖွံ့ဖြိုးရေးပလက်ဖောင်း တစ်ခုဖြစ်သည်။ Standford တက္ကသိုလ် မှ DAWNBench အရ အဆိုပါပလက်ဖောင်းသည် ပုံရိပ်မှတ်သားမှု ပုံစံငယ်တစ်ခုကို (၉မိနစ် နှင့် ၂၂ စက္ကန့် အချိန်အတွင်း) အမြန်ဆုံးလေ့လာသင်ယူနိုင်သည့် ပလက်ဖောင်း တစ်ခုဖြစ်သည်။ 

      ၆။ စီးပွားရေးမဟာမိတ်များ : Huawei က သုံးစွဲသူများနှင့် တိုက်ရိုက်ဆက်သွယ်ရသည့်စီးပွားရေးလုပ်ငန်းများ အတွက် solutionများကို မိတ်ဖက်များနှင့် ပူးပေါင်းတီထွင်ဖန်တီးခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မှတ်ကျောက်တင်  လောက်ခဲ့သည့် ဆောင်ရွက်မှုများမှာ

      • နယ်ပယ်တစ်ခုလုံး၏ ရှေ့ဆက်ဆောင်မြင်ရေးကို တွန်းအားပေးရန်အတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင် ရွက်နိုင်မည့်ကဏ္ဍများမှ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာsolutionထောက်ပံ့သူများ၊ဦးဆောင်အကြံပေးအဖွဲ့အစည်း များ၊ အက်ပလီကေးရှင်းထောက်ပံ့သူများနှင့် မဟာဗျူဟာကျ ဆက်ဆံရေးများတည်ဆောက်ခဲ့ခြင်း။
      • အကျိုးတူပူးပေါင်းမှုဖြင့် နည်းပညာဆန်းသစ်တီထွင်မှု၊ solution ဖော်ထုတ်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ရောင်းချ   ခြင်းများဖြင့် သုံးစွဲသူများအဆင်ပြေစေရန် ဆောင်ရွက်ပေးသည့်အပြင် သုံးစွဲသူများနှင့်အတူလက်တွဲကာ  ဈေးကွက်တန်ဖိုးအသစ်များကိုလည်း ဖန်တီးပေးခဲ့ခြင်း။
      • Bosch ကဲ့သို့ မိတ်ဖက်အသစ်များနှင့် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ခြင်း၊ SAP၊ Microsoft၊ Intel၊ Accenture နှင့် Infosys စသည့် လက်ရှိမိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ခြင်း။
      • ကမ္ဘာအနှံ့အပြားရှိ ဒေသခံအသေးစားနှင့်အလတ်စားမိတ်ဖက်များနှင့် ပူးပေါင်းကာ smart city၊ လမ်းပန်းဆက် သွယ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်ရေး နှင့် အခြားသောကဏ္ဍများအတွက် solution များ ဖော်ထုတ်ခြင်း၊ သုံးစွဲ သူတစ်ဦးချင်းစီနှင့် ကိုက်ညီစေရန် ပြုပြင်ဖန်တီးပေးခြင်း။ Huawei က IoT၊ video၊ AI၊ 5G အပါအဝင် အခြားပလက်ဖောင်းနည်းပညာများ၊ Huawei Solution Partner program နှင့် ကမ္ဘာအရပ်ရပ်ရှိ OpenLabs များကို အသုံးပြုကာ သုံးစွဲသူများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို ကူညီလျက်ရှိသည်။Huawei solution ဂေဟစနစ်မိတ်ဖက်အသစ် ၂,၀၀၀ ကျော်ကို ပေါင်းထည့်ပါက စုစုပေါင်း မိတ်ဖက်အရေ အတွက် ၅,၀၀၀ ကျော်ထိ ရှိလာပြီဖြစ်သည်။

      ၇။ အစိုးရဌာနများအတွက် အကြံပေးခြင်း : ဒေသခံလူ့အသိုင်းအဝိုင်းများကို ပိုမိုမြန်ဆန်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်စေရေးအတွက် Huawei ၏ နည်းပညာများကို အသုံးပြုကာ အင်အားဖြည့်လျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်ခဲ့သည်များမှာ

      • နိုင်ငံ၏ broadband တည်ဆောက်မှုကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် အခြေခံအဆောက်အအုံများ မျှဝေ သုံးစွဲရေးကို အကြံပြုတင်ပြခဲ့ပြီး ဒစ်ဂျစ်တယ် 5G ကွန်ရက်အခြေခံအဆောက်အအုံဆိုင်ရာ နည်းပညာ အချက်အလက်များ သတ်မှတ်ရေးတွင် ပါဝင်ကူညီခဲ့ခြင်းဖြင့် ဂျာမနီနိုင်ငံ ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံဆိုင်ရာ ဖက်ဒရယ်ဝန်ကြီးဌာန (BWVI) ၏ နည်းပညာဆိုင်ရာဆောင်ရွက်မှုအဖွဲ့နှင့်အတူ လက်တွဲဆောင် ရွက်ခဲ့ခြင်း။
      • မလေးရှားနိုင်ငံရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ရန် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆိုင်ရာ စာတမ်းတစ်စောင်ကို မလေးရှားအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကော်ပိုရိတ်လုပ်ငန်းစု (SMEs Corp Malaysia) နှင့် ပူးပေါင်းရေးသားခဲ့ခြင်း။
      • ထိုင်းအမျိုးသားဒစ်ဂျစ်တယ်စီးပွားရေးနှင့်လူမှုရေးကော်မရှင်ကို နည်းပညာသစ်များဖြစ်ကြသည့် 5G၊ cloud နှင့် big data တို့နှင့် ဆက်စပ်သည့် အကြံဥာဏ်အသစ်များ ပေးအပ်ခဲ့ပြီး နယ်ပယ်မူဝါဒများနှင့် ပတ်သက်သည့် အစိုးရထိပ်တန်းစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း။
      • နိုင်ငံတစ်ဝှမ်းကွန်ရက်လွှမ်းခြုံနိုင်စေမည့်စီမံကိန်း၊ အလယ်အလတ်နှင့် ရေရှည်ကာလ နှစ်ခုလုံးအတွက် 5G လှိုင်း ဖြန့်ကျက်ရေးအစီအမံ၊ 3G  နှင့် 4G များကို ပြန်လည်ပြုပြင်ခြင်း၊ လုပ်ငန်းတစ်ခုစီအလိုက် လိုအပ်သည့် ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းထောက်ပံ့သည့်လုပ်ငန်းနယ်ပယ်များအတွက် IoT စံချိန်စံညွှန်းများ သတ်မှတ်ခြင်း နှင့် smart cities စသည့် ကဏ္ဍများတွင် အင်ဒိုနီးရှားအစိုးရအဖွဲ့နှင့်အတူလက်တွဲကာ ဆန်းသစ်တီထွင်မှုများ လုပ်ဆောင်ပေးခြင်း။ေ
      • ဆ်ာဒီအာရေဗျ၊ အာရပ်ပြည်ထောင်စုနှင့် အာဖရိကန်သမ္မဂတွင် ပါဝင်သည့်နိုင်ငံများ၌ broadband မူဝါဒများ နှင့် စံချိန်စံညွှန်းများ ရေးဆွဲခြင်း၊ အသုံးပြုစေခြင်းတို့တွင် တက်ကြွစွာ ပါဝင်ကူညီခြင်း။
      • –    ဆော်ဒီအာရေဗျ၏ နိုင်ငံလုံးဆိုင်ရာbroadband တည်ဆောက်မှုကို အရှိန်မြှင့်တင်ပေးနိုင်ရန် အကောင်း ဆုံးသော နိုင်ငံလုံးဆိုင်ရာbroadband ကွန်ရက်ဆောက်လုပ်ရေးအတွေ့အကြုံများကို မျှဝေပေးခြင်း။

        –   “အခြေခံအမျိုးသားမူဝါဒ:အာရပ်ဒစ်ဂျစ်တယ်လူမှုအဖွဲ့အစည်းအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ် တည်ဆောက်ခြင်း” ခေါင်းစဉ်နှင့် ICT အကြံပြုချက်စာတမ်းအတွက် အာရပ်ICTအဖွဲ့အစည်းကောင်စီ (AICTO)၏ အသိအမှတ်ပြုခံရခြင်း။

        –   ရန်ပုံငွေမတည်ခြင်း၊ ရင်းမြစ်များရယူခြင်း နှင့် စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်းတို့အတွက် ရည်မှန်း ချက်ပန်းတိုင်များကို အာဖရိကန်သမ္မဂနှင့် ပူးပေါင်းကာ စာတမ်းတစ်စောင် ရေးသားပြုစုခဲ့ပြီး အာဖရိ ကန်သမ္မဂအဖွဲ့ဝင် ၅၄ နိုင်ငံအတွက် အာဖရိကန်သမ္မဂမှ ကျင်းပသော broadbandဆိုင်ရာဆွေးနွေးပွဲ တွင် ထုတ်ပြန်ခဲ့သည်။

      • ကျေးလက်ဒေသများရှိကွန်ရက်များတွင် ဦးစားပေးရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရေးအတွက် အာဖရိကနှင့် အရှေ့တောင်အာရှရှိ ဆက်သွယ်ရေးလုပ်ငန်းများ၊ နယ်ပယ်တွင်းအဖွဲ့အစည်းများနှင့် အစိုးရများကို တိုက်တွန်း နှိုးဆော်ရန် ပြင်ပမှတတိယအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
      • ကွန်ရက်တည်ဆောက်မှုကုန်ကျစရိတ်များကိုလျှော့ချရန် နှင့် ကျေးလက်ဒေသများတွင်ကွန်ရက်ဖြန့်ကျက်မှုနှုန်း ပိုမိုမြင်မားလာစေရန် အခြေအနေအပေါ်မူတည်ကာ ပြုပြင်ဖန်တီးပေးသည့် ဆန်းသစ်သော site solution တစ်ခု ဖြစ်သည့် RuralStar ကို မိတ်ဆက်ခဲ့ခြင်း။၏
      • အာရှပစိဖိတ် နှင့် အာဖရိကဒေသများရှိ လှိုင်းနှုန်းစဉ်ဆိုင်ရာအဖွဲ့အစည်းများမှ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ များတွင် ပါဝင်ဆွေးနွေးခဲ့ပြီး နိုင်ငံတစ်ခုစီ၏ ICT နည်းပညာစီမံခန့်ခွဲမှုများအတွက် အကြံဥာဏ်များ ပေးအပ်ခြင်း။
      • ကွန်ရက်ချိတ်ဆက်မှုမရရှိသေးသည့်ဒေသများကို ပိုမိုမြန်ဆန်စွာ ချိတ်ဆက်ပေးနိုင်ရေးအတွက် အစီအစဉ်များ ဖန်တီးပေးပြီး ကွန်ရက်ချိတ်ဆက်မှုရရှိရန် ကျန်ရစ်နေ  သေးသည့် ကမ္ဘာ့လူဦးရေတစ်ဝက်ကို ၂၀၂၅အကုန်တွင် ချိတ်ဆက်နိုင်ရမည်ဆိုသည့် ဗြိတိန်broadbandကော်မရှင်၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ကူညီပေးခြင်း။
      • “ဆက်သွယ်ရေး : ICT အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှု နှင့် ပြိုင်ဆိုင်မှု”  ခေါင်းစဉ်နှင့် အကြံပြုစာတမ်းကို ထုတ်ဝေခြင်း : ICT နယ်ပယ်၏ ခိုင်မာမြန်ဆန်သည့်ဖွံ့ဖြိုးမှုကို လမ်းကြောင်း  ပေးနိုင်ရေးအတွက် ICT အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန်၊ ICT ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ကို အားပေးရန်၊ ICT နည်းပညာဆိုင်ရာပြိုင်ပွဲများကို စည်းကမ်းသတ်မှတ်ပေးရန် အစိုးရများကို  တောင်းဆိုခြင်း။
      • “ဒစ်ဂျစ်တယ်နိုင်ငံတော် : ပိုမိုတောင့်တင်းသည့်စီးပွားရေး၊ ပိုမိုကောင်း မွန်သည့်လူ့အဖွဲ့အစည်း၊ အုပ်ချုပ်ရေး တည်ဆောက်ခြင်း” ခေါင်းစဉ်နှင့် အကြံပြုစာတမ်းကို Huawei ဥရောပဆန်းသစ်တီထွင်မှုနေ့ အခမ်းအနားတွင် ထုတ်ပြန်ခြင်း : ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးနိုင်သည့် အဖွဲ့အစည်းများ၊ အလားအလာရှိ သူများမွေးထုတ်ခြင်း နှင့် ဘဏ္ဍာရေး တို့အတွက် မူဝါဒများ ချမှတ်ပေးရန် အစိုးရများကို တောင်းဆိုခြင်း။Huawei က ဘရာဇီးနိုင်ငံ၏  ဒေသခံလုပ်ငန်းစုများနှင့် နိုင်ငံသားများအတွက် ဆန်းသစ်သည့်solution များကို  ထောက်ပံ့ရင်း ဝန်ဆောင်မှုပေးခဲ့သည်မှာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန်လတွင် Huawei နှင့် Deloitte တို့ ပူးပေါင်းကာ ဘရာဇီးနိုင်ငံအတွက် ICT ဆိုင်ရာအခွင့်အလမ်းများနှင့် ဒစ်ဂျယ်တယ်အသွင်ကူး  ပြောင်းခြင်း၏ အတွင်းကျကျလေ့လာမှုများကို ထုတ်ပြန်ခဲ့ကာ ဘရာဇီးနိုင်ငံသမ္မတထံ တင်သွင်းခဲ့ပြီး safe city၊ broadband၊ ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်း၊ cloud နှင့် အလားအလာရှိသူများမွေးထုတ်ရေးတို့တွင် ပါဝင်ဆောင် ရွက်ကာ ဘရာဇီးနိုင်ငံICTနယ်ပယ်ကို ထောက်ပံ့ကူညီပေးခဲ့သည်။
      • Huawei Brazil 20 years

        ဘရာဇီးတွင် Huawei နှစ် ၂၀ ပြည့်အထိမ်းအမှတ်ကို ဘရားဇီး customer များနှင့် Huawei ဝန်ထမ်းတို့ ကျင်းပစဉ်