This site uses cookies. By continuing to browse the site you are agreeing to our use of cookies. Read our private policy>

ကော်ပိုရိတ်အုပ်ချုပ်မှု

အစုရှင်များ၏ အစည်းအဝေးသည် ကုမ္ပဏီအတွင်း၌ အမြင့်ဆုံး လုပ်ပိုင်ခွင့်အာဏာစုဖြစ်ပြီး ကုမ္ပဏီ၏ ရင်းနှီးငွေတိုးမြှင့်ခြင်း၊ အကျိုးအမြတ်ခွဲဝေခြင်း နှင့်၊ ဒါရိုက်တာဘုတ်အဖွဲ့/ကြီးကြပ်ရေးဘုတ်အဖွဲ့ ရွေးချယ်ခြင်း ကဲ့သို့သော အဓိကကိစ္စများအတွက် ဆုံးဖြတ်ချက်ချပေးသည်။ ဒါရိုက်တာဘုတ်အဖွဲ့ (BOD) သည် ကော်ပိုရိတ်မဟာဗျူဟာနှင့် စီမံခန့်ခွဲမှုတို့အတွက် ဆုံးဖြတ်ချက်ချသော ကိုယ်ထည်ဖြစ်သည်။ BOD သည် လုပ်ငန်းလည်ပတ်မှုအလုံးစုံကို လမ်းညွှန်၍ ကြီးကြပ်ကွပ်ကဲသည့်အပြင် မဟာဗျူဟာနှင့်လုပ်ငန်းပိုင်းဆိုင်ရာ အရေးကြီးကိစ္စများအတွက် ဆုံးဖြတ်ချက်ချပေးသည်။

ကီးကြပ်ရေးဘုတ်အဖွဲ့၏ အဓိကတာဝန်များတွင် အတွင်းစည်းကမ်းလိုက်နာမှုနှင့် ပြင်ပစည်းကမ်းလိုက်နာမှုကိစ္စကို ဆုံးဖြတ်ရန်၊ ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် လည်ပတ်မှုအခြေအနေကို စစ်ဆေးရန်၊ BOD အဖွဲ့ဝင်များနှင့် စီနီယာစီမံအုပ်ချုပ်သူများ၏ တာဝန်ဆောင်ရွက်မှုကို စောင့်ကြည့်စိစစ်ခြင်းအပြင် BOD လုပ်ငန်းများကို စံညွှန်းသတ်မှတ်ခြင်းတို့ ပါဝင်သည်။

Huawei သည် BOD ၏ ဦးဆောင်မှုအောက်တွင် CEO များကို အလှည့်ကျ တာဝန်ထမ်းဆောင်စေသည့် စနစ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပါသည်။ ရာထူးသက်တမ်းအတွင်း ကုမ္ပဏီလုပ်ငန်းများနှင့် အကျပ်အတည်းကာလ စီမံအုပ်ချုပ်မှု၏ အဓိကကိုင်ဆောင်သူအဖြစ် အလှည့်ကျအုပ်ချုပ်သော ခေတ္တ CEO သည် ကုမ္ပဏီဆက်လက်ရှင်သန်နိုင်ရေးနှင့် တိုးတက်ဖွံဖြိုးမှုအတွက် တာဝန်ရှိသည်။

KPMG သည် 2000 ခုနှစ်ကတည်းကစတင်ကာ Huawei ၏ လွတ်လပ်သော စာရင်းစစ်ကုမ္ပဏီအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အချုပ်အချယ်ကင်းသော စာရင်းစစ်အဖွဲ့သည် ကုမ္ပဏီ၏ တစ်နှစ်တာ ဘဏ္ဍာရေးထုတ်ပြန်ချက်များကို စာရင်းစစ်ရန် တာဝန်ရှိသည်။ ဆိုင်ရာငွေစာရင်းစံညွှန်းနှင့် စာရင်းစစ်လုပ်ထုံးလုပ်နည်းတို့နှင့် အညီ အချုပ်အချယ်ကင်းသော စာရင်းစစ်အဖွဲ့သည် ဘဏ္ဍာရေးထုတ်ပြန်ချက်များ မှန်၊မမှန် သင့်၊မသင့်နှင့် စပ်လျဉ်း၍ ထင်မြင်ချက်ပေးနိုင်သည်။

ကုမ္ပဏီတွင် အာရုံစိုက်ရမည့် နယ်ပယ်သုံးခုကို လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံအဖြစ် ပြဋ္ဌာန်းထားပြီး ၎င်းတို့မှာ : ဝယ်ယူသူများ၊ ကုန်ပစ္စည်းများ နှင့်၊ ဒေသများ ဖြစ်သည်။ အဖွဲ့အစည်းအားလုံးသည် ဝယ်ယူသူများအတွက် ကောင်းခြင်းတန်ဖိုးကို ပူးတွဲဖန်တီးပေးရမည်ဖြစ်ပြီး ကုမ္ပဏီဘဏ္ဍာရေးရလဒ်များ၊ ဈေးကွက်အားပြိုင်မှုများ နှင့် ဝယ်ယူသူစိတ်ကျေနပ်မှုအတွက် တာဝန်ရှိသည်။